Wednesday, October 12, 2011

သီးနှစ်သီးနဲ့ တစ်ဂေါ်ကို ကိုဇာဂနာ သည်းမခံကြောင်းပြောပြီ

(အသီးနှစ်သီးရော ဂေါ်ပြားရော ရှိတယ်။ ၂ သီးလုံးက ပုပ်နေတော့ ဂေါ်ပြားပေါ်တာပေါ့။ ဒီသဘောပါပဲ။ ကျနော် သူတို့နဲ့လည်း မဆွေးနွေးရသေးဘူး။ တခြားလူတွေနဲ့သာ စကားပြောနေ ရတာ။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း မေးစရာရှိတာမေးရဦးမယ်။ ကျနော်မကြိုက်ဆုံးစကားက သူတို့ရဲ့ အင်တာဗျူးထဲမှာပါတဲ့ ပြည်ပမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ပြော တဲ့စကားကို ကျနော် မကြိုက်ဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကို ပွင့်ပွင့်လင်းလင်း မေး ရမယ်။ ကျနော့်စိတ်ထဲမှာ မကျေနပ်ရင်လည်း သူတို့ကို အမွေဖြတ်ဖို့ ဝန်မလေးပါဘူး။)    ဇာဂနာ ။
http://guidingstarsofburma.blogspot.com/မှဖေါ်ပြပါသည်။

3 comments:

  1. ကိုဇာဂနာ ထောင်ကလွတ်လွတ်ချင်း ပြောတဲ့စကားတွေနဲ. ပြည်တော်ပြန် ဂေါ်ဇီလာနဲ. ဦးပီတာလင်းပင်တို. ပြောတာ တခြားဆီပါဘဲလားဗျာ။

    ကိုဇာဂနာက ဦးသိန်းစိန် အစိုးရကို သရော်လိုက်ပေမဲ့ ဂေါ်ဇီလာက ဋ္ဌကံ့ဖွတ်အစိုးရကို မျက်နှာလုပ်ပြီး ပြည်ပမှာရှိတဲ့ နိုင်ငံရေးသမားတွေကို တွယ်ပြလိုက်တယ်။
    ဦးပီတာလင်းပင်က သူဘဲသတ်တိရှိရှိနဲ. ပြန်လာသလို ကိုယ်ရည်သွေးလိုက်ပြီး၊ သမတဋ္ဌကီးကို ဖါးတဲ့စကားတွေကို ပြောသွားခဲ့တယ်။

    ကိုဇာဂနာရေ၊ ဂေါ်ဇီလာပြောတာတွေ တစိတ်တပိုင်းမှန်ပေမဲ့ အကျိုးယုတ်တဲ့ဘက်ကို ဦးတည်သွားစေတယ်။ ပြည်တွင်းကလူတွေက ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ အပေါ်အထင်လွဲသွားစေပါတယ်။
    ပြည်ပမှာ ဒိုနာတွေဆီက ငွေယူပြီး လှုပ်ရှား၊ တချို.လည်းလုပ်စား နေသူတွေ ရှိတယ်ဆိုတာ အမှန်ပါ။ သို.ပေမဲ့ ကိုယ့်ချွေးနဲစာ ရတဲ့ငွေနဲ. ပြည်တွင်းပြည်ပနယ်စပ် လှုပ်ရှားမှုတွေအတွက် ပို.ပေးနေသလို၊ လုမှုရေးလုပ်ငန်းတွေမှာလည်း တနိုင်တပိုင်လုပ်နေသူတွေ အများဋ္ဌကီးရှိပါတယ်။ စိတ်ဓါတ်ကျသွားပြိး ဘာမှမလုပ်တော့တဲ့ သူတွေလည်းရှိပါတယ်။
    အတိုချုပ်ပြောရရင် ပြည်တွင်းပြည်ပစိတ်ဝမ်းမကွဲဘို. ၀ိုင်းဝန်းထိမ်းသိမ်းပေးဋ္ဌက စေချင်တယ်။
    နို.မဟုတ်ရင် စစ်အာဏာရှင် သဘောကျလုပ်ပေးနေသလို ဖြစ်သွားလိမ့်မယ်။
    ငစနေ

    ReplyDelete
  2. ရဲရဲတောက် သတ္တိခဲ။
    ကြောက်ပြီးထွက်မလာပဲ၊ ဟောက်ပြီးထွက်လာတယ်။
    မှုံဝါးနေတာတွေ လင်းရှင်းစွာမြင်ရတော့မယ်။
    အားကျ၊ ဂုဏ်ယူပါတယ်။
    တယောက်၊ နောက်တယောက်
    နောက်ပြီးတယောက်
    ပေါင်းလိုက်ကြရင် - - -
    အလေးပြုပါ၏။
    စိန်မောင်မောင်အေးမျင့်

    ReplyDelete
  3. ကိုငစနေနဲ့ ကိုစိန်မောင်မောင်တို့ကို ကျေးဇူးတင်ပါတယ်။ ကိုသိန်မောင်မောင်အေးမျင့်ကဗျာကို အများကို ပေးဖတ်လိုက်ပါတယ်။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....