Sunday, September 30, 2012

၂၀၁၂ ခုနှစ် တိုကျို မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်


၂၀၁၂ ခုနှစ် စက်တင်ဘာလ(၃၀)ရက်။

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို စက်တင်ဘာလ(၃၀)ရက်နေ့ တိုကျိုမြို့ KIBA ပန်းခြံ ၌ နံနက် ၁၁း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပါ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ကြောင်း သိရှိရပါသည်။

မြန်မာ့ရိုးရာ သီတင်းကျွတ် ပွဲတော်ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ရိုးရာအစဉ်အလာအတိုင်း ကျင်းပပြုလုပ်လာခဲ့ကြပြီး ကျင်းပရခြင်း ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဥက္ကဌ ဦးလှဟန်မှ ရှင်းလင်း တင်ပြပြီးသည့်နောက် သီတင်းကျွတ်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါသည်။

သီတင်းကျွတ်ပွဲတော်မှာ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ အစီအစဉ်များပါ တင်ဆက်သွားခဲ့ကြပြီး မြန်မာတိုင်းရင်းသား ရိုးရာ အစားအသောက် မျိုးစုံ စုံလင်စွာဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ သွားကြကြောင်း သိရှိရပါသည်။ ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံသို့ ခေတ္တရောရှိလာသော ABSDF ဥက္ကဌ ရဲဘော်သံခဲမှ သီတင်းကျွတ်ပွဲတော် အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ သီတင်းကျွတ်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်း ဖေါ်ထုတ်သွားရန် ဖြစ်ကြောင်းနှင့် တက်ရောက် အားပေးခဲ့ကြသူများကို NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ တက်ရောက်လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ သီတင်းကျွတ် ပွဲတော်၌ " မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်" အတွက် အလှူငွေ ယန်း ၁၂၀၀၀ ကျော် ကောက်ခံရရှိကြောင်းလဲ သိရှိရပါသည်။

တိုကျိုသီတင်းကျွတ်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ပါ စုစုပေါင်း (၄၀၀) ခန့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲ တာကိုတွေ့ ရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Lian Khan Sum

Sunday, September 23, 2012

Queens Collegeမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ အသံဖိုင်

Queens Collegeမှာ 22.9.2012ဒီကနေ့ည ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ အသံဖိုင်

Saturday, September 22, 2012

ဟောဒီမှာ အစိုးရက ပြည်သူကို အနိုင်ကျင့်နေပါတယ်

ပည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွား 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်ခြံဝန်းများအား မြို့တော်ဝန်က ဖယ်ရှားရှင်းလင်းပေးရန် ပြောကြားရာမှ ၀ိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကောမတီမှ ကျုးကျော်နေအိမ်များဟု သတ်မှတ်ထားသည့် ပြည် ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ် ကံကြီးကုန်းနှင့် ဇီးအုပ်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းများအား  စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်မှ  ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ယင်းကဲ့သို့ မန္တလေးမြို့တော်စည်ပင်မှ လူအင်းအားများဖြင့် ခြံဝန်းနေအိမ်များကို ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ရာတွင် အိမ်မြေနေရာ ပိုင်ဆိုင်ထားသူများ၊ မစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူနှင့် မန္တလေးမြို့ ၈၈မျိုးဆက် ကျောင်းသားများမှ ၀ိုင်းဝန်း မေတ္တာရပ်ခံခဲ့သဖြင့် ဖယ်ရှားရှင်းလင်းမှုကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
''အခုရှင်းလင်းဖယ်ရှားခံရတဲ့ မြေနေရာတွေကို ပြီးခဲ့တဲ့နှစ်လောက်ကတည်းကစပြီး အရောင်းအ၀ယ် လုပ်နေကြတာ။ တစ်ချို့ဆိုရင် နယ်တွေ၊ ရွာတွေကနေ မရှိမဲ့ ရှိမဲ့ လယ်လေးတွေရောင်းပြီး မန္တလေးမြို့က လုပ်ကိုင်စားလို့ကောင်းတယ် ဆိုတော့ ဒီမှာဝယ်ပြီး လာနေကြတာ။ စရောင်းတုန်းက မြေဈေးကလည်း တစ်နှစ်စာအိမ်လခနဲ့ ယှဉ်ရင်သိပ်မကွာတော့ ၀ယ်နေကြတာပေါ့။ အစောကြီးကတည်းက နိုင်ငံတော်ပိုင် လယ်မြေတွေပါလို့ ထုတ်ပြန်ခဲ့ရင် အခုလို ဆင်းရဲသားတွေ ပါမလာ နိုင်ဘူး။
ဝါတွင်းကြီး ဖျက်ခိုင်းရွှေ့ခိုင်းတယ်ဆိုတော့ အကုန်အခက်အခဲ ဖြစ်ကုန်တာပေါ့။ မြေရောင်းချတဲ့သူ တွေကိုတော့အရေးမယူဘဲ မရှိမဲ့ ရှိမဲ့နဲ့ ၀ယ်တဲ့သူတွေကိုမှ အရင်ဖယ်ရှား ရှင်းလင်းခိုင်းတာ''ဟု ကံကြီးကုန်းကျေးရွာအတွင်း မြေကွက်ဝယ် ယူထားရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''အခုဖျက်ဖို့ လုပ်တဲ့အိမ်တွေက ပြီးခဲ့တဲ့ သြဂုတ်လပိုင်းတုန်းကမှ အိမ်ထောင်စုစာရင်းတွေကောက်ပြီး ဆောက်ခိုင်းထားတဲ့ အိမ်တွေ။ တစ်ချို့အိမ်တွေဆိုရင် အိမ်နံပါတ်တွေတောင် ကျနေပြီ။ အိမ်နံပါတ်ချပေးမယ်ဆိုလို့ ငါးထောင်၊ တစ် သောင်းပေးဆိုလည်း ပေးလိုက်ရတယ်။

 ရပ်ကွက်ရုံးက အိမ်ထောင်စုဇယားတွေကို ဇီးအုပ်ထဲမှာ တိုးဆိုလို့လည်း ငွေသုံးသောင်းပေးပြီး တိုးခဲ့ရတယ်။ အမျိုးမျိုးပေး၊ အမျိုးမျိုးလုပ်နေလည်း အဖျက်ခံရတာပဲ''ဟု ဇီးအုပ်ကျေးရွာမှ အိမ်အဖျက်ခံရသူတစ် ဦးက ပြောကြားခဲ့ပါသည်။
ထို့နောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင်  မန္တလေးမြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်မောင်းက ကံကြီးကုန်းနှင့် ဇီးအုပ်ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်း ၀ယ်ယူထားရှိသူများအား ကံကြီးကုန်းကျေးရွာ မကွေးဘုန်းတော် ကြီးကျောင်းတိုက်၌ ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းဖယ်ရှားပေးရန် ပြောကြားခဲ့သည်။


ယင်းကဲ့သို့ မြို့တော်ဝန်မှ ခြံဝန်းနေအိမ်ဝယ်ယူထားရှိသူများအား ဖယ်ရှားပေးရန် မေတ္တာရပ်ခံပြောကြားပြီးနောက် မကွေးဘုန်တော်ကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာရာတွင် ၀ယ်ယူထားရှိသူများက ကျေနပ်မှုမရှိသဖြင့် မြို့တော်ဝန်၏ ယာဉ်တန်း ရှေ့တွင်ဖယ်ရှားမှု မပြုရန်အတွက် ၀ိုင်းဝန်းပိတ်ဆို့ ဆန္ဒပြုရာမှ လုံခြုံရေး ရဲဝန်းထမ်းများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြသည်။
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် မန္တလေးမြို့တော်ဝန်သည် မကွေးကျောင်းတိုက်ဆရာတော်၊ ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး အချိန်ခုနစ်ရက်အတွင်း အဆိုပါနေအိမ်များအား ဖယ်ရှားရှင်းလင်းမှု မပြုလုပ်သေး ကြောင်း၊ နောက်ပိုင်းတွင်ကြေညာချက်များ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်ဟု တွေ့ဆုံညှိနှိုင်းမှုတွင်ပါဝင်သော ၈၈မျိုး ဆက် ကျောင်းသားအဖွဲ့မှ ကိုမောင်ခိုင်က ပြောကြားခဲ့သည်။














ELEVEN MEDIA GROUPမှ ဖေါ်ပြပါသည်။

Friday, September 21, 2012

(၅) နှစ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်း

မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်

၅ နှစ်မြောက် ရွှေဝါရောင် တော်လှန်ရေးနေ့ နှစ်ပါတ်လည်အခမ်းအနား

ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်  ဆုတောင်းပွဲ

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်လှုပ်ရှားမှုအတွင်း အသက်ဆုံးရှုံးခဲ့ကြသူများအားရည်
စူး၍  သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆုတောင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ကုသိုလ်ယူနိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။        ။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ (တနင်္ဂနွေနေ့)
အချိန်။        ။နံနက် ၉း၃၀ နာရီ
နေရာ။        ။ Takadanobaba ဘူတာ၊ ညီညွတ်သောတိုင်းရင်းသားများ (AUN) ရုံးခန်း   

      (စေတနာရှင် မည်သူမဆို ဆွမ်းကွမ်း ဆက်ကပ်လှူဒါန်းနိုင်ကြပါသည်။)

သတ်မှတ်ချိန်အတိအကျ လာရောက်ပေးကြပါရန်။


NDB ပြန်ကြားရေး။
ဆက်သွယ်ရန်။  ၀၉၀ ၄၉၆၄ ၉၇၁၈။   ၀၉၀ ၉၈၃၁ ၇၁၉၂။   ၀၉၀ ၆၀၃၁ ၄၃၉၄။  ၀၈၀ ၄၀၀၅ ၇၀၉၈
              ၀၉၀ ၆၀၂၅ ၄၆၂၉၀၈၀ ၅၀၇၀ ၀၀၈၀၀၈၀ ၃၄၂၄ ၂၇၅၉

NED 2012 Democracy Award Ceremony အတွက် ကိုမင်းကိုနိုင်၏ စကား

88 Generation Students

စက်တင်ဘာလ ၂၀ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ တွင် ပြုလုပ်သော NED 2012 Democracy Award Ceremony အတွက် မတက်ရောက်နိုင်သော ၎င်းဆုရှင်တစ်ဦးဖြစ်သူ (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်) မင်းကိုနိုင်၏ ဗွီဒီယိုမိန့်ခွန်းကို ရန်ကုန်မြို့မှ ပေးပို့ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဒေါ်စု တိုက်ရိုက် မိန့် ခွန်း


ဒေါ်အောင်ဆန်းစုကြည် နူးယောက်ခ်မြို့၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လည်းကောင်း၊ ယင်းနောက်တွင် ကုလသမဂ္ဂ ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာဝန်ထမ်းများနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား နူးယောက်ခ် စံတော်ချိန် နံနက် ၀၉း၀၀ နာရီတွင် စတင်တင်ဆက်သွားမည် ဖြစ်ပါသည်။

Live Webcast အား ကြည့်ရှုရန် - http://bit.ly/RCWDxl

Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network


Amnesty International မှပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်း အပြည့်အစုံ

ဒေါ်စု နှင့် အမေရိက မှမြန်မာမိတ်ဆွေများတွေ့ ဆုံခဲ့တဲ့ ညနေဆည်းဆာ ဓါတ်ပုံ (ရုပ်သံ)


ငြိမ်းချမ်းရေးရဲ့ရေသောက်မြစ်





(အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို့)....


ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး
ကမ္ဘာ့ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးကိုမှန်းမြော်ရည်
ဒေါသတရားတွေလျှော့ရမည်
ချစ်ချစ်ကြည်ကြည် ဆက်ဆံသွား
ဗြဟ္မစိုရ်တရားလေးပါး။

တက္ကသိုလ်ဘုန်းကြွယ်(၉-၂၁-၁၂)

ဗြဟ္မစိုရ်တရားလေးပါးကား…
မေတ္တာ၊ ကရုဏာ၊ မုတိတာ၊ဥပေက္ခာ။

ဆရာ ..တက္ကသိုလ် ဘုန်းကြွယ် 21.9.2012

ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဦးဆောင်သော ဂီတဖျော်ဖြေရေးအဖွဲ့ ဆန္ဒပြခဲ့






 
ပြည်တွင်းစစ်ပွဲများရပ်တန့်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများ သည် နေ့လည် ၁ နာရီခွဲခန့်တွင် ကြည့်မြင်တိုင်မြို့နယ်သို့ရောက်ရှိလာပြီး အထက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်တွင် ခေတ္တနားနေကာ
အင်းလျားကန်ပေါင် တံတားဖြူမှတ်တိုင်ဆီသို့ ဆက်လက်ထွက်ခွာလာ...
ကြပြီဖြစ်သည်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ အဆိုတော်လင်းနစ်တို့ ဦးဆောင်သော ဂီတဖျော်ဖြေရေးအဖွဲ့ကလည်း ဖျော်ဖြေရေးကားဖြင့် တေးသီချင်းများ သီဆို၍ လိုက်ပါလာကြသည်။ ဆူးလေမှ စတင်ထွက်ခွာ လာကြသော ဆန္ဒထုတ်ဖော်သူများကို လမ်းတလျှောက် ပြည်သူများက ၀ိုင်းဝန်းနှုတ်ဆက်ကာ ရေသန့်ဘူးများ၊ မုန့်များကျွေးမွေး အားပေးခဲ့ကြ သည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

ပခုက္ကူမြို့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ဧရာဝတီမြစ်ကမ်းဘေးတွင် ကျင်းပ



ပခုက္ကူမြို့-စက်တင်ဘာ၂၁

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ တွင်
ပခုက္ကူမြို့ ပြည်သူများ က

ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကို ပခုက္ကူမြို့ ဧရာဝတီမြစ်ကမ်းဘေးတွင်
ယနေ့ ညနေ (၄း၀၀) နာရီမှ (၄း၂၅) အထိ ကျင်း ပ ခဲ့သည်။
ငြိမ်းချမ်းရေးသင်္ကေတ ဂျိုးဖြူ ငှက်များ လွှတ်ခြင်း၊
“ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ၊ မြန်မာပြည် ငြိမ်းချမ်းပါစေ ” ဟု
ဆုတောင်းခြင်း နှင့် ငြိမ်းချမ်းရေး တေး သီချင်းများ သီဆို ခြင်းတို့
ကို ပြုလုပ် ခဲ့ ကြကြောင်း သိရသည်။ ဇင်လင်းထွန်း(ပခုက္ကူ)
popular myanmar 

Popular Journal

popular4-37

Thursday, September 20, 2012

ဒေါ်အောင်ဆန်းစုကြည်မြန်မာမိသားစုများ တွေ့ ဆုံပွဲ ယခု တိုက်ရိုက်သတင်း

ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်မြန်မာမိသားစုများ တွေ့ ဆုံပွဲ ယခု တိုက်ရိုက်လာနေပါတယ် ..။

အောက်ပါ လင့်တွင် သွားရောက်ကြည့်ရှု့ နိုင်ပါတယ်..။

http://www.shwevideos.net/live_broadcasting.php

Shwevideos Live Broadcasting, Live TV, The Best streaming media
www.shwevideos.net
အားပေးနိုင်ပါပြီ..။

ဒေါ်အောင်ဆန်းစုကြည် ရှိနေပေလို့ 

ဤပုံကို မည်သူမဆို လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ ကူးယူသော ပုံများကို ပြုပြင်မှုတစုံတရာမှ မလုပ်ဘဲ သုံးစွဲကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအိုဘားမား တွေ့ ဆုံ (ရုပ်သံ)

အမေစု မိန့် ခွန်းဘာသာပြန် ဗွီဒီယို

ဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့ သူစိမ်းပြင်ပြင်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်းဝင်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သမ္မတအိုဘားမား တွေ့ ပြီ..။

ညနေပိုင်းတွင်သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ် ..အမေရိကန် သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါတယ် ။  "ကွန်ဂရက်ရွှေသားဆု" ကိုယူအပြီးယနေ့ ညတွင် အထူးဧည့်သည်တော်အဖြစ် သမ္မတ အိမ်ဖြူတော်တွင် တစ်ညတာ တည်းခိုမည် ဖြစ်ကြောင်း သိရပါတယ်။
ကျေနပ်စရာ အားရစရာ၊ မကြာခင်လည်း ကျနော်တို့  သမ္မတကြီး ဦးသိန်းစိန်လည်း ဒီလိုမြင်ကွင်းမျိုး မြင်ရမယ်လို့ မျှော်လင့်ပါကြောင်း...။




"ကွန်ဂရက်ရွှေသားဆု" လက်ခံရယူစဉ် ။( ရုပ်သံ ဗွီဒီယို အသံဖိုင် )

“ဒေါ်အောင်ဆန်းစုကြည်စု၏ Global Vision Award ဆုလက်ခံပွဲမှ ဟီလာရီကလင်တန် မိန့်ခွန်း ကောက်နှုတ်ချက်”

သမ္မတ ဦးသိန်းစိန်နဲ့ ကျမ နှစ်ကြိမ်တွေ့ခွင့်ရခဲ့ပါတယ် ။
နေပြည်တော် မှာတစ်ခါ၊ ကမ္ဘောဒီးယားမှာတစ်ခါပါ ။ နောက်တစ်ပတ်
UN အထွေထွေအစည်းအဝေးအတွက် သူလာမှာကိုလည်း ကျမတို့ မျှော်လင့်နေပါတယ် ။

ဒီနေ့မနက်က State Department မှာ ကျမနဲ့ ဒေါ်စုတို့ရှေ့ အနာဂတ်
အလုပ်တွေကို ဆွေးနွေးဖြစ်ကြတယ် ။ လုပ်စရာ အလုပ်တွေကလည်း
အများသားလေ ။ ဒေါ်စု US ကို ဒီအချိန် လာရခြင်းရဲ့ အရေးကြီးတဲ့

မြန်မာနိုင်ငံအပေါ် sanctionများ ဆက်လက်ဖြေလျှော့ပေး ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(BBC Newsမှ 18Sept 2012ရက်စွဲပါ “Suu Kyi calls for further easing od Burma sanctions” သတင်းကို ဘာသာပြန်ဆိုသည်။)

အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှောမည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း။တပ်မတော်ကို အားပြုထားရသောအစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကိုမိတ်ဆက်ပေးခဲ့ခြင်းမရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာရှိကြောင်းဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားပါတယ်..
မြန်မာအစိုးရအပေါ်ချမှတ်ထားသောsanctionများ နောက်ထပ် ဖြေလျှော့ပေးခြင်းကိုသူမအနေဖြင့် ထောက်ခံကြောင်းအမေရိကန် ပြည်ထောင်စုသို့အလည်အပတ် ရောက်ရှိနေသည့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် တွေ့ဆုံပြီးနောက် သူမက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

မစ္စစ်ကလင်တန်လာပြီး မြန်မာနိုင်ငံတွင်တပ်မတော်က ကျောထောက် နောက်ခံ ပေးထားသောအစိုးရ၏ နောက်ပြန်လျှောနိုင်မှု (သို့မဟုတ်) အဖျားရှူးနိုင်မှုကို သတိပေး ပြောဆိုခဲ့သည်။

မြန်မာအစိုးရသစ်က နိုင်ငံရေးနှင့် လူမှုစီးပွား ပြုပြင်ပြောင်းလဲမှု များကို တစ်သီတစ်တန်း စတင်ပြုလုပ်ခဲ့ ပြီးနောက်တွင်စတင်ပြုလုပ်ခဲ့ပြီး နောက်တွင်အနောက်အုပ်စုကယခင်ချမှတ်ထားခဲ့သောsanctionများသိသိသာသာ ဖြေလျှော့သွားခဲ့ပြီ ဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည်လည်း တရုတ်နိုင်ငံ ခရီးစဉ်အပြီး လာမည့်အပတ်တွင်

စက်တင်ဘာ ၁၉ က အမေရိကန်လွှတ်တော်ကို ရွှေတံဆိပ်ဆု လက်ခံယူဖို့ ရောက်ရှိလာတဲ့ မြန်မာ့ ပြည်သူ့လွှတ်တော်အမတ် (ကော့မှူးအမတ်) ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်နဲ့စပ်ပြီး တိုင်းပြည်နဲ့လူထုအကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ လုပ်ပေးနိုင်မလဲ/တောင်းဆိုပေးနိုင်မလဲ။ အမေရိကန်ကရော မြန်မာပြည်သူတွေအကျိုးအတွက် ဘာတွေကို လုပ်ပေးနိုင်မလဲ/လိုက်လျောပေးနိုင်မလဲ ဆိုတဲ့ အကြောင
်းတွေကို ဘီဘီစီ ရေဒီယိုနဲ့ ဖေ့စ်ဘုတ် ပရိသတ်တွေက ပထမအကြိမ် ပူးပေါင်းပြီး တိုက်ရိုက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အထူးအစီအစဉ်ဖြစ်ပြီး ကိုသိန်းမြတ်က စီစဉ် တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်အမည်စာရင်း

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်အမည်စာရင်း

၁။ ဦးခင်မောင်အေး၊ တရားရုံးချုပ် တရားသူကြီး (ငြိမ်း) ( ဥက္ကဋ္ဌ )
၂။ ဦးစိုးသိမ်း(မောင်ဝံသ)၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ( ဒုတိယ ဥက္ကဋ္ဌ )
၃။ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)
၎။ ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)
၅။ ဒေါက်တာမျိုးသန့်တင်
၆။ ဒေါက်တာကျော်ဇော်နိုင်
၇။ ဦးကိုကိုကြီး(၈၈ မျိုးဆက်ကျောင်းသားအဖွဲ့)
၈။ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း
၉။ ဒေါ်ချိုချိုတင်(မစန္ဒာ)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း
၁၀။ ဦးခင်မောင်လေး(ဖိုးသောကြာ)၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း
၁၁။ ဒေါက်တာအောင်ထွန်းသက်၊ကျောင်းအုပ်ကြီး(United Nations System Staff College) (ငြိမ်း)

ပြည်သူ များရဲ့ ခေါင်းဆောင်

ပြည်သူ များရဲ့ ခေါင်းဆောင်

Khu Daun အော်သံ ရဲ့ NLD 2015

တိုင်းပြည်နှင့် လူမျိုးများရဲ့  ဂုဏ်ကိုမြှင့်တင်ပေးနေသော
အမေရိကန်ပြည်ထောင်စုရောက်...၊
ပြည်သူ များရဲ့ ခေါင်းဆောင်
ပြည်သူ့ ကိုယ်စားလှယ်တော်
ဒေါ်အောင်ဆန်းစုကြည်

""ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလီကိစ္စ ၀ါရှင်တန် Asian Society မှာ ဘာတွေပြောလိုက်ပြီလဲ""


မေးတဲ့ပုံလေးက လေအေးလေးသုံးပြီး
အပြစ်တင်သလိုလို ( မယုံရင်နားထောင်ကြည့်
ပါ) ။ ပျော့ပျော့လေးနဲ့ ချည်မယ် ၊ တုတ်မယ်
ဆိုတာချည်းဘဲကိုး ။ ဒေါ်စုခမျာလည်း
အမေးခံရလွန်းလို့ ဘယ်လောက်တောင်
သူတို့အကြောင်း သဘောတွေ ပေါက်နေသလဲ မသိဘူး ။ ပြောနေကြာပါတယ် ။

ဟောဒါက
ဒေါ်စု ၀ါရှင်တန် Asian Society မှာ ပြောသွားတဲ့ မိန့်ခွန်းအပြီး အမေးအဖြေ
ထဲက ရိုဟင်ဂျာ မေးခွန်နဲ့ အဖြေပါ ။

မေး။ ။ ရခိုင်ပြည်နယ် ပြသာနာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေများစွာ ကျမတို့ ရထားပါတယ် ။ ရိုဟင်ဂျာပြသာနာနဲ့ ပတ်သက်တာကိုရောပေါ့ ။ တချို့တွေ သိချင်ကြတာက......... ဒေါ်စုအနေနဲ့ အရင်က ဒီကိစ္စကို ပြောတိုင်း ဒါဟာ နိုင်ငံသားပြသာနာ ပါ ၊ ဒါကြောင့် citizenship law ကို စဉ်းစားဖို့ လိုတယ်လို့ ပြောခဲ့တယ် ။ အဲဒါ ဘာကိုဆိုလိုတာပါလဲ ။ ပြီးတော့ ရေရှည်မှာ ဒီကိစ္စကို ရှင်းဖို့ ဘယ်နည်းဟာ အကောင်းဆုံးဖြစ်မလဲ ။

Wednesday, September 19, 2012

လက်ခုတ်တီးပြီး ကြိုဆိုရအောင်


ဖြူစင်ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့ အရိုးသားဆုံး ဆု တွေယူနေပြီ...
အမေရိကန်တွေလေးစားလောက်တဲ့ အတွေးအခေါ် မိန့် ခွန်းသစ်တွေ မြင်နေရပြီ ...

သင်ဗမာမှန်ရင် လက်မောင်းကိုပင့် အားမာန်ဝင့် အမေ "စု" ကို ကြိုရန် အသင့်ပြင်ထားပေးပါ။

အဖြူရောင် အသဲနှလုံးပိုင်ရှင် ဟာ
သင့်ရဲ့ ရှေ့ တည့်တည့်မှာ ပြည့်ပြည့်၀၀နှလုံးသားလှတဲ့
အမေ့ မျက်နှာကလည်း ငွေလမင်းကြီးပမာ ပါလား ...။

အမေ့စေတနာတွေ သင်လည်း ခံစားရရှိပါစေ...။..သောင်းထိုက်ကကြားစေသား။

မြန်မာနိုင်ငံသူ နိုင်ငံသားများ မှဝမ်းမြောက်မိပါကြောင်း..။
အားလုံးကိုယ်စား
ကိုထွန်းဝေ
19.9.2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် အမေစု တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် အမေစု တွေ့ဆုံ...
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ နဲ့ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၈ က အမေရိကန် ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန် ဒီစီက

ဒုက္ခ



လူသားတွေဟာ များသောအားဖြင့် စိတ်ညစ်နေတဲ့အချိန်တွေ၊ တစုံတရာကို လွမ်းဆွတ်သတိရနေချိန်တွေ၊ ဝမ်းနည်းပူဆွေးနေချိန်တွေမှာ အဝေးကို လှမ်းမျှော်တတ်ကြည့်တတ်ကြတယ်။ မျှော်ကြည့်လိုက်တဲ့ ရှု့ခင်းတွေဟာ တောင်စဉ်တောင်တန်းတွေလည်း ဖြစ်နိုင်သလို၊ အပြောကျယ်လှတဲ့ လှိုင်းတန်ပိုးတွေထနေတဲ့ ပင်လယ်ပြင်ကြီးလည်းဖြစ်နိုင်သလို၊ တိမ်တောင်တိမ်လိပ်တွေ ပြည့်နှက်နေတဲ့ မိုးသားကောင်းကင်ကြီးလည်းဖြစ်နိုင်တာပဲ။



မညီညာခြင်းအလှ
အဲသည်လို ခံစားချက်ပေါင်းစုံနဲ့ လှမ်းမျှော်ကြည့်ရင်းက အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ဖြစ်လာကြရတယ်။ အကယ်၍များ တောင်စဉ်တောင်တန်းတွေသာ အနိမ့်အမြင့် မညီမညာမရှိဘဲ တောင်တန်းကြီးတခုလုံး ညီညာနေမယ်ဆိုရင် အုတ်တံတိုင်းကြီး တချပ်ကိုကြည့်နေရသလိုမျိုးဖြစ်နေမှာပဲ။ အဲသည်လိုသာဆိုရင်လည်း ကမ္ဘာမြေမှာ တောင်တန်းအလှဆိုတာ မရှိတော့သလို မြေတံတိုင်းတခုကိုကြည့်ရာမှ ထွက်လာတဲ့ အနုပညာမျိုးစုံဟာလည်း အခုလောက်တော့ လှနိုင်မယ်မထင်တော့ပါဘူး။

ဒီအတိုင်းပါပဲ  မိုးကောင်းကင်မှာရှိတဲ့ တိမ်တောင်တိမ်လိပ်တွေသာ အနားကွပ်အနားတွန့်လေးတွေမရှိဘဲ ညီညီညာညာနဲ့ တိတိကျကျကြီး ဖြစ်နေမယ်ဆိုရင် မျက်နှာကျက်ဖြူဖြူအောက်မှာနေရတာနဲ့ ဘာထူးတော့မှာလဲ။ လူသားတို့အတွက် ကဗျာများစွာ၊ စာများစွာ၊ ဂီတအနုသုခုမများစွာ၊ အတွေးပေါင်းများစွာ ပေးစွမ်းနိုင်တဲ့ ပင်လယ်ကြီးဟာလည်း အနိမ့်အမြင့် အကြီးအသေး မတူတဲ့ မညီညာတဲ့ လှိုင်းလုံးတွေ၊ အထုအထစ်တွေနဲ့ ထုဆစ်ထားတဲ့ ကျောက်ဆောင်တွေကြောင့်သာ လှပတင့်တယ်နေရတာပါ။ 

 အဖုအထစ်လေးများ၊ ကြမ်းတမ်းမှုများရဲ့ အသုံးဝင်မှု
သဘာဝတရားများ သာမကဘဲ လူသားတို့ လက်တွေ့ လှုပ်ရှားသွားလာနေကြတဲ့ ပတ်ဝန်းကျင်မှာလည်း ကြမ်းတမ်းမှုတခုက အရေးပါတဲ့ နေရာကို အပြည့်အဝ ယူထားတာကို တွေ့ရတယ်။ ကျွန်ုပ်တို့တတွေ အမြဲလိုလို ထိတွေ့အသုံးပြုနေရတဲ့ ယာဉ်အမျိုးမျိုးတို့ရဲ့ တာယာဘီးတွေမှာသာ အဖုအထစ်တွေမရှိရင်၊ ကြမ်းတမ်းမှုတွေမရှိရင်၊ လမ်းမကြီးတွေသာ သတ်မှတ်ထားတဲ့ ကြမ်းတမ်းမှု(ပွတ်မှုအား) (Friction)မရှိခဲ့ဘဲ ဘိုးလိမ်းပြေးလမ်းလို ချောမွတ်နေခဲ့မယ်ဆိုရင် မတွေးဝံ့စရာပဲ။

ရွှံ့တွေကြောင့် ချောနေတဲ့ လမ်းတွေကို အထုအထစ်တွေနဲ့ မညီညာခြင်းဖြစ်အောင် ခဲလုံး၊ အုတ်ကျိုးစတာတွေ ခင်းပေးရတယ်။ ရေညှိတွေနဲ့ ချောနေတဲ့ လမ်းတွေကိုလည်း ထုံးဖြူးပေးရတယ်။ နှင်းတွေသိပ်သည်းလွန်းလို့ ရေခဲပြင်လို ဖြစ်နေတဲ့ လမ်းတွေကို ဆားဖြူးပေးရတယ်။ ဒါတွေအကုန်လုံးဟာ လူသားတို့က မညီညာခြင်း၊ အထုအထစ်ဖြစ်ခြင်း၊ကြမ်းတမ်းခြင်းတို့ကို လိုလိုလားလား ဖန်တီးနေကြခြင်းပဲ။
ဒါကြောင့်  မညီညာခြင်း၊ ကြမ်းရှခြင်း၊ အဖုအထစ် တို့သာ မရှိရင် လောကကြီးရဲ့ အလှအပတို့ဟာ ရှိရင်းစွဲအခြေအနေထက် များစွာ အကျည်းတန်သွားနိုင်တယ်လို့ တခါတခါတွေးမိတယ်။ 

ဒုက္ခ
ဒါပေမယ့် လူသားတို့ရဲ့ ဘဝမှာ မညီညာခြင်း၊ ဖုခြင်းထစ်ခြင်း၊ကြမ်းတမ်းခြင်းတွေကို စုပေါင်းထားတဲ့ "ဒုက္ခ" ဆိုတာကြီးကိုတော့ ဘယ်သူမှ အလိုမရှိကြဘူး။ "ဒုက္ခ"ကို လူတိုင်းကြောက်ကြတယ်။ "ဒုက္ခ"နဲ့ လူတိုင်းဝေးချင်တယ်။ ဒါပေမယ့် "ဒုက္ခ"ကလည်း လူတိုင်းနဲ့ ပါတ်သက်ချင်ပုံပဲ။ တခါတခါလာရင် တခုတည်းတောင် မဟုတ်ဘူး၊ အပေါင်းအဖေါ်လေးနဲ့တောင် လာတတ်သေးတယ်။

"ဒုက္ခ"လာရင် တချို့က ငိုကြွေးတယ်။ တချို့က ထွက်ပြေးတယ်။ တချို့က အရှုံးပေးလိုက်တယ်။ တချို့က ရင်ဆိုင်တိုက်တယ်။ တချို့ကသွေးဆူတယ်။ တချို့က ညည်းညူတယ်။ ဘယ်လိုပဲကြည့်ကြည့် နှစ်မြို့စရာမရှိတဲ့ "ဒုက္ခ"ကို လက်ခံတတ်ပြီး "ဒုက္ခ"နဲ့ နည်းမှန်လမ်းမှန် ဆက်ဆံတတ်သူကတော့ ဘဝမှာ အရည်အသွေးပြည့်ဝတဲ့ အောင်မြင်သူတွေ ဖြစ်လာကြရတယ်။ "ဒုက္ခ"တွေ့တိုင်း အရှုံးပေးထွက်ပြေးသူတွေကတော့ "ဒုက္ခ"ရဲ့ နှိပ်စက်မှုအောက်မှာ နလံမထူနိုင်ဘဲ သူတပါးလက်အောက်မှာ နိမ့်ပါးစွာရှိနေတတ်ကြတယ်။

"ဒုက္ခ"ဆိုတဲ့ အရာထဲမှာ မအောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ကြံစည်တိုင်းမဖြစ်ခြင်း၊ ပျက်စီးဆုံးရှုံးခြင်းတွေ ပါနေတယ်။ "ငါတော့ ဒုက္ခရောက်ပါပြီ" လို့တွေးမိလိုက်ချိန်မှာ ကိုယ့်ကိုကိုယ် သတိထားလိုက်ပါ။ "ဒုက္ခ"ဆိုတဲ့ စကားလုံးကြီးနဲ့ ကိုယ့်ကိုကိုယ် အရင်ဆုံးမခြိမ်းခြောက်၊ မနှိပ်စက်လိုက်ပါနဲ့။ ငါရောက်နေပါပြီဆိုတဲ့ "ဒုက္ခ"က ဘာလဲ။

-တကိုယ်တည်း ကြိုးစားရင်း မအောင်မြင်တာလား၊ ပြိုင်ဘက်ကို ရှုံးနိမ့်တာလား၊ 
 -အကြံအစည်တွေ အထမမြောက်တော့တာလား၊ 
-ချစ်ခင်နှစ်သက်မြတ်နိုးအားကိုးသူ (သို့) ကိုယ်တန်ဖိုးထားရသော ပစ္စည်းဥစ္စာများ ဆုံးရှူံးတာလား  စသဖြင့် ကိုယ့်"ဒုက္ခ" ကို ပထမဦးဆုံး အမျိုးအစားခွဲကြည့်လိုက်ပါ။


မအောင်မြင်ခြင်း၊ ပြိုင်ဘက်ကို ရှုံးနိမ့်ခြင်း  “ဒုက္ခ”
သင့် "ဒုက္ခ"က တကိုယ်တည်း ကြိုးစားရင်း မအောင်မြင်ခြင်း၊ ပြိုင်ဘက်ကို ရှုံးနိမ့်ခြင်း ဆိုပါတော့။ လောကမှာ တကြိမ်တည်း ကြိုးစားရုံနဲ့သာ အောင်မြင်ကြစတမ်းဆို "ဇွဲ" ဆိုတဲ့ ဝေါဟာရတောင် ပေါ်ပေါက်လာနိုင်စရာမရှိဘူး။

မအောင်မြင်ဘူးဆိုရင်လည်း မအောင်မြင်ခြင်းကြီးကို ရင်မှာပိုက်ထွေးပြီး ပူဆွေးမနေပါနဲ့တော့။ " ငါကြိုးစားတာပဲ မဖြစ်လာတာတော့ ကံပဲ "ဆိုပြီး ဘာမှ မမြင်ရ၊ ဘာမှလည်း ပြန်မပြောနိုင်တဲ့ ကံဆိုတာကြီးကိုလည်း လွှဲချမနေပါနဲ့။ ပြိုင်ဘက်ကို ရှူံးနိမ့်ခဲ့ရင်လည်း "တကယ်ဆို ငါနိုင်ရမှာ၊ ဒိုင်လူကြီးက မျက်နှာလိုက်လို့၊ အားပေးတဲ့သူမရှိလို့၊ နေမကောင်းဖြစ်သွားလို့...စသဖြင့် မြောက်များလှစွာသော ဆင်ခြေတွေနဲ့ ကိုယ့်ကိုကိုယ် မကာကွယ်ပါနဲ့။

ကိုယ့်လုပ်ရပ်ထဲက မအောင်မြင်ရတဲ့ အားနည်းချက်ကို ရှာပါ။ ပြိုင်ဘက်ကို ကျရှူံးရင်လည်း ကျရှူံးရတဲ့ အားနည်းချက်ကို ရှာပါ။ ကိုယ့်ကိုကိုယ် မညှာဘဲ သူတပါးကို ဝေဖန်သလိုမျိုး ကိုယ့်အားနည်းချက်ကို ပိုက်စိပ်တိုက်ရှာပါ။ ကိုယ့်အားနည်းချက်ကို ရဲရဲ ရင်ဆိုင်ရဲတဲ့ သတ္တိကိုမွေးပါ။ လူအတော်များများဟာ ကိုယ့်အားနည်းချက်ကိုယ် ရဲရဲ ရင်ဆိုင်ရဲတဲ့၊ လူရှေ့မှာ ချပြောပြရဲတဲ့ သတ္တိမရှိဘူး။ အဲဒီလို သတ္တိမရှိတဲ့သူထဲမှာ သင်မပါဘူးဆိုရင် သင်ဟာ ကျရှူံးခဲ့ဖူးရင်တောင် အောင်မြင်ခြင်းနဲ့တော့ မဝေးတော့ဘူးလို့ ကျွန်ုပ်ရဲရဲကြီး အာမခံရဲပါတယ်။ 

တချို့သော လူကြီးမိဘများကဆို "တကယ်ဆို ကျမကလေးက တဖက်လူရဲ့ကလေးနဲ့ အရည်အချင်းခြင်းက အတူတူပါပဲ၊ လက်ရေးလေး နည်းနည်းမလှတာလေး တခုတည်းကို အပြစ်ရှာပြီး ဟိုဘက်က ဆရာမကို လာဘ်ထိုးထားလို့နေမှာပေါ့။ ကျမကလေးက အခု အဆင့်(၂)ပဲရတာလေ" ဆိုတာမျိုးကို ကာယကံရှင် ကလေးရှေ့မှာပါ ပြောတတ်ကြတယ်။
အဲလို ပြောလိုက်ခြင်းအားဖြင့် ကလေးစိတ်ထဲမှာ

Tuesday, September 18, 2012

တလုံးမကျန် ကွက်တိမှန်လွန်းလှပါတယ် ဘဘကြီးရယ်။

အားနည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံ
အခြေခံဥပဒေကို မပြင်နိုင်ဘူး။ စစ်အစိုးရတစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီး
ပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကိုခံနေရပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။
NLD ရွေးကောက်ပွဲနိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန်
ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ်ဆိုတာလည်း ဘယ်သူမှ
မပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်းကလည်း
မဲအပြတ်အသတ်နဲ့ နိုင်တာဘဲ။ အာဏာလွှဲပြောင်းတာတွေဘာတွေ မရှိဘူး။

ဗမာပြည်မှာ စစ်တပ်ကလည်း ရှိနေသေးတယ်။ လွှတ်တော်မှာလည်း
စစ်တပ်ကနေ ထွက်လာတဲ့လူတွေချည်းဘဲ လုပ်နေကြတာ။
အစိုးရဆိုတာကလည်း ဦးတပ်တပ် ဗိုလ်တပ်တပ် ဒီလူတွေဘဲ။
ပြောချင်တာက တိုင်းပြည်မှာ စစ်ဗိုလ်တွေအုပ်ချုပ်နေတုန်းဘဲ။ သူတို့ ကို တရားဝင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်း
အာဏာအချိန်မရွေး သိမ်းလို့ ရတယ်။ ကာ/လုံ ကောင်စီကလည်း စစ်ဗိုလ် ၆ ဦး
ပါတယ်။ စစ်ဝတ်စစ်စား ၀တ်ထားတဲ့စစ်ဗိုလ်။ အဲဒီအဖွဲ့ က တိုင်းပြည်မှာ
အရေးပေါ်အခြေအနေရှိရင် ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးပေါ့။ သူတို့ လုပ်ချင်ရင်
တိုင်းပြည်အာဏာကို လွှဲပြောင်းယူလို့ ရတယ်။ အားနည်းချက်အနေနဲ့ ပြောရရင်
NLD ရဲ့ အားနည်းတာ အဲ့ဒါဘဲ။ တိုင်းပြည်ပြုပြင်ပြောင်းလဲအောင် ဘာမှ
မလုပ်နိုင်ဘူး။ လွှတ်တော်ထဲကို အခြေခံဥပဒေကို ပြင်ဖို့ သွားတယ်။
ပြင်ဖို့ လမ်းစ မရှိသေးဘူး။ ပြင်လို့ လည်း မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းအထက်မှ
ဆိုတော့၊ စစ်တပ်က ၂၅ ရာခိုင်နှုန်းရှိနေသေးတော့ ဘယ်လိုလုပ်ပြီးတော့
ကြံ့ဖွံ့ တွေကြားထဲမှာ ဘယ်လိုမှမရနိုင်ဘူး။

ဒီအတိုင်းဘဲ ကျွန်တော်တို့ ဂူထဲမှာဘဲရှိနေသေးတယ်။ အစိုးရကိုရော ဘာတွေ
လုပ်နိုင်သလဲလို့ သွားမေးကြည့်။ သူတို့ ဟာနဲ့ သူတို့ တောင် တိုက်ကြခိုက်ကြ
ပြောတုန်းဆိုတုန်း ရှိသေးတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆိုတာ
ဘယ်လိုဖြစ်နေလဲ။ လယ်သမားကိစ္စတွေကြည့်၊ ရေကြီးတာတွေကြည့်၊
တချို့ အာဏာပိုင်တွေက ဒါ ရေကြီးတာမဟုတ်ဘူးငြင်းလို့ မီဒီယာတွေက
ဓာတ်ပုံရိုက်ပြမှ လက်ခံသွားကြတယ်။ လူတွေဘယ်လောက်ဆင်းရဲဒုက္ခ
ရောက်နေလဲ။ အလုပ်သမားတွေ ဘယ်လောက်ဆင်းရဲနေသလဲ။
ကြေးနိတောင်တို့ ဘာတို့  ခင်ဗျားလည်း ကြားမှာပေါ့။ လယ်သမားတွေ
လက်လုပ်လက်စားတွေ ဘာဖြစ်လဲ။ ဘာမှ မဖြစ်သေးဘူး။ ကျွန်တော်တို့ က
အဲဒီတော့ ဂူထဲမှာရှိနေသေးတယ်လို့  ပြောရမှာဘဲ။

လူထုအား အမေရိက လေဆိပ်၌ နှုတ်ဆက်နေစဉ်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ (၁၇) ရက်နေ့၊ အမေရိကန်စံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်(မြန်မာစံတော်ချိန်ည ၉နာရီအချိန်ခန့်) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ခရီးစဉ်ချောမွေ့စွာရောက်ရှိခဲ့ပြီဖြစ်သည်။

ဓါတ်ပုံ Albert Kyaw

ကမ္ဘာအနှံ့ကသတင်းတွေ....