Sunday, October 30, 2011

စမ်းချောင်း၊ မင်္ဂလာလမ်းက ကလေးငယ်ကို အမြန်ဆုံး ကယ်ဆယ်ပေးကြပါ။ (ပေးစာ)


သို့...... မောက္ခ ပညာရေး မဂ္ဂဇင်း .... ရိုသေစွာ စာရေးလိုက်ပါတယ်။ ကျွန်မတို့ စမ်းချောင်း၊ မင်္ဂလာလမ်းမှာ အငြိမ်းစားဆရာမ တယောက်ရှိပါတယ်။ သူနဲ့ သူ့သမီးတယောက်က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး သူ့သမီးက တစ်ခါတစ်လေမှာ အ၀တ်မကပ်ဘဲ
လျှောက်သွားနေတဲ့အထိ အခြေအနေ ဆိုးပါတယ်။ ကျန်တဲ့ သမီးတွေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ အဲဒီဆရာမက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကလေးတယောက်ကို ကျောင်းထားပေးမယ်ဆိုပြီး ခေါ်ထားပါတယ်။
ခုတစ်လော ကျွန်မတို့ သတိထားမိတာက အဲဒီကလေးကပါ စိတ်ကျမ်းမာရေး ချို့ယွင်းလာပုံရပြီး လမ်းထဲကလူတွေ အဲဒီဆရာမကြီး အိမ်ကို ထောက်လှမ်း ကြည့်ကြတဲ့အခါမှာ အဲဒီကလေးဟာ ကျောင်းကပြန်လာရင် မီးဖိုထဲဝင် အလုပ်လုပ်ရပြီး ပြီးတာနဲ့ အမှောင်ထဲမှာအကြာကြီး ထိုင်ခိုင်းထားခံရပါတယ်။ အိမ်သားတွေ စားပြီးမှ အကြွင်းအကျန်တွေကို ကလေးကို ပုံကျွေးပါတယ်။ အ၀တ်ကလဲ တနှစ်လုံးမှ

ခြံစောင့် လုပ်စားနေကြရသော ပင်စင်စား ကျောင်းအုပ်ကြီးများ


ပင်စင်စား ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာအိုများ၏ ဘ၀ နေ၀င်ချိန်မှာ မလှပဘဲ ရှိနေပါသေးသည်။ ၂၀၁၀ ဒီဇင်ဘာလက တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုတို့ကို ကယ်တင်ကြရန် လှုံ့ဆော်ခဲ့ဖူးသည်။ ယခုအပတ် သတင်းစာ ဖြတ်ပိုင်းမှ ကျောင်းအုပ်ကြီး (အငြိမ်းစား) တစ်ဦး၏ ခြံစောင့်အလုပ် တောင်းခံပုံကို ကြည့်ရှုနိုင်ပါသည်။
ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို
ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို

Saturday, October 29, 2011

ဗိုလ်ချုပ်ရှိစဉ်ကတည်းက မြန်မာတွေအပေါ် သဘောထားမမှန်ခဲ့တဲ့ BBC.

 Thorn Nay Soe on Saturday, October 29, 2011 at 4:32pm
{ဒီဆောင်းပါးဟာ ပြည်တွင်းဂျာနယ်တစ်ခုကို ပို့ဖို့ ရေးထားတာပါ။ အဲဒီမှာပါတာ စောင့်နေရရင် ကြာနေမှာမို့ Facebook ပေါ် ကနေဖြန့်ပါတယ်}
မကြာသေးခင်ကလေးကမှ BBC ရဲ့ ၀က်ဆိုဒ်စာမျက်နှာတစ်ခုပေါ်က သတင်းကြောင့် ကျွန်တော်အပါအ၀င်မြန်မာတွေ တော်တော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတယ်။ ရိုဟင်ဂျာကိစ္စ ရိုဟင်ဂျာဘက်ပင်းပြီး ရေးလို့ပါ။ မသိသေးသူတွေကို ပြန်ဖောက်သည်ချရရင်တော့ မြန်မာပြည်လူမျိုးတွေအကြောင်း ပြတဲ့ မြေပုံမှာ ရခိုင်ဒေသက နေသူလူမျိုးတွေ နေရာမှာ ရိုဟင်ဂျာလို့ ဖော်ပြထားတဲ့ ကိစ္စပါ။ (ကိုးကား http://www.bbc.co.uk/news/world-asia-pacific-11595983)

ဘယ်နှယ့် ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေမပါပဲ ကလေက၀ ရိုဟင်ဂျာတွေကို တင်လာတော့ အားလုံးဒေါသဖြစ်ကုန်ပါတယ်။ ဒါကိုသာ ငြိမ်ခံနေလိုက်ရင်

ရုပ်ရှင်ပွဲတော်မှာ အားလုံးပါဝင်ဆင်နွဲခြင်းဖြင့်လွတ်လပ်မှုကိုမြတ်နိုးကြရအောင်

Friday, October 28, 2011

ကိုဇာဂနာဦးဆောင်သည့် လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival)


လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival)

လွတ်လပ်ခြင်းသည် လူသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးဖြစ်သည်။ လူသားဖြစ်ခြင်း၏ အရည်အသွေးကို တိုင်းတာမည်ဆိုလျှင် လွတ်လပ်စွာ ရေးသား ပြောဆို ထုတ်ဖေါ်ခွင့်သည် အခြေခံအကျဆုံး မှတ်ကျောက်တစ်ခုဖြစ်လိမ့်မည်။
“လွတ်လပ်ခြင်းအနူပညာ” ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရ နှင့် အတွေးအခေါ် အယူအဆများ ပြန့်နှံ့စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
ရိုက်ကူးသူတစ်ဦးချင်း၏ လွတ်လပ်ခြင်းအနှစ်သာရအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်သွားမည်ဖြစ်သည်။ အရွေးချယ်ခံရသော ရုပ်ရှင်ကားများကို ရုပ်ရှင်ပွဲတော်ကျင်းပသည့် ကာလအတွင်း ပြသသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။
ရုပ်ရှင်ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်
ရည်ရွယ်ချက် ၁။ ။ လူတစ်ဦးတစ်ယောက်၏မွေးရာပါလွတ်လပ်ခြင်းကို အခြေခံ၍ ဖန်တီးထားသည့် အနူပညာကို ရုပ်ရှင်မှတစ်ဆင့် ဖေါ်ထုတ်ပြသရန်၊
ရည်ရွယ်ချက် ၂။ ။ လွတ်လပ်ခြင်း၏ အနှစ်သာရအပေါ် တစ်ဦးချင်းဖွင့်ဆိုမှုကို ရုပ်ရှင်မှတစ်ဆင့် ခံစားကြည့်ရှုနိုင်ရန်၊
ရည်ရွယ်ချက် ၃။ ။ တစ်ဦးချင်းတစ်ဖွဲ့ချင်း လွတ်လပ်စွာရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏အနှစ်သာရ နှင့် အတွေးအခေါ်အယူအဆများ ပြန့်နှံ့စေရန်၊
ရုပ်ရှင်ပွဲတော်အကြောင်းအရာ ။ ။ လွတ်လပ်ခြင်း (Freedom)
ရုပ်ရှင်အမျိုးအစား ။ ။ Documentary Film နှင့် Short Film
ပြသရန်ကြာမြင့်ချိန် ။ ။ တစ်မိနစ်မှတစ်နာရီ
ကျင်းပမည့်နေ့ ။ ။ ၁-၄ ဇန်န၀ါရီ ၂၀၁၂
ကျင်းပမည့်နေရာ ။ ။အတိအကျ မသိရသေးပါ။
အမှုဆောင်အဖွဲ့ ။ ။ (၁) ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာ
(၂) ဒါရိုက်တာ ................

ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာမရှိ


 ဘင်္ဂါလီလား မြန်မာတိုင်းရင်းသားလား (အငြင်းပွါးစရာမရှိ)
Khing Minn Nyo

သို့ 

မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )

ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )
ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
လေးစားစွာဖြင့် ။ ။။။ သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊ အာဘော်များကို ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပါရန်ယနေ့  အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဋ္ဌါန မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော သတင်းများ၌ သတင်းများကို ကြားကြရပါပြီ ။ ............

ဘင်္ဂါလီများသည် မြန်မာတိုင်းရင်းသားဟု သူတို့ ကိုယ်သူတို့  ပြောကြသည်၊


ရာသက်ပန် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် စိန်ဝင်း ဆိုသူ
(ရိုဟင်ဂျာ ကိုယ်စားလှယ်ကို စင်ပေါ် တင်ပေးပြီး ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ တောင်းဆိုနေတာ တွေ့ရတော့ ဒီလူတွေ လုပ်ပုံကို သြချမိတယ်)။ ရခိုင်သား
"ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို ခုတုံးပြုပြီး အမျိုးသားရေးနဲ့  ဒီမိုကရေစီရေးမကွဲပြားတဲ့ အသားထဲကလောက်ထွက်တဲ့ လုပ်စား ရာသက်ပန်ဝန်ကြီးချု့ပ်ဆိုသူ စိန်ဝင်း အုပ်စုလည်း တတ်လည်းတတ်နိုင်တယ်"


အနှီဘင်္ဂါလီများသည်  မြန်မာတိုင်းရင်းသားဟု သူတို့ ကိုယ်သူတို့  ပြောကြသည်၊

အမျိုးဖျက်မယ့်အာဏာရူးတွေ
ရခိုင်သား
( ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ရခိုင်သားရဲ့ အမြင် ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ပိတောက်မြေ အနေနဲ့ နောက်ထပ် လေ့လာစုဆောင်းလို့ ရတာတွေလည်း တင်ပြပါဦးမယ်။ လောလော ဆယ်ဆယ်တော့ ရိုဟင်ဂျာကို မွေးစားနေသူ တွေအပေါ် ရခိုင်သားရဲ့ သဘောထားကို နားထောင်ကြည့် ရအောင် )..........

Thursday, October 27, 2011

စိန်ပေါလ်ဘုရားရှိခိုးကျောင်းရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒပြ

ယနေ့နံနက် ၉နာရီမှ စတင်ကာ ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းကြား၊ စိန်ပေါလ်ဘုရားရှိခိုးကျောင်းရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ ဒဂုံမြိုသစ်မှ လယ်သမား၁၀၀ကျော်က သိမ်းဆည်းခံရသည့် လယ်ယာမြေများ ကိစ္စအတွက် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါသည်။ ထို့နောက် နာရီဝက်မျှ အကြာတွင် ရဲမှူးနှင့် လုံထိန်းများ ရောက်ပြီး ဥပဒေနှင့် မညီညွတ်ဆိုကာ လူစုခွဲခိုင်းသဖြင့် လူစုကွဲသွားခဲ့ရကာ ဆန္ဒပြလယ်သမားများမှာ သိမ်ဖြူလမ်းနှင့် စတော့ဂိတ်ကုန်းရှိရာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ဘီဘီစီ မြန်မာပိုင်းဌာနမှ လူတွေ ဒီဆောင်ပါးနှင့်ဓါတ်ပုံကို မတွေ့ ကြဘူးလား..၊

ဘီဘီစီ (BBC) နှင့် သတင်းထောက် Anna Jones တို့ဟာ တာဝန်မဲ့စွာ မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းကို တလွဲပြုစုခဲ့ပါတယ်... ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို ကန့်ကွက်ပါတယ်...... အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်....

Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့ ဒီ http://www.bbc.co.uk/news/world...-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်...။
 
BBC BURMESE ကိုကန်.ကွက်လိုသူများခင်ဗျာBBC ပိုင်ရှင်များသည်wall ပေါ်တွင်ရေးထား သောစားများကိုဘယ်တော့ မှပြန်မဖတ်သည်.အတွက် အီမေလ်းလိပ်စာ   helenboaden.complaints@bbc.co.uk

သို.ဆက်သွယ်ပြီးEnglish လို့ကန်.ကွက်စာရေးသားပေရန်။
Al-Jazeera Burma
 Anti Rohingya
 

ဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ တရားခံအား သေဒဏ်ချမှတ် .

Wednesday, 26 October 2011 16:05 ENVOY .. မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အသတ်ခံရသူ ဂျပန်အမျိုးသမီး Ms.Shiramatsu Chiharu နှင့် ပတ်သက်၍ ၂၀၁၁ခုနှစ်အောက်တိုဘာ ၁၈ရက်က တရားခံအား သေဒဏ် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အသတ်ခံရသူ ဂျပန်မလေးနှင့် ပတ်သက်၍ တရားခံမင်းသိုက် အား ကျောက်ပန်းတောင်းရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဥပဒေအကြံပြုချက်အရ ပုဒ်မ ၃၆၆၊ ၃၇၆၊ ၃၇၇၊ ၃၀၂တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၈ရက် မွန်းလွဲ ၁ နာရီက ပြစ်ဒဏ်ချမှတ်လိုက ကြောင်း သိရသည်။ "ကျွန်တော်တို့ တရားခံကို တရားစီရင်ချက်အမိန့်ချမှတ်ရင် ဂျပန်သံရုံးကို အကြောင်းကြားပေး လို့ ပြောထားတော့ ကျွန်တော်တို့ ကို လှမ်းအကြောင်းတာပါ။ ကျန် တာတော့ဘာမှမရှိပါဘူး"ဟု ၄င်းက ဆိုသည်။ မြန်မာနိုင်ငံ ဂျပန်သံရုံးမှ ဂျပန် အမျိုးသမီးအသတ်ခံရမှုနှင့်ပတ်သက် ၍ မြန်မာအစိုးရကို အကူအညီ နှစ်ချက်တောင်းဆိုခဲ့ရာ ယင်း တောင်းဆိုချက်အတိုင်း ရုပ်အ လောင်းကို ဂျပန်နိုင်ငံသို့ ပြန်ပို့ပေး ရန်နှင့် တရားခံအား အမှုစစ်၍ တရားစီရင်ချက် အမိန့်ချပါက အကြောင်းကြားရန်ဖြစ်ကြောင်း ၄င်း အချက်နှစ်ချက်လုံးအားဂျပန် သံရုံး သို့ အကြောင်းကြားပေးသည်။

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင် ကွန်ယက်၏သတင်းထုတ်ပြန်ချက်

၁၃၇၃ခုနှစ် ၊ သီတင်းကျွတ်လကွယ်နေ့ 
(၂၀၁၁ခုနှစ် အောက်တိုဘာလ ၂၆ရက်)
 
လျှော့ရက်ခံစားခွင့်မရှိသော သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများအား လျှော့ရက်ခံစားခွင့်ပေးရေး
အင်းစိန်အကျဉ်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှု
Unknown Parameter Value

Wednesday, October 26, 2011

ထွန်းအိန္ဒြာဗို.ရဲ့ ထောင်ထဲကနိုင်ငံရေးအကျဉ်းသားများအတွက်.ပေးသောစာအုပ်နဲ့လက်မှတ်




မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် အောက်တိုဘာ ၂၅ ရက်နေ့ ယနေ့ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတားဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
voice weekly ဂျာနယ်မှ ဖေါ်ပြပါသည်။

အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်



အင်တာနက် စာမျက်နှာတွေအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံး ၁၀ ခုထဲမှာ ရှိနေဆဲပဲလို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတခုရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အင်တာနက်အပေါ် တိုက်ခိုက်မှုတွေဟာ ကမ္ဘာတ၀န်း စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
Akamai ကော်ပိုရေးရှင်းက ကမ္ဘာတ၀န်းနိုင်ငံတွေနဲ့ ဒေသပေါင်း ၂၃၈ ခုက အင်တာနက်လိပ်စာပေါင်း ၆၀၄ သန်းကျော်ကို လေ့လာစောင့်ကြည့်ရာမှာ ဒီနှစ် ၂၀၁၁ ခုနှစ်ရဲ့ ပထမနဲ့ ဒုတိယ ၃ လပတ်တွေအတွင်း မြန်မာနိုင်ငံဟာ အင်တာနက် တိုက်ခိုက်မှုတွေ အဓိက အခြေခံလာတဲ့ တိုင်းပြည်တစ်ခုအဖြစ် တွေ့ခဲ့ရတာပါ။ အထူးသဖြင့်ကတော့ အင်တာနက် စာမျက်နှာတွေကို ၀င်ရောက်ကြည့်ရှုရာ လမ်းကြောင်းဖြစ်တဲ့ ................

Tuesday, October 25, 2011

ပခုက္ကူရေဘေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကူညီ

လူရာချီသေဆုံးခဲ့ပြီး ထောင်ချီဒုက္ခရောက်ခဲ့တဲ့ပခုက္ကူနယ်က ရေဘေးကယ်ဆယ်ကူညီဖို့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၄၀ မတည်ပေးတယ်လို့ သိရပါတယ်။
ရေဘေးဒုက္ခသည် ၄ သောင်းဝန်းကျင်ရှိနေပြီး လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးစားပေးလုပ်သွားမယ်လို့ ပခုက္ကူမြို့ကို ထွက်ခွာဖို့ ပြင်နေတဲ့ အဖွဲ့ချုပ်ဗဟိုက ဦးအုန်းကြိုင်က ပြောပါတယ်။...............

အကျဉ်းမှ လွတ်မြောက်လာချိန် (၁)လ မပြည့်သေးသော ဦးဇာဂနာ၏ မွန်မြတ်သော ထိရောက်သော လှုပ်ရှားမှုများ

သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်အဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်မျာ..။ (ဇာဂနာ)

 ပေါင်းတည်..အကျဉ်းထောင်ရှေ့ မှာပါ..။ (ဇာဂနာ)


သာယာဝတီမှာ..မိတ်ဆွေတွေနဲ့ ..တွေ့ ပါတယ်.။ခရိုင်တခုလုံးမှာရှိကြတဲ့..ရှစ်( ၈ )မြို့ နယ်က..လူမှုရေးအဖွဲ့ ( NLD ) လူငယ်တွေနဲ့ လည်း..တွေ့ ရပါတယ်..။
ဝမ်းသာစရာပါ။မင်းမော်ကွန်းက၂သိန်းလှူပါတယ်။ကိုမေတ္တာက ၃သိန်းလှူပါတယ်၊ ကိုစုတ်ဖွား က..၁သိန်းလှူပါတယ်..သာဓုခေါ်ပေးကြပါခင်ဗျာ။ 
မြစ်ကြီးနားထောင်မှာ ညောင်ဦးကထောင်ဒဏ် ၅၉နှစ်လက်ဆောင်ရထားတဲ့ မျိုးမင်းသန်းဟာအစာအိမ်ယောင်ပြီးလည်ပင်းကျီးပေါင်းတက်နေပါတယ်။သူ့အမ က ရွှေဘိုထောင် အကို က ပခုက္ကူထောင်မှာပါ။အားပေးကြပါခင်ဗျ။
ဒီနေ့မုံရွာကိုရောက်ပါမယ်။ဒီငြိမ်းလင်း၊နိုဘယ်အေး။ဦးဝိမလ နဲ့ကိုကိုနိုင်တို့ကိုထောင်ဝင်စာပို့ပါတယ်။စာ ငတ်နေကြပါတယ်။ကိုကိုနိုင်ခမျာကျန်းမာရေးမကောင်းပါ။အစာအိမ်ယောင်နေပါတယ်။
မနေ့က တောင်ငူထောင် နဲ့လွယ်ကော်ထောင်ကို ထောင်ဝင်စာ ပို့ဖြစ်ပါတယ်။တောင်ငူထောင်မှာလွင်စီငြိမ်းဆိုတဲ့နိုင်ငံရေးအကျဉ်းသားလူငယ်လေးဟာထောင် ၃၅နှစ်ကျနေပြီးသူ့ကိုဘယ်သူကမှမထောက်ပံ့နိုင်တာ၂နှစ်နဲ့၈လရှိပါပြီ။အားပေးကြပါခင်ဗျ။
(ဇာဂနာ)

Sunday, October 23, 2011

(RHQ)Refgees Head Quarter အကြိမ်(၃၂)မြောက် ချစ်ကြည်ရေးပွဲတော်


၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်။

(RHQ)Refgees Head Quarter မှ ဦးစီးကျင်းပပြုလုပ်သည့် အကြိမ်(၃၂)မြောက် ဂျပန်တွင် အခြေချ နေထိုင်ကြသည့် ဒုက္ခသည်များ၏ ယဉ်ကျေးမှု ပဒေသာ ကပွဲအခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့  Shinjuku မြို့ နယ် Bunka Center Hall ၌ နေလည် ၁ နာရီမှ ညနေ ၅ နာရီအထိ အပိုင်း ၂ပိုင်းခွဲကာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပွဲဖြစ်မြောက်ရေး စီစဉ်သူ အာရှလူမှုရေးနှင့် ပညာရေး ဖေါင်ဒေးရှင်း ဥက္ကဌ Mr.TAMISUKE Watanuki နှင့် Shinjuku မြို့နယ် အုပ်ချုပ်ရေးမှူး Ms. HIROKO Nakayama တို့မှ နှုတ်ခွန်းဆက် အဖွင့် အမှာစကား ပြောကြားပြီးနောက် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ နိုင်ငံခြားဆက်ဆံရေးဌာန လက်ထောက် ညွန်မှူး Mr. YOSHIYA Muto ၊ တရားရေး ၀န်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူး Mr. SHIGERU Takaya ၊ UNHCR ဂျပန်ကိုယ်စားလှယ် Mr. JAHAN Cels တို့မှ ဧည့်သည်တော်အဖြစ် နှုတ်ခွန်ဆက် အမှာစကား ပြောကြားခဲ့ကြပါသည်။

ဆက်လက်ပြီး သ၀ဏ်လွှာ ဖတ်ကြားခြင်း ဂျပန်နိုင်ငံတွင် အခြေချနေထိုင်ကြသည့် ဒုက္ခသည် များအတွက် အလုပ်အကိုင် ဖန်တီးအကူအညီ ပေးသည့် ဌာနများနှင့် ဒုက္ခသည် ကူညီ ထောက်ပံ့ သူများတို့ ကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် ချီးမြင့်ခဲ့ပါသည်။ ဂျပန်တွင် အခြေချ နေထိုင်သူများထဲမှ စံပြ အခြေချ နေထိုင်သူ ဒုက္ခသည် (၃)ဦးကိုလည်း ဂုဏ်ပြု လက်မှတ် ချီးမြင့်ခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနားကို Musashino အလယ်တန်းနှင့် အထက်တန်း ကျောင်းသူများမှ ဘင်ခရာတီးဝိုင်းဖြင့် တင်ဆက်ပြီး ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း AUN-Japan မှ မြန်မာနိုင်ငံတွင် ပြည်ထောင်စုသားများ စုပေါင်းညီညွတ်စွာ နေထိုင်ကြမည့် သရုပ်ဖော်အကကို တိုင်းရင်းသား လူမျိုးစုအသီးသီးတို့မှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ထိုနောက် ကမ္ဘောဒီယား ၊ လာအို ၊ဗီယက်နမ် နိုင်ငံအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြစ် တင်ဆက် ဖျော်ဖြေသွားသည့်အပြင် " ကိုဘူရီနာ "ဆပ်ကပ်အဖွဲ့မှလည်း ကပြတင်ဆက် သွားပါသည်။

အာရှလူမှုရေးနှင့် ပညာရေးဖေါင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr.Shigeo Ishisaki မှ ကျေးဇူးတင် စကားပြောကြားပြီး “မွေးရပ်မြေကို သတိရတယ် ” FURUSATO ဂျပန်ရိုးရာ သီချင်းဖြင့် စုပေါင်းသီဆိုကြပြီး အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

(၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော် ဂျပန်တွင် ကျင်းပ






(၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူး၍ ဒီကနေ့ စက်တင်ဘာ ၂၃ရက်၊၂၀၁၀ တနင်္ဂနွေ နေ့တွင် KIBA ပန်းခြံတွင် မနက် ၁၁း၀၀မှစတင်၍ ကျင်းပခဲ့ရာ မြန်မာရိုးရာ စားစရာရောင်းချသော ဆိုင်ခန်းများ၊ ခေတ်ပေါ် စင်တင်တေးဂီတ တီးဝိုင်းများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ပထမဦးစွာ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ သီတင်းကျွတ်ပွဲတော် ကျင်းပတဲ့ ရည်ရွယ်ချက် ရှင်းလင်း၍ သီတင်းကျွတ် ပွဲတော်အား ဖွင့်လှစ် ပေးခဲ့ပါတယ်။ ထို့နောက် တေးဂီတ ဖျော်ဖြေမှု အစီစဉ်အရ Power 88 Music Band၊ ရွှေသရ၀ဏ် အငြိမ့်၊ တေးချစ်သူများအဖွဲ့၊ မင်္ဂလာဒိုး အနုပညာအင်အားစု၊ I.Y.F တေးဂီတအဖွဲ့၊ Leack Of Freedom တေးဂီတ အဖွဲ့တို့ဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

ဆက်လက်၍ ၀၀၃၃ NTT(over seaPhoneCompany)မှ ကံစမ်းမဲ ဖောက်ပေးပြီးနောက် ပွဲတော်ကျင်းပ
ရေးကော်မတီ တာဝန်ခံ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး သီတင်း ကျွတ် ပွဲတော်အား ညနေ ၅း၀၀ရီတွင် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ပါတယ်။ ယနေ့မြန်မာ၊ ဂျပန် ပရိတ်သတ် ၆၀၀ ကျော်ခန့် သီတင်းကျွတ် အလွမ်းပြေ လာရောက် အားပေးခဲ့ကြပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ NLD(LA)JB
ရုပ်သံမှတ်တမ်း ။ maungwto၊ Zayyar

Saturday, October 22, 2011

ABMA Journal Volume 2 No 20

မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။

မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို တိုကျိုမြို့ရှိ မြန်မာ အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ညနေ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက် (ဂျပန်) NDB မှ ကျင်းပပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ၌ လက်ရှိ သမတ ဦးသိန်းစိန် အစိုးရသည် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဖော်ဆောင်မည်ဆိုလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလွန်အရေးပါသည့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်စဲပေးရန် လိုအပ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် မတရားဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်စဲပြီး တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပေးရန် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံ ကိုယ်စားလှယ်များ တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။Aung Htoo Thein(Japan), Moe Min Thu

Friday, October 21, 2011

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်။
ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ  ခိုင်မာသော ခြေလှမ်းများ လှမ်းခြင်း  မရှိသေးသည့်အပေါ် ဂျပန်အစိုးရအနေဖြစ် သတိပြုမိဖို့နှင့် ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံ နေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက် ၀န်ကြီးအနေဖြင့် မြန်မာအစိုးရအား အထက်ဖော်ပြပါကိစ္စနှစ်ရပ်ကို ပြတ်ပြတ်သားသားတောင်းဆို မှုပြုပေးရန် ကျွန်ုပ်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။

နှစ်ပေါင်း ၂၀ ကျော်ကြာအတွေ့အကြုံများအရ မြန်မာအစိုးရအဆက်ဆက်သည် အပြောင်းအလဲ အနည်းငယ်မျှ ပြုလုပ်ပြကာ နိုင်ငံတကာ၏ထောက်ခံပံ့ပိုးမှုရရှိရန်နှင့် ၄င်းတို့အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လုပ်ဆောင် အကောင်အထည်ဖော်လေ့ရှိသည်ကို ၀န်ကြီးအနေဖြင့် အထူးသတိထားရန် အသိပေးပါသည်။

ဂျပန်အစိုးရအနေဖြင့် လက်ရှိ မြန်မာအစိုးရသစ်အား ပေးအပ်မယ့် ODA ခေါ်ဖွံ့ဖြိုးမှု အကူအညီနဲ့ ပတ်သက်ပြီး.......

Wednesday, October 19, 2011

ဂျပန်တွင်ကျင်းပပြုလုပ်သည့် မင်းကိုနို​င်၏(၄၉)နှစ်ပြ​ည့်မွေးနေ့နှင့် နိုင်ငံရေးအကျဉ်း​သားအားလုံးလွတ်မြောက်ေ​ရးတောင်းဆိုပွဲ


၂၀၁၁ ခုနှစ် အောက်တိုဘာလ(၁၈)ရက်။
 
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ နှင့် နိုင်ငံရေး အကျဉ်း​သားအားလုံး လွတ်မြောက်ေ​ရး တောင်းဆိုပွဲကို ဂျပန်နိုင်ငံ-တိုကျိုမြို့ရှိ မြန်မာ အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပခဲ့ကြပြီး ကိုမင်းကိုနိုင်ကို ချစ်ခင် လေးစားကြ ဂျပန်ရောက် မြန်မာနိုင်ငံသားများ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မတရားဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ခြင်းရပ်ဆိုင်းပေးရန် တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ - Mai Kyaw Oo

Friday, October 14, 2011

ဘုရားရင်ပြင်တော်မှာ ဗုဒ္ဓဘာသာတိုင်း ဖိနပ်ချွတ်တယ်။ သမ္မတသိန်းစိန်မချွတ်ဘူး။

ဗုဒ္ဓဘာသာ မဟုတ်ဘူးနဲ့တူတယ်။

RFA ရေဒီယိုသတင်းဋ္ဌာနနှင့် ကိုဇာဂနာ အင်တာဗျူး အသံဖိုင်နှင့်စာသား


RFA.......အခုပြန်လွတ်လာပြီး ၂၄နာရီတရက်အကြာ ပထမဦးဆုံးမိုးအလင်းမှာ ကိုဇာဂနာ့ရဲ့ အတွေးက ဘာပါလဲခင်ဗျာ
KZGN....ဒီနေ့မနက် ၅နာရီခွဲတိတိမှာ ကျနော်နိုးတယ်။ နိုးနိုးချင်း ကျနော့် ခေါင်းထဲဝင်ကို ပထမဦးဆုံးဝင်လာတဲ့ အတွေးကတော့
ကျနော့် သူငယ်ချင်းတွေ ထောင်ထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို ဘယ်လိုလုပ်ပြီးတော့ သူတို့အမြန်ဆုံး လွတ်အောင်လုပ်ရမလဲလို့
ဆိုတဲ့အတွေး ကျနော်စိတ်ထဲမှာ စပြီးတော့ ဝင်တာပဲ။ အဲ့သည့်ကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ကိုလည်း အားမငယ်သွားအောင်

“အပြောင်းအလဲဖြစ်ပြီမဖြစ်သေးဘူးဆိုတာပြည်သူတွေရဲ့ လက်တွေ့ဘဝနဲ့ တိုင်းတာရမှာဖြစ်တယ်”

Picture

မောင်ချင့်ချိန်
အမှန်တော့ တောင်ပို့ကြီးမှန်း အစောကြီးကတည်းက ..
မြင်ထားသိထားကြပြီးသားပါ၊“ဖွတ်ထွက်လာတာမတွေ့သေးဘူး၊ ဘုရားဖြစ်ချင်ဖြစ်နေမှာ ၊ စောင့်ကြည့်ကြသေးတာပေါ့ ” လို့ ဝေဝါးနေဖို့ကိုမလိုတာပါ ၊ “သူများလိမ်တာ ခံရတာမျိုးက ပထမတကြိမ်မှာ လိမ်တဲ့သူအမှား ၊ ဒုတိယတကြိမ်လည်း လိမ်တဲ့သူအမှားပဲ ၊ အခါခါခံရရင်
တော့ လိမ်တဲ့သူအမှားထက် အလိမ်ခံနေသူကိုက အလွန်းလို့ ၊ အသုံးမကျလို့ ဆိုတာမျိုး ခံရသူအမှား” ဆိုတဲ့ ဆိုရိုးစကားဟာ ခေတ်အဆက်ဆက် ခုလိုအခြေအနေမျိုးတွေရှိခဲ့လို့ တင်စားပြောခဲ့ကြတာ ဖြစ်မှာပါ ။

 ပြောကြည့်စမ်းပါ ၊ စစ်အုပ်စုမှာ ရိုးသားတဲ့လက္ခဏာတွေ ၊ တိုင်းပြည်အကျိုးကိုပဲ ဦးစားပေးဆုံးဖြတ်တော့မဲ့ အနေအထားတွေ ၊ တကယ်ပဲ တွေ့နေရပါပြီလားလို့ ။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြတာ ၊ နိုင်ငံရေးအကျဉ်းသား(တချို့)လွှတ်ပြတာ ၊ ပြောချင်ရာပြောခွင့်ရထားတဲ့ သတင်းစာတွေ ၊ ရုပ်မြင်သံကြားတွေပေါ်ကနေ စကားလုံးလှလှတွေ ရွတ်ပြတာတွေလောက်ကိုကြည့်ပြီး ပြောင်းလဲဖို့လမ်းစမြင်နေရပါပြီ လို့ စစ်အုပ်စုကိုယုံကြည်ရတော့မယောင်ပြောဆိုမှုမျိုး ဘယ်ပြည်သူ့ဘက်တော်သားကမှ ယတိပြတ်ပြောရဲမှာမဟုတ်ပါဘူး ။

 “စားဝတ်နေမှုဘဝ ဖူလုံခွင့်ပေးပါ”လို့ ဆန္ဒပြတောင်းဆိုယုံသက်သက်နဲ့ ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရတဲ့
အပြစ်မဲ့ပြည်သူတွေ ၊ ကျောင်းသားတွေ ၊ ရဟန်းသံဃာတွေကို မေ့ထားလိုက်ကြတော့မလား ။
အကျဉ်းထောင်တွေ ၊ တောတောင်တွေထဲ ၊ မိတကွဲဖတကွဲ ၊ သားတကွဲ မယားတကွဲရောက်ကြရပြီး ဘဝတွေ ထိခိုက်ပျက်ဆီးခဲ့ရသူတွေ ၊ ခြေလက်ခန္ဓာဆုံးရှုံးခဲ့ရသူတွေ ၊အသက်ပါပေးခဲ့ရသူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ က အလကားဖြစ်ရတော့မှာလား ။
စစ်ပွဲတွေကြားမှာ အိုးအိမ်စွန့်ခွာရှောင်ပုန်းပြေးလွှားပြီး အနာဂတ်မဲ့နေတဲ့ တိုင်းရင်းသားတွေအတွက် ဘယ်လို့  အာမခံချက်မျိုးကို ဘယ်သူကပေးနိုင်ပါပြီတဲ့လဲ ။

 အစွန်းရောက်လွန်းတယ်လို့မထင်ပါနဲ့ ၊..............

အရေးပေါ် ကြေငြာချက်

by Nay Myo Linn on Friday, October 14, 2011 at 7:29pm
RFA က မနေ့ညက လွှင့်သွားတဲ့ကိုမင်းကိုနိုင်နဲ့ ကျိုင်းတုံထောင်ထဲမှာ အတူနေခဲ့သူဟုဆိုသောမြန်မာ နေးရှင်းဂျာနယ်က ဦးစိန်ဝင်းမောင်က ကိုမင်းကိုနိုင်ဟာ NLD ပါတီ မှတ်ပုံတင်မှာနဲ့ ရွေးကောက်ပွဲဝင်မှာကို သဘောတူထောက်ခံကြောင်း ပြောတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ယနေ့(၁၄-၁၀-၂၀၁၁) နေ့လည် ၁ နာရီမှာ ကိုမင်းကိုနိုင်အမကြီး ထောင်ဝင်စာတွေ့ပြီး ပြောပြတဲ့အခါမှာ ကိုမင်းကိုနိုင်ဟာ အလွန် စိတ်ဆိုးဒေါသထွက်ပြီး သွေးတိုးသွားကြောင်း သိရပါတယ်။

 ဦးစိန်ဝင်းမောင် ပြောကြားချက်နဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်သဘောထား အစစ်အမှန်မဟုတ်ကြောင်း၊ ကိုမင်းကိုနိုင် အမကြီးက မီဒီယာများသို့မကြာခင်မှာ အင်တာဗျူး ပေးပြီး ပြန်လည် ဖြေရှင်းမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ကိုမင်းကိုနိုင်ရဲအမ ဖုန်းနံပါတ်က
၀၉ ၈၆၄၀ ၄၈၅ ဖြစ်ပါတယ်
သတင်းမေးလိုသူများအတွက်ဖြစ်ပါတယ်

အကျဉ်းထောင်မှ လွတ်မြောက်လာသော ဇာဂနာအား ဒေါ်အောင်ဆန်းစုကြည်မှ လက်ဆောင်အဖြစ် စာအုပ်တစ်အုပ်ပေးပို့။

111014 Bty Bur Zarganar

ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၁)

ကျနော်က ကိုပေါ် လို့ခေါ်တဲ့ ကိုပေါ်ဦးထွန်း(ခ) ကိုမင်းကိုနိုင်ကို ကျနော်စတွေ့စဉ်အခါက ကျနော့်အနေနဲ့  မြင်ရတွေ့ရတဲ့ သူ့ရဲ့ဟန်ပန် အမူရာတွေနဲ့ စာဖတ်ပရိသတ်နဲ့ ရင်းနှီးစေချင်လို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ကျနော်  ကိုပေါ့် ကိုစတွေ့တဲ့အချိန်တုန်းက ကျောင်းသားသမဂ္ဂ (ဗကသ) ဖွဲ့စည်းကြောင်း မကြေငြာရသေးတဲ့ အချိန်ပေါ့။
 သြဂုတ်လ(၁၀)ရက်နေ့ ဗဟန်းရဲစခန်း ပစ်ခတ်မှုက ကျနော်လွတ်လာခဲ့ပြီး၊ စတော့ဂိတ်ဂုံး(သိမ်ဖြူဂုံး) မှာ ထပ်အပစ်ခံရတော့၊ အပစ်အခတ် နဲနဲလွတ်ကင်းတဲ့ မင်္ဂလာတောင်ညွှန့်က ကားဝပ်ရှော့ တခုမှာ ကိုတင်ဌေး(ကိုတင်မောင်ဌေး) က ကျနော့်ကို ပုန်းနေခိုင်းထားခဲ့ပါတယ်။နောက်တော့ အဲ့သည့်နေရာကနေ ၁၀၁လမ်းက သူ့အိမ်မှာခေါ်ထားခဲ့ပါတယ်။ အဲဒီ့မှာတင်ပဲ  ကျနော်တို့ရဲ့ ခေါင်းဆောင် မင်းကိုနိုင် နှင့်  ကြုံရစုံရ သိခွင့်ရခဲ့ပါတယ်။
လူပုံစံက  အသားညိုညို ပိန်ပိန်ပါးပါးနဲ့  ရှေ့သွားကလေး နဲနဲထွက်နေတဲ့ တအိမ်လုံးက (ကိုပေါ်) လို့ခေါ်တဲ့ အနှီပုဂ္ဂိုလ်ကို ထိုအချိန်က ဘယ်သူ ဘယ်ဝါမှန်း ကျနော်မသိခဲ့ပါဘူး။ ကိုပေါ်က ဆေးလိပ်ကို အရမ်း ကြိုက်လို့လား၊ တွေးစရာတွေ များလို့ပဲ ဖိသောက်နေတာလားတော့ မပြောတတ်ဘူးခင်ဗျာ့.... ဖွာလိုက် ရှိုက်လိုက်နဲ့ တကိုယ်လုံးက အငွေ့ထွက်လောက်အောင်ကို ဆေးလိပ်သောက်ပါတယ်။ ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘဲနဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ကြား ဆေးလိပ်ကို လက်က

Thursday, October 13, 2011

ကိုဇာဂနာ ရှင်းရှင်း ပြောပြီ (RFA သတင်း)

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပါပြီ။ ကိုဇာဂနာ ကျန်းမာရေး အတော်ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသနှောပြီး ဖြေခဲ့ပါတယ်။

AFP
ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ရောက်ရှိလာတဲ့ ချိန်မှာ ကြိုဆို နုတ်ဆက်သူတွေနဲ့အတူ တွေ့မြင်ရစဉ် မြင်ကွင်း ဖြစ်ပါတယ်။ AFP PHOTO/Soe Than WIN
ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။ “သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ် ၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။ တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။ ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။ လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့” ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ

ထောင်ထဲက လွတ်ပြီး နေ့မဆိုင်းခင် ဆေးခန်းရောက်သွားတဲ့ ဇာဂနာ။

ဟာသပညာရှင် ဇာဂနာအား ယနေ့နံနက်မှ မြစ်ကြီးနားထောင်မှ လွှတ်လိုက်အပြီး နေ့မဆိုင်းခင်မှာပင် ဆေးခန်းရောက်သွားကြောင်း သတင်းရှိသည်။
ဇာဂနာမှာ သွေးတိုးရောဂါရှိသူဖြစ်ကြောင်း ယခုလည်း သွေးများတိုးလာသဖြင့် ဆေးခန်းပြေးရခြင်း ဖြစ်ကြောင်း သူ့အိမ်သားများက ဆိုသည်။
မနက်ကို ဝေလီဝေလင်းကြီးမှာ ထောင်က ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ထထလွတ်ပြီဆိုပြီး ၀ရုန်းသုန်းကားထခိုင်းတယ်။ ဒီရောက်တော့လဲ လေဆိပ်မှာ စောင့်နေကြတာက ပွဲတော်ကျနေတာပဲ လူတွေက ကြပ်ခဲနေတာ။ အိမ်ပြန်ရောက်တော့လည်း မနားရဘူး။ မီဒီယာတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြ၊ အင်တာတွေဗျူးကြနဲ့ အိမ်တစ်ခုလုံးကို ပြည့်သွားတာပဲ။ ဒါနဲ့ ပင်ပန်းသွားပြီး သွေးတွေတိုးလာတာနဲ့ ဆေးခန်းေ၇ာက်သွားတာပါဟု ယင်းက ဆက်လက်ပြောကြားသည်။

Wednesday, October 12, 2011

နိုင်ငံအုပ်ချုပ်ခဲ့သူများကို အစိုးရပိုင် သတင်းစာ ဆောင်းပါး တပုဒ်က ဝေဖန်

မင်းတွယ်တာ ။ ။နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူတို့ အရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အစိုးရပိုင် သတင်းစာ တစ်စောင် ဖြစ်သော ကြေးမုံ သတင်းစာပါ ဆောင်းပါး တပုဒ်က ဝေဖန် ရေးသားလိုက်သည်။




ဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ " တိုင်းရင်းပီစွာ ရိုင်းပင်းညီကာ ၀ိုင်းဝန်း ပါဝင်ကြပါစို့ " ဆောင်းပါးတွင် ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင် ရေမြေတောတောင် သဘာဝနှင့် သယံဇာတ ပေါကြွယ်ဝလှသည့် ကျွန်တော်တို့ နိုင်ငံ၊ မြေကြီးက ရွှေသီးသည်ဟု တင်စားသည့် ကျွန်တော်တို့ တိုင်းပြည်တွင် ဆင်းရဲ နွမ်းပါးမူ ၂၆ ရာခိုင်နုန်း ကျော်ခဲ့ရခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်သူ အဆက်ဆက်တို့က ဆင်းရဲနွမ်းပါးသူတို့၏ အရေးကို လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ဆိုကာ ရေးသားဖေါ်ပြထားသည်။

၎င်းပြင်သူက အုပ်ချုပ်မူ အားနည်းခြင်းနှင့် အထူးအခွင့်အရေးများ ပေးခြင်း တို့ကြောင့် ဆင်းရဲ ချမ်းသာ ကွာဟမူ မြင့်မားခြင်းတို့ကို ရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း၊ ခေတ် အဆက်ဆက် အုပ်ချုပ်မူ အားနည်းခြင်းတို့၏ ရလဒ်ကြောင့် ဖွံ့ဖြိုးတိုးတက်မူ နှေးကွေးခဲ့ရကြောင်း၊ လက်တစ်ဆုတ်စာ လူတန်းစားတို့၏ အခွင့်ထူးခံ လုပ်ရပ်များကြောင်း ပြည်သူအများစု နစ်နာခဲ့ရသည်။ တိုင်းပြည်၏ အကျိုးစီးပွား အကျိုးမဲ့စွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ဖေါ်ပြထားသည်။

စာရေးသူ ဝေယံမောင်က တိုင်းပြည်ကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကို ပြောဆို ဝေဖန်ထားသဖြင့် တိုင်းပြည် အာဏာကို နှစ်ပေါင်း ၂၃ နှစ် ကြာ ရယူ ထားခဲ့သော စစ်အစိုးရအားလည်း သူ့ဆောင်းပါးက အရှက်ရစေလိမ့်မည်ဟု စာဖတ်သူများက သုံးသပ် ပြောဆိုသည်။

၎င်းပြင် ယနေ့ မြန်မာနိုင်ငံ တွင် ကောင်းစားနေသော လက်တဆုတ်စာ လူတန်းစားမှာ ယခင် တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများနှင့် နီးစပ်သူများ ဖြစ်သဖြင့် ဝေယံမောင်၏ ဆောင်းပါးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအပါအ၀င် သန်းကြွယ် သူဌေး ဦးတေဇတို့၏ အရှိုက်ကို လက်သီး တိုက်ရိုက် ထိမှန်သွားသလို ခံစားရမည့် ဆောင်းတပါး တပုဒ်အဖြစ် စာဖတ်သူများက ရှု့မြင်နေကြရသည်ဟု သတင်း ရရှိသည်။

သီးနှစ်သီးနဲ့ တစ်ဂေါ်ကို ကိုဇာဂနာ သည်းမခံကြောင်းပြောပြီ

(အသီးနှစ်သီးရော ဂေါ်ပြားရော ရှိတယ်။ ၂ သီးလုံးက ပုပ်နေတော့ ဂေါ်ပြားပေါ်တာပေါ့။ ဒီသဘောပါပဲ။ ကျနော် သူတို့နဲ့လည်း မဆွေးနွေးရသေးဘူး။ တခြားလူတွေနဲ့သာ စကားပြောနေ ရတာ။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း မေးစရာရှိတာမေးရဦးမယ်။ ကျနော်မကြိုက်ဆုံးစကားက သူတို့ရဲ့ အင်တာဗျူးထဲမှာပါတဲ့ ပြည်ပမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ပြော တဲ့စကားကို ကျနော် မကြိုက်ဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကို ပွင့်ပွင့်လင်းလင်း မေး ရမယ်။ ကျနော့်စိတ်ထဲမှာ မကျေနပ်ရင်လည်း သူတို့ကို အမွေဖြတ်ဖို့ ဝန်မလေးပါဘူး။)    ဇာဂနာ ။
http://guidingstarsofburma.blogspot.com/မှဖေါ်ပြပါသည်။

ကိုမင်းကိုနိုင်အတွက် (၄၉)နှစ်မြောက် မွေးနေ့လက်ဆောင်

ကျွန်ုပ်တို့ ကျောင်းသားလူငယ်များရဲ့ လမ်းပြကြယ်အဖြစ်လည်းကောင်း၊ မီးရှူးတန်ဆောင်အဖြစ်လည်းကောင်း
တင်စားခေါ်ဝေါ်ထိုက်တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆော
င် ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်မြောက်မွေးနေ့ဟာ မကြာမီရက်ပိုင်းအတွင်းမှာ
ကျရောက်လာတော့မှာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်အောက်တိုဘာလ(၁၈)ရက်နေ့ဟာ ကိုမင်းကိုနိုင်ရဲ့ (၄၉)နှစ်ပြည့်တဲ့ မွေးနေဖြစ်ပါတယ်။
သူ့မွေးနေ့အတွက် အလေးနက်ဆုံးဆုတောင်းကတော့ သူအမြန်ဆုံးလွတ်မြောက်လာနိုင်ပါစေ.............ဆိုတာပါပဲ။

အကိုမင်းကိုနိုင်မွေးနေ့အတွက် ထောင်ထဲက ဆွဲထုတ်ပေးလို့ မရပေမယ့်လည်း တခုခုတော့ လုပ်ပေးချင်တယ်။
အကယ်၍များ သူလွတ်လာရင် သူ့အတွက် အမှတ်တရတခုလောက် ပေးနိုင်ရင်ကောင်းမယ်လို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ပဲ အင်တာနက်ခေတ်ကြီးထဲမှာ
သူ့အတွက်နေရာလေး တခုကို ဖန်တီးပေးဖို့ စိတ်ကူးရလိုက်မိတယ်။ on line ရဲ့ တခြားဘယ်နေရာမှာမှ ရှာမတွေ့သေးတဲ့ သူ့အကြောင်းချည်းသက်သက်
စုစည်းထားတဲ့ ဘလော့ဒ်တခုကို ဖန်တီးပြီး သူ့ကို လက်ဆောင်ပေးဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သုံးလို့လည်းမကုန်တဲ့၊ ဘယ်တော့မှလည်း ပုပ်သိုးမသွားတဲ့၊ စာပေနိုင်ငံရေးသမား ကိုမင်းကိုနိုင်အတွက်လည်း
အလွန်အသုံးဝင်မယ်လို့ ယူဆရတဲ့  (minkonaing88.com) လို့ အမည်ပေးထားတဲ့ ဘလော့ဒ်တခုကို
သူ့ရဲ့ ၄၉နှစ်မြောက် မွေးနေ့အဖြစ် မွေးနေ့လက်ဆောင်ပေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်သာ တကယ်ပဲ ၂၀၁၁ခု၊
အောက်တိုဘာလ၊၂၉ရက်နေ့မှာ လွတ်လာခဲ့ရင် ..............................................................................

သူ့အတ္ထုပ္ပတ္တိလို့တော့ ပြောလို့မရသေးပေမယ့် အချိန်တိုလေးအတွင်းမှာ ကျွန်ုပ်တို့ လက်လှမ်းမီသလောက်
စုစည်းတင်ပြထားပါတယ်။လိုအပ်ချက်တွေ လွဲနေတာတွေလည်း ရှိနိုင်ပါတယ်။ အပြုသဘောဝေဖန်မှုတွေကို ကြိုဆိုပါတယ်။
ကျွန်ုပ်တို့ domain ဝယ်ထားတာ ရက်မကြာသေးတဲ့အတွက် အခုလောလောဆယ် ကိုမင်းကိုနိုင်ဘလော့ဒ်ကို ဝင်ကြည့်မယ်ဆိုရင်
http://minkonaing54.blogspot.com/   ဆိုတဲ့ linkကို နှိပ်ပြီး ဝင်ကြည့်ဖို့ မေတ္တာရပ်ခံပါတယ်။ ကိုမင်းကိုနိုင်လွတ်လာတဲ့ရက်လောက်
ဆိုရင်တော့ minkonaing88.com ဆိုတဲ့ လိပ်စာနဲ့ကြည့်လို့ ရနေလောက်ပါပြီ။

လွတ်မြောက်မည့်စာရင်းတွင် ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရပါ မပါမသေချာသေးကြောင်း ကလေးထောင်အာဏာပိုင်မှ ဖြေကြား။

နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးမည်ဟူသော သတင်းများဖြစ်ပေါ်နေ၍ ကလေးထောင်တွင် ကျခံနေရသော အရှင်ဂမ္ဘီရအတွက် ဆက်သွယ်မေးမြန်းရာတွင် ကလေးထောင်အာဏာပိုင်များက ဘာမှ မသိရှိကြောင်း အူကြောင်ကြောင်ဖြေကြားလိုကသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၀ါရင့်စာနယ်ဇင်းသမားကြီးတစ်ဦးက ကောက်ချက်ချရာတွင်
`ဒီမိုကရေစီခေတ်မှာ လွတ်လပ်ပွင့်လင်းမှုဆီ ရှေးရှုနေရမယ့်ဟာ အောက်ခြေပိုင်း ဗျူရိုကရက်ဆန်နေတာတွေ ပြင်ရမယ်´ ဟု ဝေဖန်ချက်ပေးခဲ့သည်။
ရွှေဝါရောင်အရေးအခင်းတွင်းဦးဆော
င်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သော အရှင်ဂမ္ဘီရမှာ ကလေးထောင်တွင် နှစ်ရှည် မတရားဖမ်းဆီးခံနေရခြင်းဖြစ်ကာ သိက္ခာမချပဲ ရဟန်းဝတ်များကို စောင့်ထိန်းနေသော သူတော်မြတ်တစ်ဦးဖြစ်ကြောင်း သိရသည်။

မင်းကိုနိုင် မိသားစုဝင်များ ကျိုင်းတုံသွားမည်။

မကြာမီ လွတ်မည်ဟူသော သတင်းများ ထွက်ပေါ်နေသဖြင့် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ မိသားစုဝင်များ ကျိုင်းတုံသို့ သွားရောက်ရန် စီစဉ်နေကြောင်းသိရသည်။
အဆိုပါအချက်အား အတည်ပြုရန် တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းသည့်အခါ ကျွန်မတို့ နဂိုတည်းက ဒီရက်ပိုင်းအတွင်း ကျိုင်းတုံသွားဖို့ အစီအစဉ်ရှိပါတယ်။ လွတ်မယ်ဆိုတဲ့ သတင်းတွေကိုကြားတော့ ကြားတယ် အတိအကျတော့ ဘာမှ မသိရသေးပါဘူးဟု မင်းကိုနိုင်၏ မိသားစုဝင်တစ်ဦးက ဖြေကြားသည်။
ပေါ်ဦးထွန်းခေါ် မင်းကိုနိုင်မှာ ကျိုင်းတုံထောင်တွင် နှစ်ရှည် အကျဉ်းကျခံနေရသူဖြစ်ကာ ၈၈မျိုးဆက် ကျောင်းသားများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၄င်းလွတ်မြောက်လာမည့်သတင်းကို မြန်မာတစ်ပြည်လုံးက မျှော်လင့်ခြင်းခံနေရသူ တစ်ဦးလည်း ဖြစ်သည်။

Tuesday, October 11, 2011

ရွှေဘိုထောင်မှလွှတ်မည့် လူစာရင်းတွင် ရွှေဝါရောင် သံဃာ ၃ပါးပါဝင်။

မနက်ဖြန်အောက်တိုဘာ၁၂တွင် ရွှေဘိုထောင်မှ လွှတ်ပေးမည့် လူစာရင်းတွင် ရွှေဝါရောင်အရေးအခင်းကြောင့် ဖမ်းဆီးခံထားရသော သံဃာ (၃)ပါးပါဝင်ကြောင်း သိရသည်။
အဆိုပါ သံဃာသုံးပါးမှာ ဦးသုစိတ္တ၊ ဦးသုဇနနှင့် ဦးခေမိတ္တတို့ဖြစ်ပြီး ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီးတွင် စစ်တပ်က ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်စီးနင်းခဲ့သော စစ်ဆင်ရေးတွင် အဖမ်းခံခဲ့ရသော သံဃာတော်များစွာအနက်မှဖြစ်ကြောင်းသိရသည်။
လောလောဆယ်ရရှိထားသော ရွှေဘိုထောင်မှ လွှတ်မည့် လူစာရင်းမှာ
၁။ မလေးလေးမွန်။ ၂။ ကိုကျော်မင်းသန်း။ ၃။ ကိုကြည်သာထွန်း။ ၄။ ကိုစိုးဝင်းအောင်။ ၅။ ဦးကျော်လှိုင် ၆။ ဦးသုစိတ္တ ၇။ ဦးသုဇန ၈။ ဦးခေမိတ္တ။ ၉။ မယဉ်ယဉ်ဝိုင်း နှင့် စောပိကလိ တို့ ဖြစ်ကြောင်းသိရသည်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။ကိုဇာဂနာ မနက်ဖြန်လွတ်မည်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၂၉ရက်နေ့မှ လွတ်မည်။

မနက်ဖြန်တွင် လွတ်လာမည်ဖြစ်သော နိုင်ငံရေးအကျဥ်းသားများတွင် ကျောင်းသားခေါဘင်းဆောင် မင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက် ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်ဦးမည် မဟုတ်သေးပဲ နောက်တစ်သုတ်လွှတ်မည့်နေ့ဖြစ်သောယခုလ ၂၉ရက်နေ့ကျမှသာ ပါဝင်လိမ့်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးက ပြောကြားလိုက်သည်။
ယနေ့ နံနက်ပိုင်းကတည်းက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိမ့်မည်ဟုသော သတင်းကြောင့် အင်းစိန်အကျဉ်းထောင်သို့ မီဒီယာသမားများနှင့် အကျဉ်းစံတို့၏ မိသားစုများအပါအ၀င် လူအများစုဝေးရောက်ရှိလာကြပြီး စောင့်ဆိုင်းနေကြရာ အတန်ကြာသည်အထိ လွှတ်ပေးသည်ကို မတွေ့ရှိကြ၍ စာနယ်ဇင်းသမားအချို့က အကျဉ်းဦးစီးဌာနသို့ သွားရောက်စုံစမ်းကြစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
၎င်းက ဆက်လက်ပြောကြားရတွင် ယခုတစ်ခေါက် လွှတ်ပေးခြင်းမှာ ဟန်ပြသဘောမဟုတ်ပဲ တကယ့်အစစ်အမှန် ဒီမိုကရေစီလမ်းစဉ်ဖြစ်ကြောင်း နာမည်ကျော်နိုင်ငံရေးအကျဉ်းသားအားလုံး ပါဝင်မည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသူများနှင့် သက်ကြီးရွယ်အိုများကို အရင်ဆုံး ဦးစားပေးလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇာဂနာ မနက်ဖြန်လွတ်မည်။

ကောလဟလများစွာဖြင့် အကြိမ်ကြိမ် လွတ်မြောက်ရန်သတင်းပြေးနေခဲ့သော ကိုသူရဟု ရင်းနှီးသူများ ခေါ်ကြသည့် ဟာသပညာရှင် ဇာဂနာမှာ မနက်ဖြန် အောက်တိုဘာ ၁၂တွင် ပြန်လွတ်လာမည်ဖြစ်ကြောင်းသိရသည်။

ဇာဂနာမှာ ပြီးခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူမှု နာဂစ်မုန်တိုင်းဒါဏ်ခံပြည်သူများအတွက် လူမှုရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင်ရွက်မှုတို့ကြောင့် ထိုစဉ်က စစ်အစိုးရ အာဏာပိုင်များ၏ မျက်မုန်းကျိုးခြင်းကို ခံရပြီး စစ်တပ်ပေးသောလူမှုရေးထူးချွန်ဆုအဖြစ် ထောင်ဆုကို အပ်နှင်းခြင်းခံရရှာသူဖြစ်သည်။

သို့သော် နိုင်ငံရေးအကျဉ်းသားမရှိဟု ကြွေးကျော်လေ့ရှိခဲ့သော စစ်အစိုးရအစဉ်အလာအတိုင်း ဇာဂနာ့ကိုလည်း လက်တွင် ဒေါ်လာ (တစ်ရွက်) တွေ့ရှိမှု၊ ရန်ကုန်မြို့လည်လမ်းမမျေားပေါ်တင် မည်သူမဆို ပေါများစွာ ၀ယ်ယူရရှိနိုင်သော နာဂစ်မှတ်တမ်းတင် ဗီဒီယိုခွေနှင့် သန်းရွှေသမီး ၀တုတ်မကြီး၏ စိန်မင်္ဂလာဆောင်မှတ်တမ်းတင်ခွေများ တွေ့ရှိမှု တို့ဖြင့် အမှုဆင် ထောင်ချခြင်းခံထားရရှာသူ ဖြစ်လေသည်။
ဇာဂနာ မလွတ်ခင်ကတည်းက မြန်မာပြည်စာနယ်ဇင်းများတွင် ၄င်းအား အကြောင်းပြုကာ ပြဿနာများဖြစ်ပွားနေ။

ဟာသပညာရှင်ဇာဂနာ လွတ်မြောက်လာပါက ၄င်းတို့၏ စာနယ်ဇင်းများတွင် ဇာဂနာနှင့် အင်တာဗျူးကို အရင်ဦးအောင် အပြိုင်ထည့်သွင်းလိုသဖြင့် မြန်မာပြည်စာနယ်ဇင်းလောကအတွင်းတွင် ပြဿနာများ ဖြစ်ပွားနေကြကြောင်းသိရသည်။
ဇာဂနာသည် ဦးနေ၀င်းအစိုးရခေတ်ကတည်းက ပြည်သူအား ဟာသပညာဖြင့် အလင်းရောင်ပေးကာ ပြောရဲဆိုရဲ သတ္တိခဲမို့ အာဏာပိုင်များ၏ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရရှာသူဖြစ်သည်။
ချုပ်ကိုင်မှုများစွာဖြင့် မလွတ်လပ်သော မြန်မာပြည်တွင်း စာနယ်ဇင်းလောကမှာ ပြည်သူလည်းစိတ်ဝင်စား ဆငဆာကလည်း လွှတ်ပေးလောက်သော အကြောင်းအရာအား ခဲယဉ်းပင်ပန်းစွာ ရှာဖွေနေရခြင်းဖြစ်ရာ ယခု ဇာဂနာ့ အင်တာဗျူး ဦးစွာ ထည်သွင်းနိုင်ရေးကိုလည်း လုနေရခြင်းဖြစ်ကြောင်း သိရသည်။

--
လေးစားစွာဖြင့်

အေးနန္ဒာအောင်
http://www.lanpyakye.com
http://ayenandaraung-general.blogspot.com/

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ ( ကိုရီးယား )

ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများ RH Q က ၃၂ ကြိမ်မြောက် ယဉ်ကျေးမှုဖလှယ်ပွဲအတွက် အကတိုက်နေစဉ်

ကိုဇေယျာပေးပို့ပါသည်။

ABMA Journal Volume 2 No 19

ABMA Journal Volume 2 No 19

Monday, October 10, 2011

ဦးခွန်ထွန်းဦးနှင့်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်စေရန်ဆုတောင်းပေးသည့် အခမ်းအနား

၂၀၁၁ စက်တင်ဘာလ(၉)ရက်။
ဦးခွန်ထွန်းဦးနှင့်တိုင်းရင်းသား ခေါင်းဆောင်များ၊ မတရား ဖမ်းဆီးခံနေရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်စေရန်နှင့် ကျမ္မာစေရန်အတွက် ဆုတောင်းပေးသည့် အခမ်းအနားနှင့် AUN-japan၏ကို တိုကျို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း၌ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများတို့မှ စက်တင်ဘာလ(၉)ရက်နေ့ ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များတို့ကို နှစ်ရှည်ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားခြင်း ခံခဲ့ကြရပြီး လက်ရှိ သမတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လဲ ဆက်လက်မတရား ဖမ်းဆီးထိန်းသိမ်း ထားဆဲဖြစ်ပါသည်။ ယခုလို လစဉ် (၉)ရက်နေ့ ကျရောက်တိုင်း ဆုတောင်းပေးသည့် အခမ်းအနားများနှင့် တောင်းဆို ဆန္ဒပြပွဲ များ ပြုလုပ်လျှက်ရှိပါသည်။ ယနေ့ကျင်းပသည့် ဆုတောင်းပွဲ အခမ်းအနားတွင် AUN

သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)

မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
ဗီဒီယိုမှတ်တမ်း။ ။ကိုဇေယျာ

Sunday, October 9, 2011

ထောင်တွင်းမှနိုင်ငံရေးအကျဉ်းသားများ၏အိတ်ဖွင့်ပေးစာ

NEWS 8.10.11

Saturday, October 8, 2011

စစ်ဆင်ရေးနယ်မြေများသို့ အကျဉ်းသားများ ပို့ဆောင်

 by သတင်းနှင့်မီဒီယာကွန်ယက်

ှမ်းပြည်မြောက်ပိုင်းရှိ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ အစိုးရတပ်က အကျဉ်းသားများ ပို့ဆောင်နေသည်ဟု KIA ကပြောသည်။

ကွတ်ခိုင်မြို့နယ် အခြေစိုက် KIA တပ်မဟာ(၄) ဒေသများသို့ ယခု ရက်ပိုင်းအတွင်း အစိုးရတပ်က တပ်အင်အားများ ပို့ဆောင်ရာတွင် အကျဉ်းသားများပါဝင်သည်ဟု KIO တောင်ပိုင်းတိုင်းဒေသ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က အခုလို ပြောသည်။

“ကားသုံးစီးမှာ အကျဉ်းသားတွေ ပါလာတယ်။ ဒါပေမယ့် အခု ဘယ်ရောက်နေလဲဆိုတာ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့ ခန့်မှန်းတာကတော့ ဒီစစ်ဆင်ရေးမှာ အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့ ထင်တယ်။ အဲဒီဖက်က အကျဉ်းသားတွေ ခေါ်လာစရာ အကြောင်း မရှိဘူးလေ။ လောလောဆယ်တော့ အဲဒီနေရာတွေက စစ်ဆင်ရေး နယ်မြေတွေပဲလေ။”

လွန်ခဲ့သည့် ငါးရက်ခန့်က လားရှိုးမှ စစ်ထရပ်ကား အစီး (၄၀) ခန့်သည် တိုက်ပွဲဖြစ်ပွားရာ ကွတ်ခိုင်မြို့ဖက်သို့ အင်အား ဖြည့်တင်းရန် ထွက်ခွာခဲ့ရာ အကျဉ်းသားများအား ကား(၃) စီးဖြင့် သီးသန့် တင်ဆောင်လာ သည်ဟု သတင်းရကြောင်း ဆက်ပြောသည်။

“ကျနော်တို့လူတွေ ကိုယ်တိုင် မြင်တွေ့ပြီး သတင်း ပို့ လာတာလည်း ရှိတယ်။ နောက်ပြီးတော့ မြင်လာတဲ့ ဒေသခံတွေက ပြောတာလည်း ပါတာပေါ့။ သူတို့ အကျဉ်းသားတွေ ဆိုတာတော့ သေခြာပါတယ်။ သူတို့ကို ကားပေါ်ကလည်း မဆင်းခိုင်းဘူး။ စစ်သားတွေက ကားလမ်း ဘေးတဖက် တချက်ကနေ လမ်းလျှောက်သွားတယ်။ အဲဒီကားတွေက နောက်ကနေ တဖြည်းဖြည်း လိုက်သွားတယ်လို့ သတင်းရတယ်။”

ယင်းကိစ္စနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

အလားတူ ယမန်နေ့ညက လားရှိုးမြို့မှ စစ်ထရပ်ကား (၁၀)စီးအား KIA တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၂)၊ တပ်ရင်း(၉) နှင့် တပ်ရင်း (၈) တပ်ဖွဲ့များ အခြေစိုက်ရာ မူဆယ်၊ ကွတ်ခိုင်၊ တာမိုးနဲ၊ ကွမ်လုံ၊ မန်တုံ မြို့နယ်များသို့ ထပ်မံ ပို့ဆောင်လာသည်ဟု သတင်းရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လောလောဆယ် KIA တပ်မဟာ(၄) ဒေသများအတွင်း ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း တိုက်ပွဲငယ်လေးများ နေ့စဉ် ဖြစ်ပွားနေသည်ဟု သိရသည်။

တချိန်တည်းတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်ရေအားလျပ်စစ် စီမံကိန်း အနီးတွင် KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁၅)နှင့် အစိုးရတပ်တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဘွမ်ဆဲန်(ထုံးဘို) တပ်စခန်းအား ကာကွယ်ပေးထားသည့် စခန်းငယ်နှစ်ခုမှ အစိုးရ တပ်ဖွဲ့များ ဆုတ်ခွာသွားသည်ဟု သတင်းရကြောင်း ဒေသခံ အရာရှိ တဦးက အခုလို ပြောသည်။

“ကြားစခန်းတွေတော့ ဘယ်လောက်ရှိသလဲဆိုတာ မသိရပေမယ့် ကြားစခန်း (၂)ခုကိုတော့ သူတို့ဖက်က မနေ့က ဆုတ်သွားတယ်လို့ သိရတယ်။” ယင်းဘွမ်ဆဲန် စခန်းသည် လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က KIA နှင့် အစိုးရတပ်ဖွဲ့တို့ စတင် တိုက်ပွဲဖြစ်ပွားရာ တောင်ကုန်းဖြစ်ပြီး အစိုးရတပ်မှ ဇွန်လ(၁၂) ရက်နေ့က သိမ်းပိုက်ထားသည့် စခန်းဖြစ်သည်။

ထို့အပြင် မိုးမောက်မြို့နယ် ရွာသစ်ကုန်းကျေးရွာ အနီးတွင်လည်း ယခုလ(၄) ရက်နှင့် (၅) ရက်နေ့များက နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဏဒ်ရာ ရရှိမှုကို မသိရ သေးကြောင်း အဆိုပါ အရာရှိက ပြောသည်။

အလားတူ KIO ဌာနချုပ်ထိန်းချုပ်ရာ ၀ိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆန်ယမ် ကျေးရွာအနီး အစိုးရတပ်မှ ဗျူဟာမှူး ခင်မောင်ချို ဦးဆောင်သည့် တပ်ဖွဲ့ဝင်များအား KIA တပ်ဖွဲ့များက လွန်ခဲ့သည့် တစ်ပတ်ခန့် ကတည်းက ၀ိုင်းဝန်း ပိတ်ဆို့ထားသလို ယင်းတပ်ဖွဲ့များအား ကူညီရန်လာသည့် စစ်ကူ စစ်ကြောင်းများနှင့်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“ဗျုဟာမှူးအဖွဲ့က တော်တော်များများ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အဲဒီထဲမှာ သေဆုံးတဲ့ သူတွေလည်း ပါသွားမယ်ထင်တယ်။ ဒါကတော့ မနေ့က ဖြစ်တဲ့ တိုက်ပွဲတော့ မဟုတ်ဖူးလေ။ တစ်ပတ်လောက်အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲအရပြောတာပါ။ ပိတ်မိနေတဲ့အထဲမှာ သူတို့ဒဏ်ရာရတဲ့သူက (၂၀) ကျော် ပါတယ်။ သေဆုံးတဲ့ စာရင်းတော့ မသိရသေးဘူးဗျ။”

ထို့အပြင် “အဲဒီဗျူဟာမှူး အဖွဲ့ကို စစ်ကူလာတဲ့ တပ်တွေက စစ်ကြောင်း သုံးကြောင်းလောက် ရှိတယ်။ အဲဒီအဖွဲ တွေနဲ့လည်း နေ့တိုင်းလို ဖြစ်နေတာပဲ။ လားတပ်တွေနဲ့လည်း ဖြစ်နေတယ်။ အားလုံးပေါင်းလိုက်ရင်တော့ ထိခိုက် ဒဏ်ရာရတာ (၄၀) နီးပါးတော့ ရှိလိမ့်မယ် ထင်ပါတယ်။” ဟု ဦးလနန်က ဆက်ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများအား ရဲဘက်စခန်းသို့ပို့ဆောင်ရန် အကြောင်းပြချက်ဖြင့် ခေါ်ထုတ်လာပြီး တိုင်းရင်းသား ဒေသများရှိ တိုက်ပွဲများတွင် အသုံးပြုလျက်ရှိသည်ဟု ယခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား ဒေသတိုက်ပွဲများမှ ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားများက သတင်းဌာနများသို့ ပြောသည်။

KIO နှင့် စစ်အစိုးရတို့ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအားလျပ်စစ် စီမံကိန်း လုံခြုံရေး အကြောင်းပြချက်ဖြင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၃ ခုနှစ် D.V Lottery စတင်လျှောက်ထားနိုင်ပြီ

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံကနေ ကံစမ်းမဲဖောက် ရွေးချယ်တဲ့ ၂၀၁၃ Diversity Visa အစီအစဉ် အချိန်ကျရောက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ကိုယ်တိုင် နိုင်ငံခြားသတင်းထောက်တွေကို ဖိတ် ကြားပြီး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်မယ့် အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီ အစီအစဉ်အကြောင်းနဲ့ အရေးကြီးတဲ့ အချက်အလက် တွေကို Ko Ronnie Nyein က ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

၂၀၁၃ ခုနှစ် အမေရိကန် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက် စက်တင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်ပြည်ထောင်စုကို ၀င်ရောက်ရမယ့် ဒီ ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က စတင်ခဲ့တာပါ။ ဒီ ကံစမ်းမဲဖောက်ပွဲ ပိတ်ချိန်က ရှေ့လ နိုဝင်ဘာလ (၅) ရက် စနေနေ့၊ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် နေ့လည် (၁၂) နာရီ၊ မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ လ (၅) ရက် စနေနေ့ည (၁၀) နာရီခွဲအချိန် ဖြစ်ပါတယ်။

ဒီတခေါက် Diversity Visa အစီအစဉ်အတွက် အရေးကြီးတဲ့အချက်တွေကို မတင်ပြခင်မှာ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာ ရှင်းလင်းပွဲက တချက်ကို တင်ပြချင်ပါတယ်။

ဒေးဗစ် ဒါနာဟယူး။ ။ ၂၀၁၃ Diversity Visa Program ခေါ်တဲ့၊ ရှေ့လာမယ့် (၂)နှစ်၊ ၂၀၁၃ ခုနှစ်ရဲ့ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ပြည်ထောင်မှာ အမြဲ တမ်း အခြေချ နေထိုင်ခွင့်ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံက ကံစမ်းမဲဖောက် ရွေးချယ်ပွဲ အချိန်ရောက်လာပြန်ပါပြီ။ ဒီနှစ်ရဲ့ အပြောင်းအလဲက တော့ ဒီနှစ်မှာ ပါဝင်ခွင့်မရှိတဲ့နိုင်ငံအဖြစ် အသစ်တိုးလာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံသားတွေပါ။ ကျနော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အခု အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဦးရေ ၅ သောင်း ကျော်သွားခဲ့လို့ပါ။

(မှတ်ချက်။ ။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ အမြဲတမ်းအခြေချနေထိုင်ခွင့်ရရှိသူ ၅ သောင်းကျော် ရှိနေသောကြောင့် ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲအတွက် ပါဝင်ခွင့်မရှိသော နိုင်ငံများမှာ (အင်္ဂလိပ်အက္ခရာစဉ်အတိုင်း) ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ တရုတ် (ပြည်မကြီး)၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟေတီ၊ အိန္ဒိယ၊ ဂျမေကာ၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူး၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ဗြိ တိန် (မြောက်အိုင်ယာလန် မပါ)၊ ကမ္ဘာတလွှား ဗြိတိသျှလက်အောက်ခံနယ်မြေများ၊ ဗီယက်နမ်တို့ ဖြစ်ကြသည်။)

ယခင်နှစ်က Diversity Visa ကံစမ်းမဲဖောက် ရွေးချယ်ပွဲတွင် ပါဝင်ခွင့် မရခဲ့သော ပိုလန်နိုင်ငံသားများ၊ ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရပြီ။ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချ နေထိုင်ခွင့်ရရှိခဲ့သော ပိုလန်နိုင်ငံသားများစွာ ယခုအခါ အမေရိကန်နိုင်ငံသားများ ဖြစ်လာကြသဖြင့် အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားသူ ပိုလန်နိုင်ငံသားဦးရေ ၅ သောင်းအောက်ကို ပြန်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ယခုနှစ်ထဲ ကမ္ဘာပေါ်တွင် အသစ်ပေါ်လာသော တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံသားများလည်း ၂၀၁၃ Diversity Visa အစီအစဉ်တွင် ပါဝင် ကံစမ်းခွင့်ရှိသည်။)

အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် (immigrant visa) တနည်းအားဖြင့် ဒီ ဗီဇာကို အစိမ်းရောင်ကဒ်ပြားလေးနဲ့ ထုတ်ပေးတာကြောင့် Green Card လို့ ခေါ်ကြတဲ့ ဒီ ဗီဇာကို မြန်မာနိုင်ငံသားတွေထဲက ရရှိထားသူအရေအတွက် ၅ သောင်းအောက်မှာပဲ ရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေ လည်း ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက်ပွဲမှာ ပါဝင်ဆင်နွှဲလို့ ရပါတယ်။

ဒီ ဗီဇာ မဲဖေါက်ပေးတဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုထဲမှာ လာရောက် အလုပ်လုပ်ကိုင်နိုင်တဲ့ အခြေခံပညာအရည်အချင်းရှိသူ၊ လုပ်ငန်း တခုခုကို ကျွမ်းကျင်သူ၊ အဲဒီလိုသူတွေကို နှစ်စဉ် ခေါ်ယူခြင်းပါ။ ပထမဆုံးအရေးကြီးတဲ့အချက်က သတ်မှတ်ထားတဲ့ ပညာ အရည်အချင်းပါ။ အနည်းဆုံး နိုင်ငံတနိုင်ငံရဲ့ အထက်တန်းကျောင်း အောင်မြင်ထားတဲ့ လက်မှတ်ရှိရပါမယ်။ (သို့မဟုတ်) မူလတန်းနဲ့ အလယ်တန်းပညာ စုစုပေါင်း (၁၂) နှစ် သင်ကြားထားတဲ့ သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြုလက်မှတ် (သို့ဟုတ်) ထောက်ခံစာ ရှိရပါမယ်။

အဲဒီ ပညာအရည်အချင်းမျိုး မရှိရင် လုပ်ငန်းကျွမ်းကျင်မှု သတ်မှတ်ချက် ရှိရပါမယ်။ အလုပ်အကိုင် ကျွမ်းကျင်မှုသတ်မှတ်ချက်ကတော့ အမေရိကန် ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲက တမျိုးမျိုးကို လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ (၂) နှစ် လုပ်ကိုင်ဖူးကြောင်း၊အဲဒီလုပ်ငန်းရဲ့ ထောက်ခံစာ ရှိရပါမယ်။ မဲပေါက်ပြီးခါမှ သတ်မှတ်ထားတဲ့ ပညာအရည်အချင်း (သို့မဟုတ်) လုပ်ငန်းကျွမ်းကျင်မှု တမျိုးမျိုးမရှိရင် ပေါက်ထားတဲ့ဗီဇာ အပယ်ခံရမှာပါ။ သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေကို အမေရိကန်ပြည်ထောင်စု အလုပ်သမား ၀န်ကြီးဌာနရဲ့ internet website ထဲက၊ O*Net OnLine database မှာ သွားရောက် ကြည့်ရှုလို့ ရပါတယ်။

နောက်ထပ်အရေးကြီးတဲ့ ကိစ္စက လျှောက်လွှာနဲ့တွဲတင်ရမယ့် ဓာတ်ပုံ အကြောင်းပါ။ အင်တာနက်ပေါ်က ပေးပို့ရမှာ ဖြစ်တာကြောင့် ဓါတ်ပုံရဲ့ အရွယ်အစား ကို digital စနစ်ရဲ့ pixel အတိုင်းအထွာနဲ့ ပေးပို့ရမှာပါ။ ဓာတ်ပုံရဲ့ အလျား pixle 600 x အနံ pixle 600 ဖြစ်ရပါမယ်။ ဓာတ်ပုံကို scanner နဲ့ ကူးရင်တော့ scanner ရဲ့ resolution က၊ အနည်းဆုံး 300 dpi (dots per inch) ဖြစ်ရပါမယ်။ ဓာတ်ပုံရဲ့ file format က၊ JPEG (Joint Photographic Experts Group) ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ file size က240 kilobytes (240 KB) ရှိရပါမယ်။

နောက်ထပ်အရေးကြီးတာက နောက်ခံ အရောင်ဖျော့ရပါမယ်။ နောက်ခံ အဖြူ ဆိုရင် အကောင်းဆုံးပါ။ မျက်နှာကို ဘာနဲ့မှ ကွယ်မထားရပါဘူး။ မျက်နှာစောင်းမနေဘဲ ရှေ့တည့်တည့်ကြည့်နေရပါမယ်။

ဦးထုပ် (သို့မဟုတ်) ခေါင်းပေါ်မှာ တခုခု ဆောင်းထားတာ မရှိရပါဘူး။ ဓာတ်ပုံထဲမှာ ဦးခေါင်းပိုင်းနဲ့ ပခုံးပိုင်းဟာ ဓာတ်ပုံတခုလုံးရဲ့ ၅၀%ကနေ ၆၉% ကြားမှာ ရှိရပါမယ်။ ဓာတ်ပုံကို သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ပြီးပြီဆိုရင်တော့ https//www.dvlottery.state.gov/applications.aspx မှာသွားပြီး လျှောက်လွှာ ဖြည့်ရုံပါပဲ။ လျှောက်လွှာမှာ ဓာတ်ပုံကို ချိတ်ဆက် (attach လုပ်)လိုက်ပြီး လျှောက်လွှာဖိုင်ကို အချက်အလက်တွေ အထပ်ထပ် ပြန်စစ်ပြီးရင် အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး၊ ပို့ရုံပါပဲ။ ဒါက တဦးချင်း လျှောက်လွှာတင်တာပါ။ မိသားစုနဲ့ တင်မယ် ဆိုရင်တော့ မိမိရဲ့ အိမ်ထောင်ဘက်နဲ့အတူ လာမယ့် နိုဝင်ဘာ (၅) ရက် နေ့မှာ အသက် (၂၁) နှစ် မပြည့်သေးတဲ့ မိမိရဲ့ သားသမီးများနဲ့ သားသမီးများရဲ့ အိမ်ထောင်ဘက်များကိုပါ လျှောက်လွှာတွဲတင်လို့ ရပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံတွေ ကိုလည်း သတ်မှတ်ချက်အတိုင်း ချိတ်ဆက် (attach လုပ်)လိုက်ပြီး အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး လျှောက်လွှာပို့ရုံပါပဲ။ ပို့ပြီးရင် ပေါ်လာတဲ့ လျှောက်လွှာလက်ခံရရှိမှု အတည်ပြုချက်ပေးတဲ့ စာမျက်နှာ confirmation page ကို၊ print ထုတ်ပြီး သိမ်းထားထို့ပါပဲ။

ခုနောက်ဆုံး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲမှာ လျှောက်လွှာတင်တာကို အမေရိကန်အစိုးရကို တစ်ပြားမှ မပေးရပေမယ့် မဲပေါက်သွားရင် ငွေရေး ကြေးရေးဆိုင်ရာ ဘယ်လိုရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာရှင်းလင်းပွဲက ပြောကြားချက်နဲ့ နိဂုံးချုပ်ပါရစေ။

ဒေးဗစ် ဒါနာဟယူး။ ။ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲဟာလည်း ခါတိုင်းနှစ်တွေလိုပဲ အခမဲ့ ဖြစ်ပြီးတော့ အမေရိကန်အစိုးရ ကို တရားဝင်ငွေကြေး တပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲမှာ မဲပေါက်သူ တဦးချင်းကတော့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ခါတိုင်းနှစ်တွေလိုပဲ ဗီဇာကြေးတွေ ပေးသွင်းရပါမယ်။ immigrant visa အခြေချ နေထိုင်ခွင့်ဗီဇာကြေး အမေရိကန်(၃၀၅) ဒေါ်လာ၊ Diversity Visa လုပ်ငန်းစဉ်ဆောင်ရွက်ခကြေး ဒေါ်လာ (၄၄၀) နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုံခြုံမှု ဆောင်ရွက်ခကြေး (၇၄) ဒေါ်လာ၊ စုစုပေါင်း (၈၁၉) ဒေါ်လာစီ မဲပေါက်သူ တဦးချင်းက ပေးသွင်းကြရပါမယ်။

၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲအတွက် သိသင့်သိထိုက်တဲ့ အရေးကြီးတဲ့ အချက်တွေကတော့ ဒါလောက်ပါပဲ ခင်ဗျာ။

POsted by www.voaburmese.com

mailထဲဝင်လာတာကို ပြန်တင်လိုက်တာပါ။

ဆရာ ၊ ဆရာမများက စောင့်ထိန်း လိုက်နာရန်

ကျောင်းသား၊ ကျောင်းသူများအား ဒဏ်ရာ အနာတရ ဖြစ်အောင် မပြုလုပ်ကြရန် ဆရာ ၊ ဆရာမများက စောင့်ထိန်း လိုက်နာရန်

ပဲခူးတိုင်း ဒေသကြီး က၀မြို့နယ်၊ ရစ်ကံကြီး အခြေခံပညာ အထက်တန်း ကျောင်းတွင် အလယ်တန်းပြ ဆရာ တစ်ဦးသည် စာမရသော ကျောင်းသား တစ်ဦးကို တုတ်ဖြင့် ရိုက်၍ အပြစ်ပေး ခဲ့ပါသည်။ ထို့ကြောင့် ထိုဆရာအား စုံစမ်း စစ်ဆေး အရေး ယူခဲ့ပြီး နောက်နောင်တွင် ကျောင်းသား ကျောင်းသူများကို ဤကဲ့သို့ ဒဏ်ရာ အနာတရ ဖြစ်စေသော အပြစ်ပေးမှုများ လုပ်ကြရန် အခြေခံပညာ ဦးစီးဌာနမှ အမိန့် ထုတ်ပြန် ခဲ့ပါသည်။

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ ခရိုင် လပွတ္တာ မြို့နယ် အမှတ် ( ၂ ) အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်း ဤကဲ့သို့ အလားတူ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါသည်။ အထက်တန်းပြ ဆရာ ဦးကြည်လှိုင်ဆွေသည် မောင်ဖြိုးအောင် အမည်ရှိ ကျောင်းသား တစ်ဦးအား ( ၆ ၊ ၁၀ ၊ ၂၀၁၁ ) ရက်နေ့တွင် ပန်းအိုးဖြင့် ခေါင်းကို ရိုက်နှက် ခဲ့ပါသည်။ ကျောင်းသားမှာ ခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာဖြင့် ဆေးရုံသို့ တက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရပါသည်။ ဤဖြစ်စဉ်တွင် ပြုမူခဲ့သော အထက်တန်းပြ ဆရာမှာ ယခု အချိန် အထိ မည်သည့် အပြစ်ပေးခြင်းကိုမျှ မခံရပါ။ ထိုအခါ ဖြစ်ရပ် အတူတူတွင် အရေးယူမှု အဘယ်ကြောင့် ကွဲပြားရသနည်း ဟူသော မေးခွန်း ပေါ်ပေါက်လာပါသည်။ ဆရာကလည်း တိုင်ချင်ရာတိုင်ကြ ၊ ငါကတော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး ဟူ၍ ကြွေးကြော် နေပါတော့သည်။ တရား မျှတမှု ဟူသည်မှာ အချိန်၊ နေရာတို့ အပေါ်တွင် မူတည် ပြောင်းလဲနေမည် မဟုတ်ဟု ခံယူ ထားသော သာမန် လုပ်သား ပြည်သူများ ၊ ကျောင်းသား မိဘများ၏ စိတ်တွင် သို့လော သို့လော တွေးတောမှုများ ၊ သံသယများ မဖြစ်ပွားစေသင့်ဟု ယူဆမိပါသည်။

ကျောင်းသား မိဘတစ်ဦး
(၇၊ ၁၀၊ ၂၀၁၁)

Wednesday, October 5, 2011

အညတရ သူရဲကောင်း၅ ဦး အဘဦးဝင်းတင်နှင့် အဖွဲ့  ရွေးချယ်




ဝင်းခိုင်ဦး၊ ကိုသန့် ဇော်၊ ဦးစွမ်းလှအောင်၊ကိုဇေယျာအောင်နှင့်မမာမာဦး တို့ ကို ရွေးချယ်ပြီး အညတရသူရဲကောင်းဆုများပေးအပ်ချီးမြှင့် ဂုဏ်ပြုမှာဖြစ်ကြောင်း။
ဒီကဗျာနှင့် ကဗည်းထိုး ဂုဏ်ပြု မော်ကွန်းတင်ပါတယ်။

အဘ ဦးဝင်းတင် ရွေးတဲ့ အညတရ ၅ ဦးတဲ့

ငါ ဟဲ့ သူရဲကောင်းလား
သင်တို့ ၅ဦး မြင့်မြတ်ကြတယ်
ပေးဆပ်ရဲတာ
ကမ္ဘာက သိ
စစ်ဖိနပ်အောက်
ဒူးမထောက်ဘဲ
တိုက်ပွဲဝင်ကာ
မော်ကွန်းတင်မည်
အညတရဟူသည်
ပကာသန မစွက်
ကိုယ်ကျိုး မဖက်ဘဲ
ပလန်ဘဲလက်လက်
ပက်လက်ပဲလန်လန်
လောကဓံကို
တွန်းလှန်ဖယ်ရှား
အရှုံးပေးမသွားဘဲ ဇွဲနဲ့ တိုက်မယ်
ခါးတောင်း မြဲမြဲကျိုက်ပြီး
အောင်ပွဲဆိုက်တဲ့အထိ
သတ္တိရှိရှိ ကိုယ်ထိလက်ရောက်
တိုက်နေသူကို ဂုဏ်ပြုပါ၏။
သူရဲကောင်းဟူသည်
တည်ကြည်စိတ်ထား ပြတ်သားရမည်
မတရားတာကို မတရားဘူးလို့
ကျားကျားရားရား ပြတ်ပြတ်သားသား
ပြောကြားရဲ ထောက်ပြရဲတာ
သူရဲကောင်းပါ။
မမှန်တာကို မမှန်ဘူးလို့
တူးတူးခါးခါး ထူးထူးခြားခြား
ဝိုးမ၀ါးဘဲ ပြောကြားရဲ
ထုတ်ဖေါ်ရဲတာ သူရဲကောင်းပါ။
ငါတို့ပြည်သား သူရဲကောင်းများဖြစ်ဖို့
မဆုတ်မနစ် အားမာန်သစ်နှင့်
အပြစ်ကို အပြစ်ပြော
အစစ်ကို အတုမပြော။
အဖြစ်မှန်ကို မမှောက်မလှန်
ထောက်ခံရဲသလို
အပြစ်ကိုလဲ အပြစ်အမှန်
မထောက်ခံဘဲ မှောက်လန်ရဲရမည်။
သဘောတည်ကြည် အပြောညီညီနှင့်
တိုင်းပြည်နှင့်လူမျိုး
ကောင်းကျိုးအတွက်
အသက်ကိုပင်ပေးလှူ
ရဲရင့်လူကိုသာ ပြည်သူတွေရဲ့
အသဲကျော်
သူရဲကောင်းခေါ်မှာ။
မပေါ်လွင် မထင်ရှား
မကျော်ကြားလေသော
လူတောက အညတရ အပမွှား
သူရဲကောင်းများကို
အမြင်မစောင်းဘဲ
ဂျပန်ကရဲဘော်များက
အသွင်ပြောင်းလာအောင်
သူရဲကောင်းများကို
ရေလောင်းပျိုးထောင်ပေးကြပါစို့။
ထွန်းဝေ တိုကျို မနက် ၃.၁၄မိနစ် ၂၀၁၁
ကိုထွန်းဝေပေးပို့ပါသည်။

Tuesday, October 4, 2011

ကမ္ဘာတ၀ှမ်းတွင် bus စောင့်ကြပါသည်။

London
cid:image001.jpg@01CA04A6.2B3FBC80

 


 
Rome

cid:image002.jpg@01CA04A6.2B3FBC80

 

 
Atlanta

cid:image003.jpg@01CA04A6.2B3FBC80

 

 
Stockholm

cid:image004.jpg@01CA04A6.2B3FBC80

 

 
Frankfurt

cid:image005.jpg@01CA04A6.2B3FBC80

 
Brasil
 

cid:image006.jpg@01CA04A6.2B3FBC80

 
Milan
 

cid:image007.jpg@01CA04A6.2B3FBC80

 

Dubai

cid:image008.jpg@01CA04A6.2B3FBC80

 

 
Paris

cid:image009.jpg@01CA04A6.2B3FBC80

 

 
Berlin

cid:image010.jpg@01CA04A6.2B3FBC80

 
Hamburg
 

cid:image011.jpg@01CA04A6.2B3FBC80

 
Athens
 

cid:image012.jpg@01CA04A6.2B3FBC80

 
New York
 

cid:image013.jpg@01CA04A6.2B3FBC80

 

 
Venice

cid:image014.jpg@01CA04A6.2B3FBC80

 

 
Portugal

cid:image015.jpg@01CA04A6.2B3FBC80

 
Switzerland
 

cid:image016.jpg@01CA04A6.2B3FBC80


 
in MYANMAR
1.jpg
2.jpg
daily-life-myanmar_168446.jpg
MYANMAR_BUS.jpg

ကမ္ဘာအနှံ့ကသတင်းတွေ....