Friday, July 27, 2012

စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။


စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။


၂၀၁၁ ခုနှစ်၊ အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော Miyagi-ken, Ishinomaki မြို့သို့ စိတ်ဓာတ် မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်သို့ လိုက်ပါရန် စာရင်းပေးထားသူများ သိသာရန် အောက်ပါတို့ကို ထုတ်ပြန် ကြေငြာပါသည်။

၁။ ခရီး လိုက်ပါမည့်သူများသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (စနေနေ့) ည ၁၂ နာရီ နောက်ဆုံးထား၍ သတ်မှတ် နေရာဖြစ်သော Takadanobaba ဘူတာအနီး ကွက်လပ်တွင် ရောက်ရှိ ရမည်ဖြစ်ပါသည်။

၂။ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၁ နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ပါ၍ သတ်မှတ်ချိန်ထက် နောက်မကျပါရန် တိုက်တွန်း နှိုးဆော်အပ် ပါသည်။

၃။ ခရီးစဉ်အတွက် ထည့်ဝင်ရမည့် ငွေမှာ ယန်း ၅၀၀၀ ဖြစ်ပါသည်။ ခရီးစဉ်အတွင်း ဇူလိုင်လ ၂၉ ရက်၊ နေ့လည်စာအား တာဝန်ယူ ကြွေးမွေးမည်ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက် နံနက်စာ၊ ညနေစာတို့အား မိမိအစီအစဉ်ဖြင့် စားသောက် ကြရန်ဖြစ်ပါသည်။ ခရီးစဉ် တလျှောက် ရပ်နား စခန်းများတွင် စားသောက်နိုင်ရန် စီစဉ်ပေးပါမည်။

၎။ ခရီးစဉ်တလျှောက် အစီအစဉ်များအား စနစ်တကျ အချိန်ကိုက် လုပ်ဆောင်နိုင်ရန်နှင့် တိုကျိုမြို့သို့ သတ်မှတ်အချိန်ပြန်လည် ရောက်ရှိနိုင်ရန်အတွက် ခရီးလိုက်ပါမည့်သူများအားလုံး စုပေါင်းသွားလာကြရန်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် သီးခြားလုပ်ဆောင်ခြင်းကို သည်းခံကြပါရန် မေတ္တာရပ်ခံပါသည်။

၅။ မြန်မာနိုင်ငံသားများ၏ မွန်မြတ်သော စေတနာ လုပ်အားပေး ခရီးဖြစ်ပါ၍ ခရီးစဉ်တလျှောက် အရက် သေစာ သောက်စားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းတို့ကို လုံးဝ ရှောင်ကြဉ်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

၆။ ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်များ (သွားတိုက်ဆေး၊ သပွတ်တံ၊ မျက်နှာသုပတ်ပုဝါ၊ ဆေးဝါး စသဖြင့်) မိမိ အစီအစဉ်ဖြင့် ယူဆောင်လာကြရန် ဖြစ်ပါသည်။

၇။ အစားအသောက် ချက်ပြုတ်ရောင်းချရန် တာဝန်ယူထားသူများ၊ ဖျော်ဖြေရေးတာဝန် ယူထားသူများ အနေဖြင့် လိုအပ်သည့်ပစ္စည်း များအား သေချာစွာ စီစစ် ယူဆောင်လာရန် လိုအပ်ပါသည်၊ ခရီးစဉ် သွားရောက်မည့် နေရာသည် ဆူနာမိဘေးသင့်ခဲ့ရာ ပင်လယ်ကမ်းစပ်နှင့် ကပ်လျှက် တည်ရှိနေပြီး ပြန်လည် ထူထောင်ကာစဖြစ်၍ လိုအပ်သည့်များအား အလွယ်တကူ ၀ယ်ယူနိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။
၈။ ဒေသခံ ဂျပန်ပြည်သူများနှင့် ရင်းနှီးဖော်ရွေစွာ ဆက်ဆံခြင်း၊ အားပေး ကူညီဖြင်းတို့ဖြင့် မြန်မာနိုင်ငံသားတို့၏ ယဉ်ကျေးမှုဂုဏ် သိက္ခာကို မြင့်တင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

၉။ အလွန် ပူပြင်းသော နွေရာသီ ခရီးစဉ်ဖြစ်ပါ၍ ကျန်းမာရေး အထူး ဂရုပြုရန် လိုအပ်ပါသည်။ ပွဲတော် ကျင်းပရာနေရာသည် ကွင်းပြင် ကွက်လပ်တွင် ဖြစ်ပါသည်။

၁၀။ တာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်ကို ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။

မြန်မာ့ဒီမိုကရေစီကွန်ယက်၊ ပြန်ကြားရေး
Network for Democracy in Burma (NDB)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....