Sunday, July 11, 2010

ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ ရှစ်လေးလုံးအထိမ်းအမှတ်အတွက် ညှိနှိုင်းစည်းဝေး။

၂၀၁၀ ခုနှစ် ဇူလိုင်လ(၁၁)ရက်။ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်နေကြသောအဖွဲ့ အစည်းများမှ (၂၂)နှစ်မြောက် (၈၈၈၈)ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ချီတက်ဆန္ဒပြပွဲ အတွက် ဒုတိယ အကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး အခမ်းအနားနှင့် တာဝန်ခွဲဝေခြင်းများကို ဂျပန်နိုင်ငံတိုကျိုမြို့ရှိ (AUN-Japan)ရုံးခန်း၌ ယနေ့(၁၁-၇-၂၀၁၀)နေ့တွင် နံနက် ၉း၀၀ နာရီ မှ ၁၂း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခင်(၂၇-၆-၂၀၁၀)နေ့တွင် ဆုံဖြတ်ထားပြီးသားဖြစ်သည့် အစီအစဉ်အတိုင်း အသးစိတ် အစီအစဉ်များကို ထပ်မှံညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ချီတက်ဆန္ဒပြပွဲအခမ်းအနားတွင် စည်းကမ်းရှိစွာ စနစ်တကျ ကျင်းပပြုလုပ်သွားနိုင်ရန် အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ တာဝန်ခွဲဝေမူများကို ဆွေးနွေး ဆုံဖြတ်ခဲ့ပါသည်။ ၂၀၁၀ သြဂုတ်လ ၈ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပသွားမည်ဖြစ်သော်လည်း အချိန်နှင့် ချီတက်မည့် လမ်းကြောင်းများကို တာဝန်ရှိသူများမှ မကြာမီရက်ပိုင်းတွင် ထုတ်ပြန် သွားမည်ဖြစ်ပါသည်။ ဆက်လက်ပြီး (၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ အခမ်းအနားကို လာမည့် ၂၀၁၀ ဇူလိုင် (၁၈)ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၅း၃၀ မှ ၉း၀၀အထိ Minami Otsuka Dai Ichi ခမ်းမတွင် JAC မှ တာဝန်ယူကျင်းပသွားမည်ဖြစ်ပါသည်။ အာဇာနည်ခေါင်းဆောင်များ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် စာတမ်းခေါင်းစဉ်ဖြင့် ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းအသီးသီးမှ မျိုးဆက်သစ်လူငယ်များတို့က ယုဉ်ပြိုင် ဟောပြောသွားမည်ဖြစ်ပါသည်။ ဂုဏ်ပြု ဆုပေးပေးသည့် အစီအစဉ်များကိုပါ ထည့်သွင်းသွားမှာဖြစ်ပြီး အခမ်းအနားအသေးစိတ် အစီအစဉ်ကို ထုတ်ပြန်သွားမည် ဖြစ်ပါသည်။



သတင်းမှတ်တမ်း ။ Mai Kyaw Oo

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....