၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၂၃)ရက်။
၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်သော နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တိုကျိုမြို့ Takadanobaba အရပ်ရှိ Recycle Center 4F,မှာ ယနေ့ နံနက် ၁၀း၀၀ နာရီ မှာ စတင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဒီကနေ့ ဆွေးနွေးပွဲ အခမ်းအနားမှာ ဒုတိယ ပင်လုံ(ခ) ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ တာဝန်ယူ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး စာတမ်း ဖတ်ပွဲနဲ့ ဆွေးနွေကို ဂျပန်ရှိ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များ တို့မှ အမြင်အမျိုးမျိုး ရှုဒေါက် အမျိုးမျိုးတို့နဲ့ တက်ရောက် ဆွေးနွေး သွားခဲ့ကြပြီး တိုက်ရိုက် ဆွေးနွေးမှု ရုပ်သံ အစီအစဉ်ကို http://www.ustream.tv/channel/mgbiruma ဆိုက်မှ ထုတ်လွှင့် သွားခဲ့ပါတယ်။ ဆွေးနွေးချက်များကို အခြေခံပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ၂၁ ရာစုနှစ် ပင်လုံညီလာခံအပေါ် ရပ်တည်ချက် သဘောထားကို မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum



No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်