Monday, July 19, 2010

(၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား-ဂျပန်


၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်။

(၆၃)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ Shezuoka-kan ဟာမမတ်စု မြို့ “ဂျပန် မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” ကျောက်စာတိုင် တည်ရှိရာတောင်ပေါ်သို့ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB နှင့် နာဂိုယာမြို့ရှိ LDB ဌာနခွဲ့တိုမှ ဦးစီး၍ သွားရောက်၍ ဂုဏ်ပြုခြင်း အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မြန်မာပြည်ကို ဗြိတိသျှကိုလိုနီ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင်တကွ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာသင်ပေးခဲ့သည့် ဗိုလ်မှူးကြီး ဇူစူးကီး (မြန်မာ အမည် ဗိုလ်မိုးကြိုး)နေရပ်ဖြစ်သည့် ဟာမမတ်စုမြို့တွင် တည်ရှိသည့် “ဂျပန် မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” ကျောက်စာတိုင်ရှိရာ တောင်ပေါ်သို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးစွန့် ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများတို့ကို အလေးပြုခြင်း လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခြင်း၊ တက်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသား တစ်ဦးခြင်းတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများတို့ကို ဂါရ၀ပြုပြီးသည့်နောက် အခမ်းအနား ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယပိုင်း အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား အစီအစဉ်ကို ဟာမမတ်စုမြို့ ပန်းခြံအတွင်းရှိခမ်းမတခုတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စုစုပေါင်း ၈၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



သတင်းမှတ်တမ်း ။ ZawZawAung
မှတ်တမ်းဓါတ်ပုံ ။ ZawZawAung / Aung Htoo Thein

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....