Tuesday, July 24, 2012

အိမ်ထောင်ရှင် ကို မုဒိမ်းကျင့် မှုဖြင့် စစ်သား လေးဦး ကို စစ်ဆေးနေ

101532660_0ecb4bff2b
July 24, 2012
ရန်ကုန်တိုင်း ဒလ မြို့ နယ် အခြေစိုက် မြန်မာ့တပ်မတော် ရေတပ်မှ စစ်သား လေးဦးက အသက် ၂၇ နှစ် အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီးအား သားမယားအဖြစ် ပြုကျင့် ခဲ့မှုကို တရားလိုမှ အမှုဖွင့် တိုင်တန်း၍ ပျော်ဘွယ်ကြီး ရဲစခန်းမှ စုံစမ်း စစ်ဆေး နေသည်ဟု FNG မှ သတင်း ရရှိသည်။

သားမယားအဖြစ် ပြုကျင့်မှုတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု ယူဆရ၍ ရဲစခန်းမှ အမှုဖွင့် စုံစမ်းစစ်ဆေး နေသူ ရေတပ်သား ၅ ဦးကိုမူ ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားခြင်း မရှိဟု သိရသည်။

ရန်ကုန် အခြေစိုက် 7 Days News Journal ၏ facebook စာမျက်နှာတွင် ” ဇူလိုင် လ ၁၈ ရက်နေ့  ညက ရခိုင်ချောင် ရေတပ်တိုက် လိုင်းခန်း အနီးအရောက် တပ်မတော်(ရေ) စစ်သည်လေးဦးက သား မယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံးမှ သတင်းရရှိသည်” ဟု ဖော်ပြထား သည်။

အသက် ၂၇ နှစ် အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီးကို စစ်သား လေးဦးက လက်ထိတ်ခတ် ခေါ်ဆောင် သွားကာ လယ်ကန် သင်းတွင် သားမယား အဖြစ် ၎င်းတို့  လေးဦးစလုံး သားမယားအဖြစ် တစ်ကြိမ်ပြု ကျင့်ပြီး နောက်တပ် လိုင်းထဲရှိ အခန်းတွင် ည ၉ နာရီ အချိန်၌ လေးဦးလုံးက တစ်ကြိမ် ပြုကျင့်ခဲ့ ကြသည်။
အဆိုပါ စစ်သား လေးဦးမရှိ ချိန်ဉ် မ — သည် အိမ်ထောင်သည် လိုင်းမှ ထွက်ပြေးရာတွင် အဆိုပါ စစ်သား လေးဦး ကပင် ဖမ်းဆီးပြီး တစ်ဦးက ပြန်လည် မုဒိမ်း ကျင့်ခဲ့သည်။


နောက်တစ်နေ့  တွင် ၎င်းတို့  အရာရှိအား သွားရောက် တိုင်တန်းရာဉ် အရာရှိဖြစ်သူက သူမအား လိမ်ညာ ပြောသည်ဟု ဆိုကာ ၀ါရင်းတုတ်ဖြင့် ရိုက်နှက်ပြီး ၊ မုဒိမ်းကျင့် ခဲ့သည့် စစ်သား တစ်ဦးက ၀င်ရောက် ရိုက်နှက် သည်။၊

မေလ ၂၈ ရက်နေ့ က ရခိုင် ပြည်နယ် ရမ်းဗြဲ မြို့ နယ် ကျောက်နီမော် ကျေးရွာတွင် မသီတာထွေးအား မွတ်ဆလင် ဘာသာ ၀င်များက အဓမ္မ ပြုကျင့် သတ်ဖြတ် ဖြတ်မှု ပေါ်ပေါက် ပြီးနောက် ရခိုင် ပြည်နယ် တွင် မငြိမ် မသက်မှုများ ဖြစ်ပွားခဲ့သည်။

ပျော်ဘွယ် ကြီး ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက FNG ကို ပြောကြားရာတွင် အမှုကို စုံစမ်း စစ်ဆေးပြီး နောက် စွဲချက်တင်နိုင်ရန် ကြိုးပမ်းသွား မည်ဟု ဆိုသည်။

Copy from - freedomnewsgroup

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....