Wednesday, July 25, 2012

တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဆွေးနွေး ကြမည်

တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး အဆိုကို
ယနေ့ (ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးနေစဉ်
ဓါတ်ပုံ - EMG

ယနေ့ (ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉) ဦးက ဆွေးနွေး ကြမည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့က တင်သွင်းရန် ရွေ့ဆိုင်းခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုကို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူသွားမည် ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်


အဆိုတင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း အဆိုကို ဇူလိုင်လ ၂၄ ရက်နေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့သော်လည်း အချိန်မလောက်ငှ သဖြင့် ရွေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်သွင်းသည့် စီစဉ်ခဲ့သော ပထမဆုံး အဆိုဖြစ်ပါသည်။

ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ခရီးသွားလာသူများ အနေဖြင့် အဆင့်မီ၊ ခေတ်မီသော မော်တော်ယာဉ်များဖြင့် သွားလာနိုင်ရေး အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ပင်လယ်သဲများကို စင်ကာပူနိုင်ငံသို့ ရောင်းချနေခြင်းကြောင့် ရေနေ သတ္တ၀ါ၊ သားငါးများ ရှားပါးလာသည့်အတွက် ပင်လယ်သဲများ မရောင်းချရန် တင်ပြထားသည်ကို ရောင်း၊ မရောင်း သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်းတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းကြမည် ဖြစ်ပါသည်။
Copy from - Eleven Media Group

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....