မကြာမီ လွတ်မည်ဟူသော သတင်းများ ထွက်ပေါ်နေသဖြင့် 
ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ မိသားစုဝင်များ ကျိုင်းတုံသို့ 
သွားရောက်ရန် စီစဉ်နေကြောင်းသိရသည်။
 အဆိုပါအချက်အား အတည်ပြုရန် 
တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းသည့်အခါ ကျွန်မတို့ နဂိုတည်းက 
ဒီရက်ပိုင်းအတွင်း ကျိုင်းတုံသွားဖို့ အစီအစဉ်ရှိပါတယ်။ လွတ်မယ်ဆိုတဲ့ 
သတင်းတွေကိုကြားတော့ ကြားတယ် အတိအကျတော့ ဘာမှ မသိရသေးပါဘူးဟု မင်းကိုနိုင်၏
 မိသားစုဝင်တစ်ဦးက ဖြေကြားသည်။
 ပေါ်ဦးထွန်းခေါ် မင်းကိုနိုင်မှာ 
ကျိုင်းတုံထောင်တွင် နှစ်ရှည် အကျဉ်းကျခံနေရသူဖြစ်ကာ ၈၈မျိုးဆက် 
ကျောင်းသားများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၄င်းလွတ်မြောက်လာမည့်သတင်းကို 
မြန်မာတစ်ပြည်လုံးက မျှော်လင့်ခြင်းခံနေရသူ တစ်ဦးလည်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)
 

 
 


 
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်