Monday, July 30, 2012

အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော ဒေသသို့ စိတ်ဓာတ်မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်..


၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၉  ရက်။

၂၀၁၁ ခုနှစ်၊ မတ်လ အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော Miyagi-ken, Ishinomaki မြို့သို့ စိတ်ဓာတ် မြင့်တင်ရေး အစီအစဉ်ကို မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)မှ တာဝန်ယူပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများက ဒီကနေ့ ဇူလှိုင်လ ၂၉  ရက်မှာ သွားရောက် ဆင်နွဲခဲ့ကြပါတယ်
ဇူလှိုင်လ ၂၁ ရက်မှသြဂုတ်လ ၁ ရက်နေ့အထိ ငလျင်ဒေသ ပြန်လည် ထူထောင်ရေး အထူး အစီအစဉ်ဖြင့် ငလျင်နှင့် ဆူနာမိဒဏ်ခံရသော မီယာဂိခရိုင် အီချိနောမခိ မြို့နယ်ရှိ ဒေသခံ ဂျပန် ပြည်သူများကို နိုင်ငံတကာနှင့် အခြားဂျပန်ဒေသ အသီသီးတို့မှ လာရောက်ပြီး အားပေး မြင့်တင် ခဲ့ကြပါသည်။
အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အပါအ၀င် ၂၀၁၁ခုနှစ် အတွင်း ၂ ကြိမ်တိုင် လာရောက် လုပ်အားပေးနှင့် မြန်မာအစားအစာ ချက်ပြုတ် ကျွေးမွေးခဲ့သည့် အီရှိနိုမတ်ခိ ငလျင်လှုတ်ခတ် ခဲ့သည့် ဒေသတ၀ှိက် မြို့ပြ ပြည်လည် တည်ဆောက်မည့် ဧရိယာကို နံနက်ပိုင်း ၉း၀၀    နာရီမှာ လည်လှယ် သွားရောက် ကြည့်ရှုခဲ့ပါတယ် ။ ဂျပန်ရောက် မြန်မာများ လုပ်အားပေး သန့်ရှင်းပေးခဲသော စက်ရုံများမှာ တနှစ် ၂လ အတွင်းမှာ မြန်ဆန်စွာ လုပ်ငန်းပြန်လည် လည်ပတ် နိုင်သည်ကို တွေ့ရှိရပါသည်။

ခရီးစဉ်တွင် ပွဲတော် ကျင်းပသည့် နေရာသို့ မြန်မာ တိုင်းရင်းသားများ ရိုးရာ အစားအသောက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ကြသည့်အပြင် ဖျော်ဖြေရေး တာဝန်ယူထားသည့် အဖွဲ့များမှလည်း ယဉ်ကျေးမှု ဖလှယ်သည့် အနေဖြင့် မြန်မာရိုးရာအက နှင့်မြန်မာ့တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များဖြစ်  တင်ဆက်ခဲ့ကြ ပါသည်
၂၀၁၁ ခုနှစ် ငလျင်လှုတ်ခတ်ဒေသသို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများ ၃ ကြိမ်တိုင်တိုင် သွားရောက် ကူညီခဲ့ကြသည့် " မှတ်တမ်းကို ဂျပန်ဒါရိုက်တာ ခီတဂျီမက ဖန်တီးထားသော သင်ရဲ့အနားမှာရှိသော သူငယ်ချင်း TOMODACHI " ရုပ်သံမှတ်တမ်းကို ညနေပိုင်းမှာ ပြန်လည်ပြသပါသည်။ ယနေ့ ခရီးစဉ်တွင် တိုကျိုမှ မြန်မာနိုင်ငံသား ၅၃ ဦး သွားရောက် ဆင်နွဲခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ မိုင်းကျော်ဦး
သတင်းဓါတ်ပုံ ။ Lian Khan Sum / ကိုသာထက်



Sunday, July 29, 2012

အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ


အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ

နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်

ဒါနဲ့ပတ်သက်လို့ အတူလိုက်ပါသွားတဲ့ ဇမ္ဗူသီရိမြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျသော်ပြောပြတာက -

"လောလောဆယ် ဘာတွေအခက်အခဲရှိသလဲ၊ ဘာတွေလိုအပ်သလဲ ဆိုတာကိုပဲ အဓိက မေးမြန်းတာပါ။ ဒေသခံတွေ အဓိပြောတာကလည်း လယ်ယာမြေတွေ ၈၀ ရာခိုင်နှုန်းလောက် အသိမ်းခံထားရတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာက အများဆုံးပဲလို့ ပြောပြကြပါတယ်။"

တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင်
ပြန်လည်ရရှိရေးဟာ အဓိက ဦးစားပေး ဖြေရှင်းရမယ့် အဆင့်ဖြစ်နေတယ်
လို့လည်း ဦးဇေယျသော်က ပြောပါတယ်။

"လယ်ယာမြေ ဆုံးရှုံးသွားတဲ့ လယ်သမားတွေရဲ့ နစ်နာမှု အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ဖို့ဆိုရာမှာ လွှတ်တော်ထဲမှာ
ကော်မရှင်တခုအနေနဲ့ ဖွဲ့ပြီး စတင်စုံစမ်းမယ် ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့က လယ်ယာမြေ ပြန်ရဖို့ပဲဖြစ်ဖြစ်၊ အစားပြန်ရဖို့ပဲ ဖြစ်ဖြစ် ဒီအရာတွေကို ဒုတိယတန်းစား ဦးစားပေး အနေနဲ့ ထားပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ တောင်သူတွေ လူငယ်တွေ အတွက် အလုပ်အကိုင် ရရှိမယ့် အခွင့်အလမ်းတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေး မလဲ ဆိုတာကို အဓိက ဦးစားပေး အနေနဲ့ တိုင်ပင် ဆွေးနွေး ဖြစ်ပါတယ်။"

ပျဉ်းမနား နေပြည်တော်က လွှတ်တော် အစည်းအဝေးကို တက်ရောက်နေ
တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဌာနချုပ်ရုံးခွဲ ဖွင့်လှစ်မယ့် ဇမ္ဗူသီရိမြို့နယ်က ရုံးခန်း အခြေအနေကိုလည်း တဆက်တည်း သွားရောက်
ကြည့်ရှုခဲ့ပါတယ်။

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်





ရေးသူ - ခင်ငြိမ်းသစ်

ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။

စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း

ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။

အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။

ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။

ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။

ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။

ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။

အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲနောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေးခဲ့ရပါတယ်။

ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။

၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။

၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက် ဒေါက်တာ စောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။

အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။

အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။

ကျမတို့ ဗမာပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ……။

ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။..............
ကလျာ (ခင်ငြိမ်းသစ်) 

july 30 နေ့ တွင်ထုတ်ဝေမည့် The Voice Journal


The Voice Journal

Saturday, July 28, 2012

လန်ဒန် အိုလံပစ် ဖွင့် ပွဲ ကြည့်ကြမလား





လန်ဒန်မြို့၂ဝ၁၂ အိုလံပစ် အားကစား ပွဲတော်ကို ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ် Queen Elizabeth ကိုယ်တိုင် တရားဝင် ဖွင့်လှစ် ပေးလိုက်ပါပြီ။

ဆက်စပ်အကြောင်းအရာများအားကစားအခု ကျင်းပမယ့် အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတိုင်းမှာ အမျိုးသမီး အားကစား သမားတွေ ထည့်သွင်း ပါဝင်လာတာ ဒါဟာ ပထမဆုံး အကြိမ်ဘဲလို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ Jacques Rogge က မှတ်ချက်ချပါတယ်။နိုင်ငံ အသီးသီးက ပါဝင်ယှဉ်ပြိုင် ကြမယ့် အားကစား သမားတွေ အားလုံး ကွင်းထဲမှာ တန်းစီ ချီတက်ကြရာမှာ မြန်မာအသင်း အားကစား သမားတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဒီပွဲရဲ့ အခင်းအကျင်း ပြင်ဆင်မှုတွေကိုတော့ နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ ဒန်နီ ဘွိုင်းက တာဝန်ယူ ဖန်တီးတာ ဖြစ်ပါတယ်။အားကစားကွင်း အလယ်မှာ ဗြိတိန်နိုင်ငံရဲ့ ရှေးခေတ် ကျေးလက် ပုံသဏ္ဍန်ကို ဖန်တီး ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီနောက် အားကစား ကွင်းလယ်မှာ မြေအောက်ကနေ မီးခိုခေါင်းတိုင်ကြီးတွေ ထွက်လာပါတယ်။ မီးခိုးခေါင်းတိုင်ကြီးတွေဟာ တဖြည်းဖြည်းနဲ့ ဝါးဆယ်ပြန်လောက် မြင့်တက် သွားပါတယ်။ မီးခိုးခေါင်းတိုင် ထိပ်က နေ မီးခိုးတွေလည်း တလူလူ ထွက်လာတာ တွေ့ကြရပါတယ်။မီးခိုးတွေထွက်လာတာ တွေ့ရရုံသာမက ပွဲကြည့်ပရိသတ်တွေကို မီးခိုးနံ့ပါ ရအောင် စီစဉ်ထားတဲ့ အတွက် တကယ့် မီးခိုးခေါင်းတိုင်ကြီးတွေလို့ ခံစားကြရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီနောက် သံမဏိ စက်ရုံ ကြီးတွေ သဏ္ဍန်ပေါ်ထွက်လာပြီး စက်ရုံထဲကနေ သံရည်ပူရဲရဲတွေ စီးကျလာပုံကိုလည်း ပေါ်လွင်အောင် ပြသသွားပါတယ်။

ဗြိတိသျှ လူမျိုးတွေ ဂုဏ်ယူကြတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖော်ညွှန်းတဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကလေးငယ်တွေနဲ့သရုပ်ဖော်ပြသသွားပါတယ်။

နာမည်ကြီး ဗြိတိသျှ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းက ဘုရင်မကြီးကို စောင့်ရှောက်ပြီး ရဟတ်ယာဉ် ခေါ်ဆောင်လာဟန်ကိုလည်း ရုပ်ရှင်ဆန်ဆန် ထည့်သွင်း ပြသသွားပါတယ်။ဗြိတိသျှ နာမည်ကျော် လူရွှင်တော် မစ္စတာ ဘီးန် ကိုလည်း ပါဝင် သရုပ်ဆောင်စေခဲ့ပါတယ်။ဟယ်ရီပေါ်တာ စာရေး ဆရာ ဂျေကေ ရိုးလင်းရဲ့ မှော်ဇာတ်ကောင်တွေကိုလည်း ထည့်သွင်း ပြသသွားပါတယ်။ဒီပွဲဟာ ခန်းနားကြီးကျယ်ရုံသာမက ဗြိတိသျှ သမိုင်းနဲ့ ယဉ်ကျေးမှုကိုပါ ဖော်ပြထားတာ ဖြစ်တယ်လို့ ဒါရိုက်တာ ဒန်နီ ဘွိုင်း ကဆိုပါတယ်။
ဘီဘီစီ

လန်ဒန် အိုလံပစ် ဖွင့် ပွဲ ကြည့်ကြမလား

ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး







Friday, July 27, 2012

စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။


စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။


၂၀၁၁ ခုနှစ်၊ အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော Miyagi-ken, Ishinomaki မြို့သို့ စိတ်ဓာတ် မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်သို့ လိုက်ပါရန် စာရင်းပေးထားသူများ သိသာရန် အောက်ပါတို့ကို ထုတ်ပြန် ကြေငြာပါသည်။

၁။ ခရီး လိုက်ပါမည့်သူများသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (စနေနေ့) ည ၁၂ နာရီ နောက်ဆုံးထား၍ သတ်မှတ် နေရာဖြစ်သော Takadanobaba ဘူတာအနီး ကွက်လပ်တွင် ရောက်ရှိ ရမည်ဖြစ်ပါသည်။

၂။ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၁ နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ပါ၍ သတ်မှတ်ချိန်ထက် နောက်မကျပါရန် တိုက်တွန်း နှိုးဆော်အပ် ပါသည်။

၃။ ခရီးစဉ်အတွက် ထည့်ဝင်ရမည့် ငွေမှာ ယန်း ၅၀၀၀ ဖြစ်ပါသည်။ ခရီးစဉ်အတွင်း ဇူလိုင်လ ၂၉ ရက်၊ နေ့လည်စာအား တာဝန်ယူ ကြွေးမွေးမည်ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက် နံနက်စာ၊ ညနေစာတို့အား မိမိအစီအစဉ်ဖြင့် စားသောက် ကြရန်ဖြစ်ပါသည်။ ခရီးစဉ် တလျှောက် ရပ်နား စခန်းများတွင် စားသောက်နိုင်ရန် စီစဉ်ပေးပါမည်။

၎။ ခရီးစဉ်တလျှောက် အစီအစဉ်များအား စနစ်တကျ အချိန်ကိုက် လုပ်ဆောင်နိုင်ရန်နှင့် တိုကျိုမြို့သို့ သတ်မှတ်အချိန်ပြန်လည် ရောက်ရှိနိုင်ရန်အတွက် ခရီးလိုက်ပါမည့်သူများအားလုံး စုပေါင်းသွားလာကြရန်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် သီးခြားလုပ်ဆောင်ခြင်းကို သည်းခံကြပါရန် မေတ္တာရပ်ခံပါသည်။

၅။ မြန်မာနိုင်ငံသားများ၏ မွန်မြတ်သော စေတနာ လုပ်အားပေး ခရီးဖြစ်ပါ၍ ခရီးစဉ်တလျှောက် အရက် သေစာ သောက်စားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းတို့ကို လုံးဝ ရှောင်ကြဉ်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

၆။ ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်များ (သွားတိုက်ဆေး၊ သပွတ်တံ၊ မျက်နှာသုပတ်ပုဝါ၊ ဆေးဝါး စသဖြင့်) မိမိ အစီအစဉ်ဖြင့် ယူဆောင်လာကြရန် ဖြစ်ပါသည်။

၇။ အစားအသောက် ချက်ပြုတ်ရောင်းချရန် တာဝန်ယူထားသူများ၊ ဖျော်ဖြေရေးတာဝန် ယူထားသူများ အနေဖြင့် လိုအပ်သည့်ပစ္စည်း များအား သေချာစွာ စီစစ် ယူဆောင်လာရန် လိုအပ်ပါသည်၊ ခရီးစဉ် သွားရောက်မည့် နေရာသည် ဆူနာမိဘေးသင့်ခဲ့ရာ ပင်လယ်ကမ်းစပ်နှင့် ကပ်လျှက် တည်ရှိနေပြီး ပြန်လည် ထူထောင်ကာစဖြစ်၍ လိုအပ်သည့်များအား အလွယ်တကူ ၀ယ်ယူနိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။
၈။ ဒေသခံ ဂျပန်ပြည်သူများနှင့် ရင်းနှီးဖော်ရွေစွာ ဆက်ဆံခြင်း၊ အားပေး ကူညီဖြင်းတို့ဖြင့် မြန်မာနိုင်ငံသားတို့၏ ယဉ်ကျေးမှုဂုဏ် သိက္ခာကို မြင့်တင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

၉။ အလွန် ပူပြင်းသော နွေရာသီ ခရီးစဉ်ဖြစ်ပါ၍ ကျန်းမာရေး အထူး ဂရုပြုရန် လိုအပ်ပါသည်။ ပွဲတော် ကျင်းပရာနေရာသည် ကွင်းပြင် ကွက်လပ်တွင် ဖြစ်ပါသည်။

၁၀။ တာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်ကို ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။

မြန်မာ့ဒီမိုကရေစီကွန်ယက်၊ ပြန်ကြားရေး
Network for Democracy in Burma (NDB)

သားပျောက် အဖေ ရဲ့ တမ်းချင်း တစ်ပုဒ် ( သားများပျောက်ဆုံး သွားခဲ့ဖူးသော အဖေများ ကိုယ်စား)




by Nay Myo Zin on Friday, July 27, 2012 at 12:03am ·
လူစိမ်းမျက်လုံးများ အောက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုတဲ့ စာစုလေး အကြောင်း ယနေ့ အဖွဲ့ချုပ် (ရွှေဂုံတိုင်) ကိုရောက်တော့ အတော်များများက ၀ိုင်းပြောကြပါတယ်။ ကိုယ်ချင်းစာတဲ့ အကြောင်းနဲ့ တပ်မတော် ကို တကယ်ကောင်းစေချင်တဲ့  စေတနာ အမှန်၊ ရင်ထဲက ခံစားချက် အမှန်နဲ့တိုက်တွန်းမှု ကို လေးစားကြောင်း၊  နိုင်ငံကို ကောင်းစေချင်လို့ ကျနော်ရဲ့ ပေးဆပ် ကြိုးပမ်းမှုကို အသိအမှတ်ပြုပါကြောင်း ၊ ပါတီဝင် တချို့နဲ့ ပါတီဝင်မဟုတ်သော စစ်မှုထမ်းများ အရာရှိ အချို့ကပါ သနား ဂရုဏာသံများဖြင့် ပြောကြပါတယ်။ အခုမြန်မာပြည်ဟာ အရင် မြန်မာပြည် မဟုတ်တော့ပါဘူး။ တပ်မတော်တွင်းမှာရော အရပ်သူ အရပ်သား ပြည်သူလူထု အတွင်းမှာပါ ပွင့်လင်းလွတ်လပ်မှု တစုံတရာထိ ရှိလာပါပြီ၊

နေရာတိုင်းမှာ ကြောက်ရွံ့ဝပ်တွားမှုတွေနဲ့ ငြိမ်ကုတ်နေကြတော့သည် မဟုတ်။ မှန်သည်ကို မှန်သည်ဟု ပြောရဲလာကြပေပြီ၊ မတရားသည်ကို မတရား ဟု ပြောရဲ ဝေဖန်ရဲလာယုံတင်မက မတရားမှုကို ဘယ်သူက တိုက်ဖျက်နေပြီး၊ မတရားမှုကို ဘယ်လိုလူတွေက ကျူးလွန်နေသည်ကိုလည်း ၀န်ထမ်း ယန္တယားအတွင်းမှာ သိလာကြပေပြီ၊

အခွင့်အာဏာထိန်းချုပ် အုပ်စီးထားတဲ့ ဒါရိုက်တာတွေ ၀န်ကြီး ၀န်ကလေးတွေကို ဘုရားထူး မတတ် ကြောက်လန့်ခစား နေရသေးတဲ့ လက်ရှိ အုပ်ချုပ်ရေး စနစ်အတွင်းက အခြေအနေတွေကို သူတို့ ပြောင်းလဲလိုချင်နေကြပါပြီ။

အကြောက်တရားနဲ့ ချုပ်ထိန်း ခိုင်းစေပြီး ၊ တဖက်က အခွင့်အရေးနဲ့ ရာထူး၊ နေရာ၊ ငွေကြေးတွေနဲ့ မျှားဖြားယောင်း ကာ သိတတတ်သူ ၊ ပါးနပ်သူ၊ ခေါင်းတော်ညိတ် စိတ်တော်သိသူ ၀န်ထမ်းဆိုးတွေနဲ့ ကိုယ်ကျိုးသမား ၀န်ကြီးဝန်ကလေး၊ မန်နေဂျာ၊ ညွန်ချုပ်တွေ ပလဲနံပ သင့်စွာနဲ့ နိုင်ငံဘဏ္ဍာကို အပြိုင် ဘုန်းခဲ့လို့ တိုင်းပြည် အခု ဘယ်အခြေ ဆိုက်ခဲ့ရပြီ ဆိုတာကိုလည်း ၀န်ထမ်း တွေ အတော်များများ သိနားလည်စ ပြုလာပါပြီ။

သူတို့တွေ ၀န်ထမ်းတွေ ကောင်းမှ နိုင်ငံကောင်းမှာမို့ သူတို့ဝန်ထမ်းတွေ အမှန်မြင်လာပြီး အမှန်ဘက် ဥပဒေ စိုးမိုးရေး အတွက် အားပေးပူးပေါင်း ကူညီလာခြင်းကလည်း နိုင်ငံတိုးတက်ဖို့ အခါအခွင့်ကောင်းကြီး ဖြစ်ပါသည်ကော။


တချို့က ပြောခဲ့ဖူးပါတယ်။ သံကန့်လန့်ကာ တိုင်းပြည်။ အရာရာ ပိတ်ဆို့ထားသော တိုင်းပြည်  ။ စစ်အာဏာရှင် စနစ်ဆိုးအုပ်စိုးသော တိုင်းပြည်၊  အမှန်တရားတို့ ပျောက်ဆုံးနေသော တိုင်းပြည် စတာတွေနဲ့ စုံနေတာပေါ့လေ။
ဖြတ်သန်း ဖြစ်တည်ခဲ့ဖူးသော မြန်မာပြည်ရဲ့ အလှမ်းမကွာသေး ဆေး မခြောက်သေးသော သမိုင်း လတ်လတ်ဆတ်ဆတ်ကြီးကို  တပ်အပ်ကြီး ဝေဖန်သံတွေ ညံနေခဲ့တာပေါ့၊

ပြောမယ် ဆိုလည်း ပြောစရာပါပဲ။ ကျနော်တို့ နိုင်ငံဟာ အလွန်ကို ၀မ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ သမိုင်းနေ့စွဲတွေ၊ အလွန်ကို နှမြောဖို့ကောင်းတဲ့ နှစ်သက်တမ်းတွေ၊ ဖြတ်သန်း ဖြစ်ပေါ်ခဲ့ဖူးတာကိုး။

အလွန်ကို ခြောက်ခြား ကြောက်လန့်စရာကောင်းတဲ့ စစ်အာဏာရှင် ယန္တားရားကြီးက ခေါင်းဖြတ်စက်ကြီး ပမာ နိုင်ငံသားတိုင်းရဲ့ ဂုတ်ပိုး ဇက်ပိုးပေါ် ၀ဲပျံလူးလြာ သဲထိတ်စွာနဲ့ ဖြတ်သွားခဲ့ဖူးတာကိုး ................................။

အဲဒီလို  ညဉ့်နက်နက် ၊ အသဲထိတ်မတတ် ခြောက်ခြား စရာကောင်းတဲ့ အိမ်မက်ဆိုးတွေ  ဘယ်လောက် မက်မက်၊ ညဉ့်ခွေးတွေ ဘယ်လောက် အူအူ ၊ အချိန်တန်ရင် အင်မတန် သာယာတဲ့ မနက်ခင်း ဆိုတာ လာမှာပါပဲ။

အာရုဏ်ဦး ရောင်ခြည်နဲ့ အတူ အိပ်တန်းက နိုးထလာတဲ့ ကျီကျီတာတာ၊ ငှက်သံလေးတွေ၊ မနက်ခင်း သုတ်ဖြူးဆော်လာတဲ့ အေးမြတဲ့ လေညင်းလေးတွေ၊ မြူနဲ့အတူ ဆိုင်းနေတဲ့ နှင်းငွေ့လေအေးအေး လေးတွေ၊ နေခြည်စမ်းစ သစ်ပင်သစ်ရွက်တို့ပေါ် တင်ကျန်နေတဲ့ နှင်းစက်လေးတွေက တလက် လက် တောက်ပ နေတတ်တဲ့ အင်မတန် ကြည်နူးဖွယ် မြင်ကွင်းလေးတွေ က ညဉ့်နက်နက်ကြီးဖြတ်သန်းသွားပြီးချိန်ကျရင် ပေါ်လာမှာပဲလေ။
အသေအချာပါ။

ညဉ့်နက်ပြီးတိုင်း အာရုံမိုးသောက်ဆိုတာ လာမှာပါပဲ။
ဒါသဘာဝ   ပါ.......။

ကျနော်တို့ ခါးသည်းလှတဲ့ ညဉ့်တွေကို ဖြတ်ခဲ့ဖူးပါပြီ။
ညဉ့်နက် မှောင်မှောင်ကြီး၊ ခြောက်ခြား စရာ အိမ်မက် ဆိုးဆိုးကြီးတွေလည်း မက်ခဲ့ဖူးပြီ။
၊ တဂေါက်ဂေါက် ခေါက်တတတ်တဲ့ ဂတ်စတာပို တံခါးခေါက်သံတွေ ကြားမှာလည်း ရင်ထိတ်ဖူးပြီ။
တဘုတ်ဘုတ် ဖြတ်မောင်းသွားတဲ့ ငရဲစေတမာန် ယာဉ်သံတွေ နောက်  လက်ထိပ်သံ တချွှပ်ချွပ်နဲ့ ငိုရှိုက်သံ တသဲ့သဲ့တွေ ကြားေ၀၀ါးသွားတဲ့ မျက်ရည်ရွှမ်းသော အလွမ်းညတွေ၊    ညဉ့်မိုက်မိုက်နဲ့ အလွမ်းမြင့်မိုရ် အပြိုင် ထိတ်ငိုမိတဲ့  မြင်ကွင်းတွေလည်း များခဲ့ပြီ။

၊ ခါးသည်းလှတဲ့ ဆောင်းအိမ်မက် မုန်းမုန်းကြီးတွေ ၊
ပျောက်ဆုံးခဲ့တဲ့ အနာဂတ်တွေ၊
နောက်ဆုံး မဟုတ်တဲ့ အမိန့်တွေ၊
ကျဆုံးသွာတဲ့ သူရဲကောင်းတွေ၊
ကြိမ်မီးအုံးတဲ့ လက်သီးဆုပ်သံတွေနဲ့ နံရံကို ပစ်ပေါက်လိုက်တဲ့ ဓါးမြောင် တလက်လက် ဒါးမြီးတယမ်းယမ်း တို့ဟာ ပြည်သူတို့ အတွက် ဒီနေ့ကို ခင်းပေးခဲ့တဲ့ လမ်းခင်းကျောက်ဆိုင် ကျောက်စု ကျောက်မှုန် ကျောက်သွေး ပုံ။

ဒီလို အမုန်း၊ အနာ၊ အမျက်၊ အရှက်နဲ့ အသံတိတ်၊ အံကြိတ်သံတွေ လတ်ဆတ်စွာ ရင်ထဲမှာ ကိန်းအောင်းရင်းနဲ့ ပဲ  ။ အိမ်ပြတင်း တံခါး ကြားတွေက ထိုးဖေါက်စိမ့်ဝင်လာတဲ့ အာရုံဦးနေခြည်လေးတွေ တဖျတလှ .............မျက်ရည်စ ၀ိုင်းဝိုင်း ကြည်နူးချင်စိတ် တပိုင်းနဲ့ လှမ်းမြင်နေရပါပြီ၊
ယုံကြည်နိုင်ဖွယ် မရှိခဲ့တဲ့ ကျောင်း တပိုင်း ဘ၀သင်ခန်းစာတွေကြောင့် အာရုံဦးနေခြည်နုနုကိုပဲ ကျနော်တို့ သံသယတွေနဲ့ ရှုနေကြရတယ်။ နေခြည်နုနုကနေ နေ၀င်အမှောင်ထုကို ရုတ်ခြည်းများ ကူးလွန့်သွားလေမလားပေါ့   ............

ပုပ်သိုးနံအောက် နေတဲ့ လေညစ်တွေ ထက် သန့်ရှင်း လတ်ဆတ်တဲ့ လေထု ငွေ့ငွေ့လေးကို ကျနော်တို့ စတင် ရှုရှိုက်ခွင့် ရလာပါပြိ။ မည်းမှောင်သိပ်သည်းနေတဲ့ အမှောင်ထုကနေ ရောင်ခြည်ဦးတို့ဖြာဝင့်လာတဲ့ အလင်းစူးလေးတွေ ကနဦး ထိတွေ့ခွင့် ရလာပါပြီ။
ဆွံ့နေတဲ့ နှုတ်တွေ အတွက် ထက်မြက်တဲ့ စကားလုံးတွေ ရွေးသီဖို့ စဉ်းစားရကောင်းမှန်း သိလာပါပြီ

တုန့်နေတဲ့ ခြေလှမ်းတွေ အတွက် လှမ်းတက်နိုင်မယ့် ခွန်အားတွေ မွေးမြူနိုင်ဖို့ စိတ်ဓါတ်တွေ ထက်သန်လာပါပြီ။

ကွဲကွာနေတဲ့ ရင်ဝယ်သားတွေ ပြန်ဆုံနိုင်ဖို့ ပေါင်းကူး တံတားတွေ ပဏ္ဍက်တွေ ချလာပါပြီ။
ပြာလဲ့ဖို့ တာဆူလာတဲ့ ကောင်းကင်ထက်ဆီက ပုဇွန်ဆီရောင် ငွေမှင်အနားကွပ်နဲ့ တိမ်စုစုလေးတွေအောက် အပြာရောင် လေဟာပြင် ကောင်းကင်ကြီးက ပြာလဲ့လဲ့ အလင်းလေးတွေနဲ့ ငြိမ်းချမ်းတေး သဲ့သဲ့လေးတွေက စီရရီ ဆင့်ရရင့် တင့်လာတော့မည်။
ကျနော်တို့ မျက်ဝန်းထောင့်မှာ ကြည်နူးလွန်းတဲ့ မျက်ရည်ငွေ့တွေ တဝေ့ဝေ့နဲ့ တ၀ဲဝဲ။

ယိုစီးကျမတတ် သျှံဝိုက်လာတဲ့ ဒီမျက်ရည် စက်လေးတွေကလေ ။ နှစ်ပေါင်းများစွာ၊ ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ မက်ခဲ့ဖူးတဲ့ အိမ်မက်လေးတွေ ကို ထင်းထင်း မြင်ခွင့် တစိတ်တပိုင်းကြောင့် ပျော်လွန်းလို့ ယိုစိမ့်ထွက်လာတဲ့ နှလုံးသားရဲ့ အပျော်မြစ်ငယ်ပါ။
အင်း .............င်း ............င်း.................င်း.......................င်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဒါပေမယ့် လည်းလေ ........ဒဏ္ဍာရီထဲက မသေသော ဘီလူး တချို့က အစွယ်လေးတွေ တလှစ်လှစ်နဲ့ လူ့ရွာကို မျက်စောင်းတွေ တခဲခဲ လုပ်နေတဲ့ သတင်းကလည်း ဟိုက သည်က ၊ လူစိမ်းတို့ မျက်လုံးတွေ အရောင်တောက်နေကြသေးတယ်။

လူစိမ်းတို့ ဆိုင်ကယ်သံတွေ အိမ်ရှေ့မှာ တ၀ဲဝဲလည်နဲ့ ဖြစ်နေချိန် အခု ည အမှောင် မိုးစက်တွေ တဖြောက်ဖြောက်နဲ့ လမ်းပေါ်က တဘုတ်ဘုတ်တို့ ရောနေချိန်လေးမှာ ကျနော်  ကျနော့်  အဖေရဲ့ ဒိုင်ယာရီ စာအုပ်လေး ကို ယူဖတ်လိုက်မိတယ်။

ကျနော် မျက်ရည်တွေ ဝေ့ချင်လာတယ်။ ဖခင်တယောက်ရဲ့ အဲဒီအချိန်က ခံစားချက်ကို သိပ် ဂရုဏာသက်မိတယ်။ သူ ဒီကဗျာကို ရေးနေချိန် က  ကျနော် ဟာ  သံတိုင်တွေကန့်ထားတဲ့ လူ့ငရဲ ခန်း ငယ် တခုမှာ တယောက်ထဲ  လေ။

နေမျိုးဇင် ရဲ့ အဖေ ဖခင် ဦးငွေဇင်က  သူ့ ဒိုင်ယာရီစာအုပ်ငယ်လေးထဲမှာ အခုလို ရေးထားတယ်။
သူ့စာလေးကို ကျနော် စဖတ်လိုက်ချိန်မှာ အိမ်ရှေ့မှာ ဆိုင်ကယ် ရပ်သံလိုလို ကြားလိုက်ရတယ်။ ကျနော် ရင်မခုန်တော့ပါ။

  အဖေ့  ကဗျာလေးတွေကို ကျနော်ဆက်ဖတ်လိုက်တယ်။ လူစိမ်းတွေ  အိမ်ရှေ့မှာ ရောက်နေ နေပေါ့။

   အဖေများ ရင်ခုန်နေပြီလား မသိ။

ကဗျာ့ခေါင်းစဉ်က   သားဗိုလ်ကြီးဟောင်း နေမျိုးဇင် သို့ အမှတ်တရ  ..................တဲ့။



မိဘ ဧ။် သောက

ချစ်သောဖေဖေ ဦးငွေဇင် ဧ။် သားအတွက် ရတက်မအေးစဉ်က ကဗျာငယ်

၁။  ကြားလျှင် ကြားခြင်း
      ဤသတင်းက.....
      ရင်တွင်း မချိ
      ခံစားမိ၍
      ငါဧ။် နှုး
      အပူ ဆုံးမို့
      မီး အုံး လောင်စာ မြိုက်သည့်နှယ်။
၂။  မြကွန်း    ခေါ်ကြ
     ဥက္ကဌ နှင့်
     ဌါန  အက်(စ်)ဘီ
     ဆွေလင်း  မည်သည့်
     အနှီ နှစ်ဖေါ်
     လာ၍ခေါ်တော့
     ရွှေလှော်မျက်ရှု
     သားရွှေဥလည်း
     ယခု ချက်ခြင်း
    သူ မငြင်းဘဲ
     စင်းစင်း ထ၍ လိုက်ရပြီ။

၃  နှစ် ၊ လေး ၊ ဆယ့်တစ်
    ညနေ ဖြစ်ဧ။်။
    သားချစ်မျက်နှာ
    ငါ ပြန်လာတော့
    အိမ်မှာ မမြင်
    အိမ်ကို ကြဉ်၍
    သူလျှင် ဆက်ဆက်
    ခရီးထွက်သည်
    ဘယ်တွက် ပြန်မလာပါလိမ့်နော်။

၎။ သူမောင်း၍သွား
    သူ့ ဂျစ်ကားက
    ဖေ့ သား မပါ
    အိမ်ပြန်လာတော့ .....
    စိတ်မှာ မရွှင်
    မကြည်လင်ဘဲ
    ပူပင် သောက
    ငါ ရောက်ရသည်
    သား က ဘယ်ဆီ ရောက်နေသနည်း.....။

၅။ ခေါ်သည့် နေ့က
    ဘာကိစ္စ ဟု
    ပြောပြ ဖို့ ငြင်း
    ဦးဆွေလင်း  က
    မေးခြင်း စုစု
    ခွင့် မပြုတော့
    ဘာမှု နဲ့ဖမ်း
    ဘယ် စခန်းမှာ
     စံမြန်းနေလဲ
    မသဲကွဲ ၍
    ရင်ထဲ မအေး
    သောက မွေးသည်
    သားလေး အတွက် ပူပါ ဘိ။

၆။ ပူလောင် ခံစား
    စိတ်ထွေပြားတော့
    ငါ ကား မရွှင်
    မွေးမိခင်လည်း
    ဘ၀င် နွမ်းလျ
    ပင်ပန်း လှ၍
    မှောင်ည များစွာ
    အိပ်ပျက်လာပြီး
    အစာ မစား
    ပိန်ချုံးသွားပြီ
    ချစ်သား အတွက် ခံစား ချက်.......။

၇။  သား ပြန် မရောက်
     စိတ်တွေ နောက်တော့
     ပြေပျောက် လိုငြား
     ယတြာများဖြင့်
     ထွန်း ထား ဆီမီး
     ထိန်ထိန် ညီး တည့်
     ပုတီး ကိုစိပ်
     မီး ကို ပိတ်၍
     တိတ်တိတ် ဆုတောင်း
     အောင် စေကြောင်းဖြင့်
     ရန်ပေါင်း ငြိမ်းစေ
     ဆု ပန်ခြွေ သည်
     ရန်တွေ ကျွတ်ကျွတ် လွတ်စေ သတည်း

     ငွေဇင်
၈/၄/၂၀၁၁
၂-၄-၂၀၁၁  စနေနေ့က အဖမ်းခံရသော သား  နေမျိုးဇင်  သို့။
အဖမ်း ခံရပြီး၊ ရက်သတ္စ္တ တစ်ပတ် အကြာတွင် ဤ ကဗျာကို ရေးပါသည်။
သား အလွမ်းပြေ ကဗျာ ဟုဘဲ ဆိုပါစို့။
.................................................................................................
အဖေက သူ့ ဒိုင်ယာရီလေးမှာ ဒီကဗျာလေးကို ရေးထားသည်။ စာသား အချို့နေရာလေးတွေမှာ မှင်လေးတွေ ၀ါးနေ ကွက်နေသည်။ အဖေ့ မျက်ရည်စက်များ လော။ အမေ့ မျက်ရည် စက်များ ကျဆင်းထားသည်လော မသိ။ သေချာတာကတော့ ကျနော် ထောင်က ထွက်လာချိန် အဖေရော အမေပါ အတော် အိုစာ ပိန်ကျနေသည်ကို သတိပြုမိလိုက်ခြင်းပင်။

ကျနော် အဖေ့ ကဗျာလေးကို ဖတ်ရင်း စာရိုက်ရင်း မျက်ရည်တို့ ဝေ့၀ဲ လာမိပါသည်။
ယခု ဆယ်နှစ်သား ရှိလာပြီဖြစ်သည့် ကျနော့် သားလေး ကြီးပြင်းလာချိန်တွင် ကျနော် ကိုယ်တိုင် ဒီလို သား အလွမ်းပြေ ကဗျာမျိုး မရေးလိုတော့ပါ။ သား ငယ်လေးကိုလည်း ကျနော်တို့ ဖြတ်သန်းခဲ့ရသည့် ဆောင်းအိမ်မက် ကြမ်းကြမ်း၊ လမ်းဝင်္ကပါ နာနာ ၊ ဟာတာတာ အနာဂတ် တွေနဲ့ မကြီးပြင်းစေချင်တော့။ ပေးဆပ်လို့ ရသမျှ အားလုံး ပေးဆပ်ပြီး သားတို့ အပါအ၀င် နောက်မျိုးဆက်သစ်များ အတွက် အနာဂတ်လှလှလေးတွေ လမ်းခင်းပေးနိုင်အောင် ကြိုးစားသွားမှာပါ ..................................................................................

နေမျိုးဇင်
(ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၂)

Thursday, July 26, 2012

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု

26.july.2012

မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာ များပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့... လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်း လာပြီဆို ရင် *3370# ကိုနှိပ် လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ် သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အား ပြန် ပြည့်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ်

ကြောင်ကလေးတစ်ကောင် ...



ကြောင်ကလေးတစ်ကောင် ...

ဘ၀ဆိုတဲ့ ၀င်္ကဘာစံအိမ်ကြီးထဲက
အနုပညာဆိုတဲ့ ပြတင်းကျယ်ကျယ်
အခန်းမျှသာပါ...
မလှမ်းမကမ်းမှာ
လေညင်းနဲ့ 
မျက်ခင်းနဲ့ 
ပြီးတော့
လိပ်ပြာလေးတွေကိုငေးနေတဲ့
ကြောင်လေးတစ်ကောင်.....။


မင်းကိုနိုင် ။

ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို

ဇူလိုင် ၁၆ ရက်နေ့ လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြောဆိုလိုက်သည်။

“ပြည်ပနိုင်ငံ များရောက် မြန်မာနိုင်ငံသားများ ပြန်လာရေး အတွက် တိကျသည့် ပြဌာန်းချက်တရပ် သို့မဟုတ် ဥပဒေ တရပ် ရေးဆွဲပြဌာန်း သွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူသော မေးခွန်းကို ယမန်နေ့က အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၁ မှ ဦးစံထွန်းက မေးမြန်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်ချက်နှင့် အညီ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဟောင်းများ ပြန်လာရေးအတွက် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန် တိကျခိုင်မာသည့် အခြေခံ မူများ ချမှတ် ဆောင်ရွက်လျှက် ရှိသည့်အတွက် ဥပဒေတရပ် ရေးဆွဲပြဌာန်းရန် လိုအပ်မည် မဟုတ်ပါကြောင်း၊ ကာယကံရှင် မြန်မာ နိုင်ငံသားများ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန်သာ လိုအပ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးသည် ဖြစ်၍ ဥပဒေတရပ် ရေးဆွဲ ပြဌာန်းရန် မလိုအပ် သော်လည်း ပြည်ဝင်ဗီဇာဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မူများ ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြန်လည် ဖြေကြား သွားသည်ဟု အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

ယခုအခါ သမ္မတ၏ ဖိတ်ကြားမှုဖြင့် ပြည်တော်ပြန်လာလိုသူ ပြည်ပရောက် မြန်မာများ အနေဖြင့် ဗီဇာ လျှောက်ထား ရာတွင် မြန်မာနိုင်ငံကို ခေတ္တ ခဏ အလည်ပြန် လာလိုသူများ၊ အပြီးပြန်လာ လိုသူများ ဟူ၍

Wednesday, July 25, 2012

ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ (25.7.2012 )လွှတ်တော်တွင်း ဆွေးနွေးမှု သတင်း.....



ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဆွေးနွေးမှု ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။
ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ % နဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်။


  သတင်း   ပြည်သူ့လွှတ်တော်ဖေ့ဘုတ်

တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဆွေးနွေး ကြမည်

တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး အဆိုကို
ယနေ့ (ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးနေစဉ်
ဓါတ်ပုံ - EMG

ယနေ့ (ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉) ဦးက ဆွေးနွေး ကြမည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့က တင်သွင်းရန် ရွေ့ဆိုင်းခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုကို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူသွားမည် ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်


၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနား



၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနား

ဂျပန်ရောက်မြန်မာနိုင်ငံသားများ



၏ ၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနားကို အောက်ပါ အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါကြောင်း။

၁။  စီတန်းလှည့်လည်ဆန္ဒပြပွဲ။

နေ့ရက်။        ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက် (ဗုဒ္ဓဟူးနေ့)
အချိန်။        ။ နေ့လည် ၁ နာရီ စုရပ်၊ ၂ နာရီ အခမ်းအနားစတင်မည်၊ ၂း၃၀ စတင်ထွက်ခွာမည်။
နေရာ။        ။ Gotanda ဘူတာ အနီး၊ Minami Gotanda ပန်းခြံ။


၂။ ၈၈၈၈ နေ့ အထိမ်းအမှတ် နိုင်ငံရေး စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ။

နေ့ရက်။         ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်၊ (တနင်္ဂနွေနေ့)။
အချိန် ။         ။ ညနေ ၆ နာရီ မှ ည ၉ နာရီအထိ။
နေရာ။        ။ Otsuka ဘူတာ၊ Minami Otsuka  hall။


စာတမ်းဖတ်ကြားတင်သွင်းလိုသူ အဖွဲ့အစည်းများအနေဖြင့် တင်သွင်းမည့် စာတမ်းအရည်အတွက်၊ အချိန် စသဖြင့် ပြင်ဆင်ညှိနှိုင်း မှုးများ လိုအပ်မည်ဖြစ်ပါ၍ ကြိုတင်ဆက်သွယ် စာရင်းပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


တာဝန်ခံကျင်းပသော အဖွဲ့အစည်း (၁) မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
                       (၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ/ NLD (LA)-JB

ဆက်သွယ်ရန်။ ဦးသန်းဆွေ၊ ဦးကျော်ကျော်စိုး၊ ဦးလှဟန်။ဦးသောင်းမြင့်ဦး၊ ဦးမိုင်ကျော်ဦး၊ ဦးဇော်မင်းခိုင်၊ ဦးမြင့်ဆွေ၊
၀၉၀ ၄၉၆၄ ၉၇၁၈။ ၀၉၀ ၆၀၃၁ ၄၃၉၄။ ၀၉၀ ၆၁၆၈ ၂၀၉၅။ ၀၉၀ ၆၀၄၀ ၈၂၈၂။ ၀၉၀ ၉၈၃၁ ၇၁၉၂။ ၀၉၀ ၆၀၂၅ ၄၆၂၉။ ၀၈၀ ၄၀၀၅ ၇၀၉၈

Tuesday, July 24, 2012

အိမ်ထောင်ရှင် ကို မုဒိမ်းကျင့် မှုဖြင့် စစ်သား လေးဦး ကို စစ်ဆေးနေ

101532660_0ecb4bff2b
July 24, 2012
ရန်ကုန်တိုင်း ဒလ မြို့ နယ် အခြေစိုက် မြန်မာ့တပ်မတော် ရေတပ်မှ စစ်သား လေးဦးက အသက် ၂၇ နှစ် အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့် ခဲ့မှုကို တရားလိုမှ အမှုဖွင့် တိုင်တန်း၍ ပျော်ဘွယ်ကြီး ရဲစခန်းမှ စုံစမ်း စစ်ဆေး နေသည်ဟု FNG မှ သတင်း ရရှိသည်။

သားမယားအဖြစ် ပြုကျင့်မှုတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ယူဆရ၍ ရဲစခန်းမှ အမှုဖွင့် စုံစမ်းစစ်ဆေး နေသူ ရေတပ်သား ၅ ဦးကိုမူ ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားခြင်း မရှိဟု သိရသည်။

ရန်ကုန် အခြေစိုက် 7 Days News Journal ၏ facebook စာမျက်နှာတွင် ” ဇူလိုင် လ ၁၈ ရက်နေ့  ညက ရခိုင်ချောင် ရေတပ်တိုက် လိုင်းခန်း အနီးအရောက် တပ်မတော်(ရေ) စစ်သည်လေးဦးက သား မယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံးမှ သတင်းရရှိသည်” ဟု ဖော်ပြထား သည်။

အသက် ၂၇ နှစ် အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီးကို စစ်သား လေးဦးက လက်ထိတ်ခတ် ခေါ်ဆောင် သွားကာ လယ်ကန် သင်းတွင် သားမယား အဖြစ် ၎င်းတို့  လေးဦးစလုံး သားမယားအဖြစ် တစ်ကြိမ်ပြု ကျင့်ပြီး နောက်တပ် လိုင်းထဲရှိ အခန်းတွင် ည ၉ နာရီ အချိန်၌ လေးဦးလုံးက တစ်ကြိမ် ပြုကျင့်ခဲ့ ကြသည်။
အဆိုပါ စစ်သား လေးဦးမရှိ ချိန်ဉ် မ — သည် အိမ်ထောင်သည် လိုင်းမှ ထွက်ပြေးရာတွင် အဆိုပါ စစ်သား လေးဦး ကပင် ဖမ်းဆီးပြီး တစ်ဦးက ပြန်လည် မုဒိမ်း ကျင့်ခဲ့သည်။

Monday, July 23, 2012

ဒိုင်ဝ အုပ်စုက မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြုပ်နှံမည်

 
s1.reutersmedia.net
July 23, 2012

ဂျပန် အခြေစိုက် ဒိုင်ဝ ငွေကြေးနှင့် အရင်းအနှီး စီမံခန့်ခွဲမှု အုပ်စုမှာ မြန်မာနိုင်ငံ၏ သတင်း ဆက်သွယ် ရေး နည်းပညာ လုပ်ငန်းတွင် ဒေါ်လာ သန်း ၃၈၀ ကျော် ဖိုး ရင်းနှီး မြုပ်နှံမည်ဟု ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။

မြန်မာ အစိုးရနှင့် ယခင် ကတည်းက စီးပွားရေး ဆက်ဆံမှု ရှိခဲ့သည့် ဂျပန် ဒိုင်ဝ အုပ်စုသည် ယခု ရင်းနှီး မြုပ်နှံမှု၌ ဂျပန် အီလက် ထရောနစ် ကုမ္ပဏီများ ဖြစ်သည့် တိုရှီဘာ၊ ပန်နာဆိုးနစ် ၊ NEC ၊ ဟစ်တာချီ ကုမ္ပဏီများပါ ပါဝင်မည်ဟု ဒိုင်ဝ သုတေသန အင်စတီကျူမှ တာကာရှိဖူးကိုင်က The Economist Times သတင်းကို ပြောသည်။

ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဧဂျင်စီ၏ အကူအညီဖြင့် ဂျပန် ကုမ္ပဏီများ ဖြစ်သည့် Fujitsu နှင့် NTT တို့သည် မြန်မာ့ ဘဏ်လုပ်ငန်းကို အီလက် ထရောနစ် အဆင့်မြင့်ပေးနိုင်ရန် လေ့လာ နေကြပြီး ဒိုင်ဝ က တိုကျို စတော့ အိပ်ချိန်းနှင့် ပူးပေါင်းကာ မြန်မာ စတော့ ဈေးကွက်ကို လေ့လာ ခဲ့ကြသည်။

ဒိုင်ဝ ၏ မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံရန် အစီအစဉ်သည် ဂျပန် ယန်းငွေ ဘီလျှံ ၃၀ ကျော်ဖိုး ဖြစ်သည်။ ဒိုင်ဝ သည် နိုင်ငံတကာသို့  ဖြန့်ကျက် လုပ်ကိုင် နေသည့် ဂျပန် အရင်းအနှီး စီမံခန့်ခွဲမှု ကုမ္ပဏီ ဖြစ်သည်။
Daiwa, Tishiaba, NEC
Copy from - freedomnewsgroup

RCSS/SSA နှင့် အစိုးရတပ် ယနေ့ တိုက်ပွဲ အပြင်းအထန်ဖြစ်

alt
သျှမ်းပြည်တပ်မတော် RCSS/SSA တပ်သားများ( Sai Pawn Li facebook)
22 July 2012

သျှမ်းအရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်ပူဒအွန်ကျေးရွာ အုပ်စု၌ သျှမ်းတပ်မတော် တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေသည်ဟု ဒေသခံ သတင်းရပ်ကွက်က ဆိုသည်။
" အစိုးရတပ်က ကျနော်တို့ စခန်းကို ဒီမနက် ၁၀ နာရီကစပြီး တက်တိုက်တယ်၊ ညနေ ၄း၃၀ နာရီအထိ တိုက်ပွဲက မပြီးသေးဘူး၊ ဘာညာ မပြောဘဲနဲ့ ဒီအတိုင်း တက်ပြီး လာတိုက်တာ" ဟု အမည်မဖေါ်လိုသည့် RCSS အရာရှိ တဦးက ပြောပါသည်။

ဂျူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီက သံလွင် အရှေ့ခြမ်း မိုင်းပြင်း အခြေစိုက် ခမရ ၃၆၀ က မိုင်းပူးအွန် ကျေးရွာအုပ်စု ဘက်အခြေချ လှုပ်ရှားနေသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA အား တက်တိုက် ခဲ့ကြောင်း  ၊ မွန်းလွဲပိုင်း၌ RCSS/SSA ဘက် စစ်ကူပို့ကာ အပြင်စည်းဝိုင်းမှ ၀ိုင်းပိတ် တိုက်ခိုက်သောကြောင့် တိုက်ပွဲ အရှိန် ပိုမြင့်လာကာ ညနေပိုင်းအထိ ညနေပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း အမည်မဖေါ်လိုသည့် ရုံးထိုင် ကိုယ်စားလှယ် တဦးကလည်း ပြောပါသည်။

" အသေအကျ စာရင်းမသိဘူး။ ဒီတိုက်ပွဲကြောင့် လူထုက ပိုပြီး ဇဝေဇ၀ါဖြစ်မှာပေါ့။ အကြောင်းမကြားဘဲ နယ်ကျွံ ၀င်လာရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ရမှာဘဲ။ အစိုးရ တပ်ဘက်က ရန်ရှာ တိုက်ခိုက်တာကိုး" ဟု အဆိုပါ အရာရှိက ဆက်ပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်တို့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် နှစ်ဦးနှစ်ဘက် သဘောတူပြီးနောက် ယခုတကြိမ် ထပ်မှန်ဖြစ်ပွါးသော တိုက်ပွဲသည် ၂၅ ကြိမ်မြောက် ဖြစ်သည်။

သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

Sunday, July 22, 2012

ကမ္ဘာမကြေ၊ မန္တလာမြေ

မန္တလေးမြေကို နိုင်ငံခြားသား စိုးမိုးမှုရန်ကို အံတုနေတဲ့ အိမ်တခုရှေ့က စာတမ်း ၊ ဓာတ်ပုံ - CJ Myanmar
မြို့တော် မန္တလေးဟာ မြောက်ဘက်က ရန်ကို ခံကတုတ်လုပ်ပြီး အမျိုးသားရေးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဟန့်တား လာပေးမယ့် အခုတော့ မန္တလေးဟာ တရုတ်မြို့တော်လည်း ဖြစ်နေရပါတယ်။

အခုမြင်ရတဲ့ ပုံကတော့ CJ Myanmar ရဲ့ မန္တလေးက ပြည်ကြီး တရုတ် ရန်ကို အခုထိ ကာကွယ်နေဆဲ အမျိုးသားရေး စိတ်ဓာတ် အပြည့်ရှိတဲ့ ရွှေမန်းလေးက အိမ်တအိမ်လည်း ဖြစ်ပါတယ်။

မန္တလေးက မြေကွက်တွေကို မြန်မာငွေကျပ် သိန်းပေါင်း များစွာနဲ့ ၀ယ်ရောင်း ဖြစ်နေတာလည်း ကြာပါပြီတဲ့။ ဘ၀ ၀မ်းရေး အခက်အခဲတွေနဲ့မို့ မန်းလေးသားတွေလည်း တရုတ်တွေဆီက မြန်မာ ကျပ်ငွေတွေ ဆာလာအိတ်နဲ့ ထုတ်ပိုးပြီး တောဖက်နယ်ကို ပြောင်းပြေး နေကြရတာပါတဲ့။

ဒါပေမယ့် အခုထိ အမျိုးသားရေးအတွက် ဆက်လက် အံတုေ နသူတွေလည်း ရှိနေဆဲပါ။ အခုဆို အလုပ် လျှောက်ရင်လည်း တရုတ် စကား၊ စာ မတတ်ရင် အလုပ်ရှင်နဲ့ ဆက်ဆံရေး အဆင်မပြေ တာကြောင့် အလုပ် မရပါဘူး။ အလုပ်ရ ပြန်တော့လည်း တချို့ဆို တရုတ် သူဌေးရဲ့ ခြေတော်တင်တာ ခံကြရပါသတဲ့။

မြန်မာ အမျိုးကောင်း သမီးတွေလည်း ပြည်ကြီးပေါက် တရုတ်အမျိုးသား သူဌေးများရဲ့ "သားမွေးသည်မ"

ကိုမင်းကိုနိုင်နဲ့ မေးမြန်းချက်

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲမယ့် ရှစ်လေးလုံးအခမ်းအနားနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင် ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Friday, July 20, 2012

ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ထိုင်းပညာရေးမှ ပြဌာန်း



 

20.july.2012

ထိုင်းနိုင်ငံ စာသင်ကျောင်း များတွင် မူလတန်း အဆင့် ၄ တန်း ကျောင်းသူ/သားများ၏ လူမှု့ရေး ဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင် အရှဒေသ နိုင်ငံများ အတွင်းမှ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုဖြင့် ထင်ရှား ကျော်ကြား သောခေါင်းဆောင်များ အကြောင်းနေရာတွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားရန် ပြဌာန်းလိုက်ပြီး ဖြစ်ပါသည်။


 အလားတူ နိုင်ငံတကာမှ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အလွှာ အသီးသီးနှင့် နိုင်ငံတကာ မီဒီယာ အားလုံး နီးပါးလောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲဝံ့စွာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ စနစ်ဖြင့် ခြွတ်ချုံကျ ဘုံးဘုံးလဲနေသော မြန်မာပြည်ကို တိုးတက် မြုင့်မားဖို့ လုပ်ဆောင်နေတဲ့ အကြောင်း ဂုဏ်ပြုပြောဆို ဖေါ်ပြနေကြပါသည်။

သို့သော်လည်း နောက်ပြန် မလှည့်ပါဘူး ဆိုတဲ့ အစိုးရ သစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်း မရှိသေးပါဘူး။ ခုတော့ အိမ် နီးချင်း ထိုင်းနိုင်ငံက လေးစား စံပြုထိုက်သူရဲ့ အကြောင်းကို ကျောင်း သင်ခန်းစာတွေမှာ ပြဌာန်း လိုက်တာကတော့ မြန်မာနိုင်ငံ အစိုးရနဲ့ ပညာရေး ဌာနအတွက် အရှက်ရစရာတခု ဖြစ်လာခဲ့ပါပြီ။

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတရားပင် ဖြစ်ကြောင်း မြတ်ဗုဒ္ဓကဟောပါသည်။ မင်္ဂလာ မရှိသော သူတွေသည် မင်္ဂလာပြုမည် မဟုတ်သည်ကို ထင်ရှားစေပါသည်။ ကမ္ဘာပေါ်၌လည်း ဆုအများဆုံး ချီးမြုင့် ခံရသူ တဦးဖြစ်သည့် ဒေါ်အောင် ဆန်းစုကြည်သည် မကြာခင် အမေရိကန်နိုင်ငံကို သွားရောက်ပြီး ဆုလက်ခံ ရရှိဦးမည် ဖြစ်ပါသည်။


သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန

"ပြည်သူတွေက ရူးလို့ပေါ့"

(ဓာတ်ပုံ - ဧရာဝတီ)

ဒီကနေ့အတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖတ်စရာ တခုကတော့ တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 - Southern Weekly (Southern Weekend) စာစောင်နဲ့ ဦးအောင်သိန်းလင်း အင်တာဗျူး ဆိုတာပါပဲ။

ဒီစာစောင်ဟာ တရုတ်နိုင်ငံမှာ အလယ်အလတ် အကျဆုံး၊ သြဇာလွှမ်းမိုးမှု အရှိဆုံး လို့ New York Times သတင်းစာက ဆိုထားပါတယ်။

တရုတ်လို ဖော်ပြထားတဲ့ အင်တာဗျူးကို ဘားမားနက် burmanet.org မှာ အင်္ဂလိပ် ဘာသာပြန် ထားပါတယ်။

အဲဒီထဲက ကောက်နုတ်ချက်တချို့ကတော့ ဒီလိုပါ -

အနောက်က မြန်မာပြည်ကို ပိတ်ဆို့ပြီး သူတို့ရဲ့ ရုပ်သေး အစိုးရကို အာဏာ ရစေချင်တာ၊ မြန်မာပြည်ထဲမှာ အာဏာကို ဖြတ်လမ်းနည်းနဲ့ ယူချင်တဲ့ အုပ်စုတစ်စု ရှိတယ်၊ ဒီအုပ်စုက အနောက် သြဇာခံအုပ်စုပဲ ...

- ယူအန်ကို ယုံစရာလား၊ ယူအန်ကို ဘယ်သူ ထိန်းချုပ်နေသလဲ၊ ဘန်ကီမွန်းကို ဘယ်သူ ထိန်းချုပ်နေသလဲ၊ ယူအန်ရဲ့ ဌာနချုပ်က နယူးယော့မြို့မှာ နော် ...

-ကျုပ်တော့ ဘန်ကီမွန်းကို မကြိုက်ဘူး၊ မယုံဘူး၊ ဒီလူဟာ အနောက်နဲ့ တစ်ဖွဲ့ထဲပဲ၊ သူတစ်ပါး ပြည်တွင်းရေးကို မဆိုင်ပဲ ၀င်ရောက် စွတ်ဖက်နေတဲ့သူတွေ ....

- ဟီလာရီကို အ၀င်ခံတာ ကျုပ်တို့ အရေးနိမ့်မှု တစ်ရပ်ပဲ၊ သူ မြန်မာပြည်ကို လာတာ ပြည်သူတွေကို တွေ့ဖို့ မဟုတ်ဘူး၊ တိုင်းပြည် အကျိုးအတွက်မဟုတ်ဘူး၊ ဟိုမိန်းမကို လာတွေ့တာ၊ သိတယ် မဟုတ်လား ဟိုမိန်းမလေ၊ အဲဒီမိန်းမကြောင့် ကျုပ်တို့နိုင်ငံ စီးပွားရေး ပိတ်ဆို့မှုခံရတာ ...

-လွှတ်တော်ထဲမှာ အတူတကွ ပူးပေါင်းပြီး အလုပ်လုပ်မလား ..ဟားဟား ပူးပေါင်း အလုပ်လုပ် ရမှာပေါ့၊ ကျုပ်တို့က ၇၆% ဒင်းတို့က ၆% ဟားဟား ပူးပေါင်း အလုပ်လုပ်ရမှာပေါ့ ...

-ကြားဖြတ် ရွေးကောက်ပွဲမှာ ဒင်းတို့ ဘာလို့အကြီးအကျယ် အနိုင်ရသွားသလဲဆို ပြည်သူတွေက ရူးလို့ပေါ့၊ အဲဒီမိန်းမက ပေါ်ပြူလာ ဖြစ်နေတယ်လေ၊ ဒါကလည်း နိုင်ငံ သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်နေလို့ သက်သက်ပါဗျာ ...

-ဒီကြားဖြတ် ရွေးကောက်ပွဲကနေ ကျုပ်တို့ ရလိုက်တဲ့ သင်ခန်းစာက နောက် ရွေးကောက်ပွဲတွေမှာ လူကြိုက်များမဲ့ ပေါ်ပြူလာ ဖြစ်မဲ့ မဲဆွယ် စည်းရုံးရေးတွေကို များများလုပ်ဖို့ပဲ ..
 (မ) ပြောင်းဖူးကိုင်ပြီး မဲဆွယ် စည်းရုံးခဲ့စဉ်
-မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ဆုံးဖြတ်တာ ဦးသိန်းစိန် တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်ပဲ၊ လွှတ်တော်ရဲ့အတည်ပြုချက် မဟုတ်ဘူး၊ ကျုပ်တို့က တရုတ်နဲ့ မြန်မာကြား နားလည်မှု လွဲမှားသွားမှာ သိပ်စိုးရိမ်တယ်၊ ဒါကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို အားလုံး ကန့်ကွက် ခဲ့ကြတာ၊ ဘယ့်နဲ့ဗျာ ဒီလောက် အရေးပါတဲ့ စီမံကိန်းကို ရပ်ပစ်ရတယ်၊ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား မလုံလောက်မှုကို အများကြီး အကျိုးပြုမဲ့ စီမံကိန်းဗျ၊ ဒီစီမံကိန်း ပြန်ကို ပြန်စရမယ်ဗျာ ...

အောင်ဇင်လတ် Facebook မှာ လမ်းတစ်ခြမ်း ခင်းသူကြီးရဲ့ မှတ်သားဖွယ် စကားများ ဆိုပြီး အဲဒီလို တွေ့ရပါတယ်။

အင်္ဂလိပ် ဘာသာပြန်ကိုတော့ burmanet.org မှာ အခုလို ဖတ်နိုင်ပါတယ်။

မြန်မာပြည်မှာ ရုပ်သေးအစိုးရ ထူထောင်ချင်သူတွေ ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်ပြော ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား



၆၅ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ နှင့် မြန်မာ့ဒီမိုကရေစီကွန်ယက် Net work for Democracy in Burma (NDB)တို့မှ ပူးတွဲ၍ တိုကျို ရှီနာဂါဝါ အရပ်ရှိ မြန်မာ သံရုံးရှေ့တွင် ကျင်းပ ပြုလုပ်သည့် သတင်းဓါတ်ပုံ။

မိုးမင်းသူ

Thursday, July 19, 2012

အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်




အထက်ပါ ခေါင်းစဉ်ရဲ့ စကားလုံးတွေကို အဓိပ္ပါယ်ခွဲကြည့်မယ်ဆိုရင် …………
ပထမဦးစွာ အာဇာနည် ဆိုတာဘာလဲ။
ယနေ့ခေတ် မြန်မာပြည်ရဲ့ မူလတန်းအရွယ်ကလေးတယောက်ကို မေးကြည့်လိုက်တော့ အာဇာနည်ဆိုတာဟာ မြန်မာပြည်မှာ အဆိုတော်တယောက်ရဲ့ နာမည်လို့ ဖြေခဲ့တာကို နားနဲ့ဆတ်ဆတ်ကြားခဲ့ဖူးပါတယ်။ ကျွန်ုပ် မရယ်မိပါ။ 

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံရယ်လို့ တွန့်တွန့်ကောက်ကောက် မြေပုံတခု တရားဝင် ဆွဲပြနိုင်ဖို့နဲ့ ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားအားလုံးဟာ အဲသည့် မြန်မာပြည်ထဲမှာ သိက္ခာရှိစွာ ရပ်တည်နေကြပါတယ်ဆိုတာကို ကမ္ဘာ့အလယ်မှာ ဖေါ်ပြနိုင်ဖို့အတွက် မြန်မာပြည်ဖွား တိုင်းရင်းသား အာဇာနည်ပေါင်းများစွာ မြန်မာ့သမိုင်းမှာ ရှိခဲ့တာကို ယနေ့ခေတ် ကလေးတွေ မသိတော့ပါ။

မြန်မာနိုင်ငံမှာ အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လူပုဂ္ဂိုလ်(၉)ဦးတည်း မဟုတ်ပါ။ အောက်မြန်မာပြည်ကို တိုင်းတပါးသားတွေ ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ အချိန်ကစလို့ ငါတို့ တိုင်းပြည်နဲ့ ငါတို့လူမျိုးအတွက်ဆိုပြီး အသက်ပေးခဲ့ကြတဲ့ အာဇာနည်ပေါင်းများစွာရှိခဲ့ပါတယ်။
ဒီတော့ အာဇာနည်ဆိုတာဟာ ဘယ်လို လူမျိုးကိုခေါ်တာပါလဲလို့ သင့်ကို တစုံတယောက်က မေးလာခဲ့ရင်…

ရိုဟင်ဂျာတွေအရေး အစိုးရ ရပ်တည်ချက် ဂျပန်ရောက် မြန်မာများ ထောက်ခံ ဆန္ဒပြ


July 18, 2012

ရိုဟင်ဂျာတွေနဲ့  ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂက လက်ခံဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုအားလုံးက ဒီနေ့ ညနေပိုင်းက တိုကျိုမြို့ ကုလရုံးရှေ့မှာ တညီတညွတ်တည်း သွားရောက် တောင်းဆိုကြပါတယ်။
photo by - Biruma
တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ထိပါးတဲ့အတွက် ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးထံ လွှဲပြောင်းပြီး သူတို့ကို လက်ခံမယ့် တတိယနိုင်ငံကိုပို့ပေးဖို့ သမ္မတ ဦးသိန်းစိန် အစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံရာမှာ အဆိုပြုခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အဆိုပြုချက်ကို လက်ခံ အကောင်အထည်ဖော်ဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီနေ့ ညနေပိုင်း တိုကျိုမြို့က ကုလရုံးရှေ့မှာ သွားရောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါ တယ်။

ဒီနေ့ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (အေယူအန်) က ဦးဆောင်ခဲ့ပြီး အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ အပါအ၀င် ဂျပန်ရောက် ဒီမိုကရေစီအင်အားစု အဖွဲ့ ၃၀ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရဟာ ရွေးကောက် တင်မြှောက် မခံရဘဲ စစ်တပ်က ၄ ပုံ ၁ ပုံ နေရာ ယူထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ ပေမယ့်လည်း အမျိုးသားအရေးအတွက် လက်ခံနိုင်တဲ့ ဆောင်ရွက် ချက်တွေကိုတော့ ထောက်ခံ သွားကြမယ်လို့လည်း ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုခဲ့ကြပါတယ်။

သတင်းရင်းမြစ်  -  ဒီဗွီဘီ
မှတ်တမ်းဓါတ်ပုံ ။ မိုးမင်းသူ

Wednesday, July 18, 2012

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ အမေရိကန်ပြည်ထောင်စုသို့ ရောက်မည်.

ဒေါ်အောင်ဆန်းစုကြည်စက်တင်ဘာအမေရိကန်ပြည်ထောင်စုသို့ရောက်မည်......။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုဆီ လာရောက်ဖို့ရှိပါတယ်။

အမေရိကန်အခြေစိုက် Atlantic Council က ပေးတဲ့ တတိယအကြိမ်မြောက် “ကမ္ဘာ့နိုင်ငံသား” ဆုလို့ဆိုရမယ့် “Global Citizen Award” ကို လက်ခံရယူဖို့အတွက် လာရောက်မှာဖြစ်တဲ့အကြောင်း Atlantic Council ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တာလင်းန် အာနာနီယန် (Taleen Ananian) က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ကျရင် နယူးယောက်မြို့မှာ ကျင်းပမှာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်အခိုင်အမာနဲ့ လုပ်ဆောင်မှု၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာ တို့ရဲ့ နိုင်ငံတကာ အမှတ်သင်္ကေတဖြစ်မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုချီးမြှင့်တာဖြစ်တဲ့ အကြောင်း Council ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆုချီးမြှင့်ဖို့ ရွေးချယ်ခံရသူတွေထဲမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဟောင်း ဆဒကို့ အိုဂတ (Sadako Ogata)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဟန်နရီ ကစ်ဆင်းဂျား (Henry Kissinger)၊ အမေရိကန်ဂီတသမားနဲ့ လူသားအရေး လှုပ်ရှားသူ ကွင်စီ ဂျူံးစ် (Quincy Joines) တို့ လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆုရှင်တဦးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အမှုဆောင်ညွှန်ကြားရေး မှူး ခရစ္စတင်းန် လာဂါ့ဒ် (Christine Lagarde) က ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးအပ်မှာဖြစ်ပါတယ်။

Atlantic Council ကို အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်မှာရှိတဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြည်ပြည် ဆိုင်ရာလုံခြုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပါတီစွဲမရှိတဲ့အဖွဲ့တဖွဲ့အဖြစ် ၁၉၆၁-၆၂ ခုနှစ်က ဖွဲ့စည်းခဲ့ တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင် တန် ဒီစီမြို့တော်မှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံရဲ့ ဇူလိုင်လ ၂၆ ရက်နေ့ အစီအစဉ်တခုမှာလည်း ဗွီဒီယိုကနေတဆင့် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုဆီ လာရောက်မယ်ဆိုရင်တော့ ရာစုနှစ်လေးပုံတပုံနီးပါး အတွင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီ့မတိုင်ခင်ကတော့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဥရောပနိုင်ငံတချို့ဆီ ခရီးထွက်ခဲ့ပါသေးတယ်။
( ဓာတ်ပုံ Atlantic Council Web site
Atlantic Council မှချီးမြှင့်သော ကမ္ဘာ့နိုင်ငံသားဆု၊ (Global Citizen Award) ဆုရှင်များ။ ဒေါ်အောင်ဆန်းစုကြည်၊ Henry Kissinger, Sadako Ogata, Quincy Joines )

By ဗွီအိုအေ(မြန်မာဌာန)
သစ်ထူးလွင်
( ဓာတ်ပုံ Atlantic Council Web site
Atlantic Council မှချီးမြှင့်သော ကမ္ဘာ့နိုင်ငံသားဆု၊ (Global Citizen Award) ဆုရှင်များ။ ဒေါ်အောင်ဆန်းစုကြည်၊ Henry Kissinger, Sadako Ogata, Quincy Joines )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုဆီ လာရောက်ဖို့ ရှိပါတယ်။
အမေရိကန် အခြေစိုက် Atlantic Council က ပေးတဲ့ တတိယ အကြိမ်မြောက် “ကမ္ဘာ့နိုင်ငံသား” ဆုလို့ဆိုရမယ့် “Global Citizen Award” ကို လက်ခံရယူဖို့အတွက် လာရောက်မှာဖြစ်တဲ့အကြောင်း Atlantic Counci...l ရဲ့ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး တာလင်းန် အာနာနီယန် (Taleen Ananian) က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ကျရင် နယူးယောက်မြို့မှာ ကျင်းပမှာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်အခိုင်အမာနဲ့ လုပ်ဆောင်မှု၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာ တို့ရဲ့ နိုင်ငံတကာ အမှတ် သင်္ကေတဖြစ်မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုချီးမြှင့်တာဖြစ်တဲ့ အကြောင်း Council ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

Venus ဂျာနယ် ဇူလိုင်လထုက်ပါ။

Venus 3-52 (19 July)

Tuesday, July 17, 2012

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် အရေးပေါ် ဆေးရုံတက်

Thar Zaw

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် အရေးပေါ် ဆေးရုံတက်
၈၈မျိုဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တစ်ယောက် ရုတ်တရက် နှလုံးရောဂါ ဖောက်သဖြင့် ဆေးရုံသို့ အရေးပေါ် ဆေးစစ်မှု့ ခံနေရပါသည်။
ပုံမှာတွေ့ရတာကတော့ ဇူလိုင် ၁၆ရက်နေ့က “နောက်ကြည့်မှန်”စာအုပ်လက်မှတ်ထိုးပေးတဲ့နေ့မှာ သွေးတက်လာတာကြောင့် ကျန်းမာရေးစစ်ဆေးမှုအမြဲလုပ်နေရတာပါ။

အဓမ္မစေခိုင်း ခံရသည့် ကျေးရွာသူ၊ ကျေးရွာသားများ



မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆည်မြောင်းရေနံရံ တည်ဆောက်ရာတွင် ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်ရှိ စမ္ပာနဂိုရ် ကျေးရွာနှင့် ညောင်ရင်းကျေးရွာ အိမ်ခြေ ၁၁၉ အိမ်ရှိ ရွာသားများကို မြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်အားပေး ခိုင်းစေခဲ့ပြီး ရွာသားတယောက်လျှင် သဲ ၆ ကျင်း ဖို့ခိုင်းကြောင်း၊ အလုပ်မဆင်းသူကို ဒဏ်ကြေးအနေဖြင့်

တောင်သူလယ်သမားများ တရားစွဲဆိုခြင်း



Monday, July 16, 2012

ယနေ့ ထောက်ကြန့်မြို့နယ်တွင် လယ်မြေ အသိမ်းခံရသော တောင်သူလယ်သမားများမှ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

July 15, 2012
လယ်ယာမြေ အသိမ်းခံရသော လယ်သမားများ ထောက်ကြံ့မြို့ လမ်းသစ်လမ်းရှိ မတူကွဲပြား ခြားနားခြင်းပါတီရုံးရှေ့မှ ဆန္ဒဖော်ထုတ်ရန် စတင်ထွက်ခွါလာစဉ်..
မတူကွဲပြား ခြားနားခြင်း ပါတီ ဥက္ကဌ ဦးနေမျိုးဝေမှ ဦးဆောင်နေစဉ်ပုံ(၃)လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်..
မင်္ဂလာဒုံ-စက်မှုဇုန်(၁)၊ သင်္ကန်းကျွန်းကြီးရွာမှ လယ်ယာမြေ အသိမ်းခံရသဖြင့် ဆန္ဒဖော်ထုတ်ရန်အတွက် ချီတက်လာကြသော တောင်သူများ
လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်
ဆန္ဒဖော်ထုတ် ပြသကြသော တောင်သူ လယ်သမားများအား လိုက်လံ စောင့်ရှောက် ပေးနေကြသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ..
လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် တွေ့မြင်ရသော ဆန္ဒဖော်ထုတ်ကြသော တောင်သူလယ်သမားများအား တွေ့မြင်ရစဉ်..
"ဥပဒေနှင့်အညီ လုပ်မှာလား ညှိနှိုင်းဖြေရှင်းမှာလား" ဆိုသည့် ဆိုင်းပုဒ် ကိုင်ဆောင်ကာ ဆန္ဒဖော် ထုတ်နေသော လယ်မြေအသိမ်းခံ တောင်သူလယ်သမားတစ်ဦး
လယ်မြေအသိမ်းခံ တောင်သူလယ်သမားများ လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်း စုဝေးရောက်ရှိ နေကြစဉ်...

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
Copy from - demowaiyan

ကမ္ဘာအနှံ့ကသတင်းတွေ....