Monday, January 31, 2011

နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနား(တိုကျို)



၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၁)ရက်။

နအဖ စစ်အုပ်စုမှ ယနေ့ နေပြည်တော် ကျပ်ပြေးတွင် ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်အား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ အခမ်းအနားကို တိုကျိုရှိ နအဖ စစ်အခွန်ရုံ (သံရုံး)ရှေ့တွင် ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲကို မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက် (ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ပြီး နအဖ အတုအယောင် ပါလီမန်လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို လုံးဝ အသိအမှတ် မပြုကြောင်းနှင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုက်တွန်းတောင်းဆိုသည့် ရပ်တည်ချက် သဘောထား တောင်းဆို စာတစောင်ကို စစ်အခွန်ရုံ(သံရုံး)ကနေတဆင့် ပေးပို့ခဲ့ပါသည်။

ဆက်လက်ပြီး ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ကုလသမဂ္ဂ အပါဝင် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်မပြုရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလ ( ၁ရက် မှ ၄ ရက်နေ့  )အထိ ဂျပန်ရှိ UN ရုံးရှေ့၌ ဆက်လက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

ယနေ့ ဆန္ဒပြပွဲကို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum/ U Than Win

Sunday, January 30, 2011

(၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တိုကျိုတွင် ကျင်းပြုလုပ်။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နှင့် ကရင်အမျိုးသား အစည်းအရုံးကြီး (၆၄)နှစ်ပြည့် တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို Takadanobaba ရှိ Recycle 4F မှာ ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီအထိ KNU-Japan ကိုယ်စားလှယ်မှ တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကေအဲန်ယူ(ဗဟို)မှ ပေးပို့လာသည့် သ၀ဏ်လွှာ ၊ ကို ကရင်၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာဖြစ် ဖတ်ကြားပြီးသည်နောက် ကရင်အမျိးသား တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်းကို ရှင်းလင်း တင်ပြသွားပါသည်။ ကေအဲန်ယူ နယ်မြေသို့ သွားရောက်ခဲ့သော ကေအဲန်ယူ(ဂျပန်) တာဝန်ခံ စောမျိုးခိုင်ရှင်းမှ အတွေ့အကြုံနှင့် တော်လှန်ရေးဒေသမှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ဂုဏ်ပြု ဗီဒီယို မှတ်တမ်းဖြစ် ရှင်းလင်း တင်ပြသွားပြီး တက်ရောက်ခဲ့ကြသည် အဖွဲ့အစည်းအသီးတို့မှ ကရင်အမျိုးသား တော်လှန်ရေး ဂုဏ်ပြု အထိမ်းအမှတ် အမှာစကား ပြောကြား ပြီးသည့်နောက် အခမ်းအနားကို ညနေ ၈း၃၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံး ပေါ်ပေါက်ရန် တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)ရက်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်စေရေးအတွက် စစ်အစိုးရကို အစဉ်တစိုက် တောင်းဆိုနေသည့် နည်းတူ ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများမှ အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃-၀၀ မှ ၄-၀၀) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဂျပန်၏ အလွန်အေးချမ်းသည့် ရာသီဥတုကို အန်တု၍ ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ၁၀၀ကျော် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။nldlajb.blogspot.com
သတင်းဓါတ်ပုံ။ Lian Khan Sum

မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ယက်(ဂျပန်)၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး


ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပါဝင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ Recycle Center 4F,မှာ ယနေ့ ဇန္န၀ါရီလ(၃၀)ရက် နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဇန္န၀ါရီလ ၃၁ ရက်နေ့တွင် နအဖ မှ လွတ်တော် ခေါ်ယူကျင်းပပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနားနှင့် ဇန္န၀ါရီလ( ၁ရက် မှ ၄ ရက် )နေ့အထိ ဂျပန်နိုင်ငံရှိ UN ရုံးရှေ့၌ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရကိုလည်း ကုလသမဂ္ဂ မှ အသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုသွားမည်  ဖြစ်ကြောင်း သိရှိရပါသည်။


သတင်း မှတ်တမ်းဓါတ်ပုံ ။ Lian Kham Sum

Friday, January 28, 2011

ဒုတိယနေ့ ဂျပန်လွှတ်တော်ရှေ့တွင် မြန်မာ့အရေးအား တိုက်တွန်း တောင်းဆို


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၇)ရက်။

မြန်မာနိုင်ငံတွင် အသစ် ပေါ်ပေါက်လာမည့် အစိုးရကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်အစိုရ မှလည်း အသိအမှတ်မပြုရန် တိုက်တွန်း တောင်းဆိုဆန္ဒပြပွဲကို ဒုတိယနေ့ တွင်လည်း အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းဓါတ်ပုံ။ ဦးသန်းဝင်း

Thursday, January 27, 2011

“လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်အတွက်ပိတ်နေတဲ့ပါးစပ်တွေကိုဟာသနဲ့ဆွဲဖွင့်သူ”

ကီလီ ၆ ဟု ခေါ်သည့် ရုပ်ရှင်ရိုက်ကွင်းတည်ရာ နေရာတခုမှာ သူ့ကို လူကိုယ်တိုင် စတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ လောကဓံ အထုအထောင်းကို ထုသားပေသား ကျနေသည့် ခပ်ပြုံးပြုံး မျက်နှာနှင့်၊ အရာရာကို ရယ်စရာအဖြစ် ကြည့်ကာ သရော် လှောင်ပြောင်ရန် အသင့်ဖြစ်နေပုံ။ သို့ရာတွင် ခင်မင်နှစ်လိုဖွယ်။

သူကတော့ တိုင်းသိပြည်သိ၊ ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာခေါ် ကိုသူရဖြစ်သည်။

zarganar-jail
အငြိမ့်မကခင် ကိုဇာဂနာကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)
၂၀၀၂ ခုနှစ် ဝန်းကျင်ကာလ၊ ထောက်လှမ်းရေး တန်ခိုးထွားနေစဉ် အချိန်ဖြစ်ပြီး ဇာဂနာ ဆိုသည့်အမည်ကို အစိုးရက ပိတ်ပင်ထားသည့် အတွက် မောင်သူရ အမည်ဖြင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူး နေရချိန်ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် ဆံပင် တမွေးမျှမရှိ။ ၁၉၉၄ သူ ထောင်ကထွက်ပြီး နောက်ပိုင်း ရုပ်ရှင်နယ်ထဲတွင် ကျင်လည်သည့် တောက်လျှောက် သူ ဆံပင် မထားတော့။

“ဇာဂနာတို့ကတော့ ပြောင်ပြောင်ပဲ” ဆိုသည့်စကား လူအများကြားတွင် ခေတ်စားခဲ့သည်။

စစ်အစိုးရ၏ အခုတမျိုး၊ တော်ကြာတမျိုး မူဝါဒများအတိုင်း လိုက်နာရသူများထဲတွင် စာနယ်ဇင်းများက ထိပ်ဆုံးကပါသည်။ သတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် “မေမြို့” ဟု မရေးရ၊ ပြင်ဦးလွင်ဟု ရေးရမည် ဆိုလျှင် အားလုံး လိုက်ရေးရသည်။ “ထိုင်ဝမ်” မဟုတ် “တရုတ် (တိုင်ပေ)” ဟု ရေးမှ ခွင့်ပြုမည် ဆိုပြန်လျှင်လည်း တရုတ် (တိုင်ပေ) ရပြန်သည်။ ကိုဇာဂနာနှင့် ကျမ ကီလီ ၆ တွင် စတင်ဆုံတွေ့ရသည့် ထိုကာလကတော့ “ထိုင်း” နိုင်ငံကို “ထိုင်း” နိုင်ငံဟု မခေါ်ရ “ယိုးဒယား” ဟုသာ ခေါ်ရမည်ဟု အမိန့် ထွက်ပေါ်နေချိန်ဖြစ်သည်။

ကျမတို့ သတင်းထောက်တွေကို တွေ့သည်နှင့် ကိုဇာဂနာက “ဟေ့ … အားလုံးပဲနော်။ ထိုင်းကို ထိုင်းလို့ ခေါ်ရင် အဖမ်း ခံရမယ်။ ယိုးဒယားလို့ ခေါ်ကြ။ အဲဒီတော့ ငါတို့ ရုပ်ရှင်ရိုက်တဲ့အခါမှာ ဒိုင်ယာလော့ခ်ထဲ နားထိုင်းတာတို့ ဘာတို့ပါရင် နားထိုင်းတယ်လို့မပြောကြနဲ့။ နား ယိုးဒယား ဖြစ်နေတယ်လို့ ပြောကြ” ဟု ရုတ်တရက် ပြောလိုက်သဖြင့် အားလုံး ရယ်ကြရသည်။

ကိုဇာဂနာက အရာရာကို ဟာသဉာဏ်ဖြင့် ရှုမြင်ကာ သရော်ဖို့ချည်း စဉ်းစားနေသည်ဟု ထင်ရသည်။ လူထုကလည်း ဟာသ အသစ် တမျိုးမျိုး ကြားလိုက်ရလျှင် “ဒါ ဇာဂနာ ပြောတာပဲဖြစ်မယ်” ဟု ထင်ကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျမ ကိုဇာဂနာကို မေးကြည့်ဖူးသည်။

နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်ကြီးတဦးက ရေသန့်စက်ရုံတခုသို့ သွားကြည့်ရင်း “ဒီသောက်ရေသန့်တွေကို ဘယ်လိုခေါ်လဲ” ဟုမေးရာ စက်ရုံမှူးက “ပီအိတ်ခ်ျ ဆဲဗင်းလို့ ခေါ်ပါတယ်” ဟု ပြောသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးက “ကောင်းတယ်၊ ကောင်း တယ်၊ နောက်ကို ပီအိတ်ခ်ျ အိတ်တို့ နိုင်းတို့ ရတဲ့အထိ ကြိုးစားကြ” ဟု မှာကြားခဲ့သည် ဆိုသည့် ဟာသတပုဒ် ပြည်သူလူထု ကြားတွင် ပြန့်နှံ့ခဲ့ဖူးသည်။ ထိုပြက်လုံးမှာ ကိုဇာဂနာထုတ်သည့် ပြက်လုံးဖြစ်သည်ဟု လူ အများက ယုံကြည်ကြသည်။

“လူတွေက အစိုးရနဲ့ ပတ်သက်လို့ ရယ်စရာ၊ ဟားစရာ တခုခု ကြားလိုက်ရရင်၊ ဒါ ဇာဂနာပြောတာပဲ၊ ဇာဂနာ ဖောက်တာပဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်က ကျနော်တို့က ဒီလောက် ခေါင်းမကောင်းပါဘူးဗျာ။ လူတွေက ပိုတော်တာပါ။ သူတို့ ဘာသာ ထုတ်တဲ့ ပြက်လုံးကို ကျနော်ထုတ်တာ ဆိုပြီး နာမည်တပ်တာပါ” ဟု ကိုဇာဂနာက ပြန်ပြောခဲ့သည်။

၁၉၈၈ ခုနှစ်မတိုင်ခင်ကာလ မြန်မာ့ရုပ်မြင်သံကြားတွင် ကိုဇာဂနာနှင့်အဖွဲ့ တင်ဆက်သည့် “မိုးနတ်သူဇာ” အငြိမ့်ကို လူကြိုက်များခဲ့သည်။ တက္ကသိုလ် ဘွဲ့ရ လူငယ်ပညာတတ် လူရွှင်တော်များဖြင့် ဖွဲ့စည်းထားသည့်အငြိမ့်။ ခါးအောက် ပြက်လုံးများ၊ ကလိထိုးရယ်ရသည့် ပြက်လုံးများ မဟုတ်ဘဲ စနစ်တကျ ပညာသားပါပါရယ်ရသည့် ပြက်လုံးများကြောင့် လူထုကြားတွင် ပြောစမှတ်တွင်ခဲ့သည်။

အထိမ်းအမှတ်ပွဲတိုင်း မိုးနတ်သူဇာအငြိမ့်ကို လူတွေမျှော်ကြသည်။ အငြိမ့်ကြည့်ပြီး နောက်တနေ့ မနက်အထိ ညက ကြည့်ခဲ့သော ပြက်လုံးကို ပြန်ပြောင်းပြောကာ ရယ်မောကြသည်။

လက်ရှိ စစ်အာဏာပိုင်များကဲ့သို့ မဟုတ်ဘဲ ဆိုရှယ်လစ် ဒီမိုကရေစီ လက်အောက်တွင် အမြင်မတော်သည်ကို ဝေဖန်ခွင့် အနည်းငယ် ရခဲ့သည်။

နိုင်ငံတော်ပိုင် မီဒီယာကြီးတွင် တင်ဆက်သောပွဲ ဖြစ်သဖြင့် အကန့်အသက်နှင့် ပြက်လုံးထုတ်ရသော်လည်း နှစ်ခွ အဓိပ္ပာယ် သက်ရောက်သော ပြက်လုံးများကို မိုးနတ်သူဇာ လူရွှင်တော်များက ထုတ်သကဲ့သို့ ပရိသတ်ကလည်း အတွေးဖြန့်ကာ ရယ်မောတတ်ခဲ့ကြသည်။ အာဏာရှင်ကို သရော်လှောင်ပြောင်းခြင်းဖြင့် လူထု ဘဝင်ကို ဆွဲငင်သော ကိုဇာဂနာအား အာဏာရှင်တို့ မျက်မုန်းကျိုးသည် ကတော့ မဆန်းလှပေ။

နောက်တော့ မြပုဏ္ဏမာ အငြိမ့်။ အငြိမ့်အမည်ပြောင်းသော်လည်း၊ မင်းသမီးနှင့် လူရွှင်တော်များ အလဲအလှယ် အနည်းငယ် ရှိသော်လည်း ကိုဇာဂနာဦးဆောင်သည့် ပြက်လုံးခွင်များကတော့ ထုံးစံအတိုင်း မပြောင်းမလဲ။

ကိုဇာဂနာ၏ “သူတောင်းစား ညီလာခံ” ဇာတ်လမ်းတိုကတော့ ထိုခေတ်ပရိသတ်ကြားတွင် ရေပန်းအစားဆုံး ဖြစ်သကဲ့သို့ အာဏာရှင်များကို မခံချိမခံသာ ဖြစ်စေသော ဇာတ်လမ်းဖြစ်ခဲ့သည်။

စစ်အာဏာရှင် အစိုးရလက်အောက်တွင် နေရသူများအတွက် ထွက်ပေါက်ဆို၍ စိတ်တခုသာ ရှိပါသည်။ မြန်မာပြည်သူ လူထု အနေဖြင့် လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ အနုပညာကို ထုတ်ဖော်ပြသခွင့်များ နည်းပါး ဆိတ်သုဉ်းခဲ့သည်မှာ ၁၀ စုနှစ် ၄ ခုမက ရှိပြီဖြစ်သည်။ ထို့ကြောင့်လည်း လူထုက ရယ်စရာကို မက်မောကြသည်။ ရယ်စရာကို ရှာဖွေကြသည်။ ကိုဇာဂနာကတော့ လူအများ၏ စိတ်ထွက်ပေါက်အဖြစ် ရှာဖွေနေရသည့် ပြက်လုံးများကို လူထုထဲသို့ အရောက် ပို့ပေးသူဖြစ်သည်။

ကိုဇာဂနာနှင့် ကာလကြာရှည် အလုပ်တွဲလုပ်၊ အတူနေထိုင်ခဲ့သူ ပန်းချီထိန်လင်းက ကိုဇာဂနာ၏ ရဲရင့်သော ပြက်လုံးများ အကြောင်းကို “ကြောက်မွေးပါ ဇာဂနာနဲ့နုတ်” ဟူသောဆောင်းပါးအဖြစ် ကောင်းကင် အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

၁၉၈၈ ခုနှစ်မတိုင်ခင်က ပေါက်မြို့တွင် ကိုဇာဂနာတို့ အဖွဲ့ ကခဲ့ကြစဉ် နတ်ဝင်သည် လုပ်ကြသည့် ပြက်လုံးခွင်၌ ကိုဇာဂနာက “ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ၇၅ ကျပ်တန်တွေ တရားမ၀င် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ” ... လို့ မေးသောအခါ လူရွှင်တော် တက်တူနှင့် ကိုချစ်စရာတို့က ..  “အဲဒါ အမေလုပ်တာလား” ဟု ထောက်မေးရန် ဖြစ်သော်လည်း ထိတ်လန့်ကာ ထောက်မပေးတော့ဘဲ ပြက်လုံးအသွားကို ပိတ်ထားကြသည့် အဆုံးတွင် ကိုဇာဂနာက .... “အဲဒါ .. ပုံ/ စိန်လွင် လုပ်တာဟေ့” ဟု ပြက်ခဲ့ကြောင်း ကိုထိန်လင်းက ရေးသားထားသည်။ နာမည်ကျော် ဗိုလ်ချုပ်စိန်လွင်ကို ပြက်ခဲ့ခြင်းဖြစ်သည်။

၎င်းနောက် လူထုကြားတွင် ကောလာဟလလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများက ကိုဇာဂနာကို ပြက်လုံးခေါ် ထုတ်ခိုင်းသည်၊ ကိုဇာဂနာက မကြောက်မရွံ့ဖြင့် သူတို့ကို ပြန်၍ သရော်လှောင်ပြောင်ခဲ့သည်၊ ကိုဇာဂနာကို ထောင်ထဲ ထည့်လိုက်ပြီ … စသည်ဖြင့်။ ထိုစဉ်က မဆလ ခေါင်းဆောင် ဦးနေဝင်းကတော့ “လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်မှာပေါ့” ဟု ပြောကြောင်း ကိုထိန်လင်း ရေးသားထားသည်ကို ဖတ်ရသည်။

သေချာသည်ကတော့ ကိုဇာဂနာကို ၂၀၀၆ ခုနှစ်နောက်ပိုင်း လူထုရှေ့တွင် လုံးဝ အငြိမ့်ကခွင့်၊ ပြဇာတ်စင်တင်ခွင့် မပေးတော့ပေ။ ရုပ်ရှင်၊ စာပေ စသည့်အနုပညာတို့က ဆင်ဆာကို ဖြတ်ရသည်။ ဆင်ဆာက ဖြတ်ချင်တာဖြတ်ချပြီးမှ ပုံနှိပ်ခွင့်၊ လူထုကြား ဖြန့်ချိခွင့်ရသည်။ အငြိမ့်၊ သဘင်၊ ပြက်လုံးခွင် ကျတော့ ပွဲမစခင် ဆင်ဆာရှေ့တွင် တမျိုး ကပြပြီး တကယ့်တကယ် စင်တင်သောအခါကျမှ ကိုယ်ပြောချင်ရာ ပြောချလိုက်လို့ရသည်။ ကိုဇာဂနာက ထိုအခွင့်အရေးကို အမိအရ အသုံးချခဲ့သည်။ ထို့ကြောင့်လည်း သူ့ကို အာဏာရှင်တို့က အငြိမ့်ကခွင့် ပိတ်ခြင်း ဖြစ်သည်။

ထိုအခါ ကိုဇာဂနာက မောင်သူရ အမည်ဖြင့် ရုပ်ရှင်ရိုက်သည်၊ ဒါရိုက်တာလုပ်သည်၊ သရုပ်ဆောင်လုပ်သည်။ ထို့ထက်ပို၍ မျိုးဆက်သစ် လူရွှင်တော်များကို မွေးထုတ်သည်။ ထိုလူရွှင်တော်များဖြင့် စင်တင်ပွဲများ ရအောင်လုပ်သည်။ သီးလေးသီးနှင့် ဂေါ်ဇီလာကို လူတိုင်း သိပါသည်။ ကိုဇာဂနာ၏ လမ်းညွှန်မှုဖြင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး မျှော်စင်ကျွန်း စင်တင်ပွဲက ဝက်ဝက်ကွဲ လူသိများခဲ့သလို အာဏာရှင်များပင် ယင်း မျှော်စင်ကျွန်းအခွေကို တောင်းယူကြည့်ရသည်ဟု သိရသည်။

ကိုဇာဂနာကို လူချင်း နောက်တကြိမ်ဆုံတာကတော့ စာရေးဆရာ တာရာမင်းဝေ၏ ဈာပနတွင်ဖြစ်သည်။ ထိုတကြိမ်က ကျမနှင့် လူချင်း ဆုံတွေ့သည်မှာ နောက်ဆုံးဟု ဆိုရပေလိမ့်မည်။ ရွှေဝါရောင်တော်လှန်ရေး ကာလကတော့ သံဃာတော် များကို ဆွမ်းကပ်လှူနေသည့် ကိုဇာဂနာကို ဓာတ်ပုံများတွင် မြင်တွေ့ရသည်။ ကိုကျော်သူနှင့် အတူတူ ဖြစ်သည်။

၂၀၀၈ မေလ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလွန် ကာလတွင် ကျမ ဧရာဝတီမဂ္ဂဇင်း၌ သတင်းထောက် တာဝန်ယူနေပြီဖြစ်သည်။ ထိုစဉ်က ကိုဇာဂနာနှင့် ဖုန်းပြောခွင့်ရသည်။

“ခဏနေ မြစ်ဝကျွန်းပေါ်ဘက်ကို ထွက်တော့မှာ။ ပစ္စည်းတွေ တင်နေပြီ။ ကျနော့်မှာက မိတ်ဆွေ အပေါင်းအသင်း စုံတယ်၊ အသိုင်းအဝန်းကလည်း ကျယ်တော့ ကူတဲ့သူက များတယ်” ဟု ကိုဇာဂနာက ပြောခဲ့သည်။

ဖုန်းထဲတွင် ပစ္စည်းများ တင်ချနေသံ၊ ဝိုင်းဝန်းနေသည့် လူသံများကို ကြားရသည်။ ပင်ပန်းနေသည့်ကြားက ကိုဇာဂနာ့အသံက တက်ကြွနေသည်။ သူ ကျင်လည်ရာ အနုပညာ အဝန်းအဝိုင်းက ပံ့ပိုးမှုများကို သူ အားရကျေနပ်နေပုံရ၏။

“လူတွေ မရောက်နိုင်တဲ့ဒေသ၊ မသွားနိုင်တဲ့ဒေသတွေ အများကြီး ကျန်သေးတယ်ဗျာ။ ကျနော်တို့ လူခွဲပြီး သွားကြမှာ။ အဲဒီလို သွားဖို့ ခက်ခဲတဲ့ ဒေသတွေကို ပိုသွားနိုင်အောင်ကြိုးစားမယ်” ဟု ကိုဇာဂနာက ပြောသည်။ သူ့ အသံထဲတွင် စေတနာကို မြင်နေရသည်။ လူ သိန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ် ဒေသကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် ကရုဏာ သက်နေမည့် ကိုဇာဂနာကို ကျမ မမြင်ရဘဲ ဖုန်းပြောရင်း ခန့်မှန်းလို့ရသည်။

ထိုစဉ်က ကိုဇာဂနာ့အသံကို ယခုအထိ ထပ်ကြားရလိမ့်မည် မဟုတ်ဟု ကျမ မထင်မိခဲ့။ သူ နာဂစ်ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် အတောအတွင်း ၂၀၀၈ ဇွန်လ ၄ ရက်နေ့တွင်ပင် အာဏာပိုင်များက သူ့ကို ဖမ်းဆီး သွားခဲ့ကြ သည်။

အင်းစိန်ထောင် တရားရုံးက အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် အနည်းဆုံး ပုဒ်မ ၅ ခုနှင့် တရားစွဲဆိုခဲ့ပြီး ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင်တော့ အီလက်ထရွန်နစ် အမှုတခုအတွက် ထောင်ဒဏ် ၈ နှစ်စီနှင့် စုစုပေါင်း ၂၄ နှစ် လျှော့ပေါ့ပေးခဲ့သောကြောင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ သူ့အသက် ၅၀ ပြည့်သည့် မွေးနေ့တွင်တော့ သူသည် ရန်ကုန်နှင့် မိုင် ၉၀၀ ကျော်အကွာက မြစ်ကြီးနား အကျဉ်းထောင်တွင် ရှိနေရသည်။

ကိုဇာဂနာကို အာဏာပိုင်များက ထောင်ဝင်စာပိတ်ထားသည်မှာ ၈ လခန့်ရှိပြီ ဖြစ်ကြောင်း မိသားစုဝင်တဦးဖြစ်သူ မငြိမ်းက ပြောသည်။

လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေနှင့် မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးတို့က ၁၉၆၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။

သူ၏ ငွေရတု မွေးနေ့ကို စစ်အစိုးရ၏ အကျဉ်းထောင်ထဲ၌ ကျင်းပနေရမည့် ကိုဇာဂနာသည် ၎င်း၏ မိခင်ကြီးနှင့် ဖခင်ကြီး၏ ဈာပန အခမ်းအနားများကိုလည်း တက်ခွင့်မရခဲ့ပေ။

“တခြားသူတွေ ထောင်ဝင်စာ သွားရင်မှာလိုက်တာပဲ ရှိတယ်။ ဒါပေမယ့်ဒီနှစ်က ရာသီဥတု အရမ်းဆိုးတော့ တခြားသူ တွေလည်း မသွားနိုင်တာ ၁ လလောက်ရှိပြီ။ အဆက်အသွယ်ပြတ်နေတာပေါ့။ ကျမတို့ကတော့ ရာသီဥတုဒဏ်ကြောင့် သူ လေတွေဘာတွေ ဖြန်းမသွားပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု မငြိမ်းက ပြောသည်။

ကိုဇာဂနာအား The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုသည့် အဖွဲ့အစည်းက ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန် နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကိုဇာဂနာက မည်သည့် တာဆီးပိတ်ပင်မှုများ၊ အခက်အခဲများ ကြုံတွေ့ရသည်ဖြစ်စေ ပျော်ရွှင်နေတတ်ကြောင်း သူ၏ အနုပညာ မိတ်ဆွေ၊ လူမှုရေးအတူလုပ်ဘက် သရုပ်ဆောင် ကိုကျော်သူကလည်း ပြောပြသည်။

ယခင်လက ကျင်းပခဲ့သည့် ကိုကျော်သူ့ အနုပညာပြပွဲတွင်လည်း ကိုဇာဂနာ အမှတ်တရအဖြစ် ခင်းကျင်းပြသခဲ့သေးသည်။ ကိုကျော်သူနှင့် ကိုဇာဂနာက “ဘာဘာ ဘာမှမသိ” “ပုဏ္ဏားဘကွန်း” စသည့် ရုပ်ရှင်ကားများတွင် အတူ သရုပ်ဆောင်ခဲ့ ကြသည်ကို အမှတ်ရသည့် အနေဖြင့် ထိုသို့ခင်းကျင်းခဲ့ကြောင်း ကိုကျော်သူက ပြောသည်။ ကိုကျော်သူ၏ အခင်းအကျင်းက ဟာသသဘော၊ သရော်သည့်သဘော သက်ရောက်နေသည်။

ကိုဇာဂနာ့ ဓာတ်ပုံများနှင့် အတူ လက်ရှိမြန်မာ့ရုပ်ရှင်တွင် အသုံးပြုနေသော ကင်မရာကြီးကို ချိုင်းထောက် တပ်ပေးထားကာ “မြန်မာ့ရုပ်ရှင် ကမ္ဘာလွှမ်းစေရမည်” ဟု စာတန်းချိတ်ထားခဲ့ခြင်း ဖြစ်သည်။

kyioo-nann-thura
ကိုဇာဂနာမိသားစုနှင့် လူရွှင်တော် ပိန်ပိန် (ဓာတ်ပုံ - မိုးမခ)
ကိုကျော်သူက “ကျနော်ဒါရိုက်တာလုပ်တဲ့ ဇာတ်ကြမ်း ဆိုတဲ့ကားနယ်ထွက်ရိုက်တော့ ကိုဇာဂနာလည်းပါတယ်။ မိုးတွေက ချနေတော့ ဇာတ်ကားက စလို့မရဘူးဖြစ်နေတာ။ အဲဒီမှာ အဖွဲ့သားက ၅၀ ကျော်လောက်ဆိုတော့ အားလုံး စိတ်ညစ်နေကြ တာပေါ့။ တရက်တော့ ကားရိုက်လို့ရလိုရညား ဆိုပြီး စိတ်ညစ်ညစ်နဲ့ ကျနော်က အပြင်ထွက်ပြီး ကောင်းကင်ကို မော့ကြည့်ချိန် သီချင်းသံ ကြားရတယ်။ အဲဒါ ကိုဇာဂနာပဲ။ သူကတော့ ဘာပဲဖြစ်နေဖြစ်နေ ပျော်ပျော်ပဲ” ဟု ကိုဇာဂနာ့ အမှတ်တရ ပြန်ပြောပြသည်။

ကိုဇာဂနာက အကျဉ်းထောင်ထဲတွင်လည်း ပျော်ရွှင်စွာနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သူ့အတွက် ကျန်းမာရေးတခုသာ စိုးရိမ်ကြောင်း ကိုကျော်သူက ဆိုသည်။

“တခါက သူနဲ့အတူတူ ကားရိုက်နေတုန်း သူ့ခေါင်းက သွေးတွေယိုတာ ကြုံဖူးတယ်။ အဲဒီလိုမျိုး ထပ်ဖြစ်မှာ စိုးရိမ်တယ်။ သူ့မွေးနေ့မှာ သူ ကျန်းမာပါစေ၊ ကျနော်လုပ်တဲ့ကုသိုလ်တွေ အမျှဝေတယ်၊ သူရပါစေ လို့ပဲ ဆုတောင်းပေး ချင်ပါတယ်” ဟု ကိုကျော်သူက ဆက်ပြောသည်။

ကိုဇာဂနာ၏ မွေးနေ့အမှတ်တရအဖြစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် သူ့တပည့်များဖြစ်ကြသော သီးညီအစ်ကို အဖွဲ့က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အငြိမ့်ကကြမည်ဖြစ်သည်။ ရသည့် ငွေကို ကိုဇာဂနာ့အတွက် လှူဒါန်းမည်ဟု ဆိုသည်။

ကိုဇာဂနာ၏ တပည့်တဦးဖြစ်သော လူရွှင်တော် ဇီးသီး၏ ပြောပြချက်အရ ကိုဇာဂနာသည် အကျဉ်းထောင်ထဲတွင်လည်း ပြက်လုံးများထုတ်နေကြောင်း၊ သူ့အဆောင်ကို နေ့ဆိုင်း၊ ညဆိုင်း ခွဲ စောင့်ရသည့် ဝန်ထမ်းများအား “မင်းတို့လည်း ငါ့လို ထောင်ကျ နေတာပါပဲကွာ။ စဉ်းစားကြည့်။ ငါက အနှစ် ၂၀ ကျရင် မင်းတို့က ထောင် ၁၀ နှစ် ကျနေတာနဲ့ မတူဘူးလား” ဟု ပြောလေ့ရှိကြောင်း၊ ထောင်ဝန်ထမ်းများနှင့် မိတ်ဆွေဖြစ်သွားလေ့ ရှိသောကြောင့် အာဏာပိုင်တို့က ကိုဇာဂနာ၏ အဆောင်ကို စောင့်သော ဝန်ထမ်းများအား မကြာခဏ အလဲအလှယ် လုပ်ပေးရလေ့ရှိကြောင်း သိရသည်။

ကိုဇာဂနာ့ မိတ်ဆွေ ကိုထိန်လင်းကတော့ သူ့ဆောင်းပါးထဲတွင် ကိုဇာဂနာ၏ ဒိုင်ယာရီ စာအုပ်အကြောင်း ထည့်ရေးထားသည်။ ကိုဇာဂနာက ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်မည်ဟု သူ့ဒိုင်ယာရီထဲတွင် ဖော်ပြထားကြောင်း၊ ယခုထိလည်း ရန်သူကို မိတ်ဆွေဖြစ်စေရန် ကြိုးစားနေကြောင်း ရေးသားထားသည်ကို ဖတ်ရသည်။

ကိုထိန်လင်းကို ကျမက ကိုဇာဂနာအား စာတကြောင်းတည်းနှင့် ပေါ်လွင်အောင် သရုပ်ဖော်ပေးရန် တောင်းဆိုခဲ့သည်။

သူက ဇာဂနာ ဆိုသည်မှာ “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အတွက် ပိတ်နေတဲ့ပါးစပ်တွေကို ဟာသနဲ့ ဆွဲဖွင့်သူ” ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။     ။

အေးချမ်းမြေ့ Thursday, 27 January 2011 10:57 
http://www.bur.irrawaddy.org/မှဖေါ်ပြပါသည်။

ဇာဂနာ ကဗျာ ဒေါ့ကွန်း

(ကိုဇာဂနာအတွက် ကိုလွမ်းဏီရေးတဲ့ကဗျာ)

ဇာဂနာ ကဗျာ ဒေါ့ကွန်း


အငြိမ့် အနုသဘင်
သုခုမ ရင်ခွင်၊ ရုပ်ရှင် ဂီတ
ဘ၀နဲ့ ရင်း၊ လမ်းသစ်ထွင်း၍
တေးချင်းညည်းတယ်။

ကြောက်မွှေးပါ၊ ဇာဂနာနဲ့ နှုတ်
အယုတ်အမြတ်၊ အလတ်မရွေ့း
ကြွေးကြော်သံပေးတယ်။

လူထုအပူ၊ လူထုဝေဒနာ
တရားရှာ၊ ကိုယ်မှာတွေ့ တယ်။

အဘိဓမ္မာ၊ ဋီကာမချဲ့
အားနွဲ့ သူရှေ့ရှိနေတယ်။

သံဃံသရဏံ ဂန်းစာမိတော့
မချိတင်ကဲ မျက်ရည်ဝဲတယ်။

အမှန်အကန် အဖန်ဖန်သစ္စာရှိကြဖို့ 
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ 
ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့ 
မလျော့မပို အသော့ဆိုလိုက်ချင်သတဲ့
ဇာဂနာရဲ့  မှာတော်ပုံ
မြေ၀သုန်ကို သစ္စာထားခဲ့တယ်။
ထောင်အပြင် တန်းလား၊
သွားစမ်းပါတဲ့
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။

စစ်ခွေးတိုက်ညစ်၊ မြစ်ကြီးနားမဲဇာ
ဇာဂနာလေ
သေတောင်ဒူးမထောက်နိုင်ဘူး။

ကဲ စစ်ဗိုလ်တအုပ်
ဇာဂနာကို၊ ကဗျာလုပ်တယ်
ဘာပုဒ်မနဲ့  ဖမ်းမလဲ။

မောင်လွမ်းဏီ
၂၅ - ၁ - ၂၀၁၁

မြန်မာ့ဒီမိုကရေစီ ကွန်ယက် (Net work for Democracy in Burma ) လှုပ်ရှားမှု အစီအစဉ်များ

နေ့စွဲ - ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်။

ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ မြန်မာနိုင်ငံသား လုပ်သားပြည်သူများ အနေဖြင့်နအဖ စစ်အုပ်စု၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသော်၎င်း၊
၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဂီရိရွေးကောက်ပွဲကိုသော်၎င်း၊ အသိအမှတ်မပြု ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။

နအဖစစ်အုပ်စုမှ လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအ ဝေးသည် အတုအယောင် ဖွဲ့စည်းပုံအခြေံဥပဒေနှင့် အတု
အယောင်ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ လုပ်ရပ်များ ဖြစ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူလူထု၏ သဘောထား ဆန္ဒနှင့် ဆန့်ကျင်လျှက်ရှိနေပါသည်။

မြန်မာ့ဒီမိုကရေစီကွန်ယက် ( NDB )အနေဖြင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အတွက် သက်သက်ဖြစ်သော ဟန်ပြ အတုအယောင်လွှတ်တော်အား
ကန့်ကွက်သည့်နိုင်ငံတကာလှုပ်ရှားမှုများကို အောက်ပါ အစီအစဉ်အတိုင်းဆက် လက်ပြုလုပ်သွားမည်ဖြစ်ပါ၍ ပူးပေါင်းပါဝင်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။


အစီအစဉ် (၁)။

နေ့ရက်၊ ။ ၂၀၁၀ ခုနှစ်။ ဇန်န၀ါရီလ ၂၄ ၊ ၂၅ ရက်။ (တနလာၤ၊ အဂၤါ)
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီအထိ။
နေရာ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦးရှေ့ ။

အစီအစဉ် (၂)

နေ့ရက်။ ။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၆၊ ၂၇၊ ၂၈ ။(ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ)
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီအထိ။
နေရာ။ ။ ဂျပန် လွှတ်တော်အဆောက်အဦးရှေ့ ။

အစီအစဉ် (၃)။

နေ့ရက်။ ။ ၂၀၁၀ ခုနှစ်။ ဇန်န၀ါရီလ ၃၁ ရက်(တနင်္လာနေ့)။
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီခွဲအထိ။
နေရာ။ ။ နအဖ ဆက်ကြေးကောက် အခွန်ရုံး။

အစီအစဉ် (၄)။

နေ့ရက်။ ။ ၂၀၁၀ ခုနှစ်။ ဖေဖေါ်ဝါရီလ ၁၊ ၂၊ ၃၊ ၄ ရက်နေ့။ (အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ)
အချိန်။ ။ နေ့လည် ၃ နာရီမှ ၄ နာရီအထိ။
နေရာ။ ။ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးရှေ့။ ( Shibuya)



ပြန်ကြားရေး
မြန်မာ့ဒီမိုကရေစီကွန်ယက်

ဂျပန်လွှတ်တော်ရှေ့တွင်မြန်မာနိုင်ငံလွှတ်တော်အရေးဆန္ဒပြတောင်းဆို





Video_ maungwto
ယနေ့ ၂၀၁၁ခု၊ ဇန်နဝါရီလ၊(၂၆)ရက် နေ့တွင် ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ  နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျိုမြို့ရှိ ဂျပန့်လွှတ်တော်ရှေ့၌ မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုတောင်းဆိုပွဲသို့ ဂျပန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ(DJP)၏ အထက်လွှတ်တော် အမတ်လည်း ဖြစ်သော၊ အလုပ်သမားရေးရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သော၊ ဂျပန်နိုင်ငံ သံမဏိနှင့် စက်ရုံ အလုပ်သမားများ အဖွဲ့၏(JAM)၏ ဥက္ကဋ္ဌ လည်းဖြစ်သော မစ္စတာ TSUTA YATTARO၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ)  Mr.Azuma KONNOနှင့် ဂျပန်နိုင်ငံရှိ မြန်မာ့အရေးကို ထောက်ခံ အားပေးကြသော အဖွဲ့အစည်းအချို့မှ ဂျပန်လူမျိုးများလည်း လာရောက် အားပေး ထောက်ခံခဲ့ကြပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေ အင်အားစုများမှ စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့  ဂျပန်ဘာသာဖြင့်လွှတ်တော်ရှေ့ တွင် ကြွေးကြော် တောင်းဆိုခဲ့ကြပါသည်။

ဆန္ဒပြပွဲကို ၂၆ ရက်၊ ၂၇ ရက်၊၂၈ရက်နေ့များအထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo၊Aye Nandar Aung
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

Tuesday, January 25, 2011

"အဝေးက ငါတို့".


 "အဝေးက ငါတို့".
ဘယ်နယ်ကလဲတဲ့ .....
အလယ်ကလူ စကားမဝဲပါ
ငါဟာ .....
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။

တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။

ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။

ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။

ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။

နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။

သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။

မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။

အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......"သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။

ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပေါက်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။

နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။

ဒါပေမဲ့ ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။

ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။

အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။

ရေးသားသူ။ ။မောင်ရင်ငဇေ

Monday, January 24, 2011

နအဖကပြုလုပ်မည့်လွှတ်တော်ခေါ်ယူခြင်းအားကန့်ကွက်(ဂျပန်)

ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နအဖကပြုလုပ်မည့် လွှတ်တော်ခေါ်ယူခြင်းနှင့်အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝအသိအမှတ်မပြုကြောင်း နှင့် ဂျပန်နိုင်ငံအစိုးရမှလည်းအသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုမည့်ဆန္ဒပြပွဲကိုယနေ့ ၂၀၁၁၊ဇန်နဝါရီလ၂၄ရက်နေ့တွင်ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။



ဓါတ်ပုံ။ ။U THAN WIN

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) မှ ၂၀၁၀ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) မှ ၂၀၁၀ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက်

မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက်ဂျပန်NDB-Japan မြန်မာ့ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုဖိတ်ကြားခြင်း

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japanမှ ဦးစီး၍ အောက်ပါအစီအစဉ်အတိုင်း နိုင်ငံရေးလှုပ်ရှားမှု များကို ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့ အစည်းအား လုံးပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


အခမ်းအနားအစီအစဉ်များ

◆ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နအဖကပြုလုပ်မည့် လွှတ်တော်ခေါ်ယူခြင်းနှင့်အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝအသိအမှတ်မပြုကြောင်း နှင့် ဂျပန်နိုင်ငံအစိုးရမှလည်းအသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုမည့်

ဆန္ဒပြပွဲများကို

☛(၁) ၂၀၁၁၊ဇန်နဝါရီလ၂၄ရက်နှင့်၂၅ရက်နေ့များတွင်……..MOFAရှေ့တွင် လည်းကောင်း၊

(KASUMI KASEKI ဘူတာ ထွက်ပေါက်-C-8)

အချိန်(ညနေ -၃-နာရီမှ-၄-နာရီအထိ)



☛(၂)၂၀၁၁၊ဇန်နဝါရီလ၂၆ရက်/၂၇ရက်/၂၈ရက်……..ဂျပန်လွှတ်တော်ရှေ့

(KOKAI GIJIDOO MAE ဘူတာ ထွက်ပေါက် -၂-)

အချိန်(ညနေ -၃-နာရီမှ-၄-နာရီအထိ)

☛(၃)၂၀၁၁၊ဇန်နဝါရီလ၃၁ရက်နေ့ တွင်…….. နအဖ မှ လွတ်တော် ခေါ်ယူပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနား

နေရာ-နအဖအခွန်ရုံးရှေ

အချိန်(ညနေ -၃-နာရီမှ-၄-နာရီ-၃၀-အထိ)

လေးစားစွာဖြင့်-

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan

☆မြန်မာ့ဒီမိုကရေစီတိုက်ပွဲမုချအောင်ရမည်☆

ပြည်တွင်းလူငယ်များ၏ ဦးသန့်မွေးနေ့ အလှူ ဓါတ်ပုံသတင်း



ပြည်တွင်းမှမျိုးဆက်သစ်လူငယ်များမှပေးပို့သည်။

Sunday, January 23, 2011

၂၁ရာစုပင်လုံညီလာခံနှင့်ပတ်သက်သောနိုင်ငံရေးဆွေးနွေးပွဲအခမ်းအနား(ဂျပန်)



ယနေ့ ၂၀၁၁.ဇန်နဝါရီလ.၂၃ရက်တွင် မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)မှ ဒုတိယ ပင်လုံ(ခ) ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး တာဝန်ယူ ကျင်းပ ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားအင်အားစုများ၏ ၂၁ရာစုပင်လုံညီလာခံနှင့်ပတ်သက်သော နိုင်ငံရေးစာတမ်းဖတ်ပွဲနှင့်ဆွေးနွေးပွဲအား ဂျပန်နိုင်ငံ၊တိုကျိုမြို့၊TKADANOBABA RECYCLE CENTER တွင်ကျင်းပခဲ့ပါသည်။အခမ်းအနားကို မနက်(၉)နာရီခွဲမှနေ့လည်(၁၂)နာရီအထိတကြိမ်၊ နေ့လည်(၁)နာရီမှညနေ(၅)နာ၇ီအထိတကြိမ် (၂)ကြိမ်ခွဲ၍ ကျင်းပခဲ့ပါသည်။
မနက်ပိုင်းတွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများမှ မိမိတို့အဖွဲ့အစည်းများအား ကိုယ်စားပြုသော (၂၁)ရာစုပင်လုံညီလာခံနှင့် ပတ်သက်သော ဆွေးနွေးအကြံပြုချက်များကို  တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ တို့မှ အမြင်အမျိုးမျိုး ရှုဒေါင့် အမျိုးမျိုးတို့နဲ့ တက်ရောက် ဆွေးနွေး သွားခဲ့ကြပါသည်။
စာတမ်း ဖတ်ပွဲနဲ့  ဆွေးနွေးမှု ရုပ်သံ အစီအစဉ်ကို http://www.ustream.tv/channel/mgbiruma ဆိုက်မှ ထုတ်လွှင့် သွားခဲ့ပါတယ်။
ထို့နောက် နေ့လည်(၁၂)နာရီတွင် အခမ်းအနားကို ခေတ္တခဏရပ်နား၍ နေ့လည်(၁၂)နာရီခွဲတွင် ပြန်လည်စတင်ခဲ့ပါသည်။ ဒုတိယပိုင်းတွင် စာတမ်းဖတ်ကြားသွားကြသော ဆွေးနွေးချက်များနှင့် ပတ်သက်၍ တက်ရောက်လာကြသော ပရိတ်သတ်များမှ မိမိတို့ဆွေးနွေး၊မေးမြန်းလိုသောအချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ(၅)နာရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

ဆွေးနွေးချက်များကို အခြေခံပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ၂၁ ရာစုနှစ် ပင်လုံညီလာခံအပေါ် ရပ်တည်ချက် သဘောထားကို မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 
သတင်းမှတ်တမ်း ။ Mai Kyaw Oo, Aye Nandar Aung
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum ,Myo San Oo.

၂၁ ရာစု ပင်လုံညီလာခံနှင့်ပတ်သက်သော နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနား


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၂၃)ရက်။

 ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်သော နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တိုကျိုမြို့ Takadanobaba အရပ်ရှိ Recycle Center 4F,မှာ ယနေ့ နံနက် ၁၀း၀၀ နာရီ မှာ စတင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဒီကနေ့ ဆွေးနွေးပွဲ အခမ်းအနားမှာ  ဒုတိယ ပင်လုံ(ခ) ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ တာဝန်ယူ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး စာတမ်း ဖတ်ပွဲနဲ့ ဆွေးနွေကို ဂျပန်ရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ တို့မှ အမြင်အမျိုးမျိုး ရှုဒေါက် အမျိုးမျိုးတို့နဲ့ တက်ရောက် ဆွေးနွေး သွားခဲ့ကြပြီး  တိုက်ရိုက်  ဆွေးနွေးမှု ရုပ်သံ အစီအစဉ်ကို http://www.ustream.tv/channel/mgbiruma ဆိုက်မှ ထုတ်လွှင့် သွားခဲ့ပါတယ်။ ဆွေးနွေးချက်များကို အခြေခံပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ၂၁ ရာစုနှစ် ပင်လုံညီလာခံအပေါ် ရပ်တည်ချက် သဘောထားကို မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Friday, January 21, 2011

အမှန်တရားတို့ မှောက်ကျသွားခဲ့ပြီးနောက်


ဒီလမ်း ဒီစခန်းမှာ
ဘယ်သူက သူရဲကောင်းလဲ
ဘယ်သူက ဗီလိန်လဲ
ဘယ်သူက ဘယ်သူ့ကို
ဘယ်သူက ဘယ်သူ့ကို
စွဲချက်တင်ရမှာတဲ့လဲ
ရိုက်ချက်ကပြင်းတယ်။


ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီမြေဟာ
တို့ပိုင်တဲ့မြေ
အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့စကား
လိမ်လည်လှည့်ဖျားတတ်သူတို့ရဲ့ နှုတ်ဖျား
ဝေါဟာရအသစ်များလား
ငါတို့မှာ နာကျည်းကြေကွဲရပေါ့။


တကယ်တော့
သူတို့ သူမကို
အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း
သူတို့ နိုင်ငံတကာအလယ်မှာ အကြိမ်ကြိမ်အခါခါ သေရတယ်။

တရားမျှတမှုတို့ ပျက်သုဉ်းလာတဲ့အခါ
ကမ္ဘာမြေဟာ နာကျင် ဆွံ့အ
ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး။


မျှော်လင့်ထားတဲ့အတိုင်း
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်
အားကြီးသူတို့ရဲ့ ကိုယ်ကျိုးကြည့်မှုမှာ
တရားစီရင်ရေးကို စောင့်ရှောက်တဲ့
နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရှာတယ်၊

ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရန့်စ်
လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်။

တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး
ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့အခါ
ဝေသာလီပြည် ဘီလူးစီးသလိုပ။       ။

ရဲရင့်သက်ဇွဲ

တိုင်းပြည်နဲ့လူမျိုးအာဏာရှင်စနစ်အောက်ကလွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြတဲ့ကျောင်းသားများထဲမှကြယ်တစ်ပွင့်ကြွေခသွားခြင်း။




ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်
 (ကိုယ်ပိုင်အမှတ် ၃၃၅၄)။
ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။

(၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁)။

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ၌ မော်လမြိုင်တက္ကသိုလ်တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက်ရောက်နေဆဲ ဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ် သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ်)၊ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (SDF) ၏ စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုးသို့ ထွက်ခွာလာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များအတွင်း မကဒတ (ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများအတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅ ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်း အရုံး တပ်မဟာ (၆) နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ စစ်မျက်နှာပြင်တွင်လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင် လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ်နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် (၆) နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်း တွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံ အပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီ တွင် ဦးနှောက် သွေးကြောပြတ်၍ ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ်ခဲ့သည်။
ရင်းမြစ်။ ။http://www.absdf8888.org/(august8888burma@gmail.com).

ကရင်နီ(ကယား)တို့ဆီကဝါးလုံး-၅၀၀


ကယားပြည်နယ် (ကရင်နီ) ဖယူးဆိုးမြို့နယ်မှာအခြေစိုက်တဲ
့ နအဖစစ်တပ်မှ ကယားရွာ ၅ ရွာကို သူတို့ရဲ့စစ်စခန်းပြင်ဆောက်ဖို့အတွက် ၀ါးလုံးတိုင် ၅၀၀ လာရောက်ပေးပို့ရမယ်လို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က အမိန့်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ နအဖ အမှတ် ၅၃၁ ခြေလျင်တပ်ရင်းက အဆိုပါ ၀ါးလုံးတိုင်များကို ထလဲ၊ နပရီလဲ၊ ဒေါ်ပုရှည်၊ ဘူးခွံ နဲ့ လောပလဲရာ ကျေးရွာတွေကို ၀ါးလုံးတိုင် အရှည် ၁၂ပေ အထိအလုံး ၁၀၀စီ ပေးပို့ရမယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်နီ ဗဟိုသတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇန်န၀ါရီလ ၁၄ ရက်နေ့နောက်ဆုံးထားပြီးပေးပို့ရမယ်လို့ အကြောင်းကြားတဲ့အပြင် အဆိုပါ စစ်တပ်စခန်းများကို  ကျေးရွာလူထုမှ စေတနာဝန်ထမ်းတည်ဆောက်ပေးဖို့ကိုလဲ အမိန့်ထုတ်ပြန်ထားတယ်လို့သိရပါတယ်
ကရင်နီဗဟိုသတင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ khu Dannian ကပြောကြားရာမှာ ဗမာစစ်တပ်အနေနဲ့ သူတို့ရဲ့ စစ်စခန်းတွေကို တနှစ်တကြိမ်ပြန်ပြင်ဆောက်လေ့ရှိပါတယ်၊ အဲဒီအခါမှာ အမြဲတမ်း ကျေးရွာတွေကို လိုအပ်တဲ့ အရည်အတွက်ထက်ပိုပြီး ၀ါးလုံးတိုင်တွေ တောင်းပါတယ်။ ပိုတဲ့ဝါးလုံးတိုင်တွေကို ငွေရှာဖို့ မရောင်းစားဘူးဆိုရင်တောင်  ဖယူးဆိုမြို့နယ်က တပ်ရင်း ဌာနချုပ်ကို ပြန်ယူသွားတာပဲ ၊

ဇန်န၀ါရီ အစပိုင်းမှာဆိုရင်လည်း ဒီမောဆိုးမြို့နယ်မှာ အခြေစိုက်တဲ့ ဗမာစစ်တပ် ၁၀၂ ခြေမြန်တပ်ရင်းက ဒေါ်တမ နဲ့ ထီးဖိုးကလိုး ကျေးရွာ ၂ရွာ ကို သစ်လုံးကော ၀ါးတိုင်တွေပါ တောင်းဆိုခဲ့ပြီး စစ်တပ်ရှိရာကို ကျေးရွာလူထုက လူကိုယ်တိုင် လာရောက်ပေးဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့လဲ သိရပါတယ်
ရင်းမြစ်။ ။http://www.bnionline.net
ဘာသာပြန်။ ။ဦးသန်းဆွေ

Thursday, January 20, 2011

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား

ဆောင်းဦးလှိုင်ရဲ့   ပျံသန်းသွား သီချင်းကို ဤနေရာတွင် နားစဉ်နိုင်ပါပြီ။
ဂီတပညာရှင်များသီဆိုပေးထားသောလူမှုရေး၊ ငြိမ်းချမ်းရေးသီချင်းများကို အလှူရှင်များအတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆိုဆောင်းဦးလှိုင် သီဆိုတီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိတေးသီချင်းအားရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။









“ပျံသန်းသွား”



ရေး/ဆို/တီး - ဆောင်းဦးလှိုင်



ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲလူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်းxxx ခရီးဆက်လာ/နေမယ်

အမှန်တရားဘက်ကရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန်ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထားအများအတွက်ကူမယ်



(ငါ့လက်ကိုတွဲခွန်အားပေးမယ့် xxx လိုနေတာဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုးတစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့)



မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာအားဆေးတစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေးသမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမကူညီပေး ကြရန် လိုအပ်ပေတော့သည်။
ဦးကျော်သူ(နာရေးကူညီမှု)ထံမှရယူပါသည်။

Wednesday, January 19, 2011

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့သံဃာတော်သုံးပါးအင်းစိန်ထောင်ကလွတ်မြောက်လာသော်လည်း


၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်သုံးပါးဟာ မနေ့က အင်းစိန်ထောင်ကပြန်လည်လွတ်မြောက်လာပြီး သူတို့အရင်ကသတင်းသုံးခဲ့တဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကာပမြို့နယ်က သစ္စာသရဖီးကျောင်းတိုက်မှာ ပြန်လည်သတင်းသုံးနေထိုင်တဲ့အပေါ် ရပ်ကွက်အာဏာပိုင်များက သစ္စာသရဖီကျောင်းတိုင်ဆရာတော်က တဆင့်ကျောင်းတိုက်ကနေ အမြန်ဆုံးထွက်ခွာသွားဖို့ ကျောင်းတိုင်ဆရာတော်ကို ဖိအားပေးခဲ့ပါတယ်။
ဝိနည်းတော်အရလည်းမကိုက်ညီတဲ့အပြင် အခုလို့သာသာရေးကိစ္စတွေမှာ အာဏာပိုင်တွေကပါဝင်ပါတ်သတ်မှု တွေအပေါ်မှာ သံဃာတော်တွေကတော်တော်လေးကို မကျေမနပ်ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဗုဒဘာသာစိတ်ဓါတ်မြှင့်တင်ရေးဆိုးပြီး မတော်မရော်တွေလည်းလုပ်ခဲ့ပါတယ်။ နအဖစစ်အစိုးရဟာ သံဃာတော်တွေကို ဖမ်းစီးနှိပ်စက်သတ်ဖြတ်ရုံတင်မကပဲ သံဃာတော်တွေကို အကြည်အညိုပျက်အောင်နဲ့ ဒုက္ခအမျိုးမျိုးရောက်အောင် စနစ်တကျကျူးလွန်နေတာ အားလုံးမျက်မြင်ကိုယ်တွေပါ။ သာသနာကိုဖျက်ဆီးပြီး သံဃာတော်တွေအပေါ်မှာ အခုလိုပါဝင်ပတ်နေတာဟာ အင်မတန်ရုပ်ဆိုးလွန်းပါတယ်။
ဦးဝိမလ ဦးဝိသုဒ္ဒိ နဲ့  ဦးပညာနန္ဒတို့ဖြစ်ပြီး သစ္စာသရဖီကျောင်းတိုက်မှာမနေ့က တရက်တည်းသာ တည်းခိုခွှင့်ရခဲ့ပါတယ်။ ဒီကနေ့မှာ သွားစရာလာစရာနေရာမရှိတဲ့အပြင် ငွေရေးကြေးရေးပါအခက်အခဲဖြစ်နေတဲ့အတွက် အတော်လေးကိုဒုက္ခရောက်နေရပါတယ်။ ဘုန်းကြီးကျောင်းဆိုတာ ဒုက္ခရောက်နေတဲ့သူ ဘယ်သူကိုမဆို အတားအဆီးမရှိ အကန့်အသတ်မရှိ နေထိုင်ခုံလှုံနိုင်တဲ့ သာသနာပိုင်အဆောက်အအုံတခုဖြစ်ပါတယ်။ သာသနာနဲ့ပတ်သတ်နေတဲ့ သံဃာတော်တွေတောင် အခုလို့နေထိုင်ခွှင့်မရှိတဲ့အတွက် တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်။ မြောက်ဥက္ကာပမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အဲဒီသံဃာတော်သုံးပါးကို အမြန်းဆုံးကူညီပေးကြပါလို့ ဒီနေရာကနေပဲ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
လေးစားစွာဖြင့်                                                
စက်တင်ဘာထာဝရ
အရှင်ထာဝရ(စက်တင်ဘာထာဝရ)blogမှဖေါ်ပြပါသည်။

ဒီကေဘီအေထံရောက်ရှိလာတဲ့နအဖကလေးစစ်သား၂ ဦးနဲ့တွေ့ဆုံမေးမြန်း(ရုပ်သံ)

ခေါင်းစဉ်ကိုနှိပ်၍ဗီဒီယိုကြည့်ပါ။







နေ့သစ်မီဒီယာမှဖေါ်ပြပါသည်။

Tuesday, January 18, 2011

အိုဘယ့်မြန်မာပြည်

နိုင်ငံခြားသား မိတ်ဆွေတစ်ဦး၏ မြန်မာပြည်နဲ့ပါတ်သက်တဲ့ စုစည်းမှုနှင့်ဖန်တီးမှုဖြစ်ပါတယ်။ ခေါင်းစဉ်နှိပ်၍ ဗီဒီယိုကြည့်နိုင်ပါသည်။


THANK YOU SO MUCH Dear EL-BRANDEN BRAZIL.

Burma Democratic Concern မှစီစဉ်တင်ဆက်မှု


ခေါင်းစဉ်ကိုနှိပ်၍ဗီဒီယိုကြည့်ပါ။

လူ၂ထောင်ကျော်ရဲ့တိုက်ပွဲပဲ၊ဒါပေမယ့်သန်း၆၀နဲ့တိုက်ရိုက်ဆိုင်တယ်

MW9mVDFlTUl3QW52SjZCY0JWOUN1NzAzNE5ZR3hJWS1ZYmdPa3BnV2dwYml3RGtzaUhGTWtUeFAwWDcxaA==




ရွက်သစ်၏ကဗျာကို ဒိန်းမတ်မှကိုတေဇာတေပေးပို့ပါသည်။

Sunday, January 16, 2011

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB)Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၁၆)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပါဝင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ Recycle Center 4F,မှာ ယနေ့ နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ဒုတိယ ပင်လုံ(ခ) ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေမည့် နိုင်ငံရေး စာတမ်း ဖတ်ပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကို လာမည့် ၂၃ ရက်နေ့Takadanobaba, Recycle Center 4F, ၌ နံနက် ၉း၃၀နာရီ မှ ညနေ ၁၆း၃၀နာရီ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဂျပန်ရောက် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များတို့မှ တက်ရောက် ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဇန္န၀ါရီလ(၃၁)ရက်နေ့တွင် နအဖ မှ လွတ်တော် ခေါ်ယူပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံရှိ နအဖ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ညနေ ၃း၀၀ နာရီမှ ၄း၃၀ အထိ NDB(Japan)မှ ဦးစီးကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရကိုလည်း ဂျပန်နိုင်ငံမှ အသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုမည့် လှုပ်ရှားမှုများကို ဇန္န၀ါရီလ( ၂၄ရက်၊ ၂၅ ရက်) နေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့၌ လည်းကောင်း၊ ဇန္န၀ါရီလ( ၂၆ရက်၊ ၂၇ ရက်၊ ၂၈ ရက်) နေ့တွင် ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဂျပန် လွတ်တော်ရှေ့ တွင်လည်းကောင်း ကျင်းပ ပြုလုပ်သွားရန် ဆုံဖြတ် ခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုနေ့ အခမ်းအနား၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ချီတက် ဆန္ဒပြပွဲ အခမ်းအနား၊ ဖက်စစ် တော်လှန်ရေးနေ့ နိုင်ငံရေး ဟောပြောပွဲ အခမ်းအနားနှင့် ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှု ရံပုံငွေ ရေရှည်ပံ့ပိုး ကူညီသွားနိုင်မည့် လုပ်ငန်းစဉ် အစီအစဉ်များ တို့ကိုပါ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Kham Sum

ပြေးစရာမြေမရှိပါ

Friday, January 14, 2011

စစ်ခွေးတိုက် (သို့) ဟောင်ကောင်

ကျနော်ရေးရမယ့် အကြောင်းရာထဲမှာ အင်းစိန်ထောင်က စစ်ခွေးတိုက်လဲ ချန်ထားလို့ မဖြစ်ဘူး။ စစ်ခွေးကို ထောင်အာဏာပိုင်တွေက အပြစ်ဒဏ်တိုက် လို့ခေါ်တယ်။ အကျဉ်းသား လူဆိုးလောကသားတွေက ဟောင်ကောင်၊ ကောင်ကောင် လို့ခေါ်တယ်။ စစ်ခွေးတိုက်ကို ပို့ပြီး အပြစ်ဒဏ်ပေးခံရတဲ့ အကျဉ်းသားဆိုတာ ထောင်ပိုင်စိန်ဌေး လက်ထက်မှာ သေအောင်ရိုက်သတ်ခံရတဲ့ အကျဉ်းသားတွေ တောင်ရှိတယ် ထောင်ပိုင်စိန်ဌေး ကိုယ်တိုင်ရိုတ်သတ်ခဲ့တယ် လို့ ထောင်ထဲက ပါးစပ်ရာဇ၀င်တွေ ရှိတယ်။ စစ်ခွေးကိုရောက်ရင် လူဆိုးကြီးတွေတောင် အလွမ်းမမ ပန်းမမ ဖြစ်သွားကြရတယ်။ စစ်ခွေးတိုက်က အထူးတိုက် (အဘဦးတင်ဦးတို့၊ ကိုမင်းကိုနိုင်၊ မေ ၁၈, ၂၀၀၈ ခုနှစ်မှာ သေသွားပြီဖြစ်တဲ့ မြောက်ကိုရီးယား စပိုင် ကန်မင်ချူး တို့ထားတဲ့တိုက်) ဘေးနားမှာ ရှိပြီး အလုပ်ကြီးဝင်း လမ်းဘေး ယာဘက်အခြမ်းမှာ
ရှိပါတယ်။ စစ်ခွေးတိုက်ကို မရောက်ခင် စစ်ခွေးဝန်း အ၀င်အ၀ ဂိတ်အသေးတခုရှိပြီး ထောင်အခေါ် စစ်ခွေးဘူးဝ လို့ခေါ်တယ်။ အထဲမှာတော့ စစ်ခွေးတိုက် (သို့) ဟောင်ကောင် ရှိတယ်။ ထောင်အတွက် စစ်ခွေးများထားတဲ့ တန်းလျားပြီးရင် စစ်ခွေးလေ့ကျင့်တဲ့ ကွင်းပြင်ရဲ့ ဘယ်ဘက်လမ်းအတိုင်းမှာတော့ စစ်ခွေးတိုက် အခန်းဆယ်ခန်းက အခန်းတခုစီရဲ့ ဘေးမှာ ဆယ်ပေကျော် နံရံတိုလေးတွေ ကာထားပြီး တိုက်ခန်းရဲ့ မျက်နှာခြင်းဆိုင်မှာတော့ အုတ်ရိုးရှိပြီး ထောင်အုတ်ရိုးအကြီးနှင့် အသေးကြားက နေရာပါ။ စစ်ခွေးကို အကျဉ်းသားတယောက် အပြစ်ဒဏ်နှင့် လာရင် ဘယ်လို့လုပ်တယ်ဆိုတာကို ကျနော့ စစ်ခွေးတိုက် အတွေ့အကြုံ နှစ်ခါ ဖြစ်တဲ့ ၁၉၉၂ နှင့် ၁၉၉၃ တုန်းက အဖြစ်ပျက်ကို ပြောပြပါ့မယ်။ မပြောခင် အရင်ဆုံး ရှင်းပြအုန်းမယ်။


မိန်းဂျေးလမ်းမ နှင့် မိကျောင်းလမ်း
စစ်ခွေးမရောက်ခင် ထောင်အလယ်ဗဟို မျော်စင်တိုင် ထောင်မှာခေါ်တာ မိန်းဂျေးရုံးခန်း ဆိုတဲ့နေရာကနေ စစ်ခွေးရောက်အောင် သွားဖို့ မိကျောင်းလမ်းဆိုတာလဲ ရှိတယ်။ မန်းဂျေးမှာ တာဝန်မှူးကြီးဆိုတဲ့ ထောင်မှူးကြီး တဦး ထောင်မှူးတဦး တပ်ကြပ် အသီးသီးရှိပြီး။ ထောင်မှာ မန်းဂျေးမှာ တာဝန်ကျတဲ့ ၀န်ထမ်းက အာဏာကြီးပါတယ်။ မန်းဂျေးဒုတပ်ကြပ်က အဆောင်မှာ တာဝန်ကျတဲ့ တပ်ကြပ်ကြီးတွေ အပိုးကျိုးနေအောင်ကို အာဏာကကြီးတာ အခြားတော့ မဟုတ်ပါဘူး ထောင်ထဲကို ခိုးသွင်းလာတဲ့ ပစ္စည်းတွေကို ဖမ်းလိုက်ရင် ဒုက္ခအကြီးကျယ် ရောက်သွားနိုင်တာကြောင့်ပါ။ ထောင်ဗူးဝကြီးကနေ မိန်းဂျေးအထိ ကားမောင်းလို့ရတဲ့ လမ်းမကျယ်ကြီး ရှိပြီး လမ်းကို အုတ်နီခဲတွေကို ထုပြီး ဒလိမ့်တုံးနှင့် လိမ့်ထားတဲ့ လမ်းမ ထောင်ထဲက အနှိပ်စက်ခံ အကျဥ်းသားတွေရဲ့ သွေးချွေးလမ်းမ ဆိုလဲ မမှားဘူး ဘာလို့လဲဆိုတဲ့ အဲဒီ လမ်းမကို ဒလိမ့်တုံးလိမ့်ရတာက အပြစ်ဒဏ်ကျတဲ့ အကျဥ်းသားကို သံခြေကျဥ်းနှင့် ဒေါက်ခတ်ပြီးမှ နေကျစ်ကျစ်တောက်ပူနေတဲ့ အချိန်မှာ ဒီသံဒလိမ့်တုံးကြီးကို တွန်းရတာဖြစ်ပါတယ်။ ဒီသံဒလိမ့်တုံးကြီးကို ချစ်ကိုကို လို့ခေါ်ပြီး နည်းနည်းသေးတာကို ချစ်မမလို့ခေါ်ပါတယ် ချစ်ကိုကို က အကျဉ်းသားနှစ်ယောက်တွန်းရပြီး ချစ်မမ က အကျဉ်းသား တယောက်ထဲ တွန်းရပါတယ်။ ပူကျစ်နေတဲ့ နေကြောင့် ပူနေတဲ့ သံဒလိမ့်တုံးကြီးကို တွန်းနေတဲ့ အကျဥ်းသားလက်တွေက အပူလောင်ပြီး ကွာထွက် သွေးရဲရဲတောက် ထွက်တယ်။ ခြေထောက်က သံခြေကျဉ်းနှင့် ခြေထောက်နှစ်ခုကြားက ဒေါက်ကြောင့် ဂဏန်းလိုသွားနေရဲ့ အကျဉ်းသားနောက်မှာတော့ လက်ရွေးစင် အရိုတ်သမား ထောင်ဝန်ထမ်း တပ်ကြပ် (သို့) ဒုတပ်ကြပ်တယောက်က ဂန်းပိုက်လို့ခေါ်တဲ့ ရာဘာအမာစား ဒုတ်အရှည်နှင့် တဘောင်းဘောင်း လိုက်ရိုက်နေတာကို အကျဉ်းသား နှစ်ယောက် ယပ်ခပ်ပေးနေရတဲ့ တာဝန်မှူးကြီး (ထောင်မှူးကြီး)တဦးက မန်းဂျေးရုံးခန်းက နေပြီး ရေနွေးကြမ်း အမြည်းအစုံအလင်နှင့် ထိုင်ကြည့်နေပြီး အဆောင်က တခြားထောင်မှူးများလဲ ထွက်ကြည့်လေ့ရှိပါတယ်။ တခါတရံမှာ သူတို့ကြည့်မရတဲ့ လူဖြစ်နေရင် ထောင်မှူးများက လက်သံပြောင်ပြောင်နှင့် ၀င်ရိုတ်ပြပါသေးတယ်။ အဲဒီလိုလူဆိုရင်တော့ မျော့မျော့ပဲ ကျန်လေ့ရှိတယ် ဘာလို့လဲဆိုတော့ မျက်နာလို မျက်နှာရ လက်သံပြောင်ပြတဲ့ တပ်ကြပ်ကြောင့်ပါ။ အဲဒီလို ရိုတ်လို့တွန်းခိုင်းလို့ဝပြီ တာဝန်မှူးကြီး ကျေနပ်ပြီဆိုမှ ဒီအကျဉ်းသားက အဲဒီ မိန်းဂျေးကနေ စစ်ခွေးတိုက်ဗူးဝ အရောက် လမ်းလျှောက်ရင် ၅ မိနစ် ၆ မိနစ်လောက် ခရီးကို အုတ်ခဲတွေ ထုချေထားတဲ့ အုတ်လမ်းအချောဘေးက အနားစ ဒလိမ့်တုံး မဖိထားတဲ့ နေရာကနေ မိကျောင်းသွား သွားရပါတယ်။ ခြေထောက်လုံးဝ မတွန်းရဘူး တဒေါင်ဆစ်နှင့် တကိုယ်လုံး ၀ိတ်ကို ဆွဲပြီး ထွားသွား သွားရတဲ့ မိကျောင်းသွားမှာ အပြစ်ဒဏ်ကျတဲ့ အကျဉ်းသား တဒေါင်ဆစ်က သွေးချင်းချင်းရဲပြီး ၀မ်းလျားမှောက်သွား နေရတဲ့ အကျဉ်းသား ကျောပေါ် တင်ပါး ခြေထောက် ကျရာနေရာကို လိုက်ရိုတ်နေတဲ့ မိန်းဂျေးတပ်ကြပ် လက်သံကြောင့် အကျဉ်းသား၏ မိကျောင်းတက်က မြန်နေရပါတော့တယ်။ ဒီအစလေးကို ဖတ်ပြီး ကျနော်ကို ပိုရေးတယ် ထင်ကောင်း ထင်နိုင်ပါတယ်။ ကျနော်တခုတော့ သတိပြုစေခြင်တယ် ကျနော်ကိုယ့်တွေ့အပြင် အင်းစိန်ထောင်မှာ အကျဉ်းသားတွေ အများစုအတွက် စစ်ခွေးဆို မီးသေသွားကြတယ် ဆိုတာကို မမေ့စေခြင်ဘူး။

စစ်ခွေးရောက်တဲ့နေ့
၁၉၉၂ သောကြာနေ့ တနေ့မှာ ကျနော်ရက်အတိကျ မေ့နေတယ် ကြိုးစားပြီး စဉ်းစားတာ မရတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်က အင်းစိန်ထောင်မှာ ထောင်ကျနေတဲ့ အဆောင်က နိုင်ငံရေးပုဒ်မတွေ အားလုံး မခံမရပ်နိုင်ဖြစ်ရတဲ့ အထင်ကရ ရက်တရက်ဖြစ်ခဲ့တာပါ။ ကျနော်ကျနေတဲ့ အဆောင်က (၃)ဆောင် ကျနော်သူငယ်ချင်း ကိုဝင်းသူရကြွယ်(ခ) နဂါးလေး ထောင်ဝင်စာ တွေ့သွားတော့ ကျနော်တို့ အဆက်သွယ်လုပ်တဲ့ စာတိုလေးတစောင်ကို ထုက်သွားတယ်။ ကျနော်လဲ နဂါးလေး ထောင်ဝင်စာသွားလို့ အဲဒီစာလေးများ မိလေမလားဆိုပြီး ပူပင် လိုက်ရပေမယ့်။ နဂါးလေးက မိန်းဂျေးက ပုဆိုးဖြန့် ခြေကားထားပြီး ပါးစပ်ဟပြရတဲ့ စစ်ဆေးရေးကျော် သွားတော့မှ အလုံးကြီးကျလို့ နေတော့တယ်။ နောက်ပြီး နဂါးလေးထောင်ဝင်စာ ပြန်လာတာကို မျော်နေတဲ့ အချိန်မှာ အဆောင်အသီးသီးကို အရေးပေါ်ပုံစံပေးလိုက်လို့ အကျဉ်းသားတွေ အားလုံးရောက်ရာ နေရာကနေ ပုံစံငုံထားရပါတယ်။ အဲဒီအချိန်မှာ ကျနော်အမည်ကို သုံးဆောင်ရုံးခန်းက ၀န်ထမ်းက လာခေါ်လို့ ကျနော်လဲ လိုက်သွားရော ပြဿနာက စပါပြီ။ မိန်းဂျေး မျော်စင်ကြီးအောက်က အ၀ိုင်းအမိုးကြီး အတွင်း (ယ္ခင် အင်္ဂလိပ် လက်ထက်က မီးဖိုဆောင်) ကျနော်ကို သွင်းလိုက်ပြီး ထုက်တန်းတခုကို လက်နှင့်ခိုထားခိုင်း ပါတယ်။ သစ်သားဘောင်ကြီးက ကြီးတော့ ကျနော့်လက်သေးသေးလေးနှင့် စောင်းကိုပဲခိုရတာ လက်က အရမ်းနာပြီး တုန်လာတဲ့ အချိန် ပြုတ်အကျမှာ တပ်ကြပ်ကြီး ကျော်ဝင်း(တရုတ်ကျော်ဝင်း) စစ်ဖိနပ်နှင့် ဆောင့်ကန်တယ် ပြန်ခိုခိုင်းတယ်။ ကျနော်ခေါင်းထဲမှာလဲ အကြောင်းရာတွေ စီနေရတယ်။ နဂါးလေးက အပြင်ထုက်တဲ့ စာမိသွားတာလား ဆိုပြီး စဉ်းစားရ ကြပ်နေတယ်။ ကျော်ဝင်းကလည်း ကျနော်ကို ကန်လိုက် အပြင်မှာ နဂါးလေးကို ထွက်ရိုက်လိုက် လုပ်နေတဲ့ အချိန်မှာ မိန်းဂျေးမှ အလုပ်လုပ်တဲ့ အကျဉ်းသားတွေက အခြေနေကြည့်ပေးထားပါတယ်။ ကျော်ဝင်း နဂါးလေး စစ်နေချိန်မှာ ကျနော်ကို အောက်ဆင်းခိုင်းထားပြီး ၀င်းမြင့် ပြန်လာရင် ကျနော်ပြန်ခိုရတယ်။ ကျနော်နှင့်သိတဲ့ အရေးခင်းလူသတ်မှု ဂါးဂါးလေး ဆိုတဲ့လူက ကျနော်ကို မင်းတို့တော့ သေမှာပဲ ဟိုကောင့်မှာ စာမိထားတယ် လို့ဖြတ်သွားရင်း လေသံနှင့် ပြောပါတယ်။ အားလုံးဝိုင်း ကူညီလို့ ကြာကြာမခိုရတဲ့ ပေမယ့် ကျော်ဝင်းရောက်ပြီး ကြည့်တဲ့ အချိန် ကျနော်ကြာကြာ မခိုနိုင်လို့ ကျနော့်တကိုယ်လုံး ဖုန်အလူးလူး ကန်ရာတွေ ထပ်ကုန်တော့တာ နောက်မှ အဲဒီဖိုဝိုင်းထဲက ထုက်ပြီး မိန်းဂျေးရုံးခန်းရှေ့ အုတ်နီလမ်းမမှာ ပုံစံထိုင်ခိုင်းထားပြီး မေးပါတော့တယ်။ တပ်ကြပ်ကြီး ကျော်ဝင်း က
“ဟေ့ကောင် မင်းသူ့ကို သိတယ်နော်”
“ ဟုတ်ကဲ့သိပါတယ်”
ကျနော်ဖြေတော့ ခေါင်းက နဂါးလေးဖက်ငဲ့မိလို့ ကျောပေါ်ကို ဂန်းပိုက်နှင့် ရိုတ်လိုက်တယ် အဲဒီဝန်ထမ်းအမည်က ထွန်းကြည်(နောက်တော့ ဒုတပ်ကြပ်ဖြစ်သွား) လူကောင်သေးသေး အသားဖြူဖြူနှင့် အရိုင်းစိုင်းဆုံးဆဲတဲ့ ၀န်ထမ်းဖြစ်ပါတယ်။
“မင်းသူ့ဆီက ဘာမိလဲ သိလား”
စစ်ကြောရေးအတွေ့ကြုံအရ ကျနော်တို့ အနာခံစရာ မလိုဘူး၊ မိပြီးသားကို ငြင်းမနေတော့ဘူး လို့ တွေးလိုက်ပြီး ကျနော်က
“ကျနော်ရေးတဲ့ စာပါ” ဖြေလိုက်တော့မှ ပြဿနာက ရှင်းမရဖြစ်သွားတယ်။ တကယ်တော့ ကျနော်စာက အပြင်ရောက်သွားပြီး အခုမိတာက အပြင်က ပြန်သွင်းလာတဲ့ စာဖြစ်နေမှန်းနောက်မှ သိရပါတယ်။
အဲဒီမှာ ကျနော်နှင့် နဂါးလေးကို အဝေးကို ခွဲလိုက်ပြီး ရိုတ်တော့တာပဲ အုတ်နီလမ်းမှာ ကျနော်တို့နှစ်ယောက်ကို ရိုတ်တာမေ့သွားလို့ ရေလောင်းပြီး ရိုတ်စစ်ပါတော့တယ်။ နဂါးလေးကို နှစ်ဆောင်ရှေ့မှာ ရိုတ်ပြီး ကျနော်ကို တစ်ဆောင်ရှေ့မှာ ရိုတ်ပါတယ်။
အဲဒါကို မြင်ရတဲ့ အမှတ်(၅)ဆောင်က ကျနော့်ကို ညီလေးတယောက်လိုချစ်တဲ့ ကိုမောင်မောင်လွင် (RIT) ကလည်း ပြဿနာရှာမယ် ဖြစ်နေကြောင်း နောက်မှ သူများတွေ ပြောလို့သိရတယ်။ ကိုမောင်မောင်လွင်က ကျနော်နှင့် ၁၉၈၈ သြဂုတ်လ ၁၀ ရက်နေ့ မင်္ဂလာတောင်ညွှန့် စတော့ဂိတ်ကုန်း( သိမ်ဖြူကုန်း)မှာ စစ်တပ်ပစ်တော့ ပြေးရင်း စတွေ့တာဖြစ်ပြီး။ နောက်ပိုင်း အတူတူ လှုပ်ရှားဖြစ်သွားပါတယ။် ကျနော်ကို ၁၉၈၉ မတ်လ (၂ရ) ရန်ကင်း မိုးကောင်းဘုရား ဆန္ဒပြပွဲကိစ္စနှင့် လိုက်ဖမ်းတော့ ထိုင်းကို လိုက်ပို့ပေးပြီး အပြန်မှာ သူဖမ်းခံရပြီး ထောင်ထဲရောက်နေတာ ဆိုတော့ ထောင်အခေါ်ဝေါ်နှင့် အမှုတွဲပေါ့။ ကိုမောင်မောင်လွင်အမြင်မှာ ကျနော်က သူ့မျက်စိအောက်မှာ ကြီးလာတဲ့ ညီလေး သူနှင့်စတွေ့တဲ့ အချိန် ၁၉၈၈ က ကျနော်အသက် ၁၆ နှစ်ဆိုတော့ ကလေးပေါ့ဗျာ။ ဒေါသတွေထွက်နေတဲ့ သူ့ကြောင့် ထောင်အာဏာပိုင်တွေ ရိပ်မိသွားပြီး ထောင်တခုလုံးကို အရေးပေါ်တန်းစီခိုင်းပြီး အခန်းတွေပိတ်ထားလိုက်တယ်။ ကျနော်အဖေက အဲဒီအချိန်မှာထောင်ဝင်စာ တွေ့ဖို့ ကျနော်ကို အပြင်မှာ စောင့်နေတယ်။ ဒါပေမယ့် သူမတွေ့ရပါဘူး ကျနော်ကို………

(ဆက်ရေးပါမည်)

မှတ်ချက်။
ကျနော့၏ သတ်ပုံအမှားများကို သည်းခံကြပါရန်နှင့် ဖြစ်နိုင်ရင် ကွန်မန့်ဖြင့် ပြင်ပေးပါလို့ အကူညီတောင်းပါတယ်။ ဖြစ်ရပ်မှန်ကို သိခြင်တဲ့ Facebook ညီလေး ညီမလေးများ အတွက် ရေးပေးတာပါ။ ကျနော်ကိုယ်တွေ့ ဖြစ်တဲ့ အတွက် အကြောင်းရာတိုင်းကို ရဲရဲကြီး အာမခံပါသည်။ မျက်မြင်သက်သေများလဲ သက်ရှိထင်ရှား ပြည်တွင်းပြည်ပ ရှိကြပါသေးတယ်။

ခင်မင်လေးစားလျှက်
ရဲမင်းထွန်း

Tuesday, January 11, 2011

စစ်အာဏာရှင်များ ခင်ဗျား..ကိုယ့်မြေးအရွယ်လေးပါ... ကိုယ်ချင်းစာကြည့်ပါ

စစ်အာဏာရှင်များမှ အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို တရားဝင် ပြဋ္ဌာန်းလိုက်တယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါရှိပါတယ်..။ ကဲ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတာထက် တိုင်းပြည်မှာ လက်ရှိခံစားနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲ ကြပ်တည်းမှု အဖုံဖုံကို ဖြေရှင်းပြီးမှ ဒီဥပဒေကို စဉ်းစားပါဦး အာဏာရှင်ကြီးများခင်ဗျား..။

ဒီပုံမှာကတော့ မန္တလေးမြို့ ဘုရားပွဲတစ်ခုရဲ့ မိုးရေထဲ ရွှံ့ဗွက်ထဲမှာ အဝတ်ဗလာနဲ့ အစာရေစာ ငတ်ပြတ်ပြီး မိန်းမောနေတဲ့ ကလေးငယ်နဲ့ မိခင်တို့ရဲ့ ကြေကွဲဖွယ် မြင်ကွင်းပါ..။ မြန်မာပြည်သူ ပြည်သားတွေပါ..။ ကိုယ့်မြေးအရွယ်လေးပါ... ကိုယ်ချင်းစာကြည့်ပါ အာဏာရှင်ကြီးခင်ဗျား..။ ဒီလို မြင်ကွင်းတွေဟာ မြန်မာပြည်ရဲ့ နေရာအနှံအပြားမှာ လတ်တလော မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပါပဲ။ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေကို စစ်တပ်ရဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်နဲ့ အာဏာရှင်ဗိုလ်ချုပ်ကြီးများ ခွဲဝေယူနေကြတာ ရပ်တန်းက ရပ်သင့်နေပါပြီ။ မိမိအသက်အရွယ်ရဲ့ နောက်ဆုံးအချိန်မှာ ကောင်းတာလေးတော့ ရှိဘူးတယ်ဖြစ်အောင် လုပ်ပြသွားပါဦး။

တေဇသားများ
တေဇသားများ
မိမိသားမြေးတွေကို ချစ်တတ်သလို တိုင်းသူပြည်သားတွေ အပေါ်မှာလည်း ကိုယ်ချင်းစာ စိတ်လေး ထားပေးပါဦး။ မနာလို မရှုစိမ့်နဲ့ ရေးသားနေခြင်းမဟုတ်ပဲ ပြည်သူပြည်သားတွေ စားနိုင်သောက်နိုင် နေနိုင်လောက်တဲ့ အခြေအနေလေး တစ်ခုကို ဖန်တီးပေးနိုင်လောက်တဲ့ အခြေအနေတောင် မတတ်နိုင်သေးဘဲ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းပါဦးမယ်တဲ့။ ဗိုလ်ချုပ်ကြီးတို့ရဲ့ သားသမီး မြေးမြစ်တွေကော စစ်မှုထမ်းနိုင် မထမ်းနိုင် အရင်မေးမြန်း စုံစမ်းကြည့်ပါဦး။ မည်သူမဆို မဝင်မနေရ စစ်မှုထမ်းရမယ် ဆိုတဲ့ဖြစ်ပေါ်လာမဲ့ ပြဋ္ဌာန်းမှုရဲ့ နောက်ကွယ်မှာ လူအစားထိုးမှုတွေ၊ ငွေကြေးရယူမှူတွေနဲ့ ဗိုလ်ချုပ်ကြီးတွေ အတွက် ဂွင်အသစ်တွေများ ဖန်တီးပေးနေတာလားဗျာ။ ကျွန်တော်တို့လို စစ်ရေးအမြင်မရှိသူ တစ်ယောက်အနေနဲ့ ပြောချင်တာကတော့ အထက်ကပုံပါ ကိုယ့်ပြည်သူ၊ ပြည်သားတွေရဲ့ ဆင်းရဲကြပ်တည်းမှုတွေ အတွက် သောကမအေးဖြစ်ရပါတယ်။ အဲ့ဒီအတွက်ကြောင့် အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေမပြဋ္ဌာန်းခင် ဗိုလ်ချုပ်တွေ ပြောင်ပြောင်ရောင်ရောင်နဲ့ ပြည်သူတွေ ဝမ်းခေါင်ခေါင် ဖြစ်နေရတဲ့ ကျွန်တော့်တို့ ပြည်သူပြည်သားတွေရဲ့ ဝမ်းရေးကိစ္စကို အရင် ဖြေရှင်းပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်.. အာဏာရှင်ကြီးများ ခင်ဗျား...။


ဒီမိုဝေယံ
Monday, January 10, 2011

Sunday, January 9, 2011

(၆၃)ကြိမ်မြောက်ကချင်ပြည်နယ်နေ့အခမ်းအနားတိုကျိုမြို့တွင်ကျင်းပပြုလုပ်သည့်သတင်းဓါတ်ပုံ။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၉)ရက်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ကရက်(လွတ်မြောက်နယ်မြေ-ဂျပန်)မှ တိုကျို Takadanobaba အရပ်ရှိ ,Shogatsu CENTER 4F , ၌ (၆၃)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ကို ယနေ့ နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တာဝန်ရှိသူများတို့မှ တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

မဲဆောက်ကကရင်အမျိုးသားတွေရဲ့Christmas Party(ဗီဒီယို)



ပေးပို့သူ။ ။Branden Brazil 
THANK YOU Branden Brazil .

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မဖြစ်မနေ စစ်မှုထမ်းကြရတော့မည်

မြန်မာနိုင်ငံသား အားလုံး အတွက် စစ်မှုမထမ်း မနေရ ဥပဒေ မူကြမ်းတစ်ရပ်ကို ရေးဆွဲလိုက်ပြီ ဖြစ်ကြောင်း ဂျပန်နိုင်ငံ NHK သတင်းဌာနက ကြေညာလိုက်သည်။

ညှပ်ဖိနပ်ကို မိမိပိုက်ဆံဖြင့် ၀ယ်စီးရသော မြန်မာစစ်သားတစ်ဦး
(ထမင်းငတ်ပြီး အရိုးပေါ် အရေတင်နေသဖြင့် အင်္ကျီဘောင်းဘီများ ပွနေသည်)

အဆိုပါ ဥပဒေတွင် မြန်မာနိုင်ငံသား အသက် ၁၈ နှစ် နှင့် ၄၅ နှင့် ကြားရှိ အမျိုးသားများအားလုံး နှင့် အသက် ၁၈ နှစ် နှင့် ၃၅ နှစ်ကြားရှိ အမျိုးသမီးများ အားလုံး တစ်သက်တာ စစ်မှုထမ်းကြရမည်ဟု ဖော်ပြပါရှိပြီး လိင်စိတ်သဘာဝ ပြောင်းလဲသူများအတွက် ဖော်ပြထားခြင်း မရှိပေ။
စစ်မှုထမ်းသူများ အားလုံး မိမိ ထမင်းကို မိမိတို့ ရှာဖွေ စားသောက်ကြရမည် ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့ပြင် ဥပဒေအရ အသစ် စစ်မှုထမ်းသူ အားလုံးသည် ရိုးရိုးစစ်သည် ရာထူးကိုသာ ရရှိကြမည်ဖြစ်ပြီး၊ အမျိုးသား စစ်သားသစ် များသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား တိုက်ခိုက်သည့် အခါ အသေခံ တိုက်ပွဲဝင်သူများအဖြစ် ရှေ့ဆုံးမှ ချီတက်ရခြင်း၊ တိုက်ပွဲ မရှိသည့် အချိန်များ၌ ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ် စသူတို့၏ သွားလာရေး စီးစရာ သတ္တ၀ါ အဖြစ် ကုန်းပိုးပေးရသည့် အလုပ်ကို ထမ်းဆောင်ရခြင်း၊ အဆိုပါ ပုဂ္ဂိုလ်များ၏ ဖိနပ်ကို တိုက်ပေးရခြင်း၊ အမျိုးသမီး စစ်သည်သစ်များသည် ဗိုလ်ချုပ်ကတော်၊ ဗိုလ်မှူးကတော်၊ ဗိုလ်ကြီးကတော်၊ ဗိုလ်ကတော် စသူတို့၏ အတွင်းခံဘောင်းဘီများကို လျှော်ပေးရခြင်း စသည့် တာဝန်များကို တစ်သက်တာ ထမ်းဆောင်ရမည်ဟု ဥပဒေ တွင် ဖော်ပြထားသည်။

အကယ်၍ စစ်မှုထမ်းခြင်း မပြုပဲ ရှောင်တိမ်းပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံကြရမည် ဖြစ်ကြောင်းကိုလည်း ဥပဒေတွင် ပြဌာန်းထားသည်။

အဆိုပါ စစ်မှု မထမ်းမနေရ ဥပဒေကို မကြာမီ ကျင်းပတော့မည့် လွှတ်တော်တွင် အတည်ပြု ပြဌာန်းသွားမည် ဖြစ်ကြောင်း NHK သတင်းဌာနမှ ၂၀၁၁ ခု၊ ဇန်န၀ါရီလ ၇ ရက်၊ ဂျပန်စံတော်ချိန် ည ၇ နာရီ ၂၈ မိနစ် ၀၀ စက္ကန့် အချိန်တွင် တင်ပြသွားခဲ့သည်။

video

NHK သတင်းတွင် ဖတ်ရှုရန်

Burma Strange News  မှဖေါ်ပြပါသည်။

အခမဲ့ကျန်းမာရေးစစ်ဆေးနိုင်(ဂျပန်)

ဂျပန်နိုင်ငံရှိ မိတ်ဆွေများအတွက် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ TOKYO, SHINJUKU KU , NISHIWASEDA ရှိ
Waseda Houshien ဆိုတဲ့အဆောက်အဦီမှာအခမဲ့ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ၂၀၁၁. ဇန်နဝါရီလ(၁လပိုင်း). ၂၃ရက် နေ့၊ နေ့လည် ၁နာရီမှညနေ ၄နာရီ အထိ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။  တိုကျိုမြို့ရှိ မြန်မာများစုဝေးရာ TAKADANABABAအနီးတွင် ရှိနေခြင်းကြောင့် အလွယ်တကူသွားရောက်စစ်ဆေးနိုင်ကြောင်း အသိပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအသိုင်းအဝိုင်းမှ ကိုဖုန်းလှိုင်က ဖြန့်ဝေ(share)ပေးခြင်းဖြစ်ပါသည်။
မြေပုံကြည့်ရန်

ကမ္ဘာအနှံ့ကသတင်းတွေ....