Sunday, July 22, 2012

ကမ္ဘာမကြေ၊ မန္တလာမြေ

မန္တလေးမြေကို နိုင်ငံခြားသား စိုးမိုးမှုရန်ကို အံတုနေတဲ့ အိမ်တခုရှေ့က စာတမ်း ၊ ဓာတ်ပုံ - CJ Myanmar
မြို့တော် မန္တလေးဟာ မြောက်ဘက်က ရန်ကို ခံကတုတ်လုပ်ပြီး အမျိုးသားရေးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဟန့်တား လာပေးမယ့် အခုတော့ မန္တလေးဟာ တရုတ်မြို့တော်လည်း ဖြစ်နေရပါတယ်။

အခုမြင်ရတဲ့ ပုံကတော့ CJ Myanmar ရဲ့ မန္တလေးက ပြည်ကြီး တရုတ် ရန်ကို အခုထိ ကာကွယ်နေဆဲ အမျိုးသားရေး စိတ်ဓာတ် အပြည့်ရှိတဲ့ ရွှေမန်းလေးက အိမ်တအိမ်လည်း ဖြစ်ပါတယ်။

မန္တလေးက မြေကွက်တွေကို မြန်မာငွေကျပ် သိန်းပေါင်း များစွာနဲ့ ၀ယ်ရောင်း ဖြစ်နေတာလည်း ကြာပါပြီတဲ့။ ဘ၀ ၀မ်းရေး အခက်အခဲတွေနဲ့မို့ မန်းလေးသားတွေလည်း တရုတ်တွေဆီက မြန်မာ ကျပ်ငွေတွေ ဆာလာအိတ်နဲ့ ထုတ်ပိုးပြီး တောဖက်နယ်ကို ပြောင်းပြေး နေကြရတာပါတဲ့။

ဒါပေမယ့် အခုထိ အမျိုးသားရေးအတွက် ဆက်လက် အံတုေ နသူတွေလည်း ရှိနေဆဲပါ။ အခုဆို အလုပ် လျှောက်ရင်လည်း တရုတ် စကား၊ စာ မတတ်ရင် အလုပ်ရှင်နဲ့ ဆက်ဆံရေး အဆင်မပြေ တာကြောင့် အလုပ် မရပါဘူး။ အလုပ်ရ ပြန်တော့လည်း တချို့ဆို တရုတ် သူဌေးရဲ့ ခြေတော်တင်တာ ခံကြရပါသတဲ့။

မြန်မာ အမျိုးကောင်း သမီးတွေလည်း ပြည်ကြီးပေါက် တရုတ်အမျိုးသား သူဌေးများရဲ့ "သားမွေးသည်မ"
တွေအဖြစ်နဲ့ ရင်နာနာနဲ့ ဖြတ်သန်း နေကြရတယ်လို့ မန်းသားတချို့က ပြောလာပါတယ်။

မြန်မာ မိန်းကလေးတွေ သားမွေးသည်မတွေ အနေနဲ့ ဖြစ်နေတာ ကြာပါပြီတဲ့။ မန္တလေးမှာတင် မဟုတ်ပါဘူးတဲ့။ တရုတ် ပြည်မကြီးကိုလည်း မြန်မာ မိန်းကလေးတွေကို သတို့သမီးလောင်းတွေ အဖြစ် ရောင်းစားတဲ့ ဈေးကွက်ကလည်း တော်တော် ကျယ်ပြန့် နေပါတယ်လို့ တရုတ်-မြန်မာ နယ်စပ် သတင်းတွေကလည်း ဆိုပါတယ်။

မန္တလေးကို ရောင်းစားခဲ့တာ ဘယ်သူတွေလည်း၊ မြန်မာ အမျိုးသမီးတွေ သားမွေးသည်မတွေ ဖြစ်နေတာ ဘယ်သူတွေကြောင့်လည်း ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။

သတင်းရင်းမြစ် - ဧရာဝတီ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....