Monday, July 12, 2010

မတရားဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆို ။






၂၀၁၀ ခုနှစ် ဇူလိုင်လ(၁၂)ရက်။


နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၁၁)လပြည့်သွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ နအဖ စစ်အခွန်ရုံးရှေ့  ယနေ့  ဇူလိုင်လ (၁၂)ရက် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။


ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် အဓိက ဆောင်ရွက်နိုင်စွမ်းရှိသူ တယောက်လည်းဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် အထူးပင် လိုအပ်လှပါသည်။ အဓိက ကျသူတစ်ဦး ဖြစ်ကြောင်းကို အခမ်းအနားမှူး ဦးမြတ်သူမှ ရှင်းလင်း ပြောကြားသွားပါသည်။


လက်ရှိမြန်မာပြည်၏ အခြေအနေနှင့် တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးရန် အတွက် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ ၈ ဖွဲ့ ၊ တိုင်ရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့ တို့၏ တိုက်တွန်းတောင်းဆိုသည့် စာများကို တိုကျိုရှိ မြန်မာစစ်အခွန်ရုံး(သံရုံး) သံအမတ်ကြီးကနေ တဆင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လိပ်မူ၍ ပေးပို့ခဲ့ပါသည်။


ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် အမိန့်ချမှတ်ခဲ့သည့် လစဉ်(၁၁)ရက် နေ့ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။


သတင်းမှတ်တမ်း ။ Mai Kyaw Oo(http://www.pnsjapan.org/)အားကျေးဇူးတင်ရှိပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....