Tuesday, October 11, 2011

ရွှေဘိုထောင်မှလွှတ်မည့် လူစာရင်းတွင် ရွှေဝါရောင် သံဃာ ၃ပါးပါဝင်။

မနက်ဖြန်အောက်တိုဘာ၁၂တွင် ရွှေဘိုထောင်မှ လွှတ်ပေးမည့် လူစာရင်းတွင် ရွှေဝါရောင်အရေးအခင်းကြောင့် ဖမ်းဆီးခံထားရသော သံဃာ (၃)ပါးပါဝင်ကြောင်း သိရသည်။
အဆိုပါ သံဃာသုံးပါးမှာ ဦးသုစိတ္တ၊ ဦးသုဇနနှင့် ဦးခေမိတ္တတို့ဖြစ်ပြီး ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီးတွင် စစ်တပ်က ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်စီးနင်းခဲ့သော စစ်ဆင်ရေးတွင် အဖမ်းခံခဲ့ရသော သံဃာတော်များစွာအနက်မှဖြစ်ကြောင်းသိရသည်။
လောလောဆယ်ရရှိထားသော ရွှေဘိုထောင်မှ လွှတ်မည့် လူစာရင်းမှာ
၁။ မလေးလေးမွန်။ ၂။ ကိုကျော်မင်းသန်း။ ၃။ ကိုကြည်သာထွန်း။ ၄။ ကိုစိုးဝင်းအောင်။ ၅။ ဦးကျော်လှိုင် ၆။ ဦးသုစိတ္တ ၇။ ဦးသုဇန ၈။ ဦးခေမိတ္တ။ ၉။ မယဉ်ယဉ်ဝိုင်း နှင့် စောပိကလိ တို့ ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....