Saturday, July 31, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချွေးမနှင့် မြေးတစု တောင်ကိုရီးယား နိုင်ငံသို့ အပန်းဖြေ ဆေးကုသရန် ရောက်ရှိ


100730 Bty Bur Than Shwe[1]
လေးစားစွာဖြင့်
flying peacock

ကြေညာချက် - မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် ဓါတ်ပုံများပေါ်တွင် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှု


၃၀ .၇. ၂၀၁၀

ခင်မင် လေးစားရသော မိတ်ဆွေများရှင်

ယခု ကြေညာချက် ထုတ်ပြန်ရသော အကြောင်းအရင်းမှာ နအဖ စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများနှင့် မတရားမှုများကို ရပ်တန်းက ရပ်စေရန် ဓါတ်ပုံများပေါ်တွင် လက်မှတ်ရေးထိုးတောင်းဆိုသော လှုပ်ရှားမှုများကို မိတ်ဆွေများ သိရှိစေရန် နှင့် ကိုယ်တိုင်ပါဝင် လှုပ်ရှားနိုင်စေရန် ပန်ကြားခြင်း ဖြစ်ပါသည်။ ယခုလှုပ်ရှားမှုသည် မြန်မာ တပြည်လုံး အနှံ့ သိန်းပေါင်း များစွာသော ပြည်သူများ ခံစားနေရသော ကမောက်ကမ စီးပွားရေး စီမံခန့်ခွဲမှုပြဿနာများနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို အဆုံးသတ်ဖို့ တောင်းဆိုသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်များကို အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် လည်းကောင်း၊ လက်ရှိ နအဖ စစ်အုပ်စု၏ လက်ထက်တွင် ပိုမို ဆိုးရွားလာသော ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေမှုများအား မီးမောင်း ထိုးပြနိုင်ရန် ရည်ရွယ်ပါသည်။ လှုပ်ရှားမှုကို မြန်မာနိုင်ငံ၏ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည် နေ့တွင် စတင်မည် ဖြစ်သည်။


တစ်ဦးချင်း အနေဖြင့် ဖော်ပြထားသော လူ့အခွင့်အရေး ချိုးဖောက်မှု စာရင်းများထဲမှ ချိုးဖောက်မှုတခုအား ပိုစတာပေါ်တွင် ရေးသားပြီး လက်တွင် ကိုင်ထားကာ ဓါတ်ပုံ ရိုက်ခြင်းဖြင့် ယခုလှုပ်ရှားမှုတွင် ပါဝင် နိုင်ပါသည်။ ဤလှုပ်ရှားမှုကို မိတ်ဆွေများ အဖွဲ့အစည်းမှ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော ၈.၈.၈၈ နှစ်ပတ်လည် အခမ်းအနား အစီအစဉ်တွင်လည်း ထည့်သွင်း ပြုလုပ်နိုင်ပါသည်။


တစ်ဦးချင်းဆီမှ ပေးပို့ ထားသော ဓါတ်ပုံများကို စုဆောင်းပြီး ဆလိုက်ရှိုး အဖြစ် စုပေါင်းကာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နေ့အတွက် ပြုလုပ်မယ့် အခမ်းအနား များတွင်လည်း ပြသနိုင်ရန် ပေးပို့မည်ဖြစ်သည်။ ထို့နောက် ဓါတ်ပုံများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သော စက်တင်ဘာလ ၂၇ရက်နေ့တွင် ပေးပို့မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် ကုလသမဂ္ဂကို တိုက်တွန်းရန် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ်စေရန် ဘန်ကီမွန်းမှ ဦးဆောင်ဦးရွက်ပြုစေရန် တောင်းဆိုသွားမည် ဖြစ်သည်။


တစ်ဦးချင်း အနေဖြင့် အင်တာနက်မှ တဆင့် ဓါတ်ပုံများကို ကျွန်ုပ်တို့၏ အင်တာနက် စာမျက်နှာဖြစ်သော info@burmapartnership.org ကိုပေးပို့ခြင်း၊ ဓါတ်ပုံများကို မိမိကိုယ်ပိုင် အင်တာနက် စာမျက်နှာများ၊ facebook စသည် ကဲ့သို့ အချင်းချင်း ဆက်သွယ်သော ကွန်ယက် များတွင် သုံးခြင်းဖြင့်လည်း လှုပ်ရှားမှုတွင် ပါဝင် နိုင်ပါသည်။


ဓါတ်ပုံ လှုပ်ရှားမှုကို ပိုမိုပြည့်စုံစေရန် - တဦးချင်း သို့မဟုတ် အဖွဲ့အစည်း အလိုက် အနေဖြင့် မိမိတို့ သက်ဆိုင်ရာ အစိုးရများထံသို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းရေး တောင်းဆိုချက်များကို ထောက်ခံရန် ၊ စစ်အုပ်စု၏ မတရားသော ရွေးကောက်ပွဲကို ရှုံ့ချရန် နိုင်ငံရေး အကျဉ်းသားများအား မလွှတ်ပေးမခြင်း ၊ တိုင်းရင်းသား လူမျိုးများအား တိုက်ခိုက် နေခြင်းအား မရပ်တန့်မခြင်း၊ အားလုံး ပါဝင် နိုင်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို မပြုလုပ်ဘဲ ကျင်းပသော အတုအယောင် ရွေးကောက်ပွဲ၏ ရလာဒ်အား အသိအမှတ် မပြုရန် စသည့် တောင်းဆိုချက်များ ပါဝင်သည့် စာများ ရေသား ပေးပို့ ကြရန် ဖြစ်သည်။


လှုပ်ရှားမှုတွင် ပါဝင်သူများ အတွက် လို့အပ်သော ပစ္စည်း အပြည့်အစုံ စာရင်းကို မြန်မာ့ အရေး ပူးပေါင်း ဆောင်ရွက်သူများ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။ ၄င်းတို့မှာ -
  • လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ချိုးဖောက် ခံရသူများ စာရင်း
  • ပို့စ်တာအလွတ် ဒီဇိုင်း
  • သတင်း အချက်အလက် လက်ကမ်း စာစောင်
  • အစိုးရများ ထံသို့ ပေးပို့မည့် စာများ အတွက် မူကြမ်း ပုံစံ
  • လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပတ်သက်သည့် စုဆောင်း ထားသော ဓါတ်ပုံများ
ဤလှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ရန် ဆန္ဒရှိပါက သို့မဟုတ် လိုအပ်သော သတင်းအချက်အလက် အပြည့်အစုံအား သိရှိလိုပါက info@burmapartnership.org သို့ အီမေးလ် ပေးပို့ စုံစမ်း နိုင်ပါသည်။
ဤ စုပေါင်း လှုပ်ရှားမှုအား ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ နအဖ စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာတဝှမ်းမှ မမေ့ပျောက် စေရန် မြင်သာ ထိရောက်သော သတင်းစကား ပေးပို့ နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့် ပါသည်။
မိတ်ဆွေများ အားလုံးမှ ဤလှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်လိမ့်မည်ဟု မျှော်လင့်ပါသည်။


လေးစားစွာဖြင့်
ခင်ဥမ္မာ
တာဝန်ခံ၊ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ (Burma Partnership)

Thursday, July 29, 2010

နေရာသစ်ပြောင်းရွေ့ ခြင်းနှင့်ပါတ်သက်၍ဖိတ်ကြားခြင်း

2010-7-28
သို့ 
ဂျပန်နိုင်ငံရှိအဖွဲ့ အစည်းများနှင့်ဒကာ၊ ဒကာမ အပေါင်းအားဖိတ်ကြားအပ်ပါသည်.။
အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်မြန်မာရဟန်းတော်များအဖွဲ့ ချုပ်၊ဂျပန်ဌာနခွဲ နေရာသစ်ပြောင်းရွေ့ 
ခြင်းနှင့် ပရိတ်တရားတော်နာ အခမ်းအနားနှင့် လစဉ်မေတ္တာပိုဆုတောင်းပွဲအခမ်းအနားများကို အောက်ပါအစီ အစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ဂျပန်နိုင်ငံတွင်းရှိ မြန်မာ့အရေးလှုပ်ရှားနေကြသော အဖွဲအစည်းများနှင့် စေတနာရှင်ဒကာ၊ ဒကာမအပေါင်းအား ဖိတ်ကြားအပ်ပါသည်။

နေ့ ရက်။ ။ ၁-၈-၂၀၁၀ တနင်္ဂနွေနေ့ 
အစီအစဉ်။ ၁။ နံက်(၆း၀၀)သံဃာတော်များအားအရုဏ်ဆွမ်းဆက်ကက်ပါမည်။

၂။ နံက်(၇း၃၀)နေရာသစ်ဖွင့်ပွဲအခမ်းအနားစတင်ပါမည်။

၃။ ညနေ(၅း၀၀)နာရီ လစဉ်မေတ္တာပို့ ဆုတောင်းပွဲကျင်းပပါမည်။
နေရာ။ Toshima-Ku,Sugamo 1-24-8,BIRAKYO (401),Tokyo,Japan.

ဆက်သွယ်ရန်။ ဖုန်း ၀၉၀-၉၈၀၂-၁၈၈၀
၀၉၀-၄၈၄၄-၇၀၉၂
၀၈၀-၅၃၇၃-၂၅၂၄

ရွေးကောက်ပွဲနေ့ရက် မကြေညာတာ ဒေါ်စု ဝေဖန်

၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးမယ် ဆိုတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ အခုအချိန်ထိ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မကြေညာသေးတာဟာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အပေါ်မှာ တရားမျှတမှု မရှိရာ ရောက်တယ်လို့ နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက သူ့ရဲ့နေအိမ်မှာ အမှုကိစ္စတွေအတွက် သွားတွေ့ခဲ့ကြတဲ့ အကျိုးဆောင် ရှေ့နေတွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ နေ့လယ် နေအိမ်မှာ သွားတွေ့ခဲ့ကြတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ ၂ ဦးနဲ့ အမှုကိစ္စအတွက် ပြောဆိုကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ် ပြောဆိုလိုက်တာပါ။ အထူးသဖြင့် ဒီနှစ်ထဲမှာ ကျင်းပပေးမယ်ဆိုပြီး အခုချိန်ထိ ရွေးကောက်ပွဲ ပြုလုပ်မယ့်ရက်ကို အတိအကျ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးတာဟာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ အတွက် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲရဖို့ အခြေအနေ မရှိနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ကြောင်း ဒီကနေ့ နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“လက်ရှိ နိုင်ငံရေး အခြေအနေက ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကြီးက အခုချိန်ထိ မကြေညာသေးတာ ရွေးကောက်ပွဲ ၀င်သူတွေအတွက် တရားမျှတမှု ရဖို့၊ ညီမျှသော ယှဉ်ပြိုင်မှုဖြစ်ဖို့ အခြေအနေ မရှိဘူး။ ဘာဖြစ်လို့ ဒီလို ကြန့်ကြာနေရလဲဆိုတာနဲ့ ပတ်သက်ပြီး သူ စဉ်းစားနေတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ အချိန်နည်းနေတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲ Free and Fair ဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားလို့ မရဘူးလို့ ပြောပါတယ်။”

တခါ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကိစ္စတွေမှာလည်း အာဏာပိုင်တွေဆီက ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မတွေ့ရတဲ့အတွက် နိုင်ငံရေးပါတီတွေ အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်စုပြောတာက ဒီရွေးကောက်ပွဲ စည်းရုံးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင် အဖွဲ့အစည်းကသော်လည်းကောင်း၊ ကော်မရှင်ကသော်လည်းကောင်း ရှင်းလင်း ပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မတွေ့ရသေးတဲ့ အကြောင်း၊ ဒါတွေ ရှင်းရှင်းလင်းလင်း မရှိဘဲနဲ့ အခုမှ ပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်မယ့် သူတွေအတွက် အများကြီး အခက်အခဲတွေ ဖြစ်နေမှာပဲလို့ အဲဒီလိုပြောပါတယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီတွေရဲ့ အခြေအနေကို သူနားထောင်တာ အသံတွေက အရှိန်အဟုန် ကျနေတယ်လို့ သူ အဲဒီလို နားလည်တယ် ဆိုတာကို ပြောပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့ပေမဲ့ NLD ပါတီ မရှိတော့ဘူး ဆိုတာကို လုံးဝ လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်လို့လည်း ဆိုပါတယ်။

“NLD ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ NLD ပါတီ မရှိတော့ဘူးဆိုတာ သူ လုံးဝ လက်မခံဘူး ဆိုတဲ့အကြောင်း၊ ဘာကြောင့်လဲဆိုတော့ NLD ဟာ နဂိုကတည်းက ရှိပြီးသားပါတီ၊ အခုလို မေလ ၆ ရက်နေ့မှာ ထပ်မံ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း၊ လက်မခံနိုင်တာကိုလည်း ပြောနေတာသက်သက် မဟုတ်ဘူး၊ တရားဥပဒေ လမ်းကြောင်းနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း အဲဒါတွေကို ပြောပါတယ်။”

ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၃ နာရီလောက်ထိ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စအတွက် အထူးအယူခံ လျှောက်ထားမှု လျှောက်လဲချက် ပေးဖို့အပြင် အိမ်ပြင်ဆင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ နောက်ဆုံးအဆင့် အယူခံပေါ့၊ လုပ်ထုံးလုပ်နည်းအရ အဆင့် ၂ ဆင့်ရှိတယ်။ ပထမတဆင့်က အထူးအယူခံ ၀င်ခွင့်ပြုဖို့ လျှောက်ထားခြင်းပေါ့။ နောက်တခုကတော့ အထူးအယူခံပေါ့။ ပထမအဆင့်ဖြစ်တဲ့ အထူးအယူခံဝင်ဖို့ ခွင့်ပြုတယ်၊ မပြုတယ် အတွက်ကို သီးခြား လျှောက်လဲချက် ပေးရပါမယ်။ အဲဒီ သီးခြားလျှောက်လဲချက် ပေးဖို့ ရက်ချိန်း စောင့်မျှော်နေတာ အခုထိ မရသေးပါဘူး။ အဲဒါအတွက် ပြင်ဆင်တဲ့လုပ်ငန်းကို ထပ်ပြီးတော့ ဆွေးနွေးတာပါ။

“နေအိမ်ပြင်ဆင်ရေး ကိစ္စအတွက် ဒီလအကုန်ထိပဲ အချိန်ရနိုင်မယ်ဆိုပြီး အာဏာပိုင်တွေက ပြောထားတာ ရှိတယ်။ အဲတော့ ဒီလအကုန်မှာ အရေးကြီးတဲ့ အကြမ်းထည် ပြုပြင်မှုတွေ အားလုံး ပြီးနိုင်တယ်။ အချောသတ်တွေက မပြီးနိုင်သေးဘူး။ အဲဒါကြောင့် ဘယ်လောက် အချိန်အတိုင်းအတာ ထပ်လိုမယ်၊ အခြေအနေ အသေးစိတ် ပြုစုပြီးတော့ တင်ပြဖို့ စာကြမ်းပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပါတယ်။”

ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

VOA သတင်း

Tuesday, July 27, 2010

တပ်ချုပ်ကြီးကို အိန္ဒိယကျောင်းသားများ လက်မခံ


သန်းရွှေ အိန္ဒိယကိုရောက်လာတဲ့ တတိယနေ့မှာ နယူးဒေလီမှာရှိတဲ့ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုမျိုးဆက် သံဃာတော်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်နဲ့အတူ အိန္ဒိယက ကျောင်းသားများအဖွဲ့ (All India Youth Federation) AIYF ကလည်း အတူပူးပေါင်းပြီး
အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြန်ပါတယ်။




AIYF က ကျောင်းသားခေါင်းဆောင်တယောက်က `ကျနော်တို့ အခုလို လာရောက်ပူးပေါင်းရတာဟာ ကျနော်တို့ အိန္ဒိယအစိုးရက ကမ္ဘာပေါ်မှာ
အဆိုးဝါးဆုံး လူသတ်သမားအစိုးရကို လက်ခံဖိတ်မန္တကပြုတာဟာ အိန္ဒိယနိုင်ငံကို သိက္ခာကျစေကြောင်း ပြောချင်လို့ပါ´ လို့ ပြောသွားပါတယ်။



ဆန္ဒပြသူတွေဟာ `အိန္ဒိယအစိုးရ သန်းရွှေစစ်အစိုးရကို မကူညီပါနဲ့´ `စစ်အာဏာရှင်စနစ် ကျဆုံးပါစေ´ ဆိုတာတွေကို အင်္ဂလိပ်၊ မြန်မာ၊ ဟိန္ဒီဘာသာတွေနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။



ဆန္ဒပြသူတွေဟာ ဒီနေ့တနေ့လုံး အိန္ဒိယ ပါလီမန်အဆောက်အဦးအနီးက ဂျန်တားမန်တားလမ်းပေါ်မှာ ထိုင်သပိတ်ဲပြုလုပ်ကြမှာဖြစ်ပါတယ်။
မနေ့နေ့လည်ပိုင်းက နယူးဒေလီကိုရောက်လာတဲ့ သန်းရွှေနဲ့အဖွဲ့ကို အိန္ဒိယ သမ္မတ ပါရာတီဘာ ပတေးလ်က ဒီနေ့မနက် သမ္မတ အိမ်တော်မှာ နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

Photo by: AP


အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ် ဖခင်ကြီး မဟတ္တမ ဂန္ဓီ ရဲ့ သင်္ချိုင်းကို သွားရောက် ဂါရ၀ ပြုမှာဖြစ်ပါတယ်။ အညာနွေက ကြားသိရတဲ့ သတင်းတွေအရ အဲ့ဒီလို ဂါရ၀ပြုတဲ့အခါကျရင် သန်းရွှေနဲ့အဖွဲ့ကို စစ်ယူနီဖောင်းတွေကို လုံးဝ မ၀တ်ရဘူးလို့ အိန္ဒိယ အစိုးရက တားမြစ်ထားတယ်ဆိုတာပါပဲ။

အိန္ဒိယက အကြမ်းမဖက်လှုပ်ရှားသူတွေ၊ လူ့အခွင့်ရေး လှုပ်ရှားသူတွေက သန်းရွှေရဲ့ ဂန္ဓီသင်္ချိုင်းသွားကန်တော့မှာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ တမလွန်က ဂန္ဓီကြီးကလည်း သူ့ကို အကြမ်းဖက်လူသတ်သမားတစုက အနှစ်မပါတဲ့ ဂါရ၀ပြုတာကို စိတ်မကောင်းလေလို့လား မသိ ... ဒီနေ့ နယူးဒေလီမိုးကောင်းကင်ကြီးဟာ ထူးထူးခြားခြား မှုန်မှိုင်းနေပြီး ဂန္ဓီကြီးရဲ့ မျက်ရည်မိုးတွေ အဆက်မပြတ် ရွာသွန်းလို့နေပါတယ်။

AIYF အဖွဲ့ကလည်း သန်းရွှေနဲ့အဖွဲ့သွားမယ့် Hyderabad ကိုလည်း သွားဆန္ဒပြ ရှုတ်ချမယ်လို့ ပြောပါတယ်။

သန်းရွှေရဲ့ ခရီးစဉ်ကို လက်ခံမိလို့ အိန္ဒိယ အစိုးရက ရှက်လို့ပဲလား၊ ကြောက်လို့ပဲလား မသိပါဘူး။ အိန္ဒိယ အစိုးရအာဘော် သတင်းစာတွေမှာ ဒီခရီးစဉ်ကို ဒီနေ့အထိ အကျယ်တ၀ံ့ဖော်ပြခြင်း မတွေ့ရသေးပါဘူး။

CPI ဆိုတဲ့ အတိုက်ခံ အိန္ဒိယကွန်မြူနစ်ပါတီကတော့ စစ်အစိုးရလုပ်မဲ့ ရွေးကောက်ပွဲကြီးဟာ အတုအယောင်ကြီးဖြစ်တယ်၊ အိန္ဒိယလို ဒီမိုကရေစီအင်အားကြီးနိုင်ငံတခုဟာ မြန်မာစစ်အစိုးရလို ဒီမိုကရေစီလှုပ်ရှားတဲ့သူတွေကို ဖမ်းဆီထောင်ချနေတဲ့ စစ်အာဏာရှင်ကို လက်ခံတာဟာ အင်မတန်ရှက်ဖို့ကောင်းတယ်။ ဒါကို တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုကရေစီရေးလိုလားတဲ့သူတွေက ၀ိုင်းဝန်းဆန့်ကျင်ကြရမယ် လို့ ဒီနေ့ညနေမှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အညာနွေတမာမြေ မှကူးယူဖေါ်ပြပါသည်။

LONDON တွင် စစ်အစိုးရ ၀ါဒဖြန့်သရုပ်ဆောင်မှ အငြိမ့်ကမည်

စစ်အစိုးရရိုတ်ကူးသော "အာရုံဦးမှာဖူးသည့်ကြာ" တွင် ပါဝင်သရုပ်ဆောင်သည့် သရုပ်ဆောင် နေတိုးသည်  မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းနိုင်ငံရေး သမိုင်းကြောင်းကို လိမ်လည်ဝါဒဖြန့်သည့် ထိုဇာတ်ကားအပြီး ဒီမိုကရေစီအင်အားစုများ အားကောင်းသော LONDON တွင် အငြိမ့်ကရန် ခေါင်းဆောင်မင်းသားအဖြစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် စီစဉ်ထားပြီး ယခုအခါပြပွဲ လက်မှတ်များကို ရောင်းချနေပါသည် ထိုလုပ်ရပ်သည် စစ်အစိုးရ စိတ်ဓါတ်စစ်ဆင်ရေး နှင့် ၀ါဒဖြန့်ချီရေးဌာန၏ အဝေးရောက် ဒီမိုကရေစီအင်အားစုများ အပေါ် သွေးတိုးစမ်းလိုက်တာ ဖြစ်ပြီး အနုပညာကိုဘန်းပြပြီး ပြည်ပတွင် စိတ်ဓါတ်ရေးရာလွှမ်းမိုးရန် ကြိုးစားမှုဖြစ်ကြောင်းနှင့် တကမ္ဘာလုံးမှ ၀ိုင်းဝန်းကန့်ကွက်ကြပါရန် LONDON ရှိအင်းအားစုများမှ လုံးဝကန်ကွက်ပေးရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
ပြည်သူအတွက် မရပ်တည်သော အနူပညာသည်များကို ပြည်ပရှိ ဒီမိုကရေစီအင်အားစုများမှ လုံးဝကန့်ကွက်ပေးကြပါရန်...
အချက်အလက်ပို့ပေးသော ဘလောက်ဂါ simple views အား ကျေးဇူးတင်ပါသည်။

အလွမ်းများနှင့် ဧရာဝတီ ဂျပန်တွင်ပြမည်

Film Poster 1-1

တပ်ချုပ်ကြီးကို အိန္ဒိယကြိုဆိုသည့် ဗွီဒီယို







အညာနွေတမာမြေ(ကိုနေလင်း - အိန္ဒိယ) ထံမှ ကူးယူဖေါ်ပြပါသည်။

Monday, July 26, 2010

8888လေးလုံးအထိမ်းအမှတ်ကဗျာပြိုင်ပွဲ

Buffaloမြို့တွင် ၈လေးလုံးနှစ်ပတ်လည်အခမ်းနားကိုကျင်းပမည်ဖြစ်ပြီး ကဗျာပြိုင်ပွဲပါ ပြုလုပ်
မည်ဖြစ်ပါသည်။ ကဗျာပြိုင်ပွဲသို့ မည်သူမဆိုဝင်ရောက်ယှဉ်ပြီုနိုင်ပါသည်။
ကဗျာပြိုင်ပွဲအတွက်သတ်မှတ်ချက်များမှာ--
၁။ ရှစ်လေးလုံးနှင့် သက်ဆိုင်သောစက်ဆိုသည့်ကဗျာဖြစ်ရမည်။
၂။ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး အကျိုးပြုကဗျာဖြစ်ရမည်။
၃။ ကိုယ်ပိုင်ရေးကဗျာဖြစ်ရမည်။
၎။ကဗျာများကိုသြဂုတ်လ ၆ ရက် ၂၀၁၀။ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ၈နာရီ pm ထက်
    နောက်မကျပဲပေးပို့ရမည်။
ကဗျာပေးပို့သူသည်။ မိမိတို့`၏ အမည်၊ လိပ်သာ ၊ အီးမေး၊ အပြည့်အစုံရေးသား၍
buffalod8888@ gmail.com သို့သတ်မှတ်ထားသည့်ရက်ထက်နောက်မကျစေပဲ ပေးပို့ရပါမည်။
ဆုရကဗျာများကို ရှစ်လေးလုံး အခမ်းနား
တွင် ထုတ်ပြန်ကြေငြာဆုချီးမြှင့်မည်ဖြစ်ပြီး။
ပထမ၊ ဒုတိယ၊ တတိယ ရသည့်ကဗျာများကိုလည်း ဂုဏ်ပြုရွတ်ဆိုသွားမည်ဖြစ်သည်။
 ကဗျာရွေးချယ်မည့်အကဲဖြတ်များမှ
၁။ ကိုလောအယ်စိုး
၂။ကိုအောင်မိုး
၃။ကိုနီတွတ်
၎။ကိုမြင့်ထွေး
၅။မသီသီအောင်

Wednesday, July 21, 2010

“စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲစမယ်’’

* ငါတို့ကိုများ အကြမ်းဖက်သမားတဲ့
ထားလိုက်ပါတော့
ကျောင်းသားတွေဘ၀ကနေ သေနတ်ကိုင်လာကြတာ
ဒီလိုတွေ ဘာကြောင့်ဖြစ်လာခဲ့တာလဲ…..။

* ငါတို့ ကြမ်းတမ်းချင်ကြမ်းတမ်းလာလိမ့်
မယ်
ရိုင်းစိုင်းချင်ရိုင်းစိုင်းလာလိမ့်မယ်
ငါတို့အစွန်းရောက်ချင်ရောက်မယ်
ဒါပေမယ့် ငါတို့ မဖောက်ပြန်ဘူး
ငါတို့ တော်လှန်ရေုးကို ကျောခိုင်းမသွားဘူး
ငါတို့ဟာ တော်လှန်ရေးကိုပြ လုပ်စားနေသူတွေမဟုတ်ဘူး
ငါတို့ဟာ ဗမာပြည်ပြည်သူတွေအတွက်
စစ်အာဏာရှင်စနစ်ကျဆုံးရေး ကြွေးကြော်သံနဲ့
နာနာကျည်းကျည်း

ထိထိရောက်ရောက်
ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေသူတွေပဲ ဖြစ်တယ်…..။

* စစ်အာဏာရှင်တွေက ရန်ငါစည်းပြတ်တယ်
ရဟန်း…ကျောင်းသား…မိန်းမ…ကလေး
လူပုဂ္ဂိုလ်မရွေး
ကြမ်းဖို့
ဖမ်းဖို့
သတ်ဖို့ဝန်မလေးဘူး
အချိန်မရွေုးဘူး…နေရာမရွေးဘူး…
ငါတို့ပြည်သူတွေ နှစ်ပေါင်းများစွာ အကြမ်းဖက်ခံလာရပြီးသား
ဗမာပြည်ကြီးက ပြည်တွင်းစစ်ဖြစ်နေတာပါ….
ထပ်ပြောမယ်…ဗမာပြည်က ပြည်တွင်းစစ်ဖြစ်နေတာ…။



* ငါတို့ပြည်သူတွေ
ထမင်းဝအောင်မစားနိုင်ကြဘူး
ကလေးတွေကျောင်းမထားနိုင်ဘူး
ဆေးကုဖို့ပိုက်ဆံမရှိဘူး
လိုင်းကားမလုံလောက်ဘူး
လျှပ်စစ်မီးမရဘူး
သောက်စရာရေတောင် ရှားပါးလာပြီ…
သံလမ်းကြေး…မီးကင်းကြေး ဘာကြေးညာကြေးတွေလဲများ
လုပ်အားပေးဆိုပြီးခေါ်မှာလဲကြောက်ရ
ပေါ်တာဆွဲမှာလဲကြောက်ရ
ကလေးတွေ စစ်သားစုဆောင်းခံရမှာလဲကြောက်ရ
စစ်တပ်က မတရားဖမ်းဆီးရင်လဲခံရ
မုဒိန်းကျင့်ရင်လဲခံရ
ဓါးပြတိုက်သလို လုယက်တာမှန်သမျှလဲခံရ
ပြည်သူတွေဘ၀က
မြေဇာပင် မဖြစ်ခင်ထဲက ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီ……..။

* ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရင်း
ရက်ရက်စက်စက်ပစ်သတ်ခံ ကျဆုံးခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ……
စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲက
ညှင်းပန်းနှိပ်စက်မှုမျိုးစုံကြောင့် ကျဆုံးခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ……..
တောတောင်တွေထဲမှာ ဒုက္ခမျိုးစုံခံရင်း
ပင်ပန်းဆင်းရဲမှုများစွာနဲ့ သေဆုံး ၊ ကျဆုံးခဲ့ရသူတွေရဲ့ ၀ိဥာဉ်တွေ……
မိသားစုတွေနဲ့ သေကွဲ ရှင်ကွဲ လမ်းခွဲခဲ့ရတဲ့ဘ၀တွေ………
မျက်ရည်တွေ……..
ငြီးတွားသံတွေ……….
ကြိမ်းဝါးသံတွေ……….
အရာအားလုံးက ငါတို့ပြုပြင်ပြောင်းလဲဖို့
နည်းလမ်းစုံသုံးတိုက်ပွဲဝင်ဖို့ တောင်းဆိုနေကြတယ်…။

* စစ်ရေးအရ တန်းတူဖြစ်အောင်မလုပ်နိုင်ရင်
တွေ့ဆုံဆွေးနွေးရေးဆိုတာတောင် ဖြစ်လာမှာမဟုတ်ဘူး
အနိဋ္ဌာရုံတွေကွယ်ပျောက်ဖို့
စစ်ကိုစစ်နဲ့ပဲအဆုံးသတ်နိုင်မယ်
စစ်ပွဲရှိရင် ဘေးထွက်ဆိုးကျိုးရှိမယ်
သေနတ်ပစ်တမ်း…
လိုက်တမ်းပုန်းတမ်း ကစားနေကြတာမဟုတ်ဘူး…
အပြစ်ရှိတဲ့ ပြည်သူယောင်ဆောင်နေသူတွေရော
အပြစ်မဲ့ ပြည်သူတွေရော
အနည်းနဲ့အများတော့ ထိခိုက်မှာပဲ
စစ်ပွဲကြာလေ တိုင်းပြည်နာလေပဲ
အကြောက်တရားတွေနဲ့ စစ်ကျွန်ဘ၀မှာနေမလား
ရရာလက်နက်ကိုင်စွဲ အဆုံးသတ်စစ်ပွဲဆင်နွှဲမလား
(ခေတ်သမိုင်းကိုက တောင်းဆိုနေပြီ)
ပြတ်သားတဲ့သူတွေ့ ငါတို့လက်တွဲမယ်
သွေးကြောင်ရင် (ရိုးရိုးသားသား) ဘေးရှောင်နေလိုက်
မဝေဖန်နဲ့
ရန်သူ့အကြိုက်လိုက်မပြောနဲ့
မဟာမိတ်မူမဖျက်နဲ့
ငါတို့အတွက် စစ်အာဏာရှင်တွေနဲ့ ဒေါက်တိုင်သုတ်သင်ရေးစစ်ပွဲ
နေရာတိုင်းမှာရှိမယ်………..။

                                                                                              မောင်ကျောင်းသား
 ပေးပို့လာသော မျိုးဆက်သစ်လူငယ် အားကျေးဇူးတင်ပါသည်။

Tuesday, July 20, 2010

စစ်အစိုးရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသစ် ရွေးကောက်ပွဲစည်းမျဉ်း ဖောက်ဖျက်၊ HRW ဝေဖန်

မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ဖွဲ့စည်းထားတဲ့ လူမှုရေး အသင်းကြီးကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာစစ်တပ် ခေါင်းဆောင်တွေပဲ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီနဲ့ ပူးပေါင်းလိုက်တာဟာ ရွေးကောက်ပွဲမှာ စစ်တပ်ကပဲ ကြီးစိုးထားမယ် ဆိုတာကို ပြသနေတယ်လို့ နယူးယောက်ခ် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ရှုတ်ချလိုက်ပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲ အပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်လက်ခံမှုကိုလည်း ထိခိုက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအ၀င် တခြား စစ်တပ်အကြီးအကဲ ၂၆ ဦးတို့ဟာ စစ်ရာထူးတွေကို စွန့်လွှတ်ပြီး တခြားဝန်ကြီးတွေနဲ့အတူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ထူထောင်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးခံဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းကို လွန်ခဲ့တဲ့ ၂ ပတ်၊ ဇူလိုင်လ ၆ ရက်က ဖျက်သိမ်းလိုက်ပြီးတော့ အသင်းကြီးရဲ့ ပိုင်ဆိုင်မှုနဲ့ သက်ဆိုင်ရာရုံးတွေကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို လွှဲပြောင်းဖို့ စီစဉ်ခဲ့တာကလည်း ရွေးကောက်ပွဲ ဖြစ်စဉ်ကို ပြောင်းပြောင်းတင်းတင်း အနှောင့်အယှက် ပေးလိုက်တာပဲလို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

အခုလို အစိုးရပိုင် ပစ္စည်းဥစ္စာနဲ့ ရန်ပုံငွေတွေကို နိုင်ငံရေးပါတီကို လွှဲပြောင်းပေးလိုက်တာဟာ စစ်အစိုးရကပဲ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့် အကဲဖြတ်သူတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် နာယကအဖြစ် ဦးဆောင်ပြီး ၁၉၉၃ ခုနှစ် ကတည်းက စတင် ဖွဲ့စည်းကတည်းက နည်းမျိုးစုံနဲ့ စုဆောင်းထားတဲ့ အသင်းဝင်ပေါင်း ၂၄ သန်းကနေ ၂၆ သန်းလောက်ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်အဖြစ် လွှဲပြောင်းနိုင်ချေ ရှိနေတဲ့ အပေါ်မှာလည်း Human Rights Watch အဖွဲ့က ရှုတ်ချခဲ့ပါတယ်။

VOA သတင်း

Monday, July 19, 2010

ပြည်တွင်းက အာဇာနည်နေ့ အခမ်းအနား သတင်းဓါတ်ပုံ

From Martyrs Day


ဘဘဦးတင်ဦးအိမ်မှာ အာဇာနည်နေ့ အခမ်းအနားလုပ်တယ် ၉ နာရီမှာ စတယ် တက်ရောက်လာတဲ့လူတွေကို ကော်ဖီနဲ့ဘိန်းမုန့် ကျွေးမွေးဧည့်ခံ တယ် CEC တွေ ၀ါရင့်နိုင်ငံရေးသမားတွေ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကျောင်းသားပြည်သူလာရောက်ကြတယ် ၁၀ နာရီ ၄၀ ခန့်တွင် ဥသြဆွဲပြီး အလေးပြုတယ် ခြံထဲထိဝင်လာပြီး အာဏာပိုင်က ဗိုလ်ချုပ်ပုံ အကျီင်္တွေဝတ်ပြီးလမ်းလျှောက်ပြီး အားဇာနည် ကုန်းမတက်ဖို့လာ တားတယ် လာညှိုတယ်ပေါ့ဗျာ သူတို့ ကားစီစဉ်ပေးမယ် ပေါ့ လမ်းပဲလျှောက်ကြတာပါပဲ သူတို့ကားနဲ့ မလိုက်ကြပါဘူး ပန်းခြင်းံကိုင်ပြီး လမ်းလျှောက်တော့တားတယ် ပန်းခြင်းမပါတော့ ပေးသွားတယ် ၁၁ နာရီ ၂၀ လောက်မှာ အခမ်းအနားပြီးတယ် အခမ်းအနားပြီးတော့ လူ ၁၀၀ နီးပါးလောက် အာဇာနည်ကုန်းဖက် တက်သွားကြတာပဲ ဓာတ်ပုံလိုက်ရိုက်တယ် တားတာ ဘာညာတော့ မကြားဘူး ခု ၂ နာရီ ဖုန်းဆက်မေးကြည့်တဲ့ အချိန်ထိ အေးဆေးပဲလို့ပြောတယ် ဒီနေ့ အခမ်းအနားတက်တဲ့ လူကတော့ ၅၀၀ လောက်ရှိမယ်ထင်တယ် ခန့်မှန်းခြေပေါ့။


ပေးပို့သော မျိုးဆက်သစ်လူငယ်များကို ကျေးဇူးတင်ရှိပါသည်။
Fight for Freedom Burma မှကူးယူပါသည်။

၆၃-နှစ်မြောက်အာဇာနည်နေ့အမှတ်တရ

မနေ့က (၂၀၁၀၊ဇူလိုင်လ၊၁၈ရက်) တိုကျိုမှာ ကျင်းပတဲ့ အာဇာနည်နေ့ အကြိုစာတမ်းဖတ်ပြိုင်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်တဲ့အခါမှာ ယှဉ်ပြိုင်ရမယ့်ခေါင်းစဉ်က "အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ” ဆိုတဲ့ ခေါင်းစဉ်ဖြစ်တဲ့ အတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေက ဘယ်လို အနာဂတ်နိုင်ငံတော်ကို မျှော်မှန်းထားခဲ့သလဲ ဆိုတာကို လိုက်လံရှာဖွေစုဆောင်းရပါတယ်။
ပြင်ဆင်ချိန်ကလည်း တိုတောင်းလွန်းလှတဲ့ အတွက် ကျမမိတ်ဆွေ ကိုကြီး (Fight for Freedom Burma) ကို အကူအညီ တောင်းရပါတယ်။ သူလည်းသူသိတဲ့ အချက်အလက်တွေ ကျမဆီပို့ပေး၊ ကျမလည်း အမြန်စာစီ၊ စာတမ်းဖတ်ကြားရမယ့် အချိန်ကလည်း (၁၀)မိနစ်သာသတ်မှတ်ထားတဲ့ အတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့အချိန်ကစပြီး ယခုခေတ် နအဖစစ်အစိုးရလက်ထက် အထိ အနေအထားများကို တင်ပြရမှာဖြစ်လို့ ကျမဖြင့်ပြည့်စုံအောင်စီစဉ်နိုင်မယ်လို့ မထင်ရဲပါဘူး။ သို့ပေမယ့်လည်း အဖွဲ့အစည်းအတွက် ဝင်ရောက်ယှဉ်ပြုင်ရန် ကျမကိုတာဝန်ပေးထားသဖြင့် ကျမမှာအစွမ်းကုန်ကြိုးစားရပါတယ်။ ပြိုင်တဲ့အချိန်ကျတော့လည်း ကျမအပါအဝင်(၁၁)ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြလို့ ကျမအရှေ့က ဝင်ရောက်ယှဉ်ပြိုင်သွားကြသူများရဲ့ စာတမ်းဖတ်သည့် အသံနေအသံထား၊ ကဗျာသီချင်းများပါ ရောနှောဖွဲ့ဆိုသွားသည့် အတွက် ကျမမှာအလိုလို ကျမစာတမ်းအတွက် အားငယ်မိပါသည်။ ကျမအလှည့်ရောက်တော့ စိတ်ကိုတင်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဖတ်ကြားလိုက်ပါသည်။ စာတမ်းသာ ဖတ်၍ပြီးသွားတယ်၊ ကျမမှာမျှော်လင့်ချက်တစုံတရာရှိလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။ အားပေးတဲ့ လက်ခုပ်သံများအရတော့ အားတက်သွားတာတော့ ရှိတာပေါ့။ ဆုရရှိသူများကြေငြာလို့ ကျမနာမည်နဲ့ ဒုတိယဆုရရှိတယ်လို့ကြေငြာလိုက်တော့ ဝမ်းသာအံ့သြကြီးဖြစ်ရပါတယ်။ ဒါဟာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ကျေးဇူးများကြောင့်အခုလို ကျမဆုရခဲ့ရတယ်လို့ မှတ်ယူမိပါတယ်။ ကျမဖတ်ကြားတဲ့စာတမ်းလေးကိုလည်း ကျမရဲ့စာဖတ်ပရိတ်သတ်ဖတ်ဖို့ တင်ပြလိုက်ပါတယ်။ အဖက်ဖက်က ပြီးပြည့်စုံတဲ့ စာတမ်းတစ်စောင် မဟုတ်တာကိုတော့ ကျမဝန်ခံပါရစေ။


(အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါတ်သတ်ပြီးပြောရရင် ပထမဦးစွာ အာဇာနည်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာပါလဲ။ အာဇာနည်ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရ (Martyr) သည် ဂရိတ်ဘာသာစကားက ဆင်းသက်လာတာပါ။
A martyr means somebody who suffers persecution and death for the people and a country. လို့ အဘိဓါန်မှာ ဖွင့်ဆိုထားပါတယ်။ တစုံတယောက်သော သူသည် တိုင်းပြည်နှင့် လူမျိုးအတွက် ဒုက္ခဆင်းရဲများခံကာ အသက်စွန့်ခြင်းလို့အဓိပ္ပါယ်ရရှိပါသည်။

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပူးပေါင်းချုပ်ဆိုသော ပင်လုံစာချုပ်အရဆိုရင် ‘’မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန်နှင့် ပြည်ထောင်စုမူဖြစ်တဲ့ ဖယ်ဒရယ်မူကိုသာလျှင် ကျင့်သုံးသင့်တယ်’’လို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသားခေါင်းဆောင်များက ယုံကြည်ထားခဲ့ကြပါတယ်။
အဲသည်လို ယုံကြည်မျှော်မှန်းချက်တွေကို အကောင်အထည်ဖေါ်နေစဲ ကာလအတွင်းမှာပဲ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့ မနက်(၁၀)နာရီ၃၇မိနစ် အချိန်မှာ နယ်ချဲ့အင်္ဂလိပ်နှင့် အလိုတော်ရိများ၏ ပူးပေါင်းကြံစည်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့
သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်ဦးဘဝင်း ၊မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင် နှင့်လုံခြုံရေး တာဝန်ယူထားရတဲ့ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ကြရပါတယ်။
အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားပေမယ့် သူတို့မျှော်မှန်းထားသော မြန်မာနိုင်ငံကြီးဖြစ်လာဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။

ကျမတို့နိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများက ဘယ်လိုပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မျှော်မှန်းခဲ့တာပါလဲ?
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို စစ်အစိုးရက တည်ဆောက်နိုင်ခဲ့ပါသလား? ကျမတို့ ကဏ္ဍအလိုက်ပြန် သုံးသပ်ကြည့်မယ်ဆိုရင်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး…အနေနဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၆၂မတ်လ(၂)ရက်နေ့မှာ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေ၀င်းဦးဆောင်တဲ့
စစ်အာဏာရှင်စနစ်ရဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာဟာ စာအားဖြင့်သာရှိခဲ့ပြီး၊ လက်တွေ့မှာတော့ ပင်လုံစာချုပ်ပါဖယ်ဒရယ်မူအရ ပြည်နယ်အုပ်ချုပ်ခွင့် တောင်းသည့် တိုင်းရင်းသားများ၏ တောင်းဆိုမှုများကို တိုင်းပြည်ခွဲထွက်၍ သီးခြားနိုင်ငံထူထောင်ရန် လုပ်ဆောင်မှုအဖြစ်စွပ်စွဲ အကြောင်းပြကာ စစ်တပ်မှ အာဏာသိမ်းယူလိုက်ပါသည်။ ယင်းအချိန်မှစ၍ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်များ ရည်မှန်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဖြစ်ကို မရောက်ရှိအောင် ဖျက်ဆီးခြင်းခံခဲ့ပါသည်။
နှိမ်နင်းနှိပ်စက်ခံ တိုင်းရင်းသားများဟာ မိမိတို့ရဲ့အိုးအိမ်ပစ်ပြေးပြီး နယ်စပ်ဒေသများ၊ အိမ်နီးချင်း နိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ကြရတာဟာဆိုရင် ယနေ့ထက်တိုင်ပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့ရပေမယ့်လည်း ပြည်တွင်းစစ်မီး တောက်လောင်ကာ ကမ္ဘာ့အလယ်မှာ
ဗမာဆိုရင် မျက်နှာငယ်ရတယ်။ ဂုဏ်သိက္ခာမဲ့ရတယ်။ အာဇာနည်ကြီးများ၏ အသက်စွန့်ကြိုးပမ်းခဲ့မှုကဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်ရှင် ….

နို်င်ငံစီးပွါရေးနှင့် လူနေမှုဘဝ
အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားသော နိုင်ငံ့စီးပွါးရေးမှာ နိုင်ငံသားတို့၏အကျိုးစီးပွါးကို ကာကွယ်သော ပြည်တွင်းနှင့် နိုင်ငံခြားကုန်သွယ်မှု ဆိုင်ရာ စီးပွါးရေးပေါ်လစီဖြစ်ပြီး နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့် နှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီး အခမဲ့ဆေးဝါးကုသခွင့် အခမဲ့ပညာသင်ကြားခွင့်များ ရရှိစေရမည်။လွတ်လပ်စွာ ကူးသန်းသွားလာခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ပုံနှိပ်ထုက်ဝေခွင့် ရှိရမည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ တိုင်းပြုပြည်ပြု အစည်းဝေးမှတ်တမ်းများ ၊လူထုအစည်းဝေးပွဲများတွင် အတိအလင်းပြောဆိုထားပါတယ်။
ဒါပေမယ့်လည်းဒါတွေကို ယနေ့ နအဖစစ်အစိုးရလက်ထက်အထိ အာဇာနည်ခေါင်းဆောင်ကြီးများ ယုံကြည်မျှော်လင့်ထားခဲ့ သမျှ လုံးဝမဖြစ်လာပါဘူး။ နိုင်ငံသားတို့ဟာ စစ်အစိုးရ၏လက်ဝါးကြီးအုပ် စီးပွါးရေးစနစ်အောက်မှာ ဆင်းရဲနွမ်းပါးနေပြီး နိုင်ငံသားတို့၏အကျိုးစီးပွါးကိုကာကွယ်ပေးမှုဆိုတာ အိပ်မက်တောင်ထဲမှာတောင် မရှိပါဘူး။ တချို့အချက်တွေကို ထောက်ပြရရင် မိမိနိုင်ငံမှာ စွမ်းအင်လုံလောက်မှုမရှိပါဘဲနဲ့ တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ရောင်းချနေမှု၊ စစ်အစိုးရ၏ ရေကာတာ စီမံကိန်းများသည် တိုင်းရင်းသားတို့၏ အကျိုးစီးပွါးကို ဆိုးဆိုးဝါးဝါး ထိခိုက်နေသော်လည်း စစ်အစိုးရက ဆက်လက်လုပ်ကိုင်နေပြီး ၄င်းစီမံကိန်းများပြီးစီးသွားပါက မြန်မာပြည်ထက် တရုတ်ပြည်ကသာ အကျိုးခံစားမှုရရှိမည်ကို သိနေရပါသော်လည်း နအဖသည် ပြည်သူများထက် မိမိကိုယ်ကျိုးစီးပွါးကိုသာ ကြည့်ပြီး တည်ဆောက်နေပါတယ်။ အချိန်မရွေး အဓ္ဓမလုပ်အားပေးစေခြင်း အဓ္ဓမပြောင်းရွှေ့စေခြင်း အဓ္ဓမစစ်သား အဖြစ်စုစောင်း ခံရခြင်းတို့ဖြင့်လည်း နိုင်ငံသားတို့သည် လွတ်လပ်စွာ အသက်ရှင် နေထိုင်ခွင့်ကို လုံးဝမရရှိပါဘူး။

လယ်ယာစိုက်ပျိုးရေး
အာဇာနည် ခေါင်းဆောင်ကြီးများက မျှော်မှန်းထားခဲ့သည့် ခေတ်မှီလယ်ယာ စိုက်ပျိုးရေးစနစ်ဖြင့် ဆန်စပါးကိုပြည်တွင်း၌ ဖူလုံရုံသာမကဘဲ နိုင်ငံခြားသို့အဓိကပို့ကုန်အဖြစ်ရောက်အောင် အကောင်ထည်ဖေါ်ရေး ကိစ္စဟာ ယနေ့နအဖစစ်အစိုးရ လက်ထက်အထိ အောင်မြင်မှုမရရှိသေးပါဘူး။
ပိုဆိုးတာက စစ်တပ်က စစ်ရေးနှင့် စစ်တပ်စီးပွါးရေးအတွက် လယ်ယာမြေများကို အဓမ္မသိမ်းယူသဖြင့် လယ်ယာမဲ့ထ္မင်းငတ်တဲ့ ဘ၀ကို လက်ရှိအနေအထားမှာပဲ တောင်သူလယ်သမားများ ရင်ဆိုင်နေကြရပါတယ်။


ပညာရေးစနစ်
ပညာရေးစနစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သောဖြစ်သော အမျိုးသားကျောင်းဆရာ ဦးရာဇတ်၏ နိုင်ငံတကာနှင့်အမှီ ရင်ဘောင်တန်းနိုင်သော မြန်မာ့ပညာရေးစနစ် ရည်မှန်းချက်ဟာလည်း နေ၀င်း၏ မဆလ ပါတီလက်ထက်မှ စတင်ပြီး ပျက်ဆီးခဲ့ရာ ယ္ခု နအဖ စစ်အစိုးရလက်ထက်တွင် မြန်မာ့ပညာရေးစနစ်ကို အတန်းမြှင့်ပညာရေးစနစ်ဆိုတဲ့ ကျရှုံးသူမရှိသော စနစ်ဆိုပြီးနိုင်ငံတကာအဆင့်တန်းလည်း မမှီိသော ပညာတတ်အမည်ခံများကို အများမွေးထုက်ပေးနေခြင်းဖြင့် မြန်မာ့ပညာရေးကို ဖျက်ဆီးနေပါသည်။ ပညာသင်ကြားရေး စရိတ်များကြီးမြင့်လွန်းတဲ့ အတွက်အခြေခံလူတန်းစားအချို့နဲ့ ဝေးလံသောဒေသများမှ ကျမတို့တိုင်းရင်းသားတွေရဲ့ ရင်သွေးငယ်များဟာ ပညာရေးဆိုတာ လုံးဝမရှိတော့ပါဘူး။

အမျိုးသားကျန်းမာရေး
မိမိစရိတ်ဖြင့် ဆေးဝါးဝယ်ယူပြီး ကုသရသည့် အစိုးရဆေးရုံများ နှင့် ဆေးဝါးကုသခွင့်စရိတ်ကြီးမားပြီး ဖြစ်သလိုလုပ်တတ်တဲ့ စစ်အစိုးရနဲ့ပါတ်သက်ဆက်နွယ်နေသူတို့ ပိုင်ဆိုင်ကြတဲ့ ပုဂ္ဂလိက ဆေးရုံများတွင် မိမိတို့အသက်ကို ငွေနှင့်ဆက်နေရပြီး အစိုးရ၏ ဆေးကုသခွင့် အာမခံချက်ဆိုတာ ဝေလာဝေး တိမ်းပါးသေဆုံးခဲ့ရင်တောင် အရပ်သားအဖွဲ့အစည်းများ၏ ကူညီစောင့်ရှာက်မှုကိုသာ ရယူနေရပါသည်။ စေတနာအလျောက် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာရှင်တွေကိုလည်း နှောက်ယှက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ကို စစ်အာဏာရှင်တို့က ပြုလုပ်လျက်ရှိပါတယ်။

လွတ်လပ်စွာကူးသန်းသွားလာခွင့်
နအဖလက်ထက်မှာ ခွင့်ပြုချက်မရရင် ဆွေမျိုးသွေးသားတော်စပ်သူများ၏ အိမ်မှာတောင် ညအိပ်မနေရပါဘူး၊

လွတ်လပ်စွာ ပြောဆို ရေးသားခွင့်
နအဖ လက်ထက်မှာ ထောင်ကျစေမယ့် အဓိကအချက်ဖြစ်ပါသည်။ စာပေလောကသည် ဆိုးဝါးစွာ ချုပ်ကိုင်ခံထားရပြီး နအဖ သဘောမတူသည့် စာလုံးပေါင်း(သို့) စာလုံးအထား အသိုမှားခြင်းတို့ပင်လျှင် ထောင်ကျစေနိုင်သော အကြောင်းအရာများဖြစ်ပါတယ်။
ဒါကြောင့် နအဖအစိုးရလက်ထက်မှာ ပြည်သူလူထုဟာမွေးရာပါ အခွင့်အရေးတွေဆုံးရှုံးနေခြင်းဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ဘယ်လိုမှ ပေါ်ပေါက်လာနိုင်မည်မဟုတ်ပါ။ ဘာဖြစ်လို့ဗိုလ်နေဝင်းရဲ့ စစ်အစိုးရလက်ထက် ကနေစပြီး ယနေ့ခေတ် နအဖ လက်ထက်အထိ အခုလိုဆိုးရွားသထက်ဆိုးရွားမှုတွေဖြစ်နေရတာပါလဲ။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်…..
အင်္ဂလိပ်ကိုအာဏာဖီဆန်တဲ့ တို့ဗမာအစည်းအရုံးကြီး နှစ်ခြမ်းကွဲစဉ်မှာ သခင်ကိုယ်တော်မှိုင်း ဦးစီးသော သခင်ပေါက်စ ထောင်ခြောက်လဆိုရိုး အတိုင်း အာဏါဖီဆန်သော သခင်အုပ်စုတွင် သခင်အောင်ဆန်း ပါဝင်ခဲ့ပြီး။သခင်လျှောက်လွှာတစောင်ကို တမတ်ဖြင့်ရောင်းချသည့် ဘာမှအာဏါဖီဆန်မှု မလုပ်သည့် ထွန်းအုပ်ဘစိန် ဂိုဏ်းမှ တမတ်သခင်ဘွဲ့ကို သခင်ရူ့မောင် လို့ခေါ်တဲ့ နောင်တချိန်မှာ စစ်အာဏါရှင် ဗိုလ်နေ၀င်းကပါဝင်ခဲ့ပါတယ်။ ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးပြီးကာလမှာ သက်ရှိထင်ရှားရှိမယ် ဆိုရင်ရင်မဆိုင်ဝံ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂျပန်ခေတ်အတွင်း ဧရာဝတီတိုင်းမှာ နိုင်ငံရေးတာဝန်ခံ အဖြစ်တာဝန်ယူရတဲ့ သခင်စိုးနှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ယူရတဲ့ဗိုလ်နေ၀င်းတို့ဟာ မုဒိမ်းကျင့်လူသတ်မှုကို ကျူးလွန်ခဲ့တယ်။ အဲသည့်အမှုကို ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးမှ စစ်ဆေးရန်ဆိုင်းငံ့ထားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးပြီးနောက် စစ်ရာဇ၀တ်ကောင် ဗိုလ်နေဝင်းဟာ သူအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်တို့ချမှတ်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့လမ်းစဉ်တွေကို သွေဖယ်ခဲ့ပါတယ်။

ဒီလိုနဲ့ စစ်အာဏါရူးတွေရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်နေ၀င်းက မွေးဖွါးလိုက်သော ဘမျိုးဘိုးတူနအဖ စစ်အုပ်စုကလည်း ဗိုလ်နေ၀င်း နည်းတူ တိုင်းပြည်အပေါ်ကျေးဇူးတရားကြီးမားသော ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ပြည်သူများ၏ ကြည်ညိုလေးစားမှု အခန်းကဏ္ဍများကို မှေးမှိန်သွားအောင် မနာလိုစိတ်ကြီးမားစွာ အာဇာနည်နေ့ကိုစနစ်တကျ ဖျောက်ဖျက်နေပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်သွားတဲ့ လမ်းစဉ်တွေနဲ့ လုံးဝလုံးဝကြီးကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ NLDပါတီကို အာဏာလွှဲမပေးခြင်း၊ ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် တကွပါတီခေါင်းဆောင်များ၊ ပြည်သူလူထုဘက်မှနေ၍ အမှန်တရားကို ထုတ်ဖေါ်ပြောကြားသော ရဟန်းရှင်လူကျောင်းသားများကို လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခြင်း
(ဒီပဲယင်းအရေးအခင်း)၊ မတရားဖမ်းဆီးထောင်ချနှိပ်စက်ခြင်း၊၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
(နာဂစ်ဥပဒေ)ကိုတဖက်သတ်ရေးဆွဲခြင်းတို့ကို ပြုလုပ်ရုံနဲ့အားမရသေးဘဲ ၂၀၁၀ ရွေးကောက်ပွဲကို
အတင်းအဓမ္မလုပ်ကြံဖန်တီးမှုများစွာနဲ့ တဖက်သတ်အနိုင်ရရှိရေး အတွက်ကြိုးပမ်းနေပါတယ်။

အခုဆိုရင် အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲ အလေးပြုခြင်းမပြုခဲ့တာ၊ ရေဒီယိုကနေ(သီချင်း)မကြားရတော့တာ၊ အာဇာနည်နေ့မှာ ချီတက်အလေးပြုခြင်းနှင့် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား မှန်သမျှကိုလုံးဝပြုလုပ်မပေးတော့တာ၊ မိမိတို့အစီစဉ်ဖြင့် ပြုလုပ်လျှင်လည်း ဖမ်းဆီးထောင်ချခြင်းတို့ကို နအဖစစ်အာဏာရှင်တွေကို တင်းတင်းကြပ်ကြပ်ပြုလုပ် နေခဲ့တာဟာဆိုရင် နှစ်ပေါင်း(၂၀)ကျော်ခဲ့ပါပြီ။

တကယ်တမ်းကြတော့ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တဲ့ တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုရော ၊အာဇာနည်နေ့ကိုပါ ကိုယ်ကျိုးရှာတကိုယ်ကောင်းသမား တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အဖွဲ့က နားမျှလေသံမှမကြားရဲလောက်အောင်ကြောက်ရွံ့နေတာပါ။ ဒါကြောင့်လည်း ယနေ့ခေတ်မျိုးဆက်သစ်လူငယ်များရဲ့ စိတ်နှလုံးသား၊ အသိတရားတွင် အာဇာနည်နေ့နှင့် အာဇာနည်စိတ်ဓါတ်အနှစ်သာရများ၊ အာဇာနည်တို့၏ ကျေးဇူးတရားများကို နားမလည်အောင်၊
မေ့ပျောက်ကုန်အောင် နအဖစစ်အစိုးရက ပြုလုပ်နေပါတယ်။ ဒါတွေကိုကျမတို့က လုံးဝလက်မခံ နိုင်ပါဘူး။

အဲသည်တော့ နောက်ဆုံးအနေနဲ့ ကျမတင်ပြချင်တာကတော့ ပြည်ထောင်စုဘွားတိုင်းရင်းသားများ အားလုံးပါဝင်ဖွဲ့စည်းထားတဲ့ ဖ၊ဆ၊ပ၊လ အဖွဲ့ကြီးရဲ့ (ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံကြီးမှာ) ဗိုလ်ချုပ်ပြောကြားသွားခဲ့တဲ့ ကျုပ်တို့လိုချင်တာကတော့ (Greatest Happiness of the Greatest Number) လူအများဆုံး အကောင်းဆုံးချမ်းသာ သုခရအောင် လူအများကကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးကိုသာဖြစ်တယ် ဆိုတဲ့မိန့်ခွန်းစကားအတိုင်း ကျမတို့ နိုင်ငံတော်ကြီးကို  အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်အောင်ဝိုင်းဝန်း ကြိုးပမ်းကြပါစို့လို့…တိုက်တွန်းနှိုးဆော်ရင်း
(၆၃)နှစ်မြောက် အာဇာနည်နေ့ကြီးကို ဂုဏ်ပြုလိုက်ရပါတယ်ရှင်။

ကိုးကားစာရင်း
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ
ဗမာ့တော်လှန်ရေး (ဗိုလ်ချုပ်အောင်ဆန်း)
ဗမာ့လွတ်လပ်ရေးပြဿနာ(ဗိုလ်ချုပ်အောင်ဆန်း)
အောင်သန်း၏အောင်ဆန်း (အောင်သန်း)
အလံနီ ရဲနီသက်ဝင်း (အဘဦးစိန်လှ)၏ ကိုယ်တွေ့ပြောကြားချက်များ (၁၉၉၂ အင်းစိန်ထောင်)
သခင်အုန်းမြင့်(ခေါ်) တိုးတက်ရေး အုန်းမြင့်(ခေါ်) အဘဦးအုန်းမြင့် ၏
ကိုယ်တွေ့ ပြောကြားချက်များ (၁၉၉၂ အင်းစိန်ထောင်)

အခုလိုဆုရရှိတဲ့အတွက် သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံး၊ ဂျပန်နိုင်ငံရှိ (Burma Democratic Action) BDAမှဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အဖက်ဖက်မှ ဝိုင်းဝန်းအားပေး ကူညီပေးခဲ့ကြသော အဖွဲ့သူအဖွဲ့သားအားလုံး၊ စာတမ်းဖတ်ပွဲဖြစ်မြောက်အောင် စီစဉ်ပေးသော JAC အမှတ်ပေးဒိုင်လူကြီးများနှင့် အချိန်ပေးပြီး လာရောက်နားထောင်ပေးခဲ့ကြသော ပရိတ်သတ်အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါသည်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

(၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား-ဂျပန်


၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်။

(၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ Shezuoka-kan ဟာမမတ်စု မြို့ “ဂျပန် မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” ကျောက်စာတိုင် တည်ရှိရာတောင်ပေါ်သို့ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB နှင့် နာဂိုယာမြို့ရှိ LDB ဌာနခွဲ့တိုမှ ဦးစီး၍ သွားရောက်၍ ဂုဏ်ပြုခြင်း အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မြန်မာပြည်ကို ဗြိတိသျှကိုလိုနီ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင်တကွ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာသင်ပေးခဲ့သည့် ဗိုလ်မှူးကြီး ဇူစူးကီး (မြန်မာ အမည် ဗိုလ်မိုးကြိုး)နေရပ်ဖြစ်သည့် ဟာမမတ်စုမြို့တွင် တည်ရှိသည့် “ဂျပန် မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” ကျောက်စာတိုင်ရှိရာ တောင်ပေါ်သို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးစွန့် ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများတို့ကို အလေးပြုခြင်း လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခြင်း၊ တက်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသား တစ်ဦးခြင်းတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများတို့ကို ဂါရ၀ပြုပြီးသည့်နောက် အခမ်းအနား ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယပိုင်း အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား အစီအစဉ်ကို ဟာမမတ်စုမြို့ ပန်းခြံအတွင်းရှိခမ်းမတခုတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စုစုပေါင်း ၈၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



သတင်းမှတ်တမ်း ။ ZawZawAung
မှတ်တမ်းဓါတ်ပုံ ။ ZawZawAung / Aung Htoo Thein

Sunday, July 18, 2010

၆၃-နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနား(တိုကျို)။



၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်။

(၆၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JAC)မှ ဦးစီး၍ တိုကျိုမြို့ Toshimaku Minami Otsuka Dai Ichi ခမ်းမ၌ ညနေ ၅း၃၀ နာရီ မှ ၉း၀၀ နာရီ အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။

ယနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ စစ်အာဏာရှင်တို့က မြန်မာသမိုင်း အစစ်အမှန်ကို မှေးမှိန်တိမ်ကော ပပျောက်အောင် ကြံစည်ပြုမူ လုပ်ဆောင်နေခြင်းကို ဖယ်ရှားရန် မရှိမဖြစ် လိုအပ်နေသည့်အပြင် လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများက တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပေးအပ်ခဲ့တဲ သမိုင်းအမွေအနှစ်ကောင်းများကို အမျိုးသားရေး တာဝန်ကြီးတရပ် အနေဖြစ် ယနေ့ခေတ် မျိုးဆက်လူငယ်များ တာဝန်ကြေစွာ ဆက်လက်ထိမ်းသိမ်းသွားနိုင်ရန် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးမှာ ယနေ့ မျိုးဆက်သစ် လူငယ်များ ပုခုံးပြောင်းတာဝန်ယူသွားနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါသည်။

အခမ်းအနားတွင်ဂျပန်နိုင်ငံရောက်အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်(၇)ဦးတို့မှအမှတ်ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး မျိုးဆက်သစ် လူငယ် ၁၁ ဦးတို့က သမိုင်းနောက်ခံ အချက်အလက် အထောက်အထားများကို ကိုးကား၍ “ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ” ခေါင်းစဉ်ဖြစ် စာတမ်းဖတ် ယှဉ်ပြိုင် ဟောပြောသွားခဲ့ကြရာ အကောင်းဆုံ ပထမဆုကို FWUBC မှ ကိုစည်သူကျော် ကလည်းကောင်း၊ ဒုတိယ ဆုကို BDA မှ မအေးနန္ဒာအောင် ကလည်းကောင်း၊ တတိယ ဆုကို DPNS-Jp မှ မကြည်ပြာဇော်ဝင်း မှလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပြိုင်ပွဲတွင် ပရိတ်သတ် အထူးစိတ်ဝင်စားမှုရရှိပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော မျိုးဆက်သစ် လူငယ်များအား နှစ်သိမ့်ဆုများဖြင့် ဂုဏ်ပြုလက်မှတ်များ ချီမြှင့်ခဲ့ပါသည်။

စာတမ်းဖတ်ပြိုင်ပွဲ ကျင်းပပုံ အစီအစဉ်များကို Burma Campaign Japan (BCJP)(www.burmacampaign.net)မှ ဂျပန်နှင့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာများပါ ကြည့်ရှုနိုင်ရန်အတွက် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါသည်။ညနေ ၉းး၀၀ နာရီတွင် ပြီးဆုံးခဲ့ပြီ ပထမ ဆုံးအကြိမ် ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပြိုင်ပွဲတွင် တက်ရောက်သူ စုစုပေါင်း ၁၀ဝ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။




သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

တိုင်းသူပြည်သားအားလုံးသို့ အိပ်ဖွင့်ပေးစာ

လွတ်လပ်ရေးဖခင် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သံဃာတော်များအား လျှောက်ထားချက်

အရှင်သူမြတ်များ ဘုရား … အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော် မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။
အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တကမ္ဘာလုံး ကိုးကွယ်ဆည်းကပ်

Saturday, July 17, 2010

အာဇာနည်နေ့

မြန်မာနိုင်ငံမှာ စစ်အစိုးရက အာဇာနည်ဆိုတဲ့စကားလုံးကို ဘယ်လောက်များကြောက်သလဲ မုန်းသလဲလို့တော့မမေးပါနှင့် အာဇာနည်နေ့ဆိုရင် စစ်အစိုးရက လုံခြုံရေးတိုးချတာတွေ စစ်သားတွေ လမ်းထိပ်တွေမှာ ပြုးကြောင်ကြောင်နှင့် လူတွေကို ဖြတ်သွားသမျှ မသင်္ကာအကြည့်နှင့် ကြည့်နေတဲ့မြင်ကွင်းက မဆန်းတော့ပါဘူး ပိုပြီး ကြောက်ကြောင်း ပြတာက အာဇာနည်နေ့ဆို စစ်အာဏါပိုင်တွေက သူတို့ လက်ထဲမှာဖမ်းဆီးပြီး အကျဉ်းချထားတဲ့ နိုင်ငံရေးအမှုတွေကို အကျဉ်းထောင်ထဲ တောင်ကြောက်လန့် နေပါတယ် ဘာမှလုပ်မရသူတွေကို အကစ (အကျဉ်းဦးစီးဌာန) ၀န်ထမ်းတွေနှင့်ရော အကျဉ်းသား အုပ်ချုပ်သူ လူတန်းစားဖြစ်သော စည်းကမ်းထိန်းတွေ အခန်းလူကြီးတွေ ဘုတ်ကိုင်တွေနှင့်ပါ မျက်လုံးဒေါက်ထောက် စောင့်ကြည့်ခိုင်းပြီး တထောင်လုံးလဲ ထောင်ဖွင့်ပြီးနောက်

(၂၂)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ချီတက်ဆန္ဒပြပွဲ ဖိတ်ကြားခြင်း။

8888 Invitation

Friday, July 16, 2010

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့

(ဗိုလ်မှူး အောင်လင်းထွဋ် )
ကျွန်တော့် အနေဖြင့် အခု တစ်လော ပြည်တွင်း ၊ ပြည်ပမှာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်ကူးယဉ် နေသူများကို ယခင် အတွေ့အကြုံ နဲ့ ယခုလက်ရှိ နေပြည်တော်လို့ ခေါ်တဲ့ ကြပ်ပြေး မြို့တော်က သူငယ်ချင်း များရဲ့ ပေးပို့ နေတဲ့ သတင်းများကို အခြေခံကာ သုံးသပ် တင်ပြ ချင်ပါတယ် ။

၁၉၈၈ ခု စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းမှာ AD လမ်းမှာနေတဲ့ ဗိုလ်ချုပ် နေ၀င်းရဲ့ အိမ်တွင် ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေး တစိတ်တပိုင်းကို အရင်ဦးဆုံး ပြောပြ ချင်ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဦးနေ၀င်းနဲ့ သူ့ရဲ့ လက်ရုံး တင်မဲ့ လက်သားတွေ ဖြစ်ကြတဲ့ ဦးစန်းယု၊ ဦးအေးကို၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် အပါအ၀င် ထိပ်ပိုင်း ခေါင်းဆောင်များ ရှိခဲ့ကြပါတယ် ။

လက်ရှိ တပ်မတော်ရဲ့ တာဝန် ရှိသူတွေထဲမှာ ထိုစဉ်က စစ်ဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်ညွှန့်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးမှာ ဦးနေ၀င်းကနေပြီး “စောမောင်နဲ့ ခင်ညွှန့် တိုင်းပြည်ရဲ့ အခြေအနေကို အားလုံး သိအောင် ရှင်းပြ”လို့ အမိန့်ပေးတော့ ဗိုလ်မှူးကြီး ခင်ညွှန့်က တစ်နိုင်ငံလုံး ဆူပူအုံကြွပြီး အုပ်ချုပ်ရေး ယန္တရား လုံးဝ ရပ်ဆိုင်းနေပြီ ဖြစ်တာရယ်၊ ကုန်သွယ်ရေး ၀န်ကြီးရုံးမှာ ပြည်သူလူထုနဲ့ စစ်တပ် နားလည်မှု ရသွားတာရယ်၊ တပ်မတော်တွင်း မှာ စစ်သည်များ မကျေမနပ် ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာတွေ၊ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင် များရဲ့ လှုပ်ရှားမှုတွေ၊ ဖမ်းဆီး ရမိမှု အခြေအနေ အလုံးစုံကို တင်ပြခဲ့တယ်လို့ သိရပါတယ်။


အဲဒီ နောက်ပိုင်း မှာတော့ ဦးနေ၀င်းက ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ တင်ပြချက်အပေါ် တက်ရောက် နားထောင်ကြတဲ့ အစိုးရ ခေါင်းဆောင်များရဲ့ သဘောထားကို မေးခဲ့ပါတယ်။ မည်သူ တစ်ဦး တစ်ယောက် ကမျှ ထုံးစံအတိုင်း ဘာသဘောထား မှတ်ချက်ကိုမှ ဦးနေ၀င်းရဲ့ ရှေ့မှာ မပေး ရဲခဲ့ကြပါဘူး။ ဒီတော့ ဦးနေ၀င်းက မဆလ ပါတီနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထောက်ခံမှု၊ ဘယ်လောက် ရာနှုန်းလောက် ရှိနိုင်လဲဆိုတာကို တက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကို မေးတော့ သူတို့က အဲဒီ အချိန်မှာ တပ်မတော်သား တွေကို သူတို့ရဲ့ ထောက်ခံမဲလို့ အပိုင်တွက် ထားပုံ ပေါ်ပါတယ်။ ဒါကြောင့် တပ်မတော် မိသားစုနဲ့ မဆလ ပါတီဝင် အင်အားစုတွေကို ပေါင်းပြီးတော့ ပြည်သူလူထု ထောက်ခံမှု အနည်း ဆုံး ၆၀% အထက်မှ ရှိကြ လိမ့်မည်လို့ တွက်ခဲ့ကြပါတယ်။


အဲဒီနောက် ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ လက်ရှိ အာဏာ ယူထားတဲ့ လူကြီးတွေကို “မင်းတို့ စောမောင်နဲ့ ခင်ညွှန့်တို့ကို အာဏာ လွှဲပေးလိုက်တော့”လို့ အမိန့် ပေးခဲ့ပါတယ်။ ဆက်လက် ညွှန်ကြားတာကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုပြီး ဖွဲ့ ဖို့ရယ် ဥက္ကဋ္ဌက စောမောင်၊ အတွင်းရေးမှူးက ခင်ညွှန့်ကိုထားပြီး တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်တိုင်းမှူးတွေကို အဖွဲ့ ၀င်တွေ ထားပြီး ဖွဲ့ဖို့ ဦးနေ၀င်းက အမိန့် ပေးခဲ့ပါတယ်။ အာဏာလွှဲယူပြီး စစ်အစိုးရဲ့ ကြေငြာချက် လမ်းညွှန်မှု အနေနဲ့ ကတော့ ဒို့တာဝန်အ ရေးသုံးပါးကို အခြေခံပြီး ရွေးကောက်ပွဲ တစ်ရပ်ကို ကျင်းပမည် ဆိုတဲ့ (Guide Line)အား ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ ချမှတ် ပေးခဲ့ပါတယ်။


ဦးနေ၀င်းရဲ့ Guide Line တွေကို စာသားအဖြစ် ရေးပေးခဲ့ရသူက ဒေါက်တာ မောင်မောင် ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့  ပြည်သူ လူထုထံ ပြောကြားသည့် ကြေငြာချက်ကို အဲဒီ အစည်းအဝေးမှာဘဲ ဒေါက်တာ မောင်မောင်က လက်ရေးမူနဲ့ ရေးသားခဲ့ပါတယ်။ န၀တ ဖွဲ့စည်းတာနဲ့ ပတ်သက် လို့ကတော့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးကြီး ခင်ညွှန့်တို့က အဲဒီ အစည်းအဝေးမှာဘဲ ဘယ်သူတွေ ပါဝင် ဖွဲ့စည်းမည် ဆိုတာ ကို ဦးနေ၀င်းကို တင်ပြ ခဲ့ကြတယ်လို့ သိရပါတယ်။


အဲဒီ နောက်ပိုင်းမှာတော့ လက်ရေးမှုတွေနဲ့ ရေးထားတဲ့ စာရွက်တွေကို ထိုစဉ်က တပ်မတော် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့်(နောင် ပြန်ကြားရေး ၀န်ကြီး) ဒုတိယ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (နောင်ဘဏ္ဍာ ရေး ဒုတိယ၀န်ကြီး)တို့ (၂)ဦးက မြန်မာ့အသံကို သွားရောက်ပြီး စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ(၄)နာရီမှာ နိုင်ငံတော်ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။


အဲဒီ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမိန့် ကြေငြာချက်တွေ ဆက်တိုက် ထုတ်ပြန်လာပြီး နိုင်ငံရေး သမားတွေနဲ့ ပြည်သူ လူထုတွေကို ဆူပူ ဆန္ဒပြ နေရာက ရွေးကောက်ပွဲလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ အမှန်တကယ်ဘဲ ရွေးကောက်ပွဲပြီးရင် ပြည်သူ လူထုကို အာဏာလွှဲပေးမယ် ဆိုတာကို တရားဝင် ပြောကြားခဲ့ပါတယ်။


ကျွန်တော်တို့သိသလောက် ဗိုလ်ချုပ်စောမောင် အဲဒီအချိန်က ယုံကြည်ခဲ့တာက တစညနဲ့ စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေး ပါတီတွေ သည်ရွေးကောက်ပွဲမှာ ရှုံးရင်တောင်မှ အပြတ်အသက် မရှုံးနိုင်ဟု လျှော့တွက် ခဲ့ပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲကို သမာသမတ်နဲ့ လုပ်ဖို့ လက်အောက်ကို အမိန့် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင် မသိတာကတော့ တစည ပါတီကို ပြည်သူတွေ ဘယ်လောက် မုန်းတီးနေတယ် ဆိုတာနဲ့ တစည အမတ်လောင်းတွေ (Golf) ရိုက်ပြီး စည်းရုံးရေး ဆင်းနေတာ တွေကိုပါ။


ဒီ့အပြင် ဗိုလ်စောမောင်ဟာ ဦးနေ၀င်းနဲ့ အစည်းအဝေးမှာ သူ့ရဲ့  ဆရာသမား မဆလ ခေါင်းဆောင် တွေရဲ့  ပြောစကားတွေကို ယုံကြည် မိခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ကို ကျောထောက် နောက်ခံလုပ်မဲ့ အစိုးရကသာ အာဏာရ လိမ့်မယ်လို့ သူ့အနေနဲ့ လျှော့တွက် ခဲ့ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပါဘဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ န၀တ တဖွဲ့လုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်ခဲ့ကြ ပါတယ်။ ခြေမကိုင်မိ၊ လက်မကိုင်မိ ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ကြတယ်။


ဒီအထဲမှာ ရွေးကောက်ပွဲမှာ နိုင်တဲ့ အမတ်အချို့က စစ်တပ်ကို ပြုပြင် ပြောင်းလဲရမယ်၊ အရေးအခင်းမှာ ပြည်သူတွေကို သတ်ခဲ့သူတွေ ဖေါ်ထုတ် အရေးယူရမယ်၊ စစ်တပ်တွင်း မှာလဲ ဗိုလ်မှူးကြီး အဆင့်နဲ့ အထက် ပုဂ္ဂိုလ်များကို ဖယ်ရှားပစ် ရမယ်၊ စတဲ့ အချက်တွေကို ကြွေးကြော် လာခဲ့တာ တွေ့ရှိ လာပါတယ်။ စစ်တပ် အတွင်းမှာလဲ တပ်မတော်ရဲ့ အနာဂါတ် ဘယ်လို ဖြစ်လာ နိုင်မလဲ ဆိုတာကို စိုးရိမ် လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင် ကိုလဲ ကျန်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် န၀တ အဖွဲ့ဝင် တချို့က ဖိအား ပေးလာခဲ့တာ တွေ့ရှိ ရပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပုဂ္ဂိုလ်ရေး အရ ပိုမို ရင်းနှီးတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ် ဖုန်းမြင့်၊ ဗိုလ်ချုပ် မောင်မောင်ခင် (ရေ)၊ ဗိုလ်ချုပ် တင်ထွန်း(လေ)၊ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ် တင်ဦး တို့ရဲ့ ဖိအားကိုလည်း ဗိုလ်ချုပ်ကြီး စောမောင် ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီး စောမောင် အရက်တွေ ဖိသောက်လိုက်၊ ပုတီးစိပ်လိုက်နဲ့ ဂယောင် ခြောက်ခြား ဖြစ်ခဲ့ ရပါတယ်။


NLD ကလည်း ရွေးကောက်ပွဲ နိုင်တဲ့ အမတ်တွေစုပြီး စစ်တပ်ကို အာဏာလွှဲပေးဖို့ ဂန္ဒီခမ်းမမှာ စုဝေးပြီး တောင်းဆိုမဲ့ ကြေငြာချက် စာတမ်းတွေ ထုတ်မယ်လို့ သတင်းတွေလဲ ရခဲ့ပါတယ်။ နောက်ဆုံးတော့ NLD ကို အာဏာ လွှဲမပေးဖို့ ဗိုလ်ချုပ် သန်းရွှေနဲ့ အပေါင်းအပါတွေ သဘောထား တင်းမာတဲ့ သူတွေရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ် ခင်ညွှန့်တို့ပါ ပူးတွဲပြီး ဗိုလ်ချုပ်ကြီး စောမောင်ကို တင်ပြလာတဲ့ အခါမှာတော့ NLD ကို အာဏာလွှဲ မပေးဖို့နဲ့ ရွေးကောက်ပွဲနိုင် အမတ်တွေဟာ အခြေခံ ဥပဒေအသစ် ရေးဆွဲဖို့သာ ဖြစ်တယ် ဆိုတဲ့ န၀တရဲ့၁/၉၀ ကြေ ငြာချက်ကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ကတိကို လွယ်လွယ်လေး လက်နဲ့ ရေးပြီး ခြေနဲ့ ဖျက်ခဲ့တာကို အားလုံး အမှတ်ရ လိမ့်မယ် ထင်ပါတယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရဲ့ သင်ခန်းစာကို ဗိုလ်ချုပ်ကြီး သန်းရွှေ ကောင်းကောင်းကြီး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်လဲ ရွေးကောက်ပွဲမှာ ကတိ ဖျက်ခဲ့ရတာရယ်၊ လက်အောက်က လုပ်ဖေါ် ကိုင်ဖက် များရဲ့ Pressure တွေရယ်၊ ပြည်တွင်း နိုင်ငံရေး အင်အား စုတွေရဲ့Pressure တွေရယ်၊ ပြည်ပနိုင်ငံများရဲ့ Pressure တွေရဲ့ ဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး နောက်ဆုံး ယဉ်ယဉ်လေးနဲ့ ရူးခဲ့ရတဲ့ အရှုးတပိုင်းလို ဖြစ်သွား ခဲ့ရပါတယ်။


အဲဒီတုန်းက ဗိုလ်ချုပ် ခင်ညွှန့် ကိုယ်တိုင် ဗိုလ်ချုပ် သန်းရွှေ ဘက်ကို ဘက်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမောင် ဖယ်ရှားရေးကို တိုးတိုး တိတ်တိတ် ကြိတ်ပြီး စီစဉ်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာဘဲ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို တသားတည်း ဥပက္ခာပြု ဖယ်ရှားခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်ကြီးသန်းရွှေတက်လာပြီး အမျိုးသားညီလာခံဆိုတဲ့ နိုင်ငံရေးခေါင်းစဉ်တပ်ကာ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူ လူထုကို လှည့်စား ခဲ့ပြန်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး နိုင်ငံရေး လှည့်ကွက် အမျိုးမျိုးနဲ့ အယုံ သွင်းခဲ့တယ် ဆိုတာကိုလည်း ကျွန်တော့် အနေနဲ့ သတိပေးချင် ပါတယ်။


ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့တန်းက အော်နေရှာတဲ့ ကိုအေးလွင်(၈၈ကျောင်းသား) နဲ့ အဖွဲ့တွေကို အကျဉ်းကျ နေစဉ် ထောက်လှမ်းရေး အဖွဲ့တွေက ကြိမ်ဖန် များစွာ နားချ စည်းရုံးမှုနဲ့ အတူ အမျိုးသား ညီလာခံ ဆိုတာကြီးကို ဘုမသိ ဘမသိ အချိန် ကတည်းက သဘောတရား ရိုက်သွင်း နိုင်ခဲ့ပါတယ်။ NLD ဖြိုခွဲရေး ဆိုတဲ့ Plan အရလည်း NLD ထဲက မိုးလင်း၊ ကြည်ဝင်းတို့ အဖွဲ့တွေကို ထောက်လှမ်းရေး အဖွဲ့ တွေကဘဲ ဖဲ့ထုတ် စည်းရုံး နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ ထောက်လှမ်းရေး ပျောက်သွားပေမဲ့ ဒီအဖွဲ့တွေ ကတော့ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေရဲ့(Psy War)မှာ အသုံးချဖို့ လက်ကွက် ကျန်ရစ် နေဆဲပါ။ ပြည်ပမှာ ဆိုရင် နိုင်ငံခြားသား တွေနဲ့ ပေါက်ရောက်တဲ့ အထူးသဖြင့် အနောက် နိုင်ငံတွေကို ထိုးဖောက် ၀င်ရောက် နိုင်မဲ့ ဒေါက်တာ ကျော်ရင်လှိုင် တို့၊ ဒေါက်တာ ဇာနည် တို့အား ထောက်လှမ်းရေး ကဘဲ အသိမဲ့ သတင်းပေး Unconscious Informer အဖြစ် သုံးခဲ့သလို ယခုလဲ ဒေါက်တာကျော်ရင်လှိုင် အပါအ၀င် English လို ဘိုလို ပြောနိုင်တဲ့ သူတွေကို အများကြီး ပြန်လည် အသုံးချ နေတာတွေကို တွေ့ရမှာဖြစ် ပါတယ်။ နအဖရဲ့  စည်းရုံးမှုကို ခံသွားရရှာသော အေးလွင်ကို ကျွန်တော့် အနေနဲ့ ပြောချင်တာက ယခင်၊ ယခု အသုံးချနေတဲ့ သူတွေကို မျိုးချစ် စိတ်ဓာတ်တွေ သွင်းပြီး ထင်ရောင် ထင်မှားဖြစ်စေမဲ့ အကြောင်းအရာများကို အခြေခံကာ မြှောက်ပင့် ပေးလိုက်သည့် အတွက် Brain Wash လုပ်ခံ ရမှန်း မသိ လုပ်ခံလိုက်ရတာကို သတိထား စေချင်ပါတယ်။ အဲဒီ သူတွေ ကိုယ်တိုင်ကတော့ သူတို့ကိုယ် သူတို့ မသိ ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ကိုလည်း အမြင်မှန်တွေ ပြန်ရအောင် Brain Wash ပြန်လုပ် ပေးဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။


ဒါကြောင့် ယနေ့ နေပြည်တော် ကနေ သတင်းပေးပို့လာတဲ့ အတွင်းသတင်း တစ်ခုကို အသိပေးချင် ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခင်၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ် စေရန်၊(Plan)များ ရေးဆွဲ ထားတယ်လို့ သိရပါတယ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မှာ ဖြစ်ပါတယ်။
  • (A - Plan )အနေနဲ့ ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ အုပ်စုက ပြတ်ပြတ် သားသား နိုင်ခဲ့မည် ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အစိုးရဖွဲ့၍ အာဏာလွှဲပြီးပါက ၄င်းအနေဖြင့် တရုတ် နိုင်ငံက ခေါင်းဆောင် တိန့်ရှောင်ပိန်၊ အီရန် နိုင်ငံက ဘာသာရေး ခေါင်းဆောင် အဌာကိုလာခိုမေနီ တို့လို၊ ရှိနေမည် ဖြစ်ပြီး နေရာတိုင်း၊ အစိုးရ အဖွဲ့ကို ၀င်စွက်တော့မည် မဟုတ်ပါ။
  • (B Plan)အနေနဲ့ ကတော့ ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံတဲ့သူများ ပြတ်ပြတ်သားသား မနိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူ လက်ရှိ SPDC (သို့) အလားတူ စစ်ကောင်စီ တစ်ခုသည် အစိုးရ၏ နောက်ကွယ်တွင် ရှိနေမည် ဖြစ်ပါတယ်။ ဥပမာ အနေဖြင့် မြောက်ကိုးရီးယား၊ ကျူးဘား နိုင်ငံ တို့လို၊ ယခင် မဆလ ဥက္ကဋ္ဌ ဦးနေ၀င်းလို ပုံစံမျိုး၊ ဆက်ရှိ သွားမည် ဖြစ်ပါတယ်။
  • (C Plan) အနေဖြင့် ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံသူများ ရှုံးနိမ့် ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်က အာဏာ ပြန်သိမ်းဖို့ ဆိုပြီး Plan (၃) ခု ရေးဆွဲထားပြီး ဖြစ်တယ် ဆိုတာကို သိရပါတယ်။
ဒီ Plan တွေ မတိုင်မှီ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေမှ နေ၍ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို သတင်း စုဆောင်းပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ရုံးကို အစီရင် ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေကို ရေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံ ဗဟို ကော်မတီဝင်၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းညွှန့်ကို တိုက်ရိုက် လမ်းညွှန်ပြီး ရေးခိုင်း တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုမကုန်မှီ ဦးသောင်းညွှန့်ကိုယ်တိုင် အချောသတ်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေထံ လက်မှတ် ထိုးဖို့၊တင်ပြ ထားတယ်လို့ သိရပါတယ်။


မူလက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လွတ်လပ်ရေးနေ့မှာ Election Law ထုတ်ဖို့ လက်အောက်က စီစဉ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုံးက ထွက်လာတဲ့ သတင်းအရ ကတော့ ရွေးကောက်ပွဲ မတိုင်မှီ (၆) လ လောက် လိုမှ အမိန့်ထွက်မယ်။ ပါတီတွေကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချိန် ကန့်သတ် ထားတာ ဖြစ်တယ်။ ဒီ့ပြင် စစ်တပ် ထောက်ခံမည့် ကြံ့ဖွတ် အပါအ၀င် အခြား နိုင်ငံရေး ပါတီတွေ အပေါ် လက်ရှိ အခြေအနေကို အားမရသေးဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှတ်ချက် ပြုထားကြောင်း သိရပါတယ်။ ဒါကြောင့် ဒီအဖွဲ့တွေကို ရက်တို နိုင်ငံရေး မွမ်းမံ သင်တန်းတွေပေးဖို့ ကြံ့ဖွတ် ၀န်ကြီးတွေကို ဆူပူနေတယ်လို့ သိရပါတယ်။


နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ ဗိုလ်ချုပ် သန်းရွှေ အနေနဲ့ နာဂစ်မုန်တိုင်း အပြီး ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသစ်ကို အ နောက်နိုင်ငံတွေက လက်ခံလာအောင်လုပ်ဖို့ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို Pressure ပေးနေတယ်လို့ သိရ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွား ပေမဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရဘူး ဆိုရင် ဘယ်လိုအစိုးရမျိုးဘဲ ပေါ်လာပေါ်လာ ထူးခြားမှု မရှိနိုင်ဘူး ဆိုတာကို ဗိုလ်ချုပ် သန်းရွှေ အနေနဲ့ သဘောပေါက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ မထူးဇာတ် ခင်းပြီး ဖြစ်ချင်ရာဖြစ် ဆိုတာမျိုးလဲ လုပ်သွား နိုင်တယ်လို့ နေပြည်တော် ဗိုလ်ချုပ်မှူးကြီး ရုံးက ထွက်လာတဲ့ သတင်းတွေ အရ သိရပါတယ်။ ယခု နောက်ဆုံးရ တဲ့သတင်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်တော့မှ အာဏာကို လက်လွှတ်မှာ မဟုတ်၊ သေရင်တောင် သရဲ ဘ၀ကနေ အာဏာကို ယူထားမှာဟု ၄င်းနှင့် နီးစပ်သော ဆွေမျိုး အသိုင်းအ၀ိုင်း က တဆင့် သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး နားလည်ထားရမှာ က တော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ မြန်မာနိုင်ငံ အတွက် ဘာတစ်ခုမှ အကျိုး ဖြစ်ထွန်း လာမှာ မဟုတ်ဘူး ဆိုတာကို သေသေချာချာ နားလည် ထားစေချင် ပါတယ်။


ယနေ့ မြန်မာ နိုင်ငံဟာ သာမန် အရပ်သူ အရပ်သားများတင် မကပါဘူး။ တပ်မတော်သားများ အားလုံးလည်း ကျေးကျွန် ဘ၀ကို ရောက်နေ ကြရတာပါ။ ဒီဖွဲ့စည်းပုံ၊ ဒီရွေးကောက်ပွဲနဲ့ ဆက်လက်သွားနေလို့ကတော့ “ကျွန်” ဘ၀က လွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို စစ်ကျွန် ပြုမည့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဒီရွေးကောက်ပွဲကို လက်မခံဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး အနေနဲ့ မြန်မာနိုင်ငံကို တကယ် ဂုဏ်သိက္ခာ ရှိရှိနဲ့ နိုင်ငံတကာမှာ မြန်မာ လူမျိုးရယ်လို့ ဖြစ်စေချင်ရင် လက်ရှိ စစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၊ တိုင်းရင်းသား လူမျိုးတွေရယ်၊ အတိုက်အခံ အင်အားစု တွေရယ်၊ လယ်သမား၊ အလုပ်သမားများရဲ့ ကိုယ်စားလှယ် တွေရယ်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ ၀ိုင်းဝန်း ဖိအားပေးဖို့ လိုပါတယ်။ ဒီလို ဖိအားကို အားလုံးတက်ညီလက်ညီသာ လုပ်ပေးမည် ဆိုလျှင် တပ်မတော်တွင်းမှာ ရှိနေသော ပုဂ္ဂိုလ်များလည်း၊ ပါဝင်လာနိုင် လိမ့်မည် ဖြစ်ပါတယ်။


နိဂုံးချုပ် အနေဖြင့် တင်ပြချင်တာ ကတော့ စစ်တပ် အတွင်းမှာလည်း မြန်မာ နိုင်ငံ ကောင်းကျိုး အတွက် ပြုလုပ်ချင် နေတဲ့ အစုအဖွဲ့ တစ်ခု ရှိကို ရှိနေပါတယ်။ ကျွန်တော်တို့ အားလုံးသာ သဘောထား ကွဲတာတွေ တခြား ကိစ္စတွေကို ဘေးဖယ်ထားပြီး “ကျွန်တော်တို့ နိုင်ငံ အတွက်” ဆိုတဲ့ ဦးတည်ချက် တစ်ခုထားကာ ညီညီ ညွတ်ညွတ် စုပေါင်း လိုက်ကြရင် စစ်တပ်ထဲကလည်း ပါဝင် လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက် ပွဲကြီးဟာ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံမျိုး၊ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတာ၊တင်ပြ လိုက်ရပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လိမ်လည် လှည့်ဖျားမှုကို သတိပြုကြပါ”
* (ဆောင်းပါးသည် တနှစ်ကျော်က ရသော သတင်းအပေါ် အခြေခံ ထားသော်လည်း နအဖသည် ဆက်လျှောက် နေဆဲ ဖြစ်သည် )

ဦးဝင်းထိန် လွတ်ပြီ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူနေရင်း ၁၉၉၆ ခုနှစ်ထဲက ဖမ်းဆီးထောင်ချ ခံထားရသူ ဦးဝင်းထိန်ဟာ ဒီနေ့မှာပဲ ကသာထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။
လောလောဆယ် မန္တလေးကို သင်္ဘောနဲ့ သွားနေတယ်လို့ သူ့မိသားစုဝင်က အတည်ပြုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် စစ်တပ်အရာရှိဟောင်း တယောက်ဖြစ်တဲ့ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျ အခြေစိုက် ABC ရုပ်သံကို အင်တာဗျူး ပေးတဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ တခါ ဟင်္သာတဘက်က လယ်သမားတွေ နွေစပါး မအောင်တဲ့အကြောင်း ကုလသမဂ္ဂကို စာပို့တဲ့အတွက် ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ၁၄ နှစ် ချခံခဲ့ရတာပါ။

၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သူပါပြီး အကျဉ်းထောင်ကနေ လွတ်လာခဲ့ပေမဲ့ နေအိမ်မရောက်ခင်မှာဘဲ ပြန်အဖမ်းခံရပြီး ထောင်ထဲ ပြန်ပို့ခံခဲ့ရတာ ဖြစ်ပါတယ်။

VOA သတင်း

Thursday, July 15, 2010

အမေရိကန် အောက်လွှတ်တော် စစ်အစိုးရကို ဒဏ်ခတ်မှု သက်တမ်းတိုးရေး အတည်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ အောက်လွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး တိုးတက်ပြောင်းလဲမှု ဘာမှ မတွေ့ရတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးဝါးလာတာကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေ ဒီထက်ပိုပေးဖို့ လိုမယ်လို့လည်း လွှတ်တော်အမတ်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ (Joseph Crowley) ဦးဆောင်ပြီး အောက်လွှတ်တော်အမတ် ၂၀ ကျော်ဟာ အခု ဒီဥပဒေ သက်တမ်းတိုးရေးအတွက် အဆိုပြုခဲ့ပါတယ်။ ဒီအပေါ်မှာ ကန့်ကွက်သူ မရှိဘဲ အောက်လွှတ်တော် တရပ်လုံးက မနေ့က အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အင်မတန် အရေးကြီးတယ်လို့ အဆိုတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက အဆိုတင်သွင်းစဉ်မှာ ပြောခဲ့ပါတယ်။

“ဒီဥပဒေကို သက်တမ်း ထပ်တိုးလိုက်တာဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အလွန်တရာ အရေးကြီးပါတယ်။ အခု ဒီဥပဒေ အပါအ၀င် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကြောင့် ဥပဒေမဲ့ လုပ်ရပ်တွေ ပံ့ပိုးရာရောက်မယ့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို မြန်မာစစ်အစိုးရလက်ထဲ မရောက်အောင် တားဆီးလိုက်နိုင်ပါတယ်။ သိပ်ကို ထူးကဲလွန်းတဲ့ အမျိုးသမီးတဦးကြောင့် ဒီဥပဒေတွေ ဖြစ်ပေါ်လာတာပါ။ သူကတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူဟာ တဦးတည်းသော အကျဉ်းကျခံနေရတဲ့ ကမ္ဘာ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ မြန်မာလူထုအပေါ် ကျူးလွန်မှုတွေဟာ သာမန် လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်တော့ဘဲ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်တယ်လို့လည်း အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက ပြောပါတယ်။

“မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား ကျေးရွာပေါင်း ၃,၅၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ ကျေးရွာသားပေါင်း သိန်းနဲ့ချီ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးကြရပါတယ်။ ဒုက္ခသည် သန်းနဲ့ချီ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုအောင်းနေရပါတယ်။ အပြစ်မရှိတဲ့ မြန်မာအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကား အဓမ္မပြုကျင့်တာကို စစ်လက်နက်သဖွယ် အသုံးပြုနေပါတယ်။ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သက် မဟုတ်တော့ပါဘူး။ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပါတယ်။”

ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ချားလ်စ် ဘော်စ်တာနီ (Charles Boustany) ကတော့ အခုလို စီးပွားရေး ပိတ်ဆို့မှုမျိုးရဲ့ ထိရောက်မှုတွေကို စောင့်ကြည့် အကဲခတ်နေတုန်း ဆိုပေမဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် နိုင်ငံတကာက ၀ိုင်းဝန်းဆောင်ရွက်မှ ရမယ်လို့ သူက ယုံကြည်ပါတယ်။ ဒါကြောင့် မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အာဆီယံတို့က စီးပွားရေးအရ ဖိအားပေးသင့်တယ်လို့ သူက ယူဆပါတယ်။

“မြန်မာစစ်အစိုးရနဲ့ သူ့အပေါင်းပါတွေကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ရေး ကုလသမဂ္ဂနဲ့ အခြား ကုန်သွယ်ဘက် နိုင်ငံတွေကို တိုက်တွန်းသွားဖို့ အမေရိကန် အစိုးရကို ကျနော် အပြင်းအထန် တိုက်တွန်းပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့လည်း မြန်မာအစိုးရနဲ့ ထိစပ်ဆွေးနွေးမှုတွေ အတော်လေး မြှင့်တင်ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာစစ်အစိုးရက ဒီနှစ်အတွင်းလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိ စစ်အုပ်စု အာဏာ ပိုမိုချုပ်ကိုင်လာနိုင်မယ့် အခြေအနေပဲ ရှိတယ်လို့ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက မြင်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတာကို နားလည်ပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ အပြောင်းအလဲတွေ လုပ်ဖို့ လုံးဝ ငြင်းပယ်ထားတယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။ ဒီအခြေအနေပေါ်မှာ စစ်အစိုးရကို နိုင်ငံတကာ ဖိအားတွေ တိုးမြှင့်မပေးနိုင်တဲ့ အခြေအနေ အပေါ်မှာလည်း စိတ်ပျက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်တာထက် ပိုပြီး ဖိအားပေးရမယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။

“ကျနော်တို့မှာ စောင့်ဖို့ အချိန်မရှိပါဘူး။ မြန်မာအစိုးရဟာ အခုနှစ်အတွင်းမှာ ရှက်ဖွယ်ကောင်းတဲ့ ရွေးကောက်ပွဲတခု လုပ်ဖို့ ပြင်နေပါတယ်။ ဒီကနေ သိုးရေခြုံတဲ့ ၀ံပုလွေတကောင်လို အစိုးရတရပ် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ မြန်မာလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး သူတို့လိုရာကို မရိုးမသား မရမကလုပ်ဖို့ ကြံစည်နေပါတယ်။ ရွေးကောက်ပွဲပြီးရင်လည်း အခုလို စစ်ခေါင်းဆောင်မျိုးတွေပဲ အာဏာရလာမှာပါ။ ဒီရွေးကောက်ပွဲ ရလဒ်ကို ကြိုပြင်ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါဝင်ခွင့် မပေးပါဘူး။”

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံသူတွေ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်းအနီးမှာ အကြမ်းဖက် တိုက်ခိုက်ခံရအပြီး ထွက်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အဲဒီကတည်းက အထိန်းသိမ်း ခံခဲ့ရတာပါ။ ဒီဥပဒေရဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံတွင်းက သွင်းကုန်တွေကို ပိတ်ပင်မှုပါ။ အမေရိကန် ပြည်ထောင်စုဘက်က သွင်းကုန် ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံတွင်း အထည်ချုပ်စက်ရုံအချို့ ပိတ်လိုက်ရပြီး ဒီဥပဒေကြောင့် မြန်မာလူထုကိုလည်း ထိခိုက်မှု ရှိတယ်လို့ ဝေဖန်မှုအချို့တော့ ရှိပါတယ်။

ဒါပေမဲ့လည်း ဒီဥပဒေကြောင့် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပိုပြီး အထိနာစေတယ်လို့ အမေရိကန် ပိတ်ဆို့မှုကို ထောက်ခံသူတွေက ပြောပါတယ်။ စစ်အစိုးရနဲ့ သူနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပိုပြီး ပစ်မှတ်ထား၊ ပိုပြီး ထိရောက်တဲ့ အမေရိကန် ပိတ်ဆို့မှုကတော့ နောက်ဆုံး ချမှတ်ခဲ့တဲ့ JADE ACT လို့ အမည်တွင်တဲ့ စီးပွားရေး ပိတ်ဆို့မှု ဥပဒေ ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ အခု ၂၀၀၃ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးမှု အတည်ဖြစ်ဖို့ ဆိုရင်တော့ အထက်လွှတ်တော်က အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

VOA သတင်း

Monday, July 12, 2010

မတရားဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆို ။






၂၀၁၀ ခုနှစ် ဇူလိုင်လ(၁၂)ရက်။


နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၁၁)လပြည့်သွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ နအဖ စစ်အခွန်ရုံးရှေ့  ယနေ့  ဇူလိုင်လ (၁၂)ရက် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။


ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် အဓိက ဆောင်ရွက်နိုင်စွမ်းရှိသူ တယောက်လည်းဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် အထူးပင် လိုအပ်လှပါသည်။ အဓိက ကျသူတစ်ဦး ဖြစ်ကြောင်းကို အခမ်းအနားမှူး ဦးမြတ်သူမှ ရှင်းလင်း ပြောကြားသွားပါသည်။


လက်ရှိမြန်မာပြည်၏ အခြေအနေနှင့် တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးရန် အတွက် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ ၈ ဖွဲ့ ၊ တိုင်ရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့ တို့၏ တိုက်တွန်းတောင်းဆိုသည့် စာများကို တိုကျိုရှိ မြန်မာစစ်အခွန်ရုံး(သံရုံး) သံအမတ်ကြီးကနေ တဆင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လိပ်မူ၍ ပေးပို့ခဲ့ပါသည်။


ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် အမိန့်ချမှတ်ခဲ့သည့် လစဉ်(၁၁)ရက် နေ့ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။


သတင်းမှတ်တမ်း ။ Mai Kyaw Oo(http://www.pnsjapan.org/)အားကျေးဇူးတင်ရှိပါသည်။

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်များ....


ဒီနေ့ အလုပ်အားလပ်ရက် ရတဲ့နေ့မှာ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ကျိုတိုမြို့ကို မိတ်ဆွေ (၃)ဦးနဲ့ အလည်တစ်ခေါက် ရောက်ရှိခဲ့ပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ကျိုတိုတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တုန်းက နေထိုင်ခဲ့တဲ့ အမေစုအတွက် အမှတ်တရ ပြုလုပ်ထားတဲ့ အခန်းကိုပါ။ ကျိုတိုရောက်တော့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကျိုတိုဘူတာကနေ မိနစ်(၂၀)လောက် ဘတ်(စ်)ကား စီးပြီးသွားခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်ကို ရောက်ပြီး မေးမြန်း စုံစမ်းကြည့်တော့ ဒေါ်အောင်ဆန်းစုကြည် အခန်းကို ကြည့်ရှူခွင့် ရဖို့အတွက် ကြိုတင်အကြောင်းကြားပြီး ရက်ချိန်းယူရပါတယ်တဲ့.. ။ ဒါပေမယ့် ကျွန်တော်တို့ ဝေးလံတဲ့ တိုကျိုမြို့က တကူးတက လာကြည့်တယ် ဆိုတာသိတော့ သူတို့စီစဉ်ပေးပါတယ်။


ကျိုတိုတက္ကသိုလ်ကနေ နောက်ထပ် တက္ကစီစီးပြီး အမေစုနေခဲ့တဲ့ အဆောင်ကို ရောက်ခဲ့ပါတယ်။ သွားရောက်ခွင့် မှတ်တမ်းတင်ခွင့် ရရှိခဲ့တဲ့အတွက် ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာ ကြည်နှူးခဲ့ကြရပါတယ်။ အဆောင်ရှေ့ မြင်ကွင်းကို ကြည့်ပြီး ငါတို့ခေါင်းဆောင် ဒီနေရာမှာ နေထိုင်ခဲ့တာ ပါလားလို့ .. တွေးတော နေမိလိုက်တယ်။ အဆောင်ရဲ့ (၃)ထပ်ကို ဓာတ်လှေကားနဲ့ တက်သွားတဲ့ အခါမှာတော့ Aung San Suu Kyi Room ဆိုတာကို ကြေးနီပြားပေါ်မှာ ရေးထိုးထားတာကို တွေ့လိုက်ရတယ်။ နောက်အခန်းက ကျွန်တော်တို့ ကြိုတင် အကြောင်းကြားပြီး လာရောက်တာ မဟုတ်တဲ့အတွက် နေထိုင်ခဲ့တဲ့ ပုံစံတူတွေ ပြုလုပ်ပေးဖို့ အချိန်မရှိပေမယ့်… ဒေါ်အောင်ဆန်းစုကြည် ကျောင်းမှာ နေထိုင်စဉ် ဓာတ်ပုံမှတ်တမ်းတွေနဲ့ ကိုယ်ရေးရာဇဝင် ၈၈၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ထိုစဉ်က ဂျပန်သတင်းစာပါပုံတွေကို မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်…။ ကျွန်တော်တို့ ခေါင်းဆောင်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့ကနေ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ဒီအခန်းမှာ နေထိုင်ပြီး စာတမ်း သုတေသနပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စာတမ်းပြုစုခဲ့တဲ့ ခေါင်းစဉ်ကတော့ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ကို (၉)လကြာ အခန်းနံပါတ် E306 မှာနေထိုင်ပြီး စာတမ်းပြုစုခဲ့ပါတယ်..။
ကျိုတိုတက္ကသိုလ်မှာ နေထိုင်ပြီး စာတမ်းပြုစုနေထိုင်ခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဆန်ဆန် မြန်မာရိုးရာ အမျိုးသားဝတ်စုံ ကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်…။ အခန်းအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်တဲ့ စာအုပ်တွေနဲ့ Biography တွေရှိနေပါတယ်….။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းစာအုပ်အတွင်းမှာတော့ နိုင်ငံပေါင်းစုံက ဒေါ်အောင်ဆန်းစုကြည်ကို လေးစား..မြတ်နိုးသူတွေရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်အတွက် အမှတ်တရတွေ ရေးထားတာကို ဖတ်ကြည့်ပြီး အထူးပီတိဖြစ်ခဲ့ရပါတယ်.။ အခုအချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားတဲ့ ခေတ်စံနစ်ကြီးထဲမှာ အဖိအနှိပ်ခံပြည်သူတွေ အတွက် မတရားတဲ့ ဥပဒေတွေ ကိုအံ့တုရင်း ရင်ဆိုင် ပြည်သူတွေဘက်က မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲ ဝင်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၀ရွေးကောက်ပွဲအပြီးမှာ ပြည့်သူ့အစိုးရသာ ပေါ်ထွန်းလာခဲ့မယ်.. ဆိုရင် အခုချိန်မှာ ဆိုရင် ရင့်ကျက်တဲ့ ဒီမိုကရေစီအစိုးရ အနေနဲ့ အနှစ် (၂၀)ခရီးကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ် ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ်အနေနဲ့ အနှစ်(၂၀) အတွင်းမှာ အမှားအယွင်းတွေကို ပြင်ဆင်နိုင်ဖို့ တိုင်းပြည်ထူထောင်ဖို့ အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာပါ..။ နုပျိုငယ်ရွယ်တဲ့ အချိန်မှာ ကျွန်တော်တို့ လူထုခေါင်းဆောင်သာ ဦးဆောင်ခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်ကူးတွေနဲ့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ၊ချမ်းသာပြီး တိုင်းပြည်အကျိုးကို ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..အမေ..။

လိုက်လံပို့ဆောင် ပေးသူအား အထူးကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

http://www.demowaiyan.co.ccမှဖေါ်ပြပါသည်။ 

ဂျပန်အာဏာရပါတီ လွှတ်တော် ရွေးကောက်ပွဲမှာ အရေးနိမ့်




Copy from_ ANNnewsCH
ဂျပန်နိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေအရ ၀န်ကြီးချုပ်သစ် နာအိုတို ခန်း (Naoto Kan) ရဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ အနေနဲ့ လွှတ်တော်တွင်းမှာ အမတ်နေရာ အများစု ရထားတာကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။


ဂျပန် ဒီမိုကရက်တစ်ပါတီ (DPJ) ဟာ သူတို့ခန့်မှန်းထားတဲ့ အမတ်နေရာ အရေအတွက် ၅၄ နေရာထက် လျော့ပြီး အမတ်နေရာ ၅၀ အောက်ကိုပဲ အနိုင်ရမယ်လို့ ဂျပန် သတင်းမီဒီယာတွေက ကောက်ယူတဲ့ စစ်တမ်းတွေကနေ ခန့်မှန်းထားပါတယ်။


ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကို တနင်္လာနေ့မှာ သိရမယ်လို့ မျှော်လင့်ထားကြပါတယ်။ အခုထွက်ထားတဲ့ ခန့်မှန်းချက်တွေ အတည်ဖြစ်မယ် ဆိုရင်တော့ အာဏာရ ညွန့်ပေါင်းအဖွဲ့ဟာ အမတ်နေရာ ၂၄၂ နေရာရှိတဲ့ အထက်လွှတ်တော်မှာ လူဦးရေအများစု ရထားတာကို လက်လွှတ်ရတော့မှာပါ။


ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုပဲ ထွက်လာထွက်လာ သူ ၀န်ကြီးချုပ်နေရာမှာ ဆက်နေမယ်လို့ ၀န်ကြီးချုပ် နာအိုတို ခန်းက လွှတ်တော်အမတ် တယောက်ကို ပြောတာကို ကိုးကားပြီး တိုကျိုအခြေစိုက် NHK သတင်းဌာနက ကြေညာပါတယ်။


ဝန်ကြီးချုပ်ရဲ့ ဂျပန် ဒီမိုကရက်တစ် ပါတီဟာ သြဇာကြီးတဲ့ အောက်လွှတ်တော်မှာ လွှတ်တော်အမတ်နေရာ အများစုကို ရထားပါတယ်။
သတင်းရင်းမြစ်။ ။VOA-မြန်မာပိုင်းသတင်းဌာန။

နေပြည်တော်တွင် ခိုးထားတဲ့ပြည်သူ့သယံဇာတတွေ တရားဝင်ရောင်းချ


၁၀ ရက်ကျော် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ခုနစ်ထောင်ဝန်းကျင် ရောင်းချခဲ့ရ ၊ အောက်တိုဘာလတွင် ကျင်းပမည့် ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်တွင် ပထမဆုံး ကျင်းပရန်စီစဉ် Eleven ဂျာနယ်



ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၇၀၀၀ ၀န်းကျင်ကို ရောင်းချခဲ့ရကြောင်း ပြည်တွင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ ထံမှ သိရှိရသည်။

နှစ်လယ် ကျောက်မျက်ရတနာပြပွဲ အဖြစ် Myanmar Convention Center (MCC) ၌ ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲတွင် ပတ္တမြား၊ နီလာ၊ ပုလဲနှင့် အခြားကျောက်မျက်ရတနာ များအပြင် ကျောက်စိမ်းတွဲပေါင်း ၁၁၀၀၀ ၀န်းကျင် ကို ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။

''အခုလုပ်တဲ့ ကျောက်မျက်ရတ နာပြပွဲမှာ ကျောက်စိမ်းတွဲပေါင်း ၁၁၀၀၀ ၀န်းကျင်ကို သက်ဆိုင်ရာနဲ့ ပုဂ္ဂလိကကုမ္ပဏီ ၃၀၀ ၀န်းကျင်ဝင် ရောက်ပြသခဲ့တယ်လို့ သိရပါတယ်။ကျောက်စိမ်းတွဲစုစုပေါင်း ၁၁၀၀၀ ၀န်းကျင်ကိုပြသခဲ့ပြီး စုစုပေါင်းကျောက်စိမ်းတွဲတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရောင်းချခဲ့ရတယ်လို့ သိရပါတယ်'' ဟု ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာ ၀န်ရှိသူက ပြောကြားခဲ့သည်။
မြန်မာ့ ကျောက်စိမ်းဈေးကွက်က သဘာဝ ကျောက်စိမ်းတွေ အများကြီးရရှိနိုင်တဲ့ ဈေးကွက်တစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုဆဲ ဖြစ်ပါတယ်...

အဆိုပါပြပွဲတွင် ပြည်တွင်း ကျောက်မျက်ရတနာဆိုင်များ၊ ကုမ္ပဏီများအပြင် နိုင်ငံပိုင် ကျောက်မျက်ရတနာလုပ်ငန်းမှ ပါဝင်ရောင်းချခဲ့ပြီး ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ ၀ယ်ယူမှုများအတွက် ငွေပေး ချေမှုကိုလည်း ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ပြပွဲသို့ လာရောက်ဝယ်ယူသူများတွင် ပြည်တွင်းဝယ်လက်များထက် ပြည်ပမှ ၀ယ်ယူသူအများစု လာရောက်ဝယ်ယူမှုများ ရှိခဲ့ကြောင်း၊ လာရောက် ၀ယ်ယူခဲ့သည့် နိုင်ငံခြားသားများတွင် ကျောက်စိမ်းကို အသုံးအဆောင်ပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည့် တရုတ်လူမျိုးအများဆုံး ဖြစ်ကြောင်းနှင့် ကျောက်စိမ်းဝယ်ယူမှု၏ ရာခိုင်နှုန်းအများအပြားသည် တရုတ်လူမျိုးများ၏ ၀ယ်ယူမှုဖြစ်ကြောင်း သိရသည်။ တရုတ်လူမျိုးများအပြင်ဥရောပနှင့် အမေရိကန်နိုင်ငံများမှ ၀ယ်ယူ သူများလည်း လာရောက်ခဲ့ကြောင်းနှင့် ၀ယ်ယူသူများမှာ အချောထည် ကျောက်မျက်ရတနာများထက် အရိုင်းတုံးများ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယခုနှစ် အောက်တိုဘာလအတွင်း၌ ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲကိုလည်း နေပြည်တော်တွင် ပထမဆုံးကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းမှ သိရှိရသည်။ နေပြည်တော်၌ အဆိုပါရတနာပြပွဲကို ကျင်းပနိုင်ရန် ရန်ကုန်မြို့ရှိ Myanmar Convention Center (MCC)ကဲ့သို့ ကျောက်မျက်ရတနာ အဆောက်အအုံတစ်ခုကို တည် ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ကျောက်မျက်ရတနာပြပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်ပုံမှန်အားဖြင့် ကျင်းပလေ့ရှိပြီး (၄၇) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို ယခုနှစ် မတ်လအတွင်းက ကျင်းပခဲ့ကြောင်း သိရှိရသည်။ ''မြန်မာနိုင်ငံ ဖားကန့်ကြီးမှော် က ထွက်တဲ့ ကျောက်စိမ်းကတော့ ဟောင်ကောင်မှာ နာမည်အကြီးဆုံးပါပဲ။ ကျောက်စိမ်းမှာ အဖြူရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ ခရမ်း ရောင်၊ အညိုရောင်၊ အမဲရောင်၊ အပြာရောင်နဲ့ တခြားအရောင်တွေလည်း ရှိပါတယ်။ အစိမ်းရောင်ကတော့ ဈေးအရဆုံးပါပဲ။ အဓိကကတော့ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် က အ၀ယ်များပါတယ်။ မြန်မာ့ ကျောက်စိမ်းဈေးကွက်က သဘာဝ ကျောက်စိမ်းတွေ အများကြီးရရှိနိုင်တဲ့ ဈေးကွက်တစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နည်းပညာပိုင်းနဲ့ တီထွင်မှုပိုင်း လိုအပ်ချက်တွေ ရှိနေတာကြောင့် အချောထည်ထက် အရိုင်းတုံးတွေသာ အများကြီး ရောင်းချခဲ့ရပါတယ်'' ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားခဲ့ သည်။

(ရေးထားတာတော့ နိုင်ငံခြားသားတွေ အမေရိကန်တွေလာတယ်ဆိုဘဲ ဓါတ်ပုံထဲမှာ ပုဆိုးနှင့်လူတွေရယ် တရုတ်ဘိန်းစားတချို့ တွေ့ရတယ်)

ကမ္ဘာအနှံ့ကသတင်းတွေ....