
July 23, 2012 
ဂျပန် အခြေစိုက် ဒိုင်ဝ ငွေကြေးနှင့် အရင်းအနှီး စီမံခန့်ခွဲမှု အုပ်စုမှာ မြန်မာနိုင်ငံ၏ သတင်း ဆက်သွယ် ရေး နည်းပညာ လုပ်ငန်းတွင် ဒေါ်လာ သန်း ၃၈၀ ကျော် ဖိုး ရင်းနှီး မြုပ်နှံမည်ဟု ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။ 
မြန်မာ အစိုးရနှင့် ယခင် ကတည်းက စီးပွားရေး ဆက်ဆံမှု ရှိခဲ့သည့် ဂျပန် ဒိုင်ဝ အုပ်စုသည် ယခု ရင်းနှီး မြုပ်နှံမှု၌ ဂျပန် အီလက် ထရောနစ် ကုမ္ပဏီများ ဖြစ်သည့် တိုရှီဘာ၊ ပန်နာဆိုးနစ် ၊ NEC ၊ ဟစ်တာချီ ကုမ္ပဏီများပါ ပါဝင်မည်ဟု ဒိုင်ဝ သုတေသန အင်စတီကျူမှ တာကာရှိဖူးကိုင်က The Economist Times  သတင်းကို ပြောသည်။
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု  ဧဂျင်စီ၏ အကူအညီဖြင့် ဂျပန် ကုမ္ပဏီများ ဖြစ်သည့် Fujitsu နှင့် NTT တို့သည် မြန်မာ့ ဘဏ်လုပ်ငန်းကို အီလက် ထရောနစ် အဆင့်မြင့်ပေးနိုင်ရန် လေ့လာ နေကြပြီး ဒိုင်ဝ က တိုကျို စတော့ အိပ်ချိန်းနှင့် ပူးပေါင်းကာ မြန်မာ စတော့ ဈေးကွက်ကို လေ့လာ ခဲ့ကြသည်။
ဒိုင်ဝ ၏ မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံရန် အစီအစဉ်သည် ဂျပန် ယန်းငွေ ဘီလျှံ ၃၀ ကျော်ဖိုး ဖြစ်သည်။ ဒိုင်ဝ သည် နိုင်ငံတကာသို့  ဖြန့်ကျက် လုပ်ကိုင် နေသည့် ဂျပန် အရင်းအနှီး စီမံခန့်ခွဲမှု ကုမ္ပဏီ ဖြစ်သည်။
Daiwa, Tishiaba, NEC
Copy from - freedomnewsgroup
 

 
 


 
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်