Thursday, September 20, 2012

မြန်မာနိုင်ငံအပေါ် sanctionများ ဆက်လက်ဖြေလျှော့ပေး ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

(BBC Newsမှ 18Sept 2012ရက်စွဲပါ “Suu Kyi calls for further easing od Burma sanctions” သတင်းကို ဘာသာပြန်ဆိုသည်။)

အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှောမည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း။တပ်မတော်ကို အားပြုထားရသောအစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကိုမိတ်ဆက်ပေးခဲ့ခြင်းမရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာရှိကြောင်းဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားပါတယ်..
မြန်မာအစိုးရအပေါ်ချမှတ်ထားသောsanctionများ နောက်ထပ် ဖြေလျှော့ပေးခြင်းကိုသူမအနေဖြင့် ထောက်ခံကြောင်းအမေရိကန် ပြည်ထောင်စုသို့အလည်အပတ် ရောက်ရှိနေသည့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် တွေ့ဆုံပြီးနောက် သူမက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

မစ္စစ်ကလင်တန်လာပြီး မြန်မာနိုင်ငံတွင်တပ်မတော်က ကျောထောက် နောက်ခံ ပေးထားသောအစိုးရ၏ နောက်ပြန်လျှောနိုင်မှု (သို့မဟုတ်) အဖျားရှူးနိုင်မှုကို သတိပေး ပြောဆိုခဲ့သည်။

မြန်မာအစိုးရသစ်က နိုင်ငံရေးနှင့် လူမှုစီးပွား ပြုပြင်ပြောင်းလဲမှု များကို တစ်သီတစ်တန်း စတင်ပြုလုပ်ခဲ့ ပြီးနောက်တွင်စတင်ပြုလုပ်ခဲ့ပြီး နောက်တွင်အနောက်အုပ်စုကယခင်ချမှတ်ထားခဲ့သောsanctionများသိသိသာသာ ဖြေလျှော့သွားခဲ့ပြီ ဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည်လည်း တရုတ်နိုင်ငံ ခရီးစဉ်အပြီး လာမည့်အပတ်တွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာမည်ဟု သိရသည်။ ဝါရှင်တန်မှ US Institute of Peaceတွင်စကားပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည်ပထမဆုံးအတားအဆီးကို ဖြတ်ကျော်ခဲ့ပြီဖြစ် ကြောင်းသို့သော်နောက်ထပ်အတားအဆီးများစွာကျန်နေသေးကြောင်းအမေရိကန် ပြည်ထောင်စုနှင့်ချစ်ကြည်ရင်းနှီးမှုကဏ္ဍအရsanctionများဆက်လက်ဖြေလျှော့ ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ “sanctionတွေ ဖြေလျှော့ပေးတာကို ကျွန်မထောက်ခံပါတယ်။

ဘာ့ကြောင့်လဲဆိုရင်ကျွန်မတို့ ပြည်သူတွေဟာ သူတို့တာဝန်ယူတာကို စတင်လုပ် နိုင်ကြပြီလို့ ကျွန်မယူဆလို့ပါပဲ။ ဒီမိုကရေစီ အရွေ့ရဲ့ အရှိန်ကို ဆက်ထိန်းထားဖို့ အမေရိကန် sanctionတစ်မျိုးတည်းကိုပဲ မှီခိုနေရမယ်လို့ ကျွန်မမထင်ပါဘူး။ ဒီပန်းတိုင်ကို ရောက်အောင် ကျွန်မတို့ အလုပ်လုပ်ကြရမှာပါ”ဟုဒေါ်အောင်ဆန်းစုကြည်က sanctionများသည် မြန်မာနိုင်ငံကို စီးပွားရေး အရ ထိခိုက်စေသည်ဟူသော အထောက်အထား မရှိကြောင်း၊ သို့သော် ကြီးကျယ်သော နိုင်ငံရေး အကျိုးသက်ရောက်မှုကို ပေးခဲ့ကြောင်း ဆက်လက် ပြော ကြားသည်။

မစ္စစ်ကလင်တန်ကလည်း တပ်မတော်ကို အားပြုထားရသော အစိုးရအနေဖြင့် နောက်ထပ်အပြောင်းအလဲများကို မိတ်ဆက်ပေးခဲ့ခြင်း မရှိပါက နောက်ကြောင်းပြန် လျှောကျနိုင်သည့် အလားအလာရှိကြောင်းသတိပေး ပြောကြားသည်။

မစ္စစ်ကလင်တန်က ဆက်လက်၍ “မြန်မာနိုင်ငံသည် ကျန်ရှိနေ သေးသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မြောက်ကိုးရီးယားနှင့် စစ်ဖက် အဆက်အသွယ် ဖြတ်ခြင်း၊အပါအဝင် လုပ်ဆောင်စရာ များစွာကျန်နေသေးကြောင်း၊ တိုင်းပြည်ကိုစည်းလုံးညီညွတ်စေရန်နှင့် အနာဟောင်းများကျတ်ကာ အပြောင်းအလဲများ ရှေ့ခရီးဆက်နိုင်ရန်အတွက် အစိုးရနှင့်အတိုက်အခံတို့ အတူတကွ ဆက်လက်လုပ် ဆောင်သွားကြဖို့ လိုကြောင်း”ပြောကြားသည်။

ထို့ပြင်အခွင့်အရေးရပါက တိုင်းပြည်ကို လမ်းမှားပေါ်သို့ ပို့ရန်စောင့်နေကြသည့် အုပ်စုများ ရှိနေသောကြောင့် နောက်ပြန်လျှောမည့် အန္တရာယ်ကို သတိထား ကာကွယ်သွားရန် အရေးကြီးကြောင်း ဟီလာရီ ကလင်တန်က ထောက်ပြပြောကြားသွားသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....