Friday, October 21, 2011

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်။
ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ  ခိုင်မာသော ခြေလှမ်းများ လှမ်းခြင်း  မရှိသေးသည့်အပေါ် ဂျပန်အစိုးရအနေဖြစ် သတိပြုမိဖို့နှင့် ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံ နေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက် ၀န်ကြီးအနေဖြင့် မြန်မာအစိုးရအား အထက်ဖော်ပြပါကိစ္စနှစ်ရပ်ကို ပြတ်ပြတ်သားသားတောင်းဆို မှုပြုပေးရန် ကျွန်ုပ်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။

နှစ်ပေါင်း ၂၀ ကျော်ကြာအတွေ့အကြုံများအရ မြန်မာအစိုးရအဆက်ဆက်သည် အပြောင်းအလဲ အနည်းငယ်မျှ ပြုလုပ်ပြကာ နိုင်ငံတကာ၏ထောက်ခံပံ့ပိုးမှုရရှိရန်နှင့် ၄င်းတို့အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လုပ်ဆောင် အကောင်အထည်ဖော်လေ့ရှိသည်ကို ၀န်ကြီးအနေဖြင့် အထူးသတိထားရန် အသိပေးပါသည်။

ဂျပန်အစိုးရအနေဖြင့် လက်ရှိ မြန်မာအစိုးရသစ်အား ပေးအပ်မယ့် ODA ခေါ်ဖွံ့ဖြိုးမှု အကူအညီနဲ့ ပတ်သက်ပြီး.......
 ယခုလို ပြန်လည် ပေးအပ်ရန် ဆုံးဖြတ်ခြင်းမှာ စောလွန်းအားကြီးသည်ဟု ကျွန်ုပ်တို့ မှတ်ယူသည်။ ဂျပန်အစိုးရက ထိုသို့အကူအညီပေးခြင်းကို ကျွန်ုပ်တို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်သည့်အပြင် ODA အကူအညီများ ပြန်လည် ပေးအပ်ပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်  အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် မလိုလားအပ်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက  ထိုအကျိုးဆက်များအတွက် ဂျပန်အစိုးရ တွင် တာဝန်ရှိသည်ဟု ကျွန်ုပ်တို့အနေဖြင့် ရှင်းလင်းစွာ ပြောဆိုလိုပါသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းစစ် ရပ်ဆဲပြီး အားလုံးပါဝင်နိုင်သည့် တွေဆုံဆွေးရေး ဖြစ်ပေါ်လာဖို့အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစား နားထောင်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
ဓါတ်ပုံ။ ။Aung Htoo Thein (Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....