Monday, July 12, 2010

နေပြည်တော်တွင် ခိုးထားတဲ့ပြည်သူ့သယံဇာတတွေ တရားဝင်ရောင်းချ


၁၀ ရက်ကျော် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ခုနစ်ထောင်ဝန်းကျင် ရောင်းချခဲ့ရ ၊ အောက်တိုဘာလတွင် ကျင်းပမည့် ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်တွင် ပထမဆုံး ကျင်းပရန်စီစဉ် Eleven ဂျာနယ်



ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၇၀၀၀ ၀န်းကျင်ကို ရောင်းချခဲ့ရကြောင်း ပြည်တွင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ ထံမှ သိရှိရသည်။

နှစ်လယ် ကျောက်မျက်ရတနာပြပွဲ အဖြစ် Myanmar Convention Center (MCC) ၌ ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲတွင် ပတ္တမြား၊ နီလာ၊ ပုလဲနှင့် အခြားကျောက်မျက်ရတနာ များအပြင် ကျောက်စိမ်းတွဲပေါင်း ၁၁၀၀၀ ၀န်းကျင် ကို ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။

''အခုလုပ်တဲ့ ကျောက်မျက်ရတ နာပြပွဲမှာ ကျောက်စိမ်းတွဲပေါင်း ၁၁၀၀၀ ၀န်းကျင်ကို သက်ဆိုင်ရာနဲ့ ပုဂ္ဂလိကကုမ္ပဏီ ၃၀၀ ၀န်းကျင်ဝင် ရောက်ပြသခဲ့တယ်လို့ သိရပါတယ်။ကျောက်စိမ်းတွဲစုစုပေါင်း ၁၁၀၀၀ ၀န်းကျင်ကိုပြသခဲ့ပြီး စုစုပေါင်းကျောက်စိမ်းတွဲတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရောင်းချခဲ့ရတယ်လို့ သိရပါတယ်'' ဟု ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာ ၀န်ရှိသူက ပြောကြားခဲ့သည်။
မြန်မာ့ ကျောက်စိမ်းဈေးကွက်က သဘာဝ ကျောက်စိမ်းတွေ အများကြီးရရှိနိုင်တဲ့ ဈေးကွက်တစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုဆဲ ဖြစ်ပါတယ်...

အဆိုပါပြပွဲတွင် ပြည်တွင်း ကျောက်မျက်ရတနာဆိုင်များ၊ ကုမ္ပဏီများအပြင် နိုင်ငံပိုင် ကျောက်မျက်ရတနာလုပ်ငန်းမှ ပါဝင်ရောင်းချခဲ့ပြီး ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ ၀ယ်ယူမှုများအတွက် ငွေပေး ချေမှုကိုလည်း ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ပြပွဲသို့ လာရောက်ဝယ်ယူသူများတွင် ပြည်တွင်းဝယ်လက်များထက် ပြည်ပမှ ၀ယ်ယူသူအများစု လာရောက်ဝယ်ယူမှုများ ရှိခဲ့ကြောင်း၊ လာရောက် ၀ယ်ယူခဲ့သည့် နိုင်ငံခြားသားများတွင် ကျောက်စိမ်းကို အသုံးအဆောင်ပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည့် တရုတ်လူမျိုးအများဆုံး ဖြစ်ကြောင်းနှင့် ကျောက်စိမ်းဝယ်ယူမှု၏ ရာခိုင်နှုန်းအများအပြားသည် တရုတ်လူမျိုးများ၏ ၀ယ်ယူမှုဖြစ်ကြောင်း သိရသည်။ တရုတ်လူမျိုးများအပြင်ဥရောပနှင့် အမေရိကန်နိုင်ငံများမှ ၀ယ်ယူ သူများလည်း လာရောက်ခဲ့ကြောင်းနှင့် ၀ယ်ယူသူများမှာ အချောထည် ကျောက်မျက်ရတနာများထက် အရိုင်းတုံးများ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယခုနှစ် အောက်တိုဘာလအတွင်း၌ ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲကိုလည်း နေပြည်တော်တွင် ပထမဆုံးကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းမှ သိရှိရသည်။ နေပြည်တော်၌ အဆိုပါရတနာပြပွဲကို ကျင်းပနိုင်ရန် ရန်ကုန်မြို့ရှိ Myanmar Convention Center (MCC)ကဲ့သို့ ကျောက်မျက်ရတနာ အဆောက်အအုံတစ်ခုကို တည် ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ကျောက်မျက်ရတနာပြပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်ပုံမှန်အားဖြင့် ကျင်းပလေ့ရှိပြီး (၄၇) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို ယခုနှစ် မတ်လအတွင်းက ကျင်းပခဲ့ကြောင်း သိရှိရသည်။ ''မြန်မာနိုင်ငံ ဖားကန့်ကြီးမှော် က ထွက်တဲ့ ကျောက်စိမ်းကတော့ ဟောင်ကောင်မှာ နာမည်အကြီးဆုံးပါပဲ။ ကျောက်စိမ်းမှာ အဖြူရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ ခရမ်း ရောင်၊ အညိုရောင်၊ အမဲရောင်၊ အပြာရောင်နဲ့ တခြားအရောင်တွေလည်း ရှိပါတယ်။ အစိမ်းရောင်ကတော့ ဈေးအရဆုံးပါပဲ။ အဓိကကတော့ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် က အ၀ယ်များပါတယ်။ မြန်မာ့ ကျောက်စိမ်းဈေးကွက်က သဘာဝ ကျောက်စိမ်းတွေ အများကြီးရရှိနိုင်တဲ့ ဈေးကွက်တစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နည်းပညာပိုင်းနဲ့ တီထွင်မှုပိုင်း လိုအပ်ချက်တွေ ရှိနေတာကြောင့် အချောထည်ထက် အရိုင်းတုံးတွေသာ အများကြီး ရောင်းချခဲ့ရပါတယ်'' ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားခဲ့ သည်။

(ရေးထားတာတော့ နိုင်ငံခြားသားတွေ အမေရိကန်တွေလာတယ်ဆိုဘဲ ဓါတ်ပုံထဲမှာ ပုဆိုးနှင့်လူတွေရယ် တရုတ်ဘိန်းစားတချို့ တွေ့ရတယ်)

1 comment:

  1. ခွေးဋီကာ

    လူသည်ယဉ်ကျေး၏
    ခွေးသည် ရိုင်းစိုင်း၏
    ခွေးသည် မစင်ကိုစား၏
    ခွေးသည် အမြဲတမ်းရန်လိုနေ၏
    တစ်ခါတစ်ရံခွေးသည် အလစ်ကိုက်တတ်၏
    ခွေး၏ အစွယ်တို့သည် ချွန်ထက်၏
    ခွေးရူးကိုက်လျှင် သာ၍ဆိုး၏
    ခွေးတို့သည် အသက်ကြီးလေ မာန်ဖီလေဖြစ်၏
    ခွေးသည် အင်အားကြီးသောအခါ
    လူတို့ထိန်းသိမ်းရန်ခတ်ခဲ၏
    ထို့ကြောင့်ခွေးကို အလိုမလိုက်သင့်
    ခွေးကိုပြုပြင်သင်ကြားရန်ကားခတ်၏
    ခွေးဟူသော မျိုးရိုးနှင့် လိုက်၍
    ခွေးကျင့်ခွေးကြံ ပြုတတ်သည်သာဖြစ်၏
    ခွေးသည်စားကောင်းသောက်ဖွယ်တို့ကို
    ကျွေး၍ မွေးသော်ငြားလည်း
    ခွေးစိတ်ဓာတ်သည် မပျောက်
    သခင်လစ်သော အခါ ခိုး၍စား၏
    ခွေးစိတ်ဓာတ်သည်
    အမျိုးဟူ၍ လည်းမသိ
    ကြီးနိုင်ငယ်ညှင်း
    ဦးရာကစား
    သနားသည် မရှိ
    ညှာတာရကောင်းမှန်းလဲ မသိ
    ခွေးကို ကောင်းကောင်းမွေးလိုသော်
    သခင်ကို သိသော ခွေးကောင်းဖြစ်လိုသော်
    ခွေးစာကျွေးသော အခါ
    မိမိ၏ တံတွေးကိုခွေးစာထဲသို့
    ထည့်၍ကျွေးရာ၏
    အနည်းငယ် သခင်သိစိတ်ဝင်လာမည်ဖြစ်၏
    သို့သော် ခွေးကျင့်ခွေးကြံကားပျောက်သွားမည်ဟု
    အရှင်းမထင်သင့် ။ ။
    ခွေး၏ အနားမှ ဖြတ်သွားသောအခါ
    သတိအမြဲရှိပါခွေးသည် အ၀မှ စောင့်နေ၏
    ခွေးကြည့်ပေးဖို့ ရန် သခင်မရှိ
    ခွေးကိုက်တတ်သည် ။ ။

    မင်းမကြောက်

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....