Thursday, October 27, 2011

စိန်ပေါလ်ဘုရားရှိခိုးကျောင်းရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒပြ

ယနေ့နံနက် ၉နာရီမှ စတင်ကာ ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းကြား၊ စိန်ပေါလ်ဘုရားရှိခိုးကျောင်းရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ ဒဂုံမြိုသစ်မှ လယ်သမား၁၀၀ကျော်က သိမ်းဆည်းခံရသည့် လယ်ယာမြေများ ကိစ္စအတွက် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါသည်။ ထို့နောက် နာရီဝက်မျှ အကြာတွင် ရဲမှူးနှင့် လုံထိန်းများ ရောက်ပြီး ဥပဒေနှင့် မညီညွတ်ဆိုကာ လူစုခွဲခိုင်းသဖြင့် လူစုကွဲသွားခဲ့ရကာ ဆန္ဒပြလယ်သမားများမှာ သိမ်ဖြူလမ်းနှင့် စတော့ဂိတ်ကုန်းရှိရာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....