Sunday, October 31, 2010

မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ(ဒုတိယအကြိမ်-ဂျပန်)မှ မြန်မာပြည်တွင်းရှိပြည်သူများထံသို့အမှာစကား


၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) မှ “မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)” ကို ယနေ့ (၃၁-၁ဝ-၂ဝ၁ဝ) Takadanobaba, Tokyo, Japan ၌ နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပပါသည်။

ဆွေးနွေးပွဲတွင် မိုင်ကျော်ဦး(NDF) ၊ အရှင်ထာဝရ (ABMRC)၊ ဦးတင်ဝင်း (FWUBC)၊ ဦးဇော်မင်းခိုင် (ALD-Exile-Japan)၊ ဦးသန်းဆွေ(BDA)၊ ဦးရဲငြိမ်း(အလင်းအိမ် မဂ္ဂဇင်း)နှင့် ဦးလွင်အောင်စိုး (Save Burma)တို့၏ ဆွေးနွေးသုံးသပ်ချက်များကို ဦးကျော်ကျော်စိုး (LDB) မှ Moderator အဖြစ် ကူညီဆောင်ရွက်ပေးပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများထဲမှ ဦးဖုန်းလှိုင် (FWUBC & Peaceful Burma)၊ စောမျိုးခိုင်ရှင်း (KNU-Japan)၊ ဦးလှအေးမောင် (ALD-Exile-Japan)၊ ဦးဘောင်လု (KNCD-LA-JP) တို့က ပြန်လှန် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ စုစုပေါင်း (၃၄)ဦး ရှိပါသည်။

“မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ဒုတိယအကြိမ်)” ၏ အဓိကဦးတည်ချက်မှာ မြန်မာနိုင်ငံ၌ နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပတော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာပြည်သူများထံ အမှာစကား ပန်ကြားခြင်း ဖြစ်ပါသည်။

ယနေ့ဆွေးနွေးပွဲ၏ ရလဒ်မှ ထွက်ပေါ်လာသော ပြည်သူသို့ အမှာစကား ပန်ကြားချက် (Message) မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ရွေးကောက်ပွဲသည် ပြည်သူတို့၏ အနာဂတ် ကံကြမ္မာ အကောင်းအဆိုးကို ဖန်တီးမည် ဖြစ်၍ ပြည်သူတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ရာတွင် --

* တရားမျှတမှု မရှိသော၊ လူ့အခွင့်အရေးများကို အာမခံထားခြင်း မရှိသော၊ ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီခြင်း မရှိသော ၂ဝဝ၈ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် ပြည်သူတို့အနေဖြင့် မဲမပေးပဲ နေပိုင်ခွင့်ရှိသည့်အတိုင်း မဲမပေးပဲ နေရန်၊
* အကယ်၍ မဖြစ်မနေ မဲပေးရမည်ဆိုပါက မိမိတို့ ယုံကြည်အားကိုး ကိုယ်စားပြုပေး နိုင်မည့်သူများ မရှိလျှင် ရွေးကောက်ပွဲဝင်ပြိုင်သူ မည့်သူကိုမျှ မဲပေးရွေးချယ်ခြင်း မဟုတ်သည့် ပယ်မဲ ဖြစ်စေရန်၊
* “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ကို လူထုအင်အား အလုံးအရင်းဖြင့် ထောက်ခံကြိုဆို အားပေးကြရန်၊
* ရွေးကောက်ပွဲလွန်ကာလ မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားရေးအတွက် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်ထားကြရန်၊ အမှာစကား ပန်ကြားလိုက်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)

အာရုံဦးမှာ SHOCK ရှိတယ် သီချင်းနှင့် ဗီဒီယိုဇတ်လမ်းတွဲ



http://www.youtube.com/user/bdcburma

Thank you very much.

Best regards,

Myo Thein

Dear all of my brother,

My you be all the best everytime! The following is the boycott junta's planned sham election video, "Ar-Yone-Oo-Mar SHOCK Shi-Tae" & "SHOCK Shi-Tae Song". Please share and forward it to everyone.

ရွှေကျောင်းသား

AR YONE OO MAR SHOCK SHI TAE DOWNLOAD LINKS

အမှတ်စဉ် (1)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=33

အမှတ်စဉ် (2)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=34

အမှတ်စဉ် (3)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=35

အမှတ်စဉ် (4)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=36

အမှတ်စဉ် (5)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=37

အမှတ်စဉ် (6)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=38

အမှတ်စဉ် (7)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=39

အမှတ်စဉ် (8)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=32

အမှတ်စဉ် (9)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=40

အမှတ်စဉ် (10)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=41

အမှတ်စဉ် (11)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=42

အမှတ်စဉ် (12)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=43

MEDIA FIRE DOWNLOAD LINKS

Episode 1

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 2

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 3

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 4

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 5

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 6

http://www.mediafire.com/file/0c06roog6nnu746/Burmese%20Video%20%286%29_x264.mp4

Episode 7

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 8

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 9

http://www.mediafire.com/file/0c06roog6nnu746/Burmese%20Video%20%286%29_x264.mp4

Episode 10

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 11

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 12

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

FACEBOOK LINKS

Episode 1 :http://www.facebook.com/video/video.php?v=1634863121488

Episode 2: http://www.facebook.com/video/video.php?v=1637497827354

Episode 3: http://www.facebook.com/video/video.php?v=1637501147437

Episode 4: http://www.facebook.com/video/video.php?v=1637502107461

Episode 5: http://www.facebook.com/video/video.php?v=1637523627999

Episode 6: http://www.facebook.com/video/video.php?v=1637537788353

Episode 7: http://www.facebook.com/video/video.php?v=1637538668375

Episode 8: http://www.facebook.com/video/video.php?v=1637561388943

Episode 9: http://www.facebook.com/video/video.php?v=1637581469445

Episode 10: http://www.facebook.com/video/video.php?v=1637587029584

Episode 11: http://www.facebook.com/video/video.php?v=1637589069635

Episode 12: http://www.facebook.com/video/video.php?v=1637608550122

YOUTUBE LINKS

(1) http://www.youtube.com/watch?v=2Z4aPI_h68U

(2)http://www.youtube.com/watch?v=jP8tBVJha2s&feature=related

(3)http://www.youtube.com/watch?v=10kFPLNqOBw&feature...=related

(4)http://www.youtube.com/watch?v=sHIyR1OAZH8&feature=related

(5)http://www.youtube.com/watch?v=VqJwvTOqgJc&feature=related

(6)http://www.youtube.com/watch?v=VqJwvTOqgJc&feature=related

(7)http://www.youtube.com/watch?v=w4SmHoFDnqI&feature=related

(8)http://www.youtube.com/watch?v=z-Keje6ozwY&feature=related

(9)http://www.youtube.com/watch?v=fye9p-yehxI&feature=related

(10)http://www.youtube.com/watch?v=1uTMcNAtwcA&feature=related

(11)http://www.youtube.com/watch?v=d3HLqriddxI&feature=related

(12)http://www.youtube.com/watch?v=LgiMjvUUrrk&feature=related

Download "SHOCK SHI TAE" song here!

http://www.bdcburma.org/mp_3/Shock%20master%20New.mp3

The following is the Juke box:

နင်းပြားတို့၏ဘဝဇတ်ကြမ်းများ

The Critical Review of WFSLB(2010)

ကိုမျိုးချစ်မြန်မာထံမှရယူပါသည်။

Thursday, October 28, 2010

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းအား ABMA ကြိုဆိုထောက်ခံ


အထက်ပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းနိုင်ပါသည်။
(မြန်မာစံတော်ချိန် နေ့လည်၁-နာရီမှ ညနေ ၄-နာရီအတွင်း)။

ဦးပညာဇောတ - ပြည်ပတာဝန်ခံ(၀၀၁-၇၁၈၂၃၀၀၆၀၅)၊
http://allburmamonksalliance.com/
http://allburmamonksalliance.org/

နိုင်ငံသားတိုင်း ဥပဒေအရ မဲမပေးပဲ နေနိုင်သည်။ (ပြည်တွင်း လှုပ်ရှားမှု)

လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ရဲဘော်များ သည် ကြည့်မြင်တိုင် မြို့နယ် သီရိ မင်္ဂလာဈေး အတွင်း နိုင်ငံသားတိုင်း ဥပဒေ အရ မဲမပေးပဲ နေနိုင်သည့် ဆိုသည့် စာသားပါ စာရွက်များအား လူထု တရပ်လုံး သိရှိ နားလည် စေရန် အတွက် ၂၈ ရက်နေ့ မနက်ပိုင်းတွင် ကပ်ခြင်း၊ ဖြန့်ခြင်းများ ပြုလုပ် လှုပ်ရှား ခဲ့ကြပါသည်။

မူရင်း ဖြန့်ဝေသည့် စာ -

တရား မျှတသည့် ဒီမိုကရေစီ လိုလားသော မိဘပြည်သူများ ခင်ဗျား -
စစ်ကျွန် ဘဝမှ လွတ်မြောက် စေရန်၊ ဆင်းရဲတွင်းမှ ထွက်မြောက် စေရန် အတွက် ကျင်းပတော့မည် ဖြစ်သော ရွေးကောက်ပွဲအား မည်သူ့ မည်သူကိုမျှ မဲမပေးဘဲ ဆန့်ကျင် သပိတ်မှောက်ရန် အတွက် မေတ္တာ သက်ဝင် ချစ်ခင် တိုက်တွန်း နိုးဆော် အပ်ပါသည် ခင်ဗျား။
  • ထိုရွေးကောက်ပွဲသည် မတရားမှု အများအပြား ရှိနေသည့် အတွက် ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • မတရား သဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (စစ်ကျွန် ဖွဲ့စည်းပုံ)ကို အသက် သွင်းမည့် ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ် မှောက်ရမည် ဖြစ်သည်။
  • ပြည်သူ တို့၏ မရရှိ သေးသော ရပိုင်ခွင့် များကို မည်သို့မျှ မရရှိစေရန် အတွက် ပြုလုပ် ပေးသော (လှည့်စားသော) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • မတရာမှုများ ပြည့်နှက် နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လုံးဝ ပြင်ဆင်ခြင်း မပြုလုပ်နိုင်စေရန် စီစဉ်တကျ ဖိနှိပ် ပြုလုပ် နေသော (လှည့်စား နေသော) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • မိဘပြည်သူများ ၊ ချစ်ခင် ယုံကြည် လေးစားသည့် ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ မပါနိုင်အောင် ထောင်သွင်း အကျဉ်းချပြီး စစ်အုပ်စု ကောင်းစားရေး အတွက်သာ ဖြစ်သော ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက် ရမည် ဖြစ်သည်။
  • နိုင်ငံသား တိုင်း ဥပဒေအရ မဲမပေးပဲ နေပိုင်ခွင့် ရှိသည်။
  • မိမိ ရရှိထားသည့် အထက်ပါ အခွင့်အရေး အား အပြည့် အဝ အသုံးချပါ။
လူထု တရပ်လုံး အတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီ တက်ဆန္ဒပြပွဲ(တိုကျို)

စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးနေသည့် ဂျပန် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO) ၊ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)နှင့် ၊ Human Rights Watch ၊ Human Rights Now ၊ NGO အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။

တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တိုကျိုမြို့ Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်လျှောက်၍ Hibiya ပန်းခြံတွင် အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း သိရှိရပါသည်။

Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင် စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ လက်မခံ ဆန်ကျင် ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံတို့ကို ချက်ခြင်း လွတ်ပေးရန်း ၊ ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ ထိရောက်သည့် အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ဂျပန်အစိုးရမှ ပိုမိုထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်ပေးစေလိုသည့် တိုက်တွန်း တောင်းဆိုချက်များကို မြန်မာ့အရေးကို အားပေးကူညီသည့် ဂျပန်လွတ်တော် အမတ်များသမဂ္ဂ ကနေတဆင့် ဂျပန်အစိုးရ တာဝန်ရှိသူများထံသို့ သွားရောက် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။






ဂျပန်နိုင်ငံTBSသတင်းဋ္ဌာနမှထုတ်လွှင်ခြင်း





သတင်းမှတ်တမ်း ။ Ko Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။Ko Lian Khan Sum(CNC-Japan),Ko Myo San Oo(BDA Group)
ဗီဒီယိုမှတ်တမ်း။ ။TBS news, မြန်မာကျောင်းသားလူငယ်များ

Wednesday, October 27, 2010

ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စကားစစ်ထိုးပွဲ


ကြံ့ဖွံ့ နှင့် တစည ပါတီတို့၏ ပြည်သူအပေါ်ထားတဲ့ ရင်ဘက်ထဲက လာတဲ့ အလိမ်အညာ အကောက်အကျစ်များကို ပြည်သူလူထု တရပ်လုံးသိရှိစေရန်အတွက်
ဘလော့ဂါများ၊မီဒီယာများမှ ဆက်လက် တင်ဆက် ဖြန့်ဝေပေးစေချင်ပါတယ်။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မထိခိုက်စေရ။
လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာအဖွဲ့

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသို့ထပ်မံနှိုးဆော်ခြင်း

မနက်ဖြန် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကြီးတွင် ဆင်နွှဲမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် စီတန်းလှည့်လည် ဆန္ဒပြပွဲ၌ မည်သူမဆို တက်ကြွစွာ ပါဝင်ကြပါရန် ထပ်မံ နှိုးဆော် ဖိတ်ခေါ်လိုက်ပါသည်။
ယခုလှုပ်ရှားမှုတွင် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ ထောက်ခံကြသော မြန်မာအဖွဲ့အစည်းများသာမက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသည့် ဂျပန်အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြမည် ဖြစ်ပါသည်။
မြန်မာ သတင်းမီဒီယာများသာမက၊ ဂျပန်နှင့် နိုင်ငံတကာ မီဒီယာများကလည်း လာရောက်သတင်းယူကြမည် ဖြစ်ပါသည်။


Mikawadi Invitation                                                            

Tuesday, October 26, 2010

အမြင်မှားကို လက်ခံထားကြသူများ

ကျွန်တော်တို့ ငယ်ငယ်တုန်းက စစ်အစိုးရ ၀ါဒဖြန့် ဇတ်လမ်း ရုပ်ရှင်ကားများ အလွန်များသည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတာကို နိုင်ငံရေး လှုပ်ရှား သူများကြောင့်ဟု အဓိပ္ပါယ် ပေါ်အောင် အမျိုးမျိုး လုပ်ဆောင် ပြကြသည်။ အချို့ အတွေးအခေါ် များသည် ၀ါဒဖြန့်သည်ဟု မထင်ထားရအောင် ညက်ညော လှပေသည်။ ကိုယ်ကျိုးရှာလိုသည့် အသိဉာဏ်ကို သစ္စာ ဖောက်သည့် ပညာရှင် အမည်ခံများ၏ လုပ်ရပ်များကြောင့် ယနေ့ လူငယ်များသည် နိုင်ငံရေး ဆိုသည့် စကားကို ပြောကြား ရမည်ကိုပင် ခါးသီးစွာ ငြင်းဆန် နေကြသည်။

မည်သည့် ဇတ်လမ်း ထဲတွင်ဟု ပါဝင်သည်ကို အသေအချာ မမှတ်မိသော်လည်း ထိုဝါဒ ဖြန့်သည့် အတွေးအခေါ် တရပ်သည် လူတော်တော် များများ ယခုချိန်ထိ လက်ကိုင် ထားကြတုန်းပင် ဖြစ်သည်။ သူတို့ တင်ဆက် ပြသပုံမှာ (ဂ) အက္ခရာလေးကို ရေး၍ အမြင် မတူသည့် ဘက်မှကြည့်ကာ အဓိပ္ပါယ် ကောက်ယူကြခြင်းကို တင်ပြထားသည်။ တပည့် ဖြစ်သူ ဘက်မှ ကြည့်လျှင် (ဂ) ဖြစ်လျှက် ဆရာဖြစ်သူ ဘက်မှ ကြည့်လျှင် (ပ) ဖြစ်နေသလို ကြားနေ သမား တစ်ဦးဘက်က ကြည့်လိုက် ပြန်တော့ မြန်မာ လို (၁) ဂဏန်း ဖြစ်နေသည်ကို နေသည်ကို တင်ပြ ဆွေးနွေး ကြသည့် အခန်းလေးပင် ဖြစ်သည်။ အချို့လူများ ထိုဇတ်ဝင်ခန်းလေးကို မှတ်မိကြဦးမည် ထင်ပါသည်။

ထိုသို့ အမြင် ကွဲလွဲမှုကို ဥပမာ ပေး၍ စစ်အစိုးရ ဘက်မှ ကြည့်လျှင် သူတို့ လုပ်ရပ် မှန်သည်ဟု ယူဆ၍ ဒီမိုကရေစီ လှုပ်ရှားသူများ က အမြင်ကွဲလွဲမှုကြောင့် သူတို့အား အတိုက်အခံ လုပ်နေသည်ဟု တင်ပြ ထားကြခြင်း ဖြစ်သည်။ ထိုအယူဝါဒ ဖြန့်မှုကို အဟုတ် မှတ်ကာ လူတော်တော် များများ အမြင် ပြောင်းလဲမှု နှင့် ပက်သက် လာခဲ့လျှင် ယနေ့ထိ ထိုအယူဝါဒကို လက်ကိုင် ထားကြတုန်းပင် ရှိသေးသည်။

တနေ့ ကျွန်ူပ်နှင့် ကျွန်ူပ်၏ သူငယ်ချင်း တစ်ယောက် ဆုံမိသော တစ်ယောက်နှင့် တစ်ယောက် စကားလက် ဆုံကြရာက အမြင် မတူညီသည့် ရှုထောင့်များ အကြောင်းကို ရောက်ရှိ သွားသည်။ ထိုအခါ သူငယ်ချင်း ဖြစ်သူက ထိုအယူဝါဒကို ဥပမာ ပေး၍ ကျွန်ူပ်တို့ ဆွေးနွေးသည့် ကိစ္စ ကို သူက ပြန်လည် ဖြေရှင်း ပြပါသည်။ ကျွန်ူပ်က စာရွက် တရွက်နှင့် ဘောပင် တစ်ချောင်း တောင်းကာ သူ့ကို (ဂ) အက္ခရာကို မျဉ်း နှစ်ကြောင်းစာခန့် စာရေးသားခြင်း စနစ်အတိုင်း ရေးသား ခိုင်းလိုက်သည်။ ပြီးသောအခါ သူ့ကို ပြောင်းပြန်လှန်၍ ဖတ်ခိုင်း လိုက်သည်။ (ပ) အက္ခရာ ရေးထားသည်ဟု ထင်မိ သေးလားဟု မေးကြည့်သည်။ သူက (ပ) ဟု ထင်မြင် ယူဆမိ၍ ရသော်လည်း သတ်မှတ် ထားသည် စာပေ ရေးသားခြင်း စည်းမျဉ်း အတိုင်း ဆိုလျှင် မှားယွင်း နေကြောင်း သူက ပြန်ဖြေ ပါသည်။ တကယ်လည်း ဟုတ်ပါသည်။ စာရေးသားခြင်းနှင့် ပက်သက်၍ စည်းမျဉ်း စည်းကမ်းများ အတိအကျ ရှိပါသည်။ ထိုစည်းမျဉ်း စည်းကမ်းများဖြင့် ချိန်ထိုး စဉ်းစားပါက (ဂ) အက္ခရာသည် မတူညီသည့် ရှုထောင့် ပြောင်းလဲ ကြည့်ရုံ မျှဖြင့် (ပ) အက္ခဟု ပြောလို့ မရပါ။ စာစတင် ရေးသားသူတိုင်းသည် ဘယ်ဘယ်မှ စတင် ရေးသား ရမည်။ စတင် ရေးသားသည့် နေရာမှာ စာရွက်စွန်းနှင့် တလက်မခန့် ခွာကာ ရေးသားလေ့ ရှိကြ ပါသည်။ ထို (က) ရေးသား ထားသည့် စာရွက်ကို ပြောင်းပြန်လှန်၍ ဖတ်ကြည့်လျှင် (ပ) ပါလို့ ဗလာ အမြင်အားဖြင့် ထင်မြင် ယူဆလို့ ရသော်လည်း စာရေးသားသည့် စနစ်ကို အခြေခံ ထား၍ မျဉ်းကြောင်းများ ဆွဲကာ စဉ်းစားလျှင် မှားယွင်း နေပါသည်။

ယနေ့ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ အငြင်း ပွားနေကြရခြင်းမှာ ထိုကဲ့သို့ အမြင် မတူမှု များကို အခြေခံ ထားသောကြောင့်ဖြစ်သည်။ တကယ့် သဘာဝ အမှန်တရား ဆိုသည်ကား နေရာတိုင်းတွင် ရှိနေသည်။ လူတို့၏ စံနူန်း သတ်မှတ်ချက် များသည်လည်း သဘာဝကိုသာ အခြေခံ သတ်မှတ်လေ့ ရှိသည်။ သူတို့ ဘက်က ကြည့်လျှင် သူတို့ မှန်သည်ဟု ဒီနေ့ ရွေးကောက်ပွဲ ၀င်မည့် သူများ ကလည်း ပြောကြပါသည်။ စစ်အာဏာရှင် များကလည်း သူတို့က လက်ရှိ အာဏာကို ထိန်းသိမ်းသူများ ဖြစ်သောကြောင့် အာဏာကို မလွှဲပြောင်း လိုသည့် အတွက် သူတို့ မှန်သည်ဟု ယူဆ ကြပြန်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်များကလည်း သူတို့ ရွေးကောက်ပွဲကို လက်မခံသည်မှာ မှန်သည်ဟု ထင်ကာ ကန့်ကွက် ဆန္ဒပြ နေကြပါသည် ။

ထိုအမြင်တို့တွင် မည့်သည့် အမြင်က မှန်သနည်း။ ဆွေးနွေးကာ အဖြေရှာ သင့်လှပေသည်။ သူ့အတွေး ကိုယ့်အတွေး ရှုထောင့် မတူယုံမျှဖြင့် အားလုံးရဲ့ အတွေး မှန်ကန်သည်ဟု မဆိုသာပါ။ လက်တွေ့ ကျကျ အဖြေရှာလို့ ရနိုင်မည့် နည်းလမ်းများကို သုံးကား စဉ်းစား သင့်ပေသည်၊ ထိုသို့ စဉ်းစားရာတွင် သဘာဝ အမှန်တရားကို အခြေခံ၍ ဒီမိုကရေစီ ကျင့်သုံးကာ ထိပ်ဆုံး ရောက်နေသည့် ဒီမိုကရေစီ နိုင်ငံများ၏ အခြေခံများကို စံနှုန်း အဖြစ် သတ်မှတ်ကာ လက်တွေ့ ကျကျ ဝေဖန် သုံးသပ် ရဲရမည်။ ထိုသို့ စံချိန် စံနှုန်း မကိုက်ညီပါဘဲနှင့် ဗလာ အမြင်ကို အခြေခံ ထားသည့် ၀ါဒ တရပ်ကို လက်ခံ လိုက်လျှင် မိုက်မဲရာ ရောက်သည်။ တိုင်းပြည် အရေးဖြစ်၍ အတ္တလေးများ နည်းနည်းလျှော့ ထားကာ မှန်ကန်သော အမြင်များဖြင့် ကြည့်မြင် ကြကာ စစ်မှန်သော လမ်းစဉ် နောက်ကိုသာ လိုက်စေချင် ပါသည်။

ပထမဆုံး စစ်အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နေသည့် အာဏာရှင်များ၏ အမြင်ကို ဝေဖန် ကြည့်ကြမည်။ ၎င်းတို့ကား ထူးထူး ခြားခြား စဉ်းစား စရာလို မလိုလောက်အောင်ကို သိမြင် ထင်ရှား လွန်းလှပေသည်။ ထို့အပြင် သူတို့၏ အာဏာကို တွယ်မက်သည့် စိတ်သည် လူပေါင်း များစွာ သေကြေ ပျက်စီးခဲ့ ကြသည် သာမက သူတို့ တာဝန်ယူထားသည့် (၂၂ )နှစ် လုံလုံး လုပ်ဆောင်ချက် များကို ယနေ့ မြန်မာပြည် လက်ရှိ အနေအထားကို သက်သေ ထား၍ စဉ်းစား ကြည့်လျှင် သူတို့တွေ ဆက်လက် အုပ်ချုပ် နေသမျှ မည်သည့် အခါမှ တိုင်းပြည် တိုးတက် လာမည် မဟုတ်ဟု ၉၅% သော လူများ လက်ခံ ယုံကြည် ထားကြပါသည်။ သူတို့သည် ( ဂ ) ကို (၁) ဟု မြင်နေကြသူများပင် ဖြစ်သည်။

ရွေးကောက်ပွဲ ၀င်မည့် ပါတီ အားလုံးသည် ယခု ရွေးကောက်ပွဲ တရားမျှတမှု မရှိသည်ကို သိထားကြပါသည်။ သို့သော် ထိုမတရားမှုကို အခြေခံ ထားသည့် ထိုရွေးကောက်ပွဲ ဖြစ်မြောက် လာအောင် မတရားမှန်း သိလျှက်နှင့် လက်ခံထား ကြပါသည်။ မတရားမှုကို လက်ခံသူသည် တနည်းအားဖြင့် ထိုမတရားမှုကို အားပေး သူများသာ ဖြစ်သည်ဟု စာပေ ကျမ်းဂန်များတွင် အထင်အရှား တွေ့နိုင် သလို ပညာရှင်များ၏ မိန့်ကြားချက် များတွင်လည်း ပါရှိပါသည်။ ယခု ရွေးကောက်ပွဲ ပြီးဆုံး သွားခဲ့လျှင်လည်း စစ်အာဏာရှင်များသာ လူဝတ်လဲ အုပ်ချုပ်မည်ကို လူတိုင်း နီးပါး သိရှိ ထားကြ ပါသည်။ အဆိုပါ စစ်အာဏာရှင်များ အုပ်ချုပ် နေသရွှေ့ တိုင်းပြည် အခြေအနေကား ဆိုးသထက် ဆိုးဝါး လာအုံးမည် ဖြစ်ပါသည်။ ထိုသို့ စစ်အာဏာရှင်များ၏ အကြံအစည်ကို ကြိုတင် သိမြင်ပါလျှက် ၎င်းတို့သည် မရောက်သေးသည့် လွှတ်တော် ဆိုသည့် စကားကို တွင်တွင် ပြောကြား နေကြပါသည်။ နိုင်ငံတော် အလံကို လွှတ်တော် ခေါ်ယူပြီး နောက်ပိုင်း (၉၀) ကြာမှ အတည် ပြုမည်ဟု အထင်အရှား ပါရှိပါသည်။

သို့သော် ရူးကြောင်ကြောင်နှင့် ကျပ်မပြည့်သည့် အတွေးအခေါ် ပိုင်ရှင် ကြီးများသည် သူတို့ လုပ်ချင်သည့် ရက်တွင် ကျင်းပ သွားပါသည်။ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ ကန့်ကွက် နိုင်ပါ၏လော။ မကန့်ကွက် နိုင်ပါ။ မည်သူ မျှလည်း တရားဝင် ကန့်ကွက်သည်ဟု ပြောဆိုသံ မကြားရပါ။ ဤသည်ကို ပြည်သူလူထု အနေဖြင့် သတိထား စဉ်းစား သင့်ပေသည်။ ယခု ရွေးကောက်ပွဲ ပြီးမြောက်၍ လွှတ်တော်သို့ ရောက်ခဲ့လျှင်လည်း ယခု ကဲ့သို့ အာဏာရှင်တွေ လုပ်သမျှ ခေါင်းငုံ့ ခံနေကြမည့် ပါတီများက ပြည်သူ လူထု အတွက် တရား မျှတသော စနစ်ကို တောင်းဆိုမည်ဟု ထင်ထား ကြခြင်းသည် လုံးဝ မှားယွင်း နေပါသည်ဟု လက်တွေ့ ကျကျ ထင်မြင် ယူဆ မိလေသည်။ ယခုလက်ရှိ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်အားစု များအား အဘက်ဘက်မှ အားနည်းအောင် ကြိုတင် ကြံစည် ထားသည့် အပြင် သဘာဝ အမှန်တရားနှင့် စစ်မှန်သော ဒီမိုကရေစီ စံနှုန်းများဖြင့် လုံးဝ မကိုက်ညီ သောကြောင့် တညီတညွတ်တည်း ကန့်ကွက် သင့်ပါလျှက် မျက်လုံး စုံမှိတ်ကာ ရသလောက်လေး တိုးကြည့်ပါရစေဟု အကြောင်းပြကာ လူထုကို ကျွန်အဖြစ် တရားဝင် သွတ်သွင်းသည့် အခမ်းအနားကို တက်ရောက်ခိုင်း နေသည်က မှားနေ ပါသည်။

ထိုသူတို့ လက်သုံး စကားမှာ လုပ်စရာ နည်းလမ်း မရှိ၍ ဤရွေးကောက်ပွဲသည် ထွက်ပေါက်ဟု ခံယူ ထားကြသည်ဟု အကြောင်းပြ လာကြသည်။ တကယ့် အစစ်အမှန်မှာ ထိုသို့ မဟုတ် လုပ်စရာ နည်းလမ်း များရှိပါသည်။ လူထုကို အခြေခံလျှက် စေ့စပ် ညှိနှိုင်းရေးကို အခြေခံသည့် တွေ့ဆုံ ဆွေးနွေးပွဲကို လုပ်၍လည်း ရသည်။ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်သည် ဆိုလျှင် စေ့စပ် ညှိနှိုင်းရေး လမ်းစဉ်ကို စေ့စပ် ညှိနှိုင်းရေး လမ်းစဉ်ကို လက်ခံရမည်။ ထိုသို့ စေ့စပ် ညှိနှိုင်းရေးကို လက်မခံ ခဲ့လျှင် လူထုက တညီတညွတ်တည်း သပိတ်မှောက်ကာ လက်ရှိ အစိုးရကို အလို မရှိကြောင်း ကန့်ကွက် ဆန္ဒပြရမည်။

ကန့်ကွက် ဆန္ဒပြမည့် တော်လှန်ရေး လမ်းစဉ်ကို ဦးတည် လိုက်ပြီ ဆိုတာနဲ့ အကြောက်တရားကို ဦးတည် ထားသည့် လူများက ထကန့်ကွက် ကြသည်။ လူထု နစ်နာပါတယ်၊ လူထုတွေ အသေအကြေ အပျက်အစီး ရှိပါမယ်လို့ အကြောင်းပြ လာတတ်ကြတယ်။ အေးချမ်းစွာ ပြည်သူ လူထု ဆန္ဒ ဖော်ထုတ်ပွဲကို လုပ်ဆောင်တာဟာ အသေအကြေ အပျက်အစီးများ ရှိ၏ မရှိ၏ ဟူသည်မှာ လက်ရှိ စစ်အစိုးရ၏ တုန့်ပြန် နှိမ်နှင်းမှု ပေါ်တွင်သာ အခြေခံသည်။ ဒီမိုကရေစီ နိုင်ငံ တည်ထောင်မည်ဟု ကြံစည်လျှင် လူထု၏ သဘောထားကို ဖော်ထုတ်သည့် အေးချမ်းစွာ ဆန္ဒပြသည့် အနေအထား လောက်ကိုတော့ လက်ခံ ထားရမည်ဟု ထင်မြင် ယူဆ မိပါသည်။

ထို့ကြောင့် လူထု ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်းသည် လူအသေအပျောက် ရှိနိုင်သည်ဟု ယူဆခြင်းမှာ လက်ရှိ စစ်အာဏာရှင်များ၏ ဒီမိုကရေစီကို ချည်းကပ် ပါသည် ဆိုသည့် စိတ်နေ စိတ်ထားကို မယုံကြည်ခြင်းကြောင့် ဖြစ်သူဟု ယူဆ၍ ရသည်။ ထိုသို့ စစ်အာဏာရှင်များ၏ ဒီမိုကရေစီ လမ်းစဉ်ကို မယုံကြည်ပါ ဆိုလျှင် စစ်အာဏာရှင် ကျင်းပသည့် တရားမျှတမှု မရှိသော ရွေးကောက်ပွဲကို ဘာကြောင့် လက်ခံထားကြပါ သနည်း။

တကယ်တော့ လက်ရှိ စစ်အစိုးရသည် လူမိုက်တွေ ထက်လည်း ပိုမိုက်သလို လူယုတ်မာတွေ ထက်လည်း ပိုယုတ်မာတာ အားလုံး သိပြီးသားပါ။ ဒါကြောင့် သူတို့တွေ လုပ်သမျှ ကောင်းမွန်တဲ့ စိတ်ထားနဲ့ လုပ်တဲ့ လုပ်ရပ်ဆိုတာ မရှိဘူး ဆိုတာ သမိုင်းမှာ သက်သေ အမျိုးမျိုး ရှိနေပါလျှက် အစိုးရ၏ သဘောထားကို လိုက်လံ ခေါင်းငြိမ့် နေသည့် လူများ အကြီးအကျယ် လမ်းလွှဲ လိုက်နေသည်ဟု သေချာပေါက် ပြောလို့ ရပါသည်။ စစ်မှန်၍ ပြည်သူ လူထု အကျိုးကို လိုလားသည့် အနေအထား ဘက်က (ဂ) ဟု ရေးသားသည်ကို သူတို့ ဘက်မှ ပြောင်းပြန် ကြည့်ကာ ( ပ) လို့ ဗလာ အမြင်ဖြင့် ထင်မြင် ယူဆ နေကြသော်လည်း တကယ့် အစစ်အမှန် သဘာဝ အမှန်တရားနှင့် ဒီမိုကရေစီ စံနှုန်းများ၊ အာဏာရှင်တို့၏ ယုတ်မာ ပက်စက်မှုကို အခြေခံကာ တွက်ဆ ထားလျှင် (ပ) ဟု ဘယ်လို နည်းနှင့်မျှ ပြောလို့မရပါ။ ထို့ကြောင့် ယခု ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် မဲပေးရန် လိုက်လံ နိုးဆော် နေသူများသည် (ဂ) ကို (ပ) ဟု ဗလာ အမြင်ဖြင့် ထင်မြင် ယူဆနေကြ သူများသာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင် တော်တော် များများက ယနေ့ စစ်အစိုးရ ကျင်းပသည့် တရားမျှတမှု မရှိသော ဥပဒေများကို အခြေခံသည့် ရွေးကောက်ပွဲကို ဆန့်ကျင် ကြသည်။ သူတို့ ပြောသော သဘောထားသည်လည်း ရှင်းလင်းသည်။ မတရားတာကို လက်မခံ လိုသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး လုပ်သည့် အဓိက ရည်ရွယ်ချက်မှာ လူထု ကောင်းစားရေးကို ဦးတည် ထားသည့် အတွက် လူထု အကျိုးစီးပွား ပျက်စီးစေမည့် ကိစ္စကို လုံးဝ လက်မခံနိုင်ဟု တင်ပြ လာကြ ပါသည်။ ထို့အတူ စစ်အာဏာရှင်များ ဆက်လက် ခေါင်းဆောင် နိုင်အောင် အမျိုးမျိုး အဖုံဖုံ ကြံစည် အကွက်ချ ရေးဆွဲ ထားသည့် ဥပဒေများကို သူတို့ လက်မခံ နိုင်ပါဟု ခံယူထားကြသည်။ တကယ့် သဘာဝ အမှန်တရား သာမက ကျမ်းဂန်များ အဆို အရကော၊ လက်ရှိ တိုင်းပြည် အနေအထားနှင့် ပညာရှင်များ၏ စကားကို ထောက်ဆခြင်း အားဖြင့် ယခု ရွေးကောက်ပွဲကို လက်မခံခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။ သူတို့ အမြင်သည် ရှင်းလင်းသည်၊ တရား မျှမှုကို အခြေခံထားသည့် အတွက် လက်ခံကျင့် သုံးသင့်သည့် အယူအဆ ဖြစ်လေသည်။ ထို့အပြင် မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် နေသူများက ပြောသည့် စကားများ ဖြစ်၍ ပို၍ အလေး ထားကာ စဉ်းစား မိသည်။ ထို့ကြောင့် လက်ရှိ ရွေးကောက်ပွဲကို ဆန့်ကျင် သူများသည် အမှန်တရား ဆိုသည့် မျဉ်းကြောင်းများ ပေါ်မှ ကြည့်လျှင်ပင် (ဂ) ကို အမှန်အတိုင်း (ဂ) ဟု ထင်မြင် သူများဟု သေချာပေါက် ပြောလို့ ရပါသည်။

စစ်အာဏာရှင်တွေ ဆက်လက် အုပ်ချုပ် နေသမျှ တိုင်းပြည် ပြိုကျ ပျက်စီးမှာ ၉၅% သော ပြည်သူလူထုက သိနေပါလျှက်နှင့် ထိုသူတွေ ဆက်လက် အုပ်ချုပ်မည့် ရွေးကောက်ပွဲကြမှ ထင်မြင် ယူဆချက်တွေ အမျိုးမျိုး ကွဲပြား လာတာဟာ ကိုယ်သိထား ကတည်းက အမှန်တရားကို ချစ်မြတ်နိုး တန်ဖိုး ထားမှုနဲ့သာ နှိုင်းယှဉ် စဉ်းစားကြလို့ပါ။ သိပ္ပံ နည်းကျ တိုးတက်နေတဲ့ ခေတ်ကြီးမှာ စနစ်တွေ အမျိုးမျိုး ရှိနေသော်လည်း အခြေခံ ထားသည့် စံနှုန်း သတ်မှတ်ချက်များ ရှိပါသည်။ အပူချိန်၊ အချိန်၊ အလေးချိန် ၊ အမြန်နှုန်း တိုင်းတာသည့် စနစ်များ အတိအကျ ရှိပါသည်။ ထို့အတူ ဒီမိုကရေစီ ခေါ် လွတ်လပ်၍ တရားမျှတသော နိုင်ငံတော်ကို တည်ဆောက် လိုပါလျှင်လည်း စံထားရမည့် အချက်များကို အခြေမခံဘဲ ကိုယ်ပိုင် အတွေးအခေါ် များနှင့် တွေးခေါ်ကာ ငါတို့ အမြင် မှန်ပါသည်ဟု ယူဆ နေသမျှ စစ်မှန်သော စည်းလုံး ညီညွှတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပါ။ ထိုကြောင့် ကိုယ်ထင်မြင် သုံးသပ်ချက် များကို ဗလာ စာရွက် ပေါ်တွင် အမှန်တရား ဆိုသည့် မျဉ်းကြောင်းများ မဆွဲဘဲ ကြည့်နေသည့် ငါ အယူဝါဒက မှန်တယ် ဆိုတဲ့ အတွေးအခေါ်ကို စွန့်လွှတ်ကာ အမှန်တရားကို အခြေခံထားသည့် မျဉ်းကြောင်းများ ပေါ်တွင် အခြေခံ၍ အတည့်အတိုင်း မြင်တတ် လာအောင် ကြိုးစားသင့်ပါမှ အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်လာမည် ဖြစ်ပါသည်။ ထိုသို့ အမှန်တရားကို ရင်ဝယ်သားလို သိမ်းပိုက်ကာ ဖြောင့်မတ်သည့် စိတ်ထားကို မွေးမြူ ကြမှာသာလျှင် မကြာမှီ ပြည်သူ လူထု ကျွန်အဖြစ် သွတ်သွင်းပွဲ အခမ်းအနားကို ရှောင်ရှား နိုင်ကာ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ပြည်သူ လူထု အကျိုးကို လိုလားသည့် လူတစ်ယောက် အနေဖြင့် တင်ပြ လိုက်ပါသည်။

ထို့အတူ ဒီမိုကရေစီ လှုပ်ရှား နေသူများကြောင့် တိုင်းပြည် ဆင်းရဲ နေရပါသည်ဟု နအဖ စစ်အာဏာရှင် များ၏ အယူအဆသည် လုံးဝ မမှန်ကန်ပါ။ ကိုယ်တိုင်ဉာဏ် အမြော်အမြင် နည်းကာ ပညာ မတတ်သော သူများကို နေရာ ပေးကာ မြှောက်စား ထားရခြင်း၏ အကျိုးဆက် များကြောင့် တိုင်းပြည် အတွက် တိုးတက်မှု မရှိ၊ အဘက်ဘက်မှ ဆုတ်ယုတ်လျှက် ရှိနေသည်မှာ လက်ရှိ တိုင်းပြည် အခြေအနေက သက်သေပြလျှက် ရှိပါသည် ပြည်သူ လူထုမှာ ၀မ်းရေး အတွက်ပင် အမျိုးမျိုး ကြိုးစား ရုန်းကန် နေရသည်မှာ ဒီမိုကရေစီ လှုပ်ရှား သူများကြောင့် မဟုတ်၊ အာဏာရှင် စနစ် ဖြစ်ပွား နေသော ကြောင့်သာ ဖြစ်ပါသည်။ ထိုအာဏာရှင် စနစ်ဆိုး အောက် လွတ်မြောက်အောင် ရုန်းထွက် ကြရမည်မှာ တိုင်းပြည်ကို တိုးတက် ထွန်းကား စေလိုသော နိုင်ငံသား တိုင်း၏ တာဝန်ပင် ဖြစ်သည်ကို ခံယူထားလျှက် ကျရာ အခန်း ကဏ္ဍမှ နိုင်ရာ တာဝန် ထမ်းကာ အာဏာရှင် စနစ်ဆိုးကြီးကို ဆန့်ကျင် တိုက်ထုတ် ကြပါစို့ ..... ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး

အမေရိကန်နိုင်ငံတ၀ှမ်း နိုးဆော်ချက်

Call for Protests 2010

Monday, October 25, 2010

ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့နယ် မြင်ကွင်းများ

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း

Kalay Decision Announcement

ဒါ ဒီမိုကရေစီ မဟုတ်ဘူး (အပိုင်း၁) (အပိုင်း၂)





Produced by Burma Partnership and Kestrel Media

Sunday, October 24, 2010

ဒီပုံပြင်လေးကိုဟိုကဒီကmailတွေထဲမှာဖတ်ဖူးကြမှာပါ။ ကျမကိုတော့ဆရာတော်ကforwardလုပ်ပေးလိုက်တာပါ။

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။
ဒါပေမယ့် သူစိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။
လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထား လိုက်တယ်။
အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။
အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊

အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။

မြေကြီးကိုခြေထောက်နဲ့ယက်ပြီးအစာရှာနေတဲ့ကြက်ဖကြီးကခေါင်းမော်ကြည့်ပြီးစိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။
အော် … ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။
ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။
ဘာမှ မဟုတ်တဲ့ ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ လို့ ပြောလိုက်တယ်။
ဝက်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။
တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေးရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။
သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်း ပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့အကြောင်း ထပ်ပြောလိုက်တယ်။
နွားက ၀ိုး… ၀မ်းနည်းပါတယ်ဗျာ။
ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။
လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။
အော်…လယ်သမားကြီးရဲ့ကြွက်ထောင်ချောက်ကိုငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။
အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။
အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက် ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန် ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့
မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။
အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ်ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။ .
ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။
နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။
နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။ ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ
အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ
မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း
အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့
ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
ဒါကတော့ တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။ ရှေ့ကပုံပြင်နဲ့ မတူပေမယ့် မဆိုင်သလိုနေတဲ့ သူတွေအတွက် ဥပမာ ပေးရာမှာတော့ နီးစပ်မှု ရှိပါတယ်။
“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”
“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
 ဆရာတော်ဦးဓမ္မဇောတိ(IBMO-JAPAN)အား ကျေးဇူးတင်ရှိပါကြောင်း။

ရွှေဝါရောင်သံဃာတော်များ ကနေဒါနိုင်ငံ ဆွေးနွေးမှုမှတ်တမ်း

ABMA Canada

Saturday, October 23, 2010

နိုင်ငံရေးစစ်မျက်နှာ

ရောမရောက်လျှင် ရောမလို ကျင့်ရမည်ဟု ရှေးလူကြီးများက အဆိုအမိန့်ထားရစ်ခဲ့ကြသည်။ သို့ပေမယ့် ရောမလို ကျင့်ဖို့က ရောမ ရောက်နေမှန်း အရင်သိဖို့ လိုအပ်သည်။ ရောမရောက်နေသည့် အခြေအနေမှန်ကို လက်ခံနိုင်ဖို့ လိုအပ်သည်။ သို့မှလဲ ရောမလို ကျင့်ကြံနိုင်မည် ဖြစ်သည်။ သဘောင်္ပျက်၍ ကျွန်းတကျွန်းပေါ် ရောက်နေသူသည် အုန်းသီးရသည့်အခါ အုန်းရေကို မော့သောက်နိုင်ဖို့အတွက် မိမိအခြေအနေမှန်ကို သိနေဖို့ လိုအပ်သည်။ အပန်းဖြေခရီးထွက်သကဲ့သို့ အုန်းရေစုပ်သောက်ရန် ပိုက်လိုက်ရှာနေလို့ မရ။ အင်္ဂလန်မှ ဟိုတယ်သို့ လာပြီး ငါးပိစားချင်တယ် ပြော၍ မရသလို၊ ရေဘေးကယ်ဆယ်ရေးဖြင့် သွားရသည့် ရွာမှ အကောင်းဆုံး ဖျာကြမ်းလေးပေါ်တွင် ထိုင်ရင်း ဆိုဖာပေါ်ထိုင်ရရင် ကောင်းမည်လား ဟု စိတ်ကူးယဉ်နေ၍လည်း မရ။ မိမိရောက်နေသည့် နေရာ၊ မိမိရောက်နေသည့် အခြေအနေကို အမှန်အတိုင်း သိမြင်လက်ခံနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ သို့မှလဲ အခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းဆောင်တာများကို အကောင်အထည် ဖော်နိုင်မည် ဖြစ်လေသည်။


အခြေအနေနှင့် အချိန်အခါကို သိမြင်နိုင်မှုသည် လူတဦးတယောက်၏ ဘ၀ရေးရာတွင်သာ အရေးကြီးသည် မဟုတ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုး၏ ကံကြမ္မာမှသည် ကမ္ဘာ့လူသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ ကိစ္စရပ်များအားလုံးတွင်ပါ အရေးပါလှသည်။ နိုင်ငံရေးတွင် များသောအားဖြင့် ခေါင်းဆောင်များ စုဝေး၍ ပါလီမန်များ၊ အစည်းအဝေးခန်းမကြီးများ၊ တွေ့ဆုံဆွေးနွေးပွဲများတွင် နိုင်ငံရေးပြဿနာအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြလေ့ရှိသည်။ မူဝါဒများ ချမှတ်လေ့ရှိသည်။ သို့ပေမယ့် ယင်းသို့သော ဆွေးနွေးညှိနှိုင်းခွင့်သည် နိုင်ငံရေးအခြေအနေတိုင်းတွင် ပေါ်ထွက်သည်မဟုတ်။ ဖြစ်တည်သည် မဟုတ်။ သွေးဖြင့်၊ ချွေးဖြင့် ရင်းရသည့် နိုင်ငံရေးအခြေအနေများလည်း ကမ္ဘာပေါ်တွင် ရှိနေစမြဲဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ထွက်နိုင်ခြင်း အခြေအနေ မရှိပဲ ရှေ့တန်းစစ်မျက်နှာတခုလို တဘက်နှင့် တဘက် အကြိတ်အနိုင် စီးချင်းထိုး တိုက်ပွဲဝင်ကြရသည့် နိုင်ငံရေးစစ်မျက်နှာများကား ကမ္ဘာ့နေရာအနှံ့တွင် ပျံ့ကျဲ ဖြစ်တည်နေဆဲပင် ဖြစ်ပါသည်။ အရေးကြီးသည်ကတော့ မိမိရောက်ရှိနေသည့် အခြေအနေသည် တဘက်နှင့် တဘက် အပြန်အလှန်လေးစားမှု၊ တရားမျှတမှု၊ ယုံကြည်မှုတို့ဖြင့် ဆွေးနွေးနိုင်သည့် နိုင်ငံရေး စင်မြင့်များပေါ်တွင်လား (သို့မဟုတ်) တဘက်နှင့် တဘက် အပြိုင်အဆိုင် စီးချင်းထိုး တိုက်ပွဲဝင်နေရသည့် နိုင်ငံရေးစစ်မျက်နှာတွင်လား ဆိုသည်ကို မှန်မှန်ကန်ကန် သိမြင်သုံးသပ်နိုင်ဖို့ပင် ဖြစ်သည်။


ရှေ့တန်းစစ်မျက်နှာ တခုတွင် အောက်ပါ အခြေအနေတခု ဖြစ်ပွားနေသည် ဆိုပါစို့။


(၁) စစ်မျက်နှာတွင် စစ်ဆင်ရေးကို ဦးစီးမည့် စစ်ဦးစီး တပ်မှူးများကို စစ်ဖြစ်ပွားရာဒေသရှိ နယ်မြေခံလူထုနှင့် တပ်သားများက ရွေးချယ်ထားသည်။


(၂) စစ်ဦးစီးအရာရှိများ ရုံးထိုင်သည့် ရှေ့တန်းရုံးရှိသည်။ အဆိုပါ ရုံးတွင် အမိန့်ပေးရမည့် commander များ ရှိသည်။ ဆက်သွယ်ရေးတပ်သားများ ရှိသည်။ သို့သော် စစ်ဆင်ရေးကို ဗျူဟာချ ဆောင်ရွက်ပေးမည့် ဗျူဟာမှူးကား မရှိ။


(၃) အဆိုပါ စစ်မျက်နှာတွင်ပင် မဟာမိတ်တပ်များလည်း ရှိသည်။ မဟာမိတ်တပ်များမှ တပ်မှူးများသည် ရှေ့တန်းရုံး၏ စစ်ရေးအရ ဦးဆောင်မှုကို ခံယူရန် ဆုံးဖြတ်ထားကြသည်။ ရှေ့တန်းရုံးမှ စစ်ဦးစီးများကို ၀န်းရံပေးရန် သဘောတူထားကြသည်။ သို့သော် ရှေ့တန်းရုံးမှ စစ်ဦးစီးတပ်မှူးများသည် မဟာမိတ်တပ်များမှ တပ်မှူးများနှင့် တယောက်တပေါက် တိုးတိုးတိတ်တိတ်သာ ဆက်သွယ်နေ ကြသည်။ မဟာမိတ်ဆက်ဆံရေးမှူးကား မရှိ။ ပျံ့ကျဲနေသော မဟာမိတ်တပ်များနှင့် တညီတညွတ်တည်း စုစည်းဆောင်ရွက်နိုင်မည့် စီမံချက်များအား ချမှတ်ဆွေးနွေးညှိနှိုင်းခြင်းလည်း မရှိ။ ဆက်သွယ်ရေးတပ်သားများဖြင့် လေလှိုင်းမှ တဆင့် ရှေ့တန်းရုံးမှ စစ်ဦးစီးအရာရှိများ ဘာလုပ်မည်၊ ညာလုပ်မည်ကိုသာ တယောက်တပေါက်ပြောနေကြသည်။


(၄) ရန်သူမှ တရကြမ်း ချေမှုန်းချိန်များတွင် ရှေ့တန်းရုံးရှိ စစ်ဦးစီးတပ်မှူးများက အပစ်အခတ် ရပ်စဲပေးပါရန် တောင်းဆိုခြင်း၊ ရန်သူ့လက်ထဲ ရောက်နေသော တပ်မှူးများကို လွှတ်ပေးပါရန် တောင်းဆိုခြင်းများကို ကရောသောပါး ပြုလုပ်လေ့ရှိကြသည်။


(၅) စစ်ဆင်ရေးမှာ အဆုံးမသတ်နိုင်ပဲ တိုက်ပွဲများအီနေပြီး၊ စစ်ရေးကြန့်ကြာမှုများ ဖြစ်နေသောအခါ စိတ်မရှည်နိုင်သော မဟာမိတ်တပ်မှူးများက ထိုးစစ်များကို တတ်နိုင်သမျှ စုစည်းပြီး ဆင်နွှဲကြလေတော့သည်။ ယင်းသို့ဆင်နွှဲသည့်အခါတွင် ရှေ့တန်းရုံးမှ စစ်ဦးစီးတပ်မှူးများက ဦးဆောင်ခြင်းလဲ မရှိ၊ ပါဝင်တိုက်ပွဲဝင်ခြင်းလဲ မရှိ၊ နောက်မှ ၀န်းရံပေးခြင်းလည်း မရှိသည့်အပြင် မိမိတို့ လက်အောက်ခံ တပ်များမှ ပါဝင်သူများကိုပင် တပ်မှ ထုတ်ပယ်အရေးယူမှုများ ပြုလုပ်ကြလေသည်။


(၆) မဟာမိတ်တပ်များ၏ ထိုးစစ်များ အရှိန်ကောင်းလာချိန်များတွင် ရန်သူမှ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရှေ့တန်းရုံးသို့ အကြောင်းကြားပါတော့သည်။ ရှေ့တန်းရုံးမှလဲ အားပါတရ ထောက်ခံပြီး ရန်သူ့လက်ထဲတွင် ကျရောက်နေသော တပ်မှူးများကို တွေ့ဆုံခွင့် တောင်းဆိုသောကြောင့်၊ ရန်သူ့လက်ထဲ ရောက်နေသော တပ်မှူးများကို ထိခိုက်လိုခြင်း မရှိသော မဟာမိတ်တပ်များမှ အရှိန်ကို ပြန်လျှော့လိုက်ရလေတော့သည်။ ယင်းသို့ အရှိန်လျော့လာသည်နှင့် တပြိုင်နက် ရန်သူတပ်များမှ မဟာမိတ်တပ်များကို တရကြမ်းတောနင်းပြီး တိုက်ခိုက်ချေမှုန်းကြ ပါတော့သည်။ ရှေ့တန်းရုံးမှ စစ်ဦးစီး တပ်မှူးများကား တခွန်းတပါဒ ၀င်ပြောခြင်း မရှိ။ မိမိတို့ ရှေ့တန်းရုံးပေါ်သို့ ဗုံးဆံ ကျမည်ကိုပင် စိုးရိမ်ကာ ဗုံးခိုကျင်းများထဲသို့ ၀င်ပြီး ငုတ်တုတ် ထိုင်နေကြလေတော့သည်။


(၇) ရှေ့တန်းစစ်မျက်နှာတွင် ရန်သူကို တိုက်ရန်ဟု ရည်ရွယ်ပြီး ရှေ့တန်းရုံးမှ တပ်မှူးများ၏ ကွပ်ကဲမှု လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသို့ ၀င်ရောက်လာသော တပ်သားများမှာကား စစ်လဲ မတိုက်ရ၊ မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်လျှင်လဲ တပ်မှူးများက မကြည်မလင်ဖြစ်ကာ တပ်မှထုတ်လိုထုတ်၊ ခေါ်ယူသတိပေးလိုပေးနှင့် ဖြစ်နေပြီး၊ တနေ့တနေ့ ခံစစ်အတွက် ကတုတ်ကျင်းတူးရန်၊ ဗုံးခိုကျင်းတူးရန် တာဝန်များကိုသာ ထမ်းဆောင်နေရသည့်သကာလ တပ်မှူးများအပေါ်တွင် စိတ်ပျက်ပြီး နှုတ်ထွက်သူကထွက်၊ တနိုင်တပိုင် အစုအဖွဲ့လေးများဖွဲ့ပြီး ရန်သူကို ပြောက်ကျားစစ်ဖြင့် တိုက်သူက တိုက်၊ ငုတ်တုတ်ထိုင်ကြည့်သူက ကြည့်ရင်းဖြင့် အချိန်ကုန်နေကြလေသည်။


(၈) ယင်းသို့သော အခြေအနေတွင် ရန်သူ့ဘက်မှ နေ၍ လက်နက်ချပါက ယင်းတို့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာသူများကို ရာထူးအာဏာပေးတော့မယောင် မြူဆွယ်စည်းရုံးမှုများ ထွက်ပေါ်လာသဖြင့် ရှေ့တန်းရုံးမှ စစ်ဆင်ရေး တပ်မှူးအချို့သည် မိမိတို့ကွပ်ကဲမှု လက်အောက်ခံ တပ်ရင်းများမှ ကျဆုံးသွားသူများ၏ မျက်နှာကိုလဲ မထောက်၊ ရန်သူ့ အကျဉ်းစခန်းများတွင် ရောက်ရှိနေသော လုပ်ဖော်ကိုင်ဖက်များကိုလဲ မငဲ့ကွက်ပဲ အပြေးအလွှား သုတ်ခြေတင်ပြီး ရန်သူ့ထံ အခစားရောက်သွားကြပါလေတော့သည်။


(၉) ယင်းသို့ သပ်လျှိုဖြိုခွဲမှုများ ပြုလုပ်အပြီးတွင် ရန်သူဘက်မှနေ၍ မဟာမိတ်တပ်များကို ထိုးစစ်များဖြင့် စနစ်တကျ ချေမှုန်းမှုများ ထပ်မံ ပြုလုပ်လာသကဲ့သို့ ရှေ့တန်းရုံးတွင် ကျန်ရှိနေသော တပ်မှုးများကိုသာမက ရှေ့တန်းရုံးနှင့် လက်အောက်ခံ တပ်ဖွဲ့များကိုပါ အပြီးတိုင်ချေမှုန်းကို ထိုးစစ်များ စတင်ပြင်ဆင်လာတော့သည်။ တပြိုင်နက်တည်းတွင်ပင် ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသော ပြည်သူလူထုမှ ရှေ့တန်းရုံးတပ်မှုးများကို ရွေးချယ်ခဲ့သည့် ရလာဒ်များအား ချေဖျက်ရန် ရွေးကောက်ပွဲအတုကို ရန်သူက ပြုလုပ်ပါလေတော့သည်။


(၁၀) အဆိုပါအခြေအနေတွင် ခေါင်းမထောင်နိုင်အောင် ချေမှုန်းခံနေရသော မဟာမိတ်တပ်မှူးများမှာလဲ ခုန်ဆွဆွ၊ စစ်မျက်နှာတွင် ရောက်ရှိနေသော လူထုမှာလဲ တပ်မှူးများ ပေးသော အမိန့်ကို နာခံရန် တကြွကြွ ဖြစ်နေကြသော်လဲ ရှေ့တန်းရုံးက တပ်မှူးများကတော့ ရန်သူ့လုပ်မည့် ရွေးကောက်ပွဲအတုကို လက်မခံကြရန် လူထုကို ပြောကြားခြင်း၊ ရှေ့တန်းရုံးကို ရန်သူဘက်မှ မချေမှုန်းစေရန် ရန်သူက ချမှတ်ထားသော ဥပဒေစည်းကမ်းများ အသုံးပြု၍ တောင်းဆိုခြင်း၊ ရန်သူ့ထံတွင် အကျဉ်းကျခံနေရသော တပ်မှူးများအား လွှတ်ပေးပါရန် တောင်းဆိုခြင်း၊ အပစ်အခတ် ရပ်ပြီး စေ့စပ်ဆွေးနွေးပါရန် ပန်ကြားခြင်းများကို ပြုလုပ်နေကြပါလေတော့သည်။


အဆိုပါ အခြေအနေများသာ ရှေ့တန်း စစ်မျက်နှာတွင် ဖြစ်ပွားနေပါက ရလာဒ်များ မည်သို့ ရှိမည်နည်း။


(၁) မဟာမိတ်တပ်များမှ ခုန်ဆွဆွဖြင့် စုစည်း၍ တတ်နိုင်သမျှ အင်အားဖြင့် စုပေါင်း တိုက်ပွဲဝင်သည့် ထိုးစစ်ငယ်လေးများ ရှိလာမည်။


(၂) ရန်သူမှ အလုံးအရင်းဖြင့် ပြန်လည် ချေမှုန်းမည်။


(၃) စစ်မျက်နှာတွင် ရှိနေသော လူထုမှ မနေသာပဲ တိုက်ပွဲဝင်ဖို့ ထွက်လာသောအခါ ရန်သူမှ ရှေ့တန်းရုံးကို ဆက်သွယ်၍ အကျဉ်းကျနေသော ရှေ့တန်းရုံးမှ တပ်မှူးများကို လွှတ်ပေးပါမည်ဟု အကြောင်းကြားလိမ့်မည်။ အကြိမ် တရာမကသော စေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် ကတိကို ပေးလိမ့်မည်။ ရှေ့တန်းရုံးမှ တပ်မှူးများက ၀မ်းသာအားရ လက်ခံကြပေလိမ့်မည်။


(၄) ယင်းသတင်းကို ကြားသဖြင့် လူထုမှ ရှေ့တိုက်ရနိုးနိုး၊ နောက်ဆုတ်ရနိုးနိုး တွေဝေနေချိန်တွင် ရန်သူ၏ ရွေးကောက်ပွဲအတုက ပြီးဆုံးသွားပေလိမ့်မည်။


(၅) အတုပြီးသောအခါတွင်မှ ရှေ့တန်းရုံးမှ တပ်မှူးများနှင့် လက်အောက်ခံ တပ်များကို ရန်သူက အမှည့်ခြွေ ခြွေလိမ့်မည်။


(၆) အင်အားများကို ဖဲ့ခြွေရန်အတွက် ရန်သူဘက်မှနေ၍ အညံ့ခံလိုက ခံနိုင်ခြင်း (၀ါ) လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ပေလိမ့်ဦးမည်။ ရှေ့တန်းရုံးတွင် ကျန်ရှိနေသော တပ်မှူးအချို့နှင့် လက်အောက်ခံတပ်များမှ တပ်သားအချို့ အပါအ၀င် မဟာမိတ်တပ်များမှ တပ်မှူးများ၊ တပ်သားများကလဲ မှိုရသော မျက်နှာဖြင့် တပျော်တပါး အညံ့ခံကြပေလိမ့်ဦးမည်။


(၇) ရေရှည်ရလဒ်ကား တိုက်ပွဲအီနေဦးမည်။ စစ်ကြန့်ကြာဦးမည်။ စစ်မျက်နှာမှ ပြည်သူအများမှာလဲ စစ်ပွဲ၏ ရေရှည် ဆိုးကျိုးများကို ခံစားနေရပေလိမ့်ဦးမည်။


အထက်ပါ အခြေအနေများ၊ ရလာဒ်များသည် ရှေ့တန်းစစ်မျက်နှာတွင် ဆိုလျှင်တော့ စစ်ကြန့်ကြာခြင်းကြောင့် ရေတိုဆိုးကျိုး၊ ရေရှည်ဆိုးကျိုးခံစားရသည့် လူထုအရေအတွက်၊ တပ်မှူးတပ်သား အရေအတွက် နည်းပါးပါသည်။


နိုင်ငံရေးစစ်မျက်နှာတွင် ဖြစ်လာလျှင်ကား ရေတိုဆိုးကျိုး၊ ရေရှည်ဆိုးကျိုးခံစားရသည့် လူထုအရေအတွက်၊ တပ်မှူးတပ်သားအရေအတွက်မှာ အဆမတန် များပြားရုံမက နိုင်ငံတခု၏ အနာဂတ်ကံကြမ္မာကိုပင် ထိခိုက်စေနိုင်ပါသည်။


လောကတွင် ကိုယ်ရောက်နေသည့် အခြေအနေကို အကဲမဖြတ်နိုင်မှုလောက် ဆိုးရွားသော အမှားအယွင်းကား မရှိနိုင်။ သင်္ဘောပျက်ပြီး ကျွန်းပေါ်တွင် ရောက်နေသူက အုန်းရည်ကို ပိုက်နှင့်မှ စုပ်သောက်ချင်နေလျှင် အချိန်ကြာလှသည့်အခါ အားပြတ်ပြီး အသက်ဆုံးရှုံးနိုင်သည်။ သေနတ်နှင့် ချိန်ထားသည့် စိတ်မနှံ့သူကို ပြန်ပစ်နိုင်မည့် အခွင့်အရေးရှိပါလျှက် လူမသတ်လိုဟု ဆိုကာ လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေးဆေး ညှိနှိုင်းစကားပြောရအောင်ဟု ဆိုပါကလဲ စိတ်မနှံ့သူ ပစ်လိုက်သည့် ကျည်သင့်ပြီး သေဖို့ပဲ ရှိသည်။ တောရိုင်းထဲ ရောက်ပြီး၊ တောရိုင်းဥပဒေကို မကျင့်သုံးပါက အန္တရာယ်ဆိုးများ ကြုံဖို့ပဲ ရှိသည်။ စစ်မျက်နှာကို ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံလို သဘောထားပြီး စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုနေသရွေ့ကတော့ တနေ့မဟုတ် တနေ့ ရန်သူ့ပစ်ကွင်းထဲ ရောက်မည်မှာ မုချမလွဲ။


ယင်းသို့ဆို၍ စစ်ပွဲများတွင် စေ့စပ်ဆွေးနွေးပွဲ မရှိဟု မဆိုလိုပါ။ စေ့စပ်ဆွေးနွေးဖို့ ဆိုသည်က တဘက်နှင့်တဘက် အပြန်အလှန် ပစ်ခတ်နေကြသည့် ကွင်းပြင်ခေါင်ခေါင်မှာ လုပ်လို့ ရသည်မဟုတ်။ သေလုခမန်း တိုက်ပွဲဝင်နေရသည့် တပ်သားများကို ငါတို့ စေ့စပ်ဆွေးနွေးဖို့ တောင်းဆိုထားတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန် ပြောဆိုနေရသည့် အရာမဟုတ်။ နှစ်ဘက် ခေါင်းဆောင်အချင်းချင်း ဆက်သွယ်မှု Channel များဖွင့်ပြီး၊ ပဏာမ ညှိနှိုင်းမှုများ တိုးတိုးတိတ်တိတ် လုပ်ရမည့် အရာဖြစ်သည်။ ယင်းမှ တဖန် နှစ်ဘက် အပစ်အခတ် ရပ်စဲရေးကို ထပ်မံညှိနှိုင်းပြီး၊ နှစ်ဘက်စလုံးက သဘောတူညီမှုရှိမှသာ အပစ်အခတ် ရပ်စဲရန် စစ်မျက်နှာမှ ဗိုလ်ပါတပ်သားအပေါင်းကို အမိန့်ပေးရမည့် အရာသာ ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ တဘက်ရန်သူက ပဏာမညှိနှိုင်းခြင်းကို လက်ခံသည်လဲ မဟုတ်၊ အပစ်အခတ် ရပ်စဲရေး သဘောတူသည်လဲ မဟုတ်ပဲ တရကြမ်း ချေမှုန်း နေချိန်တွင် စေ့စပ်ဆွေးနွေးပွဲကို တောင်းဆို မျှော်လင့်နေလို့ကတော့ ရန်သူ့အမြောက်ဆန်က ရှေ့တန်းရုံးပေါ် တည့်တည့်မတ်မတ် မကျလာလျှင်ပင် တော်သေးသည်ဟု ဆိုရလိမ့်မည် တကား။


ခင်မမမျိုး (၂၂၊ ၁၀၊ ၂၀၁၀)

မြောက်ဥက္ကလာပ မှ ကိုခင်မောင်ဦး ရဲ့ တစ်ကိုယ်တော် လှုပ်ရှားမှု

ရုပ်ပုံများပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်၊ (စ) ရပ်ကွက် မြို့နယ် NLD ပါတီရုံး အနီး တစ်ဝိုက်တွင် အောက်တိုဘာလ (၂၁) ရက်နေ့က ကိုခင်မောင်ဦး (မြောက်ဥက္ကလာ) မှ တစ်ကိုယ်တော် လှုပ်ရှားမှု အနေဖြင့် ပြည်သူ များအား နအဖ ရွေးကောက်ပွဲ ဥပဒေ အကြောင်း သိသာစေရန် လက်ကမ်း စာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

ကိုခင်မောင်ဦး ဖြန့်ဝေသည့် အဆိုပါ နအဖေ ရွးကောက်ပွဲ ဥပဒေ အကြောင်း သိသာ စေရန် အတွက် လက်ကမ်း စာစောင်များတွင် နအဖ တို့၏ ရွေးကောက်ပွဲ ဥပဒေပါ အချက်အလက် များကို ဖေါ်ပြထားပြီး ပြည်သူများ အနေဖြင့် မဲဆန္ဒ မပေးဘဲ နေနိုင်သော အခွင့်အရေးလည်း ပါဝင်ကြောင်း မီးမောင်းထိုး အသိပေး ထားခြင်း ဖြစ်သည်။
ပါတီ လူငယ်များ၊ ကျောင်းသား လူငယ်များ၊ ဒီမိုကရေစီ အင်အားစုများနှင့် သံဃာများမှ ဖြန့်ဝေ အသိပေး နေသော လူထု အသိပေး လက်ကမ်း စာစောင်များ ဖြစ်ပြီး လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်မှာ -
  1. NLD ပါတီ တည်ရှိနေသေးကြောင်း လူထုမှ ပိုမိုသိရှိနေစေရန်နှင့်
  2. နအဖရွေးကောက်ပွဲဥပဒေများကို လူထုမှ သိရှိနားလည်၍ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ် နိုင်စေရန် ဖြစ်သည်။
“ပြည်သူများ အနေဖြင့် မဲဆန္ဒမပေးဘဲ နေနိုင်သော အခွင့်အရေးလည်း ပါဝင်ကြောင်း” နအဖ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ကိုယ်တိုင်က အတိအလင်း ဖေါ်ပြထား ပါသည်။

ကမ္ဘာအနှံ့ကသတင်းတွေ....