Sunday, January 16, 2011

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB)Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၁၆)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပါဝင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ Recycle Center 4F,မှာ ယနေ့ နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ဒုတိယ ပင်လုံ(ခ) ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေမည့် နိုင်ငံရေး စာတမ်း ဖတ်ပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကို လာမည့် ၂၃ ရက်နေ့Takadanobaba, Recycle Center 4F, ၌ နံနက် ၉း၃၀နာရီ မှ ညနေ ၁၆း၃၀နာရီ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဂျပန်ရောက် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များတို့မှ တက်ရောက် ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဇန္န၀ါရီလ(၃၁)ရက်နေ့တွင် နအဖ မှ လွတ်တော် ခေါ်ယူပြီး အဆိုပါ လွတ်တော်မှ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်မခံကြောင်း ဆန်ကျင် ကန့်ကွက်သည့် အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံရှိ နအဖ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ညနေ ၃း၀၀ နာရီမှ ၄း၃၀ အထိ NDB(Japan)မှ ဦးစီးကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရကိုလည်း ဂျပန်နိုင်ငံမှ အသိအမှတ် မပြုရန်အတွက် တိုက်တွန်း တောင်းဆိုမည့် လှုပ်ရှားမှုများကို ဇန္န၀ါရီလ( ၂၄ရက်၊ ၂၅ ရက်) နေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့၌ လည်းကောင်း၊ ဇန္န၀ါရီလ( ၂၆ရက်၊ ၂၇ ရက်၊ ၂၈ ရက်) နေ့တွင် ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဂျပန် လွတ်တော်ရှေ့ တွင်လည်းကောင်း ကျင်းပ ပြုလုပ်သွားရန် ဆုံဖြတ် ခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုနေ့ အခမ်းအနား၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ချီတက် ဆန္ဒပြပွဲ အခမ်းအနား၊ ဖက်စစ် တော်လှန်ရေးနေ့ နိုင်ငံရေး ဟောပြောပွဲ အခမ်းအနားနှင့် ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှု ရံပုံငွေ ရေရှည်ပံ့ပိုး ကူညီသွားနိုင်မည့် လုပ်ငန်းစဉ် အစီအစဉ်များ တို့ကိုပါ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Kham Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....