ကိုဇာဂနာကို မလွှတ်သေးကြောင်း မိသားစုဝင်များ ပြောဆို
ကိုဇာဂနာ လေယာဉ်ပေါ်ပါလာပြီဆိုသော သတင်းများ ထွက်ပေါ်နေသောကြောင့်
မြစ်မခသတင်းထောက် ၂ဦးရန်ကုန်လေဆိပ်မှာသွားစောင့်ကြည့်ကြပါတယ်။
မြစ်ကြီးနားမှ ထွက်လာတဲ့ လေယာဉ် ဆိုက်ရောက်ခဲ့ပါပြီ၊
ကိုဇာဂနာကို ပါမလာခဲ့ပါဘူးလို့ စိတ်မကောင်းစွာ သိရပါတယ်။
ကိုဇာဂန၏ မိသားစုဝင်များကလည်း မလွတ်သေးကြောင်း အတိပြုပြောဆိုပါတယ်။
ကိုဇာဂနာ သတင်းနှင့်အတူ အကျဉ်းသားများ သတင်းကို ဆက်လျက်စုံစမ်းနေဆဲဖြစ်ပါတယ်။
Friday, September 30, 2011
ဂျပန်အမျိုးသမီးကို သတ်သည်ဟုစွပ်စွဲခံရသူအား ရုံးတင်စစ်ဆေးတော့မည်
ဧရာဝတီ Friday, 30 September 2011 11:52
ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံ - ညောင်ဦး ဒေသသို့ လာရောက် လာပတ်ရင်း
ဗုဒ္ဓဟူးနေ့က ကျောက်ပန်းတောင်းမြို့တွင် အသတ်ခံခဲ့ရသော ဂျပန်နိုင်ငံမှ
Ms.Shiramatsu Chiharu ၏ အမှုအခင်းတွင် တရားခံဟု ယူဆရသူ ကျောက်ပန်းတောင်း
နယ်သား ကိုမင်းသိုက်အား မုဒိမ်းမှု၊ လူသတ်မှုများဖြင့် လာမည့်
အောက်တိုဘာလဆန်းတွင် တရားရုံးတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“အလောင်းကို စက်တင်ဘာ ၂၉ ရက်နေ့မှာ ရင်ခွဲစစ်ဆေးတယ်။ အသေးစိတ်အချက်အလက်
တွေကို ပြောလို့မရပါဘူး။ တရားရုံးမှာ တင်ပြမယ်။ ဒီလူသတ်မှုကို အထက်က
လူကြီးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် ညွှန်ကြားပါတယ်။ လူသတ်မှုနဲ့
အမှုဖွင့်ထားပေမယ့် မုဒိမ်းမှုမြောက်၊ မမြောက် ဆက်ပြီးစစ်နေပါတယ်။
စစ်ဆေးချက်အရ မုဒိမ်းမှု ပါနိုင်ပါတယ်။ ရက်ပိုင်းအတွင်း
တရားရုံးတင်နိုင်မယ်” ဟု မန္တလေးတိုင်း မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲအရာရှိကြီးတဦးက ပြောသည်။
ဂျပန်နိုင်ငံသူ အသတ်ခံရမှုအတွက်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့
စေလွှတ်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာနကလည်း မှုခင်းဖော်ထုတ်ရေး အဖွဲ့များ
အားဖြည့်ကာ စုံစမ်းစစ်ဆေးမှုများ တပြိုင်နက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အသတ်ခံရသူ Ms.Shiramatsu သည် စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မှ ညောင်ဦးသို့
အဲပုဂံလေကြောင်းလိုင်းနှင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့နယ်
ရွှေအိုးကြီးဟိုတယ်တွင် တည်းခိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်
ညောင်ဦးမှ ကျောက်ပန်းတောင်းသို့ ခရီးသည်တင်ကားဖြင့် သွားရောက်ခဲ့သည်။
၎င်းသည် နေ့လယ် ၁ နာရီကျော်ခန့်တွင် ကိုမင်းသိုက်၏ ဆိုင်ကယ်ကို ငှားရမ်း၍
ညောင်ဦးသို့ ပြန်လာခဲ့ကြောင်း၊ ကားလမ်း ဘေးရှိ ရှုခင်းများကို ခရီးသည်
အမျိုးသမီးက ဓာတ်ပုံ ဆင်းရိုက်ခဲ့ပြီး ညနေ ၆ နာရီတွင် ဆိုင်ကယ်ကယ်ရီ
မောင်းသူ ကိုမင်းသိုက်က ခရီးသည်အမျိုးသမီးကို ကျောက်ပန်းတောင်း -
ညောင်ဦးလမ်း တနေရာတွင် အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် လည်ပင်းညှစ်ခံရပြီး
သတိလစ် မေ့မြောသွားခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာဒေသခံအချို့က မသင်္ကာ၍
သက်ဆိုင်ရာသို့ တိုင်ကြားပြီး ကိုမင်းသိုက်ကို ဖမ်းဆီးကာ သတိလစ်နေသော
ခရီးသည်အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း
လမ်းခုလတ်တွင်ပင် သေဆုံးခဲ့ကြောင်း ကျောက်ပန်းတောင်း ရဲစခန်းက
အမှုဖြစ်စဉ်တချို့ကို ရှင်းပြသည်။
ပုဂံ-ညောင်ဦး-
ကျောက်ပန်းတောင်းမြို့များတွင် ဂျပန်နိုင်ငံသူ အသတ်ခံရမှုသတင်းက
ပျံ့နှံ့နေပြီး ဒေသခံများက သေဆုံးသွားသော ဂျပန်အမျိုးသမီးအတွက် ၀မ်းနည်း
စိတ်မကောင်းဖြစ်နေကြသည်ဟု သိရသည်။
“ဒီဖြစ်ရပ်က
ယဉ်ကျေးသိမ်မွေ့ပါတယ် ဆိုတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့
ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ တယောက်တည်း လာလည်တဲ့ အမျိုးသမီး အသတ်ခံရလို့
နောက်ခရီးသည်တွေ လာရဲပါတော့မလားလို့ စိုးရိမ်မိတယ်။ ကိုယ့်နိုင်ငံ
လာလည်တဲ့ဧည့်သည်ကို အိမ်ရှင်တွေက စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။
ဘယ်လိုကြောင့်ပဲ သေသေ၊
ကိုယ့်ပိုင်နက်ထဲမှာ သေတာ ကိုယ့်မှာ လုံးဝ တာဝန်
မကင်းဘူး။ အပြစ်ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အပြစ်ပေးရမယ်” ဟု ပုဂံ
ဟိုတယ်တခုမှ အမည်မဖော်လိုသော မန်နေဂျာတဦးက သုံးသပ်သည်။
Ms.Shiramatsu Chiharu သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ သုံးလဗီဇာဖြင့် လာရောက်လည်ပတ်သူ ဖြစ်သည်။
Tuesday, September 27, 2011
၎-ကြိမ်မြောက်ရွှေဝါရောင်တော်လှန်ရေးနေ့ ဂျပန်နိုင်ငံရှိမြန်မာအခွန်ရုံးရှေ့တွင်ကျင်းပပြုလုပ်သော အခမ်းအနားဓါတ်ပုံမှတ်တမ်း။
PHOTO...AUNG HTOO THEIN(JAPAN)
Monday, September 26, 2011
တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်။
ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ မရှိသေးသည့်အပေါ် ဂျပန်အစိုးရအနေဖြစ် သတိပြုမိဖို့၊ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံနေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် လက်ရှိ မြန်မာအစိုးရသစ်အား ODA နှင့်ပါတ်သည့် အကူအညီ ပေးအပ်မှုအပေါ် ပြန်လည် သုံးသပ်ပေးရန် နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းစစ် ရပ်ဆဲပြီး အားလုံးပါဝင်နိုင်သည့် တွေဆုံဆွေးရေး ဖြစ်ပေါ်လာဖို့အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစား နားထောင်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
ဓါတ်ပုံ၊ဗီဒီယို ။ Aung Htoo Thein (Japan)
အဝါရောင် တီရှပ်ဝတ် ၂၀၀ ခန့်လမ်းလျှောက် ဆန္ဒထုတ်ဖော်
ရန်ပိုင် Monday, 26 September 2011 16:31 (ဧရာဝတီ သတင်း)
ရွှေဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် အ၀ါရောင်တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၂၀၀ ခန့်တို့သည် ယနေ့မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေဘုရားမှ စတင် ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

ဆူးလေဘုရားမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်ရာတွင် အင်္ဂါ ၀တ်ပြု ဆုတောင်းအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဧရာဝတီနှင့် မြစ်ဆုံလှုပ်ရှားမှု အဖွဲ့၊ ရန်ကုန်အနီးတ၀ိုက်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ဒလမြို့နယ်များ စသည့် အဖွဲ့အသီးသီးတို့ပါဝင်ကြောင်း ချီတက်လမ်းလျှောက်ခဲ့သူ
ရွှေဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် အ၀ါရောင်တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၂၀၀ ခန့်တို့သည် ယနေ့မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေဘုရားမှ စတင် ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

ဆူးလေဘုရားတွင် ချန်ရစ်ခဲ့သောလူစု ဘုရားဝတ်ပြုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဆူးလေဘုရားမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်ရာတွင် အင်္ဂါ ၀တ်ပြု ဆုတောင်းအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဧရာဝတီနှင့် မြစ်ဆုံလှုပ်ရှားမှု အဖွဲ့၊ ရန်ကုန်အနီးတ၀ိုက်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ဒလမြို့နယ်များ စသည့် အဖွဲ့အသီးသီးတို့ပါဝင်ကြောင်း ချီတက်လမ်းလျှောက်ခဲ့သူ
Labels:
သတင်း
Posted by
YE MIN TUN
၂၀၀၇ စက်တင်ဘာ တိုက်ပွဲအား ဂုဏ်ပြုခြင်း
ပြည်သူလူထု တရပ်လုံး စားဝတ်နေရေး ကျပ်တည်းမှုအတွက် အားလုံးကိုယ်စား အနစ်နာခံ၍ ကုန်ဈေးနှုန်းကျ ဆင်းရေးအတွက်တော င်းဆိုပေးခြင်း၊ မေတ္တာပို့သပေးခြ င်းများပြုလုပ်ခဲ့သော
ကြောင့် အသက်ဆုံးရှုံးခဲ့ ကြရသော ထောင်သွင်းအကျဉ်းချခံခဲ့ကြရသော ရဟန်းသံဃာတော်များ၊မျိုးချစ်ပြည်သူများနှင့် ကျောင်းသားခေါင်း ဆောင်များအား လေးစားစွာ ဦးညွတ်ဂါရဝပြုပါ၏။
ကြောင့် အသက်ဆုံးရှုံးခဲ
Labels:
ဓါတ်ပုံ ဗီဒီယို
Posted by
YE MIN TUN
Saturday, September 24, 2011
Friday, September 23, 2011
ဧရာဝတီ ကို ၀ယ်ထားလိုက်မယ်
မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ
ရင်နှစ်သီးခြာ သားသမီး ရတနာတွေ
ကွယ်ပျောက်သွားလိမ့်မယ်။
သင်လာခဲ့ရင် အမိမြေမှာ
ရင်နှစ်သီးခြာ သားသမီး ရတနာတွေ
ကွယ်ပျောက်သွားလိမ့်မယ်။
မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ
တောတောင် ရေ မြေ
ရိုးတံကိုင်းခြောက် ရွက်ပြတ်သစ်တောတွေပြုန်းလို့
စိမ်းစိုမှုလည်း ပျောက်လိမ့်မယ်။
မလာပါနဲ့ …
သင်လာခဲ့ရင် ငါ့ အမိမြေမှ
ကျောက်သံပတ္တမြား စိန်ရွှေရတနာများ
ဇယ်တောက်ကစားဖို့ ကွယ်ပျောက်မယ်လေ။
အယုတ်အလတ် အမြတ်မရွေး
လုပ်ကျွေးပြုသော တိုင်းချစ်ပြည်ချစ်
မြစ် မဟာ ဧရာ။
သမီးပျိုလေး … မိဧရာ …
မိဧရာ ရဲ့လှပလွန်တဲ့
သူ၏ ပုံသဏ္ဍန် သူ့ ဟန်ပန်တွေအတွက်
ပြည်သူအများ ရတက်ပွားနေရပြန်ပေါ့။
သတင်းကြီးသော ရွှေမင်းသမီးလို
၇ ပိုင်း ပိုင်းပြီး ၇ ပြည်ထောင်မှ
မင်းညီ မင်းသား စစ်ခင်းပြိုင်သလို
တိုင်းပြည်အနှံ့ ကြေငြာမောင်းခတ်လိုက်ချင်ရဲ့ …။
မိဧရာ ခေါ် ဧရာဝတီကို
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။
မိဧရာ ခေါ် ဧရာဝတီကို
သူ့စရိုက် သူ့ဟန် သင်လာခဲ့ရင် ပျောက်ပျက်မှာဆိုး … …၊
ကြည့်လိုက်စမ်းပါ … …
ချောင်းကောတိမ်ပျောက်
သိပ္ပံ ထွန်းကား လူတို့ရွာမယ်
သဘာဝ ပျောက် ဒုက္ခရောက်၍
လူသားသတ္တ၀ါ သေကြပျက်စီး
မြည်ဟည်း ပင်လယ်
သဘာဝ ဘေး ကြုံနေတယ်။
ကြည့်လိုက်စမ်းပါ … …
မြစ်ဧရာ ဟာ လျှို့ဝှက်သဏ္ဍန်
အမျိုးမျိုး ပုံဆောင်လို့
သင်လာခဲ့ရင် ပျက်စီးပျောက်ကွယ် သွားတတ်တယ်။
မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှ
မြေဆီလည်းပျောက် ရေလည်းနောက်
ရိုးတံကိုင်းခြောက် ရွက်ပြတ်တောမှာ
သူ၏ အဖော် သယံဇာတ
ရေ မြေ တော တောင်
မြေပေါ်မြေအောက်
ရေပေါ် ရေအောက်
ဧရာဝတီ အပါ
သင့်ကြောင့် ပျောက်မှာ စိုမိတယ်။

ပျောက်မှာ စိုးမိတယ်။
ဒါကြောင့် သင်မလာပါနဲ့ …
မိဧရာ ခေါ် ဧရာဝတီကို
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။
ဒို့ ဘိုးဘွားမြေ
ရိုးရာမပျက် ဓလေ့မပျောက်
ထိန်းသိမ်း ကာကွယ်ထား သင့်တယ်။
ဒို့ ဘိုး ဒို့ ဘွား
ရေမြေ တောတောင် သယံဇာတ
တစ်ယောက် တစ်ခြမ်း ပိုင်ဆိုင်ခြင်းစပ်
ကပြားလေးတွေ ဖြစ်နေတယ်။
ဒို့ ဘိုးဘွား အမွေအနှစ်ကို ချစ်မြတ်နိုးလို့

မိဧရာကို ၀ယ်ထားမယ်။
တရုတ်ကိုလိုနီဖြစ်တော့မယ့် လက္ခဏာအစလား
ရန်ကုန်မြို့၊ မင်္ဂလာဈေးရှေ့၊ ကြက်လျှာစွန်းမီးပွိုင့်ထောင့်မှ
အဖြစ်အပျက်တစ်ခုကို ကျွန်တော်တင်ပြပါမယ်။ တရုတ်ပြည်မှ
ဘယ်ပုံဘယ်နည်းဝင်ရောက်လာမှန်းမသိသော တရုတ်အမျိုးသားတစ်ဦးသည်
ပလက်ဖောင်းပေါ်တွင်ဈေးရောင်း နေသည်မှာရက်သတ္တ ၁ ပတ်ခန့်ရှိပြီဖြစ်သည်။
(အောက်တွင်ဓါတ်ပုံနှင့်တကွ ဖော်ပြထားပါသည်)
ထိုသူသည်တရားဝင် ခရီးသွားဗီဇာဖြင့် ၀င်ရောက်လာသည်ဘဲထားဦး၊ နိုင်ငံခြားမှခရီးသွားဗီဇာဖြင့်ဝင်ရောက်လာသော နိုင်ငံခြားသား တစ်ဦးပြည်တွင်းတွင် ဈေးရောင်းချခွင့်မရှိပေ။ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရုံးဟာလည်း အဲဒီမင်္ဂလာမွန်ဈေးအပေါ်ထပ်မှာဘဲရှိပါတယ်။ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကရော အိပ်နေကြသလား။ သူတို့ကဒီကိစ္စကိုတကယ်ဘဲမသိလို့လား၊ မသိကျိုးကျွန်ပြုနေတာလား။
ဒီတရုတ်ဟာမြန်မာပြည်မှတရုတ်မဟုတ်တာတော့သေချာတယ်။ ဘာလို့လဲဆိုတော့ ဗမာစကားတလုံးမှ မပြောတတ်ပါဘူး။ သူ့နားမှာနားကျပ်နဲ့ စပီကာတပ်ပြီးတော့ တရုတ်လိုရောင်းနေတာပါ။ ဓါတ်ပုံမှာ အသေအချာမြင်နိုင်ပါတယ်။
ဒီကိစ္စဟာပေါ့ပေါ့တန်တန်ကိစ္စမဟုတ်ပါ။ ဒီကိစ္စကိုပေါ့ပေါ့တန်တန်သဘောထားရင် တဦးစ၊ နှစ်ဦးစကနေ တဖြည်းဖြည်းဝင်ရောက်လာပါလိမ့်မယ်။ မြန်မာပြည်တရုတ်လက်အောက်ကိုရောက်တော့မယ့် ကနဦးလက္ခဏာဖြစ်လိမ့်မယ်။ ဒါကြောင့်ဒီကိစ္စကိုဘယ်လိုကိုင်တွယ်အရေးယူမလဲဆိုတာကို သက်ဆိုင်ရာမှ သိရှိစေရန်တင်ပြလိုက်ပါတယ်။
(ထပ်ဆင့် Share လုပ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်)

Thursday, September 22, 2011
ဧရာဝတီ မြစ်ဆုံရေကာတာ ဆန့်ကျင်ဆန္ဒပြပွဲ မလေးရှားတွင် ပြုလုပ်
ကချင်သတင်းဌာန on Thursday, September 22, 2011 at 10:24pm
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဧရာဝတီ မြစ်ဆုံရေကာတာ ဆန့်ကျင်ဆန္ဒပြပွဲကို ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့တွင် စက်တင်ဘာ ၂၂၊ ယနေ့ မနက်ပိုင်း မိနစ် (၃၀)ကြာ ပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဇိုမီး အမျိုးသားကွန်ဂရက် (Zomi National Congress) ရခိုင်နှင့် ကချင်အဖွဲ့ (၄) ဖွဲ့မှ လူအင်အား စုစုပေါင်း ၁၀၀ နီးပါး ပါဝင်ခဲ့ကြောင်း ဆန္ဒပြသူများပြောသည်။
ဆန္ဒပြပွဲတွင် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံတွင် ရေကာတာကြီး တည်ဆောက်နေခြင်းအား ရပ်တန့်ပေးရန်အပြင် NLD၊ တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)နှင့် အစိုးရအဖွဲ့သစ်တို့ သုံးပွင့်ဆိုင် နိင်ငံရေးဆွေးနွေးအဖြေရှာရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
ဆန္ဒပြသူများ၏ တောင်းဆိုချက်အား NLD အဖွဲ့ဝင်မှ မြန်မာဘာသာဖြင့် ဖတ်ကြားပြီး အင်္ဂလိပ်ဘာသာဖြင့် ZNC အဖွဲ့ဝင်မှ ဖတ်ခဲ့သည်။
မိုးထဲလေထဲတွင် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို
၂၀၁၁ ခုနှစ် စက်တင်ဘာလ(၂၁)ရက်။
ယနေ့ညနေ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တိုင်ဖွန်း မုန်တိုင်းကျရောက်ပြီး မိုးသည်းထန် ရွာသွန်းသည့်ကြားမှ မတရား ဖမ်းဆီး ခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် တောင်းဆိုသည့်ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့၌ ကျင်းပခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် ဟန်ပြအရပ်သား အစိုးရပြောင်းလဲသွားသော်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေခြင်းသည် မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး ဖြစ်ပါသည်။
နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Mai Kyaw Oo
Tuesday, September 20, 2011
အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ကြည့်ထားပါ (ရုပ်သံ)
သြစတြေးလျနိုင်ငံ တက်စ်မေးနီယား ပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklin) ရေကာတာ ဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့်ကွက် နေတာတောင် အစိုးရက နောက်မဆုတ်ဘူး။ နောက်ဆုံး ရေကာတာ စီမံကိန်း ရပ်တန့်ရေးကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ပြုတ်ကျ သွားခဲ့တယ်။ လူထုတွေက ရေကာတာရှိတဲ့ နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ဆန္ဒ ပြတဲ့ လူတွေကို ရဲက ဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီး ပြတယ်။ နောက်ဆုံးတော့ အစိုးရ တရပ်လုံးပါ ပြုတ်ကျ သွားခဲ့ပါတယ်။ အတိုက်အခံက ရေကာတာ စီမံကိန်းကို နိုင်ငံရေး တိုက်ကွက်အဖြစ် ဖိပြီးသုံးလို့ သူတို့ လုံးဝ အ ပြတ်အသတ် အနိုင်ရခဲ့တာပါ။ (ပြည်တွင်းမှ ရဲဘော်တဦး ပေးပို့သည်)
Copy from - drlunswe.blogspot.com
Labels:
အသိပေးခြင်း
Posted by
Unknown
အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ မွန်မြတ်သော ဒါန
အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။
![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() |
သူငယ်ချင်းများ အားလုံး မင်္ဂလာပါ....
ဒီကနေ့ (19th Sept ) မှာ ကျရောက်တဲ့ အဆိုတော် သံသာဝင်း နဲ့ အနဂ္ဂရဲ့ တူလေး အခရာ တို့ရဲ့ မွေးနေ့မှာ ကုသိုလ် ကောင်းမူ ပြုတဲ့ အနေဖြင့် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) မှ ကလေးငယ်များ အားလုံးကို ဗလာ စာအုပ်နှင့် စာရေး ကရိယာများ၊ အဟာရ မုန့်နှင့် အအေး တို့ကို ကလေး တစ်ဦးချင်းစီအား ကိုယ်တိုင် ကိုယ်ကျ ကြင်နာစွာ လာရောက် ကျွေးမွေး လှူဒါန်း ခဲ့ကြပါတယ်။ အမေ့အိမ် ပညာဒါနကျောင်း ရံပုံငွေ အဖြစ် အလှူငွေကျပ်( ၁၀၀,၀၀၀ ) တစ်သိန်းကိုလည်း ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။
နိုင်ငံကျော် အနုပညာရှင် နှစ်ဦးတို့ရဲ့ ဖြူစင်တဲ့ စေတနာနဲ့ ကျွေးမွေး လှူဒါန်းမှုဟာ ကလေးငယ်များ အတွက် ခန္ဒာကိုယ် အဟာရသာမက စိတ်ဓါတ် အင်အားတွေကိုပါ မြှင့်တင်ပေးရာ ရောက်စေတာမို့ အမေ့အိမ် ပညာရေး ကော်မတီမှ ၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ပါသည်။
ပကာဿန မပါ ဖြူစင် မွန်မြတ်သော ဒါနမို့ အားလုံး သာဓု ခေါ်နိုင်ရန် မျှဝေ လိုက်ပါတယ်။
လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ် ပညာရေး ကော်မတီ

၂၃ နှစ်မြောက် စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနား ( ကိုရီးယား )
flyingpeacockkorea@gmail.comမှပေးပို့ပါသည်။
Posted by
Unknown
Monday, September 19, 2011
Sunday, September 18, 2011
(၂၃)နှစ်ပြည့်မြောက် အာဏာသိမ်းစစ်အုပ်စုအား ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ
၂၀၁၁ ခုနှစ် စက်တင်ဘာလ ( ၁၈ ) ရက်။
(၂၃)နှစ်ပြည့်မြောက် အာဏာသိမ်း စစ်အုပ်စုအား ရှုတ်ချကန့်ကွက် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျို ရှိနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma (NDB)-Japan မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီ အထိ ကျင်းပပြု လုပ်ပြီး စစ်အာဏာ သိမ်းခဲ့သည့် ၂၃ နှစ် ပြည်ခဲ့ပြီ ဖြစ်သော်လည်း အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုများ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ ယနေ့ချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်း စစ်ယူနီဖေါင်းချွတ်ပြီး အရပ်သား ဟန်ပြ အစိုးရတရပ် ပြောင်းလဲသွားသော်လည်း ယနေ့ချိန်ထိ စစ်ကျွန်ဘ၀မှ လွှတ်မြောက်ခြင်း မရှိသေးကြေင်း တိုင်းရင်းသားများဒေသ အသီးသီး၌ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများအားလည်း ဆက်လက် ဖမ်းဆီး ထိမ်းသိန်းထားဆဲ ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ဦးဆောင်မှုနောက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်အထိ ပြည်တွင်းပြည်ပမှ ဟန်ချက်ညီညီ ဆက်လက် ကြိုးပမ်းသွားကြရန် အဖွဲ့အစည်းအသီးသီးတို့မှ ပြောကြား သွားခဲ့ကြကြောင်း သိရှိရပါသည်။
ဆန္ဒပြပွဲ အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီ အင်အားစု ၂၀၀ ကျော် ခန့် တက်ရောက် ခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
ဆန္ဒပြပွဲ အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီ အင်အားစု ၂၀၀ ကျော် ခန့် တက်ရောက် ခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး
မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma (NDB)-Japan၏ ဂျပန်နိုင်ငံတွင် မြန်မာ့ ဒီမိုကရေစီရေး အတွက်လှုပ်ရှား ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း မှာ စက်တင်ဘာလ (၁၈)ရက် နံနက် ၁၀း၀၀နာရီမှာ စတင် ကျင်းပပြုလုပ်ခဲ့ကြပြီး စက်တင်ဘာ (၁၉)ရက်နေ့ မနက်ဖြန် ဧရာဝတီကို ကာကွယ်ကြစို့ ဟောပြောပွဲနှင့် ဆိုင်းကောက်ခံသည့် အစီအစဉ်များ၊ စက်တင်ဘာလ (၂၆) MOFAရှေ့ ဆန္ဒပြပွဲနှင့် စက်တင်ဘာ(၂၇ ) ရက်နေ့ ၄ နှစ်မြောက် ရွှေဝေါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အခွန်ရုံးရှေ့ ကျင်းပ ပြုလုပ် သွားကြမည့် အသေးစိတ် အစီအစဉ်များနှင့် ဂျပန်ရှိ တရုတ်သံရုံးအား မြစ်ဆုံ ရေကာတာ ဆည်စီမံကိန်း ဆောင်ရွက်နေမှု ရပ်တန့်ပေးရန်အတွက် တိုက် တွန်းတောင်းဆိုမည့် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အသေးစိတ် အစီအစဉ်များကို NDB ပြန်ကြားရေးမှ မကြာမှီ ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo Saturday, September 17, 2011
Thursday, September 15, 2011
Wednesday, September 14, 2011
(၄)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ်
2007 September ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးသွားခဲ့ကြသော ရဟန်းရှင်လူပြည်သူအပေါင်းအား လေးစားစွာ ဦးညွှတ်အလေးပြုပါ၏။
Labels:
ကိုယ်တိုင်ဖန်တီးချက်
Posted by
Unknown
ဧရာဝတီမြစ်ကြီးအား ကာကွယ်စောင့်ရှောက်၇န် လုပ်ဆောင်သင့်သည်များ (အကြံပြုချက် (၁))
ပစ်မှတ်
ခေါင်းဆောင်မှု
မီဒီယာ တက်ကနော်လော်ဂျီ အခန်းကဏ္ဍ
အကန့်အသတ်နှင့် အချိတ်အဆက်
စည်းရုံးရေးနည်းနာ (ပြန့်နှံ့ခြင်းနှင့် မြင့်တင်ခြင်း)
ဧရာဝတီမြစ်ကြီးအား ကာကွယ်စောင့်ရှောက်၇န် လုပ်ဆောင်သင့်သည်များ (အကြံပြုချက် (၁))
- တကယ် ပစ်မှတ် (target ) ထားပြီးစည်းရုံးရမှာက..ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့ တိုင်းရင်းသား ပြည်သူလူထုတွေဖြစ်တယ်။ ထိုပြည်သူလူထုကပဲ တနေ့ကျရင် ဧရာဝတီကိုကာကွယ်တားဆီးတည်ဆောက်ရေး လှုပ်ရှားမှုရဲ့ဆုံမှတ်ဖြစ်လာမှာဖြစ်တယ်.။
- အဲဒီမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့ သူတွေကို ဘယ်လိုပညာပေးစည်းရုံးမလည်း လှုံ့ဆော်မလည်း အန္တရယ်ရှိနိုင်တဲ့ ရေကာတာတည်ဆောက်မှုတွေကို ဘယ်လိုဆန့်ကျင်ကန့်ကွက်သွားနိုင်မလည်း ရေရှည်မှာ ဧရာဝတီမြစ်ကြီးကို ဘယ်လို စောင့်ရှောက်သွားမလည်း ဆိုတဲ့ကိတ်စတွေကို ဆွေးနွေးတင်ပြသွားဘို့လိုတယ်။ တကယ်တော့လည်း ဧရာဝတီ မြစ်ကြီးရဲ့ကောင်းကျိုးဆိုးကြိုး.ဟာ ကျနော်တို့မြန်မာပြည်သားအားလုံးရဲ့ ကောင်းကြိုးဆိုးကြိုးဆိုပေမယ့်လည်း အဓိကအားဖြင့် သူတို့ဘ၀တွေရဲ့ကောင်းကျိုးဆိုးကြိုးဖြစ်တယ်။ သူတို့တွေက အကျိုးအပြစ်တွေရဲ့သက်ရောက်မူကိုတိုက်ရိုက်ခံရမယ့်သူတွေဖြစ်တယ်။ ဒါကြောင့် ထိုတိုင်းရင်းသားပြည်သူလူထုအား ဧရာဝတီ မြစ်ကြီးကို သူတို့ဘယ်လိုစောင့်ရှောက်ကာကွယ်သွားနိုင်မလည်းဆိုတဲ့နည်းနာတွေ အသိပညာတွေ အဓိကတပ်ဆင်ပေးသွားရမယ်။
ခေါင်းဆောင်မှု
- ဒီကိတ်စမှာ ဘယ်သူတွေကခေါင်းဆောင်နိုင်မလည်း။ မြန်မာနိုင်ငံတွင်းက စာပေပညာရှင်တွေ..လူထုကအလေးထားတဲ့ ခေါင်းဆောင်တွေ. .ဒီကိတ်စကိုသိတဲ့ တတ်သိပညာရှင်တွေကပဲခေါင်းဆောင်နိုင်မှာဖြစ်တယ်။ အဝေးရောက် မြန်မာနိုင်ငံသားများတာဝန်ကတော့ အဲဒီလှုပ်ရှားမှုကို တတ်နိုင်တဲ့ဘက်က ၀န်းရံဘို့ ပဲလိုပါတယ်။
- ဒါကြောင့် စာပေပညာရှင်တွေ..သူတို့ကို တိုက်တွန်းချင်တာက ဧရာဝတီမြစ်ကြီးကို စောင့်ရှောက်ကာကွယ်ရေးခေါင်းစဉ်အောက်မှာ ဒေသခံလူထုကို ဟောပြော စည်းရုံးရေးလုပ်ငန်းများ တိုးချဲ့ လှုပ်ရှားသွားဘို့ လိုတယ်..။ အဲဒီအတွက် .ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့လူထုကြားကို သွားရောက် စည်းရုံး လှုပ်ရှားဘို့လိုတယ်။ ထိုသို့လှုပ်ရှားတဲ့အခါ တိုင်းပြည်နဲ့ လူထုကို တင်ပြဆွေးနွေးခြင်းပုံစံအားဖြင့် အပြုသဘောဖြင့် မည်သူကိုမှမထိခိုက်ပဲ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီး လုပ်ဆောင်ဘို့လိုတယ်။ ထိုသို့လှုပ်ဆောင်တဲ့အခါမှာ ပြည်သူလုထုကိုပညာပေးမည့် မီဒီယာနဲ့ တက်ကနော်လော်ကဂျီအခန်း ကအရေးပါလာတယ်။
မီဒီယာ တက်ကနော်လော်ဂျီ အခန်းကဏ္ဍ
- အဲဒီလိုသွားရောက်စည်းရုံးဟောပြောလှုပ်ရှားကြမည့် သူတွေရဲ့သတင်းတွေကို တင်ပေးနိုင်ဘို ဧရာဝတီကပြည်သူလူထုအသံအစစ်အမှန်တွေကို မြန်မာပြည်သူတရပ်လုံးနဲ့ချိတ်ဆက်ပေးဘို့ ကမ္ဘာ နဲ့ မိတ်ဆက်ပေးဘို့ စတာမျိုးတွေ လုပ်ဆောင် ဘို့ မီဒီယာ (တက်ကနော်လော်ဂျီ) အခန်းကဏ္ဍ ကအရေးပါလာပြီ.။ IPhone လို Google phone ဖုန်းမျိုးတွေ mobile internet အသုံးပြုနိုင်တဲ့ ကွန်ပြူတာတွေကို အဲဒီပညာရှင်တွေ သို့မဟုတ် သူတို့ကို ၀န်းရံမည့်သူတွေကို တပ်ဆင်ပေးဘို့လိုတယ်..။ ဒါတွေကို ပြည်တွင်းပြည်ပက သူတွေက ငွေကြေးအကူအညီပေးဘို့လိုတယ်.။ အကုန်အကျမများလှပါဘူး။ ထိုနည်းအားဖြင့် ပြည်တွင်းပြည်ပက မီဒီယာသမားတွေကို ချိတ်ဆက်နိုင်မယ်.။ ထိုမီဒီယာတွေက တဆင့် တိုင်းပြည်လူထုနဲ့ လိုအပ်ခဲ့ရင် လက်ရှိဦးသိန်းစိန်အစိုးရကို သတင်းပေး ပညာပေး ပြီး လှုပ်ရှားမှုအခြေအနေကိုတင်ပြသွားနိုင်တယ်။ လူတဦးချင်းဆီကလည်း ဖေ့စ်ဘုတ်ခ်လို gtalk လို skype လို you-tube.com လိုအဆင့်အတန်းရှိရှိ သတင်းဖြန့်နိုင်တဲ့ မီဒီယာtool မျိုးလိုဟာမျိုးတွေအသုံးပြုနိုင်တယ်.။ နောက်ဆုံ့း hotmail, gamil, yahoo လို ဆက်သွယ်ရေးအကောင့်တွေကနေ သတင်းဖြန့်ဖြူးသွားနိုင်တယ်။
အကန့်အသတ်နှင့် အချိတ်အဆက်
- ဖေ့စ်ဘုတ်ခ်၊ gtalk ၊ skype ၊ you-tube.com ၊ hotmail ၊ gamil ၊ yahoo လိုအဆင့်အတန်းရှိရှိ သတင်းဖြန့်နိုင်တဲ့ မီဒီယာ tool မျိုးလိုဟာမျိုးသုံးယုံနဲလည်း လှုပ်ရှားမှုဟာ ကြွလာမှာ အောင်မြင်မှာမဟုတ်ဘူး။ အထက်ကပြောခဲ့ပြီးတဲ့အတိုင်းပဲ.. ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာနေထိုင်နေတဲ့ ပြည်သူလူထုက ကိုယ်တိုင် တက်တက်ကြွကြွတောင်းဆိုလှုပ်ရှားလာဘို့လိုတယ်။ သူတို့ကိုလည်း အဲဒီနည်းပညာတွေသုံးလာနိုင်အောင် သူတို့ကိုယ်သူတို့တတ်ဆင်ပေးနိုင်အောင်လုပ်ရမယ်.။ အကြောင်းကတော့ ထို ဆက်သွယ်ရေးကရိယာတွေ (tools) တွေကိုသုံးနိုင်တဲ့ လူထုက နိုင်ငံခြားမှာရောက်နေတဲ့ ဗမာပြည်သူပြည်သားတိုင်းရင်းသားပြည်သူလူထုနဲ့ ပြည်တွင်းက ပညာတတ် ငွေရှင်ကြေးရှင်တွေပဲသုံးနိုင်တာကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖေ့စ်ဘုတ်ခ်သုံးနိုင်တဲ့လူတန်းစားက နည်းပါသေးတယ်။အဲဒီမီဒီယာတွေကိုပဲအားကိုးရင် လှုပ်ရှားမှုတွေဟာ ထိုလူတွေအကြားမှာပဲရပ်သွားမယ်။
- ထိုအကန့်အသတ်များကိုကျော်လွားရန်အတွက် ထို သတင်းဖြန့်နိုင်တဲ့ မီဒီယာ tool တွေနဲ့ ပြည်တွင်းပြည်ပက သတင်းဌာနတွေ ချိတ်ဆက်ထားဘို့ လိုတယ်
- ထိုကိတ်စအတွက် network group တွေ လို တယ်..ထိုဂရုကို သတင်းတခုတင်လိုက်တာနဲ့ အားလုံးကိုပြန့်သွားနိုင်တာမျိုးဖြစ်ရမယ်.
စည်းရုံးရေးနည်းနာ (ပြန့်နှံ့ခြင်းနှင့် မြင့်တင်ခြင်း)
- နောက်ဆုံးအရေးအကြီးဆုံးတခုဆွေးနွေးချင်တာက မြန်မာပြည်မှာ ဒီမိုကရေစီ တော်လှန်ရေးတွေအောင်ပွဲမခံနိုင်တာဟာ ဘာကြောင့်ပါလည်းလို့ မေးခွန်းမေးပြီး ဆက်ဆွေးနွေးချင်တယ်.။ ကျနော့်အဖြေက ထိုတော်လှန်ရေးတွေမှာ (တိုင်းပြည်မှာလူဦးရေအရအများဆုံးဖြစ်တဲ့) လယ်သမားတွေပါဝင်လာအောင်မစည်းရုံးနိုင်ခဲ့လို့ပါပဲ..။ အကြောင်းက လယ်သမားတွေရဲ့ မူလသဘာဝကိုက ပညာနည်းတယ်.။ နည်းနာမကြွယ်ဝဘူး။ ကိုယ်ကျိုးစီးပွားကို တွယ်တာမက်မောမှုရှိတယ်.။ အဲလိုပြောလို့စိတ်ဆိုးကောင်းဆိုးနိုင်တယ်.။ သို့ပေမယ့်လည်း သူတို့မှာ အနည်းနဲ့အများပိုင်ဆိုင်မှုကလေးတွေရှိတယ်.. ဥပမာ မြေတို အိမ်တို့ ကျွဲ နွားအိမ်မွေးတိရိစ္ဆာန်တို့.. အဲဒီပိုင်ဆိုင်မူကလေးတွေကို လူ့ရဲ့သဘာဝအ၇ သူတို့ရဲ့ဘ၀အရ စွန့်လွတ်ဘို့ ဆိုလာရင်... သူတို့အဖို့က အတော်ခက်တယ်... ။
- ကျောင်းသားကျတော့ ကျောင်းသားသဘာဝအရကိုက ပိုင်ဆိုင်မှုဆိုတာ များများစားစားရှိတာမဟုတ်ဘူး.. သူတို့စဉ်းစားရင် သူတို့ ပညာရေး အချစ်ရေး နောက်ဆုံးမိဘ အဲဒါတွေကိုစဉ်းစားမယ်.. အိမ်မပိုင်ဘူးအခြားပိုင်ဆိုင်မှုတွေမရှိဘူး ..သဘာဝအရ သူတို့စဉ်းစားတွေးခေါ်မှုကလွတ်လပ်တယ်.. အမှန်တရားဘက်ကနေတုံးတိုက်တိုက်ကျားကိုက်ကိုက်အမြဲ ရပ်တည်ချင်တယ်.. အကောင်အထည်ဖေါ်ချင်တဲ့အပိုင်းကပိုများတယ်.။။ ဒါကြောင့် မြန်မာပြည်မှာပဲဖြစ်ဖြစ် ကမ္ဘ္ဘာ မှာပဲဖြစ်ဖြစ် လှုပ်ရှားမှုတွေမှာ လူငယ်ကျောင်းသားတွေက ထိပ်ဆုံးက ဦးဆောင်တာများတယ်.။
- အလုပ်သမားလည်း အတူတူပဲ ကျောင်းသားနဲ့နီးစပ်တယ်.. ပညာတတ်တယ်.. အသိညာဏ်ရှိတယ်.. ပိုင်ဆိုင်မှုမရှိသလောက်ပဲ.. အစိုးရချပေးတဲ့ အိမ်မြေတွေမှာနေရတာများတယ် (သို့) အိမ်ငှားနေရတယ်.။ သူတို့မှာ က မိသားစုအရေးပိုဦးစားပေးရတဲ့အတွက် ကျောင်းသားလောက် ထိပ်ပိုင်းမှာတာဝန်မယူနိုင်ဘူး။ သူတို့ကျတော့ ပြည်တွင်းမီဒီယာတွေနဲ့တင်လုံလောက်တယ်။အနည်းငယ်လှုံ့ဆော်ပေးရင် သူတို့ကချက်ဆိုနားခွက်ကမီးတောက်တယ်။
- တတ်သိပညာရှင်တွေကျတော့ သူတို့ရဲ့တွေးခေါ်စဉ်းစားမှုဆုံးရှုံးရမှာကို အကြောက်ဆုံးဖြစ်တယ်.. ကျောင်းသားလိုပဲ ဘယ်သူ့ကိုမှ ကြောက်တတ်တဲ့သူတွေမဟုတ်ဘူး။ သူတို့ကိုစည်းရုံးရတာလည်းမခက်ဘူး။ အားလုံးထဲမှာ လယ်သမားက အခက်ဆုံးပဲ...။
- ဒါကြောင့် လယ်သမားတွေကိုစည်းရုံးတဲ့ အခါ ရိုးစင်းဘို့ စိတ်ရှည်ဘို့ တိုတိုတုတ်တုတ်ရှိဘို့လိုတယ်.။ အသိပညာပြန့်နှံ့မြင့်တင်ရေးပိုမိုလုပ်ပေးရမယ်။ အမြင့်စားကြီးတွေကို ပြောဆိုတာထက် ရိုးစင်းတဲ့ သတင်းအချက်အလက်တွေကိုပဲပေးဘို့လိုတယ်.။ ဥပမာ..လယ်သမားက ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ကိုနားလည်မှာမဟုတ်ဘူး.။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာတွေကိုလည်းနားသိပ်လည်မှာမဟုတ်ဘူး။ မိုးခေါင်ရေရှားတာ မြေဇီလွာတုံးတာ..မျိုးစပါးရှားတာ.. ဓါတ်မြေသြဇာမလုံးလောက်တာ.. လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ.. စာသင်ကျောင်းမရှိတာ..ကျန်းမာရေးကိတ်စ.ဆေးခန်းမရှိတာ.. စတာတွေကို ဘ၀နှင့်ရင်းပြီး အခြေခံကျကျနားလည်တယ်။
ဧရာဝတီမြစ်ကြီးအား ကာကွယ်စောင့်ရှောက်၇န် လုပ်ဆောင်သင့်သည်များ (အကြံပြုချက် (၁))
by Nay Oo-People on Wednesday, September 14, 2011 at 11:32am
Labels:
နိုးဆော်ခြင်း
Posted by
Unknown
Tuesday, September 13, 2011
သမ္မတကြီးနှင့် အင်တာဗျူး
Burma Thwe on Tuesday, September 13, 2011 at 12:35pm
သမ္မတကြီး.....။ ။ ဒီမယ် မောင်ရင် မင်းက အင်တာဗျူး လုပ်ချင်တယ် ဆိုလို့ ငါက လက်ခံလိုက်တာ ဘယ့်နှယ့်ကွာ ငါကိုတွေ့တာနဲ့ တဟီးဟီး တဟားဟားနဲ့ လင်းစမ်းပါအုံးကွ...။
အင်တာဗျူယာ ။ ။ သမ္မတကြီးတို့ အဖွဲ့က ပြည်သူတွေကို ပျော်ရွှင်မှုတွေ ပေးချင်လို့ ဟာသတွေ လုပ်ပြနေတယ်ထင်ပြီး ကျနော်က အားပေးတဲ့ အနေနဲ့ အလိုက်တသိနဲ့ရီပြတာ ပါခင်ဗျာ..။
ကဲ သမ္မတကြီးရေ.........အမေးအဖြေလေးတွေ စလိုက်ကြရအောင်.......။
မေး ။ ။ သမ္မတကြီးက ဗုဒ္ဓဘာသာဝင် အစစ်လို့ ခံယူထားပါသလား ခင်ဗျာ ။
ဖြေ ။ ။ ခက်ပါ့ မောင်ရင်ရယ်... သံဃာတော် သတ်ပြထားတာ ဒီမေးခွန်း ရှင်းနေတာဘဲ ။
မေး ။ ။ စစ်အာဏာရှင်တွေဟာ လဘ်စားတဲ့ နေရာမှာ ထိပ်တန်းဖြစ်နေပါလျှက် သမ္မတကြီးက လဘ်မစားဘူးလို့ နံမည်ကြီးနေရတဲ့ အဓိက အကြောင်းအရင်းက ဘာလည်း ဆိုတာ သိပါရစေ ခင်ဗျာ ။
ဖြေ ။ ။ ငါ့ရဲ့ တာဝန်တော်တော်များများကို ငါ့မိန်းမက ထမ်းဆောင်ပေးနေလို့ ဖြစ်မှာပါ ။
မေး ။ ။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ တခါမှ မကြုံတွေ့ခဲ့ရတာတွေ လုပ်ပြမယ်လို့ သမ္မတကြီး ကြွေးကြော်ခဲ့တယ်နော်..။
ဘာတွေ လုပ်ပြမယ်လို့ စဉ်းစားထားလည်း ။
ဖြေ ။ ။ တတိုင်းပြည်လုံး သိသာအောင် ယောက်ျားကြီး တွေ ဖြစ်ပေမယ့် ချိတ်ထမီဝတ်ပြခဲ့တာ မြန်မာသမိုင်းမှာ ရှိခဲ့လို့လား.။ မြင်တတ်အောင် ကြည့်ကြစမ်းပါ...ဗျာ ။ အခု မြန်မာပြည်ရဲ့ အကြီးမားဆုံး ဧရာဝတီမြစ်ကြီးကို မြောင်းဖြစ်အောင် လုပ်ပြအုံးမယ် ။
မေး ။ ။ သမ္မတကြီးက တက်တက်ချင်းဘဲ အကြံပေးတွေ ခန့်လိုက်တာတွေ့ရပါတယ် ။ မရှင်းတာ တခု မေးချင်လို့ပါ ။
သူတို့က အကြံပေးတာလား ၊ သမ္မတကြီးတို့က အကျန်ပေးတာလား ။
ဖြေ ။ ။ သူတို့ကို ငါတို့က အကျန်ပေးတဲ့ အတွက် သူတို့က ငါတို့ကို အကြံပြန်ပေးတယ်လို့ ပြောလို့ရသလို ငါတို့ကို အကြံပေးတဲ့ အတွက် ငါတို့က အကျန်ပြန်ပေးတယ်လို့လည်း ပြောလို့ရပါတယ်...။
မေး ။ ။ သမ္မတကြီးက ပြည်သူတွေ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အတွက် အလုပ်ရုံ ဆွေးနွေးပွဲက ဘယ်လို စိတ်ကူးကောင်းတွေကို ရရှိခဲ့လည်း ခင်ဗျာ ။
ဖြေ ။ ။ လောလောဆယ်တော့ တောင်းစားတဲ့ လူတွေကို အကုန်ဖမ်းပြီး ထောင်ချဖို့ ကြိုးစားလုပ်ဆောင်နေပါတယ် ။
မေး။ ။ ဧရာဝတီက မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်လို့ ဒီဆည်ကြီးသာ ဆောက်ဖြစ်လိုက်ရင် တိုင်းပြည်ကြီးပါ ဒုက္ခရောက်သွားနိုင်တဲ့ အနေအထားကို ဘယ်လို ကျော်လွှားဖို့ စဉ်းစားထားလည်း ခင်ဗျာ ။
ဖြေ ။ ။ ပိုင်ဆိုင်မှု တော်တော်များမျာကို နိုင်ငံခြားဘဏ်တွေမှာ ပြောင်းအပ်ထားပြီးသွားပါပြီ ။
မေး ။ ။ နိုင်ငံခြား က စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေပါတယ်လို့ ပြောနေတဲ့သမ္မတကြီးနဲ့ အပေါင်းအပါများက ဘာကြောင့်ပိုင်ဆိုင်မှု မှန်သမျှကို တိုင်းတပါးမှ သွားပြီး ရင်းနှီးမြုပ်နှံတာလည်း သိပါရစေ ခင်ဗျာ ။
ဖြေ ။ ။ စီးပွားရေး ဆိုတာက သေချာတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံမှ အကျိုးအမြတ်ရတယ် ဆိုတာ လူတော်တော်များ နားလည် သဘောပေါက်ပြီးသား ဖြစ်လို့ ထပ်မရှင်းပြတော့ပါဘူး ။
မေး ။ ။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ပိုမိုများပြားလာတာ ဘာကြောင့်ပါလည်း ခင်ဗျာ...။
ဖြေ ။ ။ ငါတို့ကတော့ အားလုံးသိတဲ့ အတိုင်း ရောင်းလို့ရတာ မှန်သမျှ အကုန်ရောင်းချပေးနေတာပါဘဲ ။
မေး။ ။ ယခင် အစိုးရ လက်ထက်မှာ တိုးတက်လာတာက ကုန်ဈေးနှုန်း ၊ ကျဆင်းလာတာက ၀င်ငွေ ၊နည်းပညာက လိပ်လို တွားသွား ပိုင်ဆိုင်မှု မှန်သမျှကို အကုန်ရောင်းစားခဲ့တဲ့ အတွေ့အကြုံ ထဲက ဘယ်လို များ ထုတ်နှုတ် အသုံးချဖို့ စီစဉ်ထားပါသလည်း ခင်ဗျာ ။
ဖြေ ။ ။ ယခင် အတွေ့အကြုံများက အတော်လေးကို ကောင်းလို့ နေရာတော်တော်များများ မှာ မှီငြမ်းကိုးကားပြီး ယခုလည်း ဆက်လက် ကျင့်သုံးသွားမှာပါ ။
မေး ။ ။ ပြန်ကြားရေး ၀န်းကြီး ဦးကျော်ဆန်းက မီဒီယာတွေနဲ့ အတွေ့မှာ သူငိုပြလိုက်တယ်နော် ၊ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ခင်ဗျာ ။
ဖြေ ။ ။ သူ့ကို မေးကြည့်ပါတယ် ။ ကိုရီးယားတွေ အကြည့်များပြီး အဲဒီထဲက သရုပ်ဆောင်တွေကို သဘောကျနေလို့
တခါတခါ အဲဒီလိုဘဲ လွတ်သွားတာပါလို့ ပြောတယ်..။ သူ့ ရုပ်ရှင် သရုပ်ဆောင် ဖြစ်ချင်ပြီး အံ့ကျော်ကြီး ကို သိပ်အားကျတာလို့ သူက ပြောပါတယ် ။
မေး ။ ။ အခု လျှပ်စစ်ဝန်ကြီးက ပြည်တွင်းမှ လျှပ်စစ်ဓါတ်အားတွေ သုံးစွဲသူ မရှိအောင် ပိုလျှံနေလို့ တိုင်းတပါးကို ရောင်းစားရပါတယ်လို့ မီဒီယာတွေကို ပြေားကြားပြီး ကိန်းဂဏန်းကို ရွတ်ပြသွားတာ တွေ့ရပါတယ် ။ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ။
ဖြေ ။ ။ အဲဒီလူက ချဲရူးဗျ ၊ သူတွက်လိုက်ရင်တော့ အပိုင်ဘဲ ပြီးရင်တော့ တလွဲတွေ ကြီးပါဘဲ ။ နောက်တခုက သူက ပါဝါ ယူနစ်တောင် မှန်အောင် မတွက်တတ်လို့ လျှပ်စစ်ဝန်ကြီး ခန့်ထားတာလေ ။ အလွန်ဆုံးလွဲရင် ပြောင်းပြန်ပါဘဲ လို့ သူပြောတဲ့ စကားလေးတော့ရှိတယ်ဗျ ။
မေး ။ ။ ဒါပေမယ့် ဒီဝန်ကြီးပြောလိုက်တဲ့ စကားလုံးတွေကြောင့် အစိုးရသစ်ကြီး တဖွဲ့လုံးရဲ့ အဆင့်အတန်းက မြောင်းထဲကို ရောက်သွားသလိုဘဲနော် ။
ဖြေ ။ ။ ငါတို့ အစိုးရ အဖွဲ့သစ်ကြီးက အဆင့်အတန်းရှိတယ်လို တခါမှ မပြောဘူးပါဘူးနော် ။
မေး ။ ။ ပြည်သူလူထု တရပ်လုံးက ဧရာဝတီဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်လို့ ဒီစီမံကိန်းကို အမြန်ဆုံးရပ်တန့်ချင်နေကြပါတယ် ။ သမ္မတကြီးသဘောထားကကော ဘယ်လို ခံယူထားပါသလည်း ခင်ဗျာ ။
ဖြေ ။ ။ ငါတို့ကလည်း ဧရာဝတီဟာ ငါတို့ အကျိုးစီးပွား အဖြစ်ခံယူထားပါတယ် ။
မေး ။ ။ လွှတ်တော် အမတ်တွေ က ယခင်က အတွေ့အကြုံလုံးဝ မရှိလို့ အခက်အခဲ ရှိပေမယ့် အခုပြောင်းလဲလာပုံလေးကို
နည်းနည်းပြောပြပေးပါအုံး သမ္မတကြီး ။
ဖြေ ။ ။ ယခင်ကတော့ အထဲရောက်ရင် တောင့်တောင့်ကြီး ထိုင်းပြီး ပြောသမျှ လက်ညိုးထောင် ခေါင်းငြိမ့်တတ်ကြပေမယ့်
အခုတော့ လွှတ်တော်ထဲမှာ အိပ်ငိုက်ရင်းကနေ လက်ညိုးထောင် ခေါင်းငြိမ့်နေတတ်ပါပြီ ။ တခါတလေ အိပ်ရင်တောင် ထောက်ခံပါတယ်ဆိုပြီး လက်ညိုးထောင်လိုက် ခေါင်းငြိမ့်လိုက်နဲ့ ယောင်တတ်နေကြတဲ့ အဆင့်ထိ တိုးတက်လာကြပါတယ် ။
မေး။ ။ လွှတ်တော် အမတ်ကောင်း တစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံး လိုအပ်ချက်လေးများကို ပြောကြားပေးပါခင်ဗျာ ။
ဖြေ။ ။ ( ၁ ) နေရာယူ ( ၂ ) လက်ညိုးထောင် ( ၃ ) ခေါင်းငြိမ့် ( ၄ ) လက်ခုပ်တီး ( ၅ ) အစည်းအဝေးပြီးဆုံးကြောင်း ကြေငြာ ရင် လက်ခုပ်တီး တတ်ရပါ့မယ် ။
မေး။ ။ ယခင် အစိုးရ ကနေ အခု အစိုးရ သစ်သို့ အသွင်ကူးပြောင်းသွားတဲ့ အခါ သမ္မတကြီး စိတ်ထဲ ဘ၀င်မကျမိတဲ့ အဓိက အချက်လေးကိုရှင်းပြပေးပါ ။
ဖြေ။ ။ ယခင်တုန်းကတော့ လူနည်းစုစားပါ......အခုတော့ လွှတ်တော် အမတ်တွေပါ ပါလာတဲ့ အတွက် ဝေစားမျှစားဆိုတော့ ရပိုင်ခွင့်လေးတွေ လျှော့သွားတာပေါ့ ခင်ဗျာ ။
မေး ။ ။ လက်ရှိ အနေအထားမှ ပြည်သူလူထုက တော့ လက်ရှိ အစိုးရသစ်ကြီးကို အယုံအကြည်ကင်းမဲ့သွားပါပြီ ။ အဲဒီအတွက် ဘယ်လို ပြန်လည် တည်ဆောက်မယ်လို့ စိတ်ကူးထားပါသလည်း ခင်ဗျာ ။
ဖြေ ။ ။ ချွတ်ထမီ အစား စကဒ်ဝတ်ပြီး လွှတ်တော်တက်ဖို့ အတွက် အားသွန်ခွန်စိုက် ပြင်ဆင်နေပါတယ် ။
လောလောဆယ် လွှတ်တော်ထဲမှာ အဲဒီကိစ္စကို အကြိတ်အနယ် ဆွေးနွေးနေကြပါတယ် ။ အရာင်လေးတွေ ၊ ရှေ့ခွဲမလား နောက်ခွဲလား နှစ်ဘက်လုံးခွဲမလား ဆိုတာ အခု ဒီဇိုင်နာတွေနဲ့ တိုင်ပင်ထားပါပြီ ။
မေး ။ ။ ကျနော်တို့ တိုင်းပြည် အနာဂတ်ကို သမ္မတကြီး နဲ့ လက်ရှိ အစိုးရသစ်က ဘယ်လိုပုံစံမျိုး ထိ ပြောင်းလဲမယ်လို့ စိတ်ကူးထားတာများ ရှိပါသလည်း ခင်ဗျာ ။
ဖြေ ။ ။ ယခင်က ရွှေ့နိုင်ငံလို့ ခေါ်တဲ့ ငါတို့ တိုင်းပြည်ကြီးကို ရွှံ့ နိုင်ငံ ဆိုရင်တောင် တခုခု သုံးလို့ ရနိုင်သေးလို့ ဗွက်နိုင်ငံ အဆင့် ရောက်အောင် အစိုးရ အသစ်ကြီးက ၀ိုင်ဝန်း ကြိုးစားနေကြပါတယ် ဆိုတာ ပြည်သူလူထု အားလုံးကို သိအောင် ဆောင်ရွှက်ပေးပါ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများထံမှ ကြားရသော အသံများ.................
သို့ ... ဝန်ကြီး ဇော်မင်း ဧရာဝတီရှင်းတမ်း
(ဝန်ကြီး ဇော်မင်း)
ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။
(မိုးသံလွင်)
ဟေ့ကောင် စောက်ရူး ဇော်မင်း၊
မင်းက ဘီလူးချောင်း၊ မြစ်ငယ်မြစ်နဲ့ ဧရာဝတီကို ယှဉ်ပြောရအောင် မြစ်တွေရဲ့ အရေးပါပုံကောတူလို့လားကွ။ စောက်ရူးရ။ ဧရာဝတီဆိုတာက.....

Monday, September 12, 2011
ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မယ်လို့ပြောတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းရဲ့ အသံစစ်စစ်။

မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့
Labels:
ဆောင်းပါး
Posted by
YE MIN TUN
မြစ်ဆုံအတွက် နောက်မဆုတ်နိုင်ဟု အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီးပြောကြား
Aungmyo Tun on Monday, September 12, 2011 at 2:56pm
မနေ့ က နေပြည်တော် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှာ လုပ်သွားတဲ့ ၀န်ကြီး ၅ ယောက်နဲ့  မီဒီယာများ
တွေ့ ဆုံပွဲမှာ အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီးရဲ့  မြစ်ဆုံရေကာတာစီမံကိန်း “နောက်မဆုတ်ဘူး၊
ဆက်လုပ်မယ်” ဆိုတဲ့ ချဲလင့် စကားလုံးတွေကို ဖတ်ရပြီး အသားတွေ တဆတ်ဆတ်တုန်၊ ဒေါသတွေ တချောင်း
ချောင်း ထွက်လာတော့ ရှေ့ မီနောက်မီ ပုဂ္ဂိုလ်ကြီးတစ်ယောက်က “စိတ်လျော့ပါ၊ နိုင်ငံရေးသမားဆိုတာ ဒေါသ
မထွက်ရဘူး၊ အခြေအနေကို စောင့်ကြည့်တတ်ရမယ်”လို့  ကျွန်တော့်ကို နားချရှာပါတယ်။ ဒီကိစ္စမှာ “ကျွန်တော် နိုင်ငံရေးသမားမဖြစ်ချင်ဘူး၊ ဖိုက်တာဘဲဖြစ်ချင်တယ်” လို့  လေသံမာမာနဲ့  ဆရာသမားကို ဘုတော ပိတ်လွှတ်
လိုက်တယ်။
“မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ပက်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက်ပိုပြီးတော့ အတွေ့ 
အကြုံရှိတဲ့လူ မရှိတော့ဘူး” ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စကားဟာ ငါသိ၊ ငါတတ်၊ ဘယ်သူမှ ဘာမှ မ ဟနဲ့ ၊
အားလုံး ရှပ်အောက့်၊ မြစ်ဆုံနဲ့ ပက်သက်လို့  အမြှီးကုတ် နားရွက် မထောင်ကြနဲ့ ဆိုပြီး သန်းခြောက်ဆယ်သော
မြန်မာပြည်သူတွေကို စိန်ခေါ်လိုက်တယ်လို့  ကျွန်တော်မြင်ပါတယ်။ ပြည်သူအကုန်လုံးဆိုတော့ သမ္မတကြီး
အပါအ၀င် ပြည်ထောင်စုအစိုးရတစ်ဖွဲ့ လုံးလည်း ပါပါတယ်။
မြစ်ဆုံနဲ့ ပက်သက်ပြီး ၀န်ကြီးဦးဇော်မင်းစကားကို ခဏငှားသုံးရရင် မြစ်ဆုံရောဂါဆန်းနဲ့  ပက်သက်ပြီး
အချက်အလက် ဒေတာ၊ ကောင်းကျိုးဆိုးပြစ် စတာတွေကို အစိုးရသတင်းစာထဲက ဆောင်းပါး သုံးလေးပုဒ်၊
အွန်လိုင်းသတင်းမီဒီယာတွေမှာ တင်ထားတဲ့ ဆောင်းပါးတွေနဲ့  ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ မျိုးချစ်
ပြည်ချစ်အနုပညာရှင်တွေရဲ့  သုံးသပ်ရေးသားပြောဆိုခဲ့သမျှကို ကျွန်တာ် နာယူမှတ်သားခဲ့တာ ခေါင်းတစ်ခု
လုံးနဲ့  မဆန့် တော့ပါဘူး။ အဲဒီထဲက တချို့ ဆို ၀န်ကြီးနဲ့ ယှဉ်ပြီး ဒီဘိတ်ပုံစံမျိုး စကားစစ်ထိုးနိုင်လောက်တဲ့
အဆင့်ရှိကြတယ်လို့  ကျွန်တော်ယုံကြည်ပါတယ်။ အပြန်အလှန် ဟစ်ကြွေးနိုင်တဲ့ စင်မြင့်တစ်ခုကို လွတ်လွတ်
လပ်လပ် ဖန်တီးပေးမယ်ဆိုရင် လက်ခမောင်း ထ ခတ်ကြမယ့်သူတွေ တန်းစီထွက်လာပါလိမ့်မယ်။
ကျွန်တော်ဟာ ဘူမိဗေဒနဲ့  ကျောင်းပြီးခဲ့တဲ့သူတစ်ယောက်ဆိုတော့ “မြစ်ဆုံနဲ့ ငလျင်အန္တရယ်” အပိုင်း
လောက်ကိုဘဲ တွက်ဆတတ်ပေမယ့် မြစ်ဆုံကိစ္စဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတင် မဟုတ်သလို နိုင်ငံရေး
မပြေလည်မှု အဆင့်အတန်းမှာတင် ရှုမြင်လို့  မရပါဘူး။ မဟာအမျိုးသားရေးကြီးပါ။ ဘုရားကျောင်းကန်
တွေမှာ ဘိနပ်မစီးရ ဆိုသလိုပေါ့။ မြန်မာတစ်မျိုးသားလုံးရဲ့  အထွတ်အမြတ်ကိစ္စဆိုတော့ မှောင်နဲ့ မည်းမည်း
ထဲမှာဘဲ နေချင်နေပါရစေ၊ အဲဒီ လုပ်လက်စနေရာမှာ ဆက်မလုပ်ဘဲ ရပ်ပစ်ပါ၊ နေရာရွှေ့ လုပ်ပါလို့  ၀န်ကြီး
ဦးဇော်မင်းကို စေခိုင်းရမှာဘဲ။ မေတ္တာမရပ်တော့ဘဲ၊ ငြင်ငြင်သာသာ မပြောတော့ဘဲ “ရောင်းသူဝယ်သူအသံတူ”
လုပ်ပစ်ရတော့မှာဘဲ။
မြန်မာ့ဆိုရှယ်လစ်လမးစဉ်ပါတီခေါင်းကိုင်ဖခင်ကြီးဦးနေ၀င်းရဲ့  ပါတီညီလာခံ နောက်ဆုံးမိန့် ခွန်းကို
ပြေးပြီး သတိရဖြစ်တဲ့အထိ ၀န်ကြီးဦးဇော်မင်းရဲ့  စကားလုံးတွေက ရင့်သီးလွန်းလှတယ်လို့  ကျွန်တော်ခံစားမိ
တယ်။ ဦးနေ၀င်းက “မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်” လို့  ထွက်ခတ်ခတ်သွားပြီး တိုင်းပြည်မှာ
ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ၀န်ကြီးလည်း ကြားဖူးမှာပါ။ ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံရေးပို့ စ် နေရာ
မှာ ရှိနေတည်နေတဲ့အတွက် မီဒီယာကတစ်ဆင့် ပြည်သူတွေကို မက်ဆေ့ပေးတဲ့အခါ စည်းရုံးဖျောင်းဖျရေး
ပုံသဏ္ဍာန်နဲ့ လုပ်ရကိုင်ရပါတယ်။ အာဏာရှင်ဗိုလ်ချုပ်များလို ငါတကော ကော၊ ဒေါသသံနဲ့  လူထုကို မက်ဆေ့
ပေးမယ်ဆိုရင်တော့ ရှေ့ လျှောက် မမျှော်မှန်းနိုင်တဲ့ ဆိုးရွားမှုတွေ အုံနဲ့ ကျင်းနဲ့  ဖြစ်လာပါလိမ့်မယ်။
ကျွန်တော် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ ပါတီကို မဲ မပေးခဲ့ပါဘူး။ အားလုံးကို ကြက်ခြေခတ်၊ ပယ်မဲ
ဖြစ်အောင်လုပ်ခဲ့ပြီး ဒီနိုင်ငံရေးအခင်းအကျင်းကို No လုပ်ခဲ့ပေမယ့် ကျွန်တော့်ဆွေမျိုးအသိုင်းအ၀န်းနဲ့  တချို့ 
မိတ်ဆွေများရဲ့  လက်ရှိအစိုးရအပေါ်သဘောထားတွေကို နားစိုက်မိတဲ့အခါ နည်းနည်းလက်ခံလာတဲ့ပုံကို
တွေ့ ရပါတယ်။ ကျွန်တော်မကြိုက်ပေမယ့် ကြိုက်တဲ့သူတချို့  တိုရည်ရှားရည် ရှိလာတာ ဦးသိန်းစိန်အစိုးရရဲ့ 
လူထုဆီ လှမ်းလာတဲ့ ခြေလှမ်းတွေကြောင့်လို့  သူတို့ က ပြောကြတယ်။ မြစ်ဆုံအရေး၊ စစ်ပွဲရပ်ရေးနဲ့ နိုင်ငံရေး
အကျဉ်းသားများလွတ်မြောက်ရေးမှာတော့ သူတို့ လည်း ကျွန်တော်နဲ့  တစ်သဘောထဲဖြစ်နေတာ တွေ့ ရပြန်ပါ
တယ်။ လျှပ်စစ်ဝန်ကြီးရဲ့  မာရည်ကြောရည် တုန့် ပြန်သံကြောင့် ကိုင်းညွတ်လာစ သူတို့ စိတ်တွေ နောက်ကြောင်း
ပြန်လှည့်သွားနိုင်ပါတယ်။ ဦးဇော်မင်းကြေင့် ဦးသိန်းစိန်အစိုးရရဲ့  လှတပတဖြစ်လာလေးတွေ သဲထဲရေသွန်ဘဝ
ရောက်ပြီး ဒုံရင်းပြန်ဆိုက်မယ့်ကိန်းပါဘဲ။
ရွှေဝါရောင်တော်လှန်ရေးရဲ့ နိဒါန်းဟာ စက်သုံးဆီဈေး မြှင့်တင်လိုက်တာက စ ခဲ့တယ်ဆိုတာ မမေ့သင့်ပါဘူး။
အခု ထောင်ထဲရောက်နေတဲ့သူတွေဟာ မဟုတ်မခံစိတ်ဓာတ်အရာမှာ စံနမူနာပြုထိုက်တဲ့ သူရဲကောင်းတွေပါ။
သူတို့ စိတ်ဓာတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကို ရင်ထဲထည့်ပြီး မြစ်ဆုံကိစ္စကို ကျွန်တော်တို့ ဆက်လုပ်သွား
ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ အားလုံးရဲ့ ပခုံးပေါ်ကို အမျိုးသားရေးတာဝန်ကြီးတစ်ခု ရောက်လာပြီလို့  ခံယူဖို့ 
အချိန်ကျပါပြီ။ “၀န်ကြီးက ဆက်လုပ်မယ်၊ ကျွန်တော်တို့ က ဆက်မလုပ်နဲ့ ” ဆိုတဲ့ ဆန့် ကျင်ဘက်လှုပ်ရှားမှု
နှစ်ခုဟာ ထိပ်တိုက်တိုးနေပါပြီ။ “ညွှန်ချုပ်.. မင်းရေးတယ် ပြောလိုက်၊ ငါရေးတယ် မပြောနဲ့ ” လို့  ကိုယ်ရေးတာ
ကိုယ်ဝန်မခံရဲတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စိတ်ထားကို ကျွန်တော်တို့ က ဘယ်လိုယုံရမှာလဲ။
ဝန်ကြီးဦးဇော်မင်းရဲ့  ပြောဆိုချက်တွေကို လူထုစိန်ဝင်း၊ ဂျူး၊ မောင်ဝံသ၊ ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာ
မြင့်မြင့်ခင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာအေးမောင်၊ ဒေါက်တာသိန်းမြင့်နဲ့  ပါတီခေါင်းဆောင်တချို့ ရဲ့  ချက်ချင်း
တုန့် ပြန်လိုက်သံတွေကလည်း သိသိသာသာ ရေချိန်မြင့်လာတာကိုလည်း တွေ့ ရပါတယ်။ ဒီ့ ထက်ပိုပြီး ပြင်းထန်
ပေါက်ကွဲလာနိုင်ပါတယ်။ မြစ်ဆုံနဲ့ ပက်သက်တဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေတာတွေဟာ ဟောပြောပွဲတွေ၊ လက်ဘက်
ရည်ဆိုင်တွေ၊ စကားဝိုင်းတွေကတစ်ဆင့် လမ်းမတွေပေါ်အထိ လျှံကျစီးဆင်းလာနိုင်ပါတယ်။ မောင်စိန်ဝင်း၊
ဦးထွန်းလွင်၊ ကိုတာ၊ ကိုမြင့်ဇော်တို့ ရဲ့  မြစ်ဆုံအရေး မှတ်ချက်တွေကလည်း ကြောက်ခမန်းလိလိ ဖြစ်လာပါပြီ။
တေးရေးမြင့်မိုးအောင် အင်တာဗျူးတစ်ခုမှာ ပြောသလိုပေါ့။ “အချက်အလက်တွေ မသိပါဘူး၊ မကြိုက်တာဟာ
ရင်ဘတ်ထဲက လာတာမို့  မကြိုက်တာဘဲပေါ့ဗျာ” ဆိုတာလေးကို ကိုင်ပြီး ပြောရရင် ကျွန်တော်မကြိုက်တာ
ဆိုတာလည်း ရာဇ၀င်အရ၊ သမိုင်းကြောင်းအရ မကောင်းခဲ့တာ၊ စုတ်ပြတ်ဆင်းရဲခဲ့ရတာ၊ လိမ်ညာဖြီးဖြန်းခဲ့ကြတာ၊
ပြည်သူလူထုကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင် မထင်ခဲ့တာ၊ ငါဘုရင် ဘယ်နှစ်ပတ်လှည့်လှည့် ကြည့်ကောင်း
ကွနဲ့  ထင်ရာစိုင်းခဲ့တာ၊ အာဏာနဲ့ မြန်မာကို အပေးအယူလုပ်ခဲ့တာ တုတ်ထမ်းပြီး ပြောတောင် မကုန်နိုင်ပါဘူး။
ဘယ်လောက်ချေးချွတ်သန့် စင်ရေးတွေ ပြဲနေအောင်လုပ်လုပ် အတိတ်က ဒဏ်တွေကိုတော့ ထိုက်သင့်
သလောက်ခံနေရဦးမယ့်အနေအထားမှာ “မြစ်ဆုံအရေး” ကို တာဝန်အရှိဆုံး ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းက
ဖြစ်ပျက်ခဲ့တာတွေကို၊ ဖုံးဖိထားသမျှတွေကို ကန်လန့် ကာကြီးဆွဲလှန်ပြလိုက်သလို လက်ကုန်မထုတ်ပြဘဲ
ဒီရေကာတာကြီးဘဲ ပြီးအောင်ဆက်မဆောက်ရရင် မြန်မာပြည်ကြီး ဖုန်တွေသဲတွေ လူးသွားရမလောက်
အကြောက်အကန်ဖြစ်နေတာ ရုပ်ဆိုးလှပါတယ်။ နောက်ကွယ်မှာ မလွန်ဆန်နိုင်တဲ့ တစ်စုံတစ်ခုများ ရှိနေမလား
ဆိုပြီး ကောက်ချက်ချရတော့မှာဘဲ။ အားလုံးလည်း ဒီလိုဘဲ မြင်မိကြမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
သမ္မတကြီးဦးသိန်းစိန်အနေနဲ့  ၀န်ကြီးဦးဇော်မင်းကို ၂၀၀၈ ဖွဲ့ စည်းပုံအရ အစိုးရအဖွဲ့ က ထုတ်ပယ်ပစ်လို့ ရလား
မရလားဆိုတာ ကျွန်တော် သဲသဲကွဲကွဲ မသိပါဘူး။ မြစ်ဆုံကိစ္စနဲ့ ပက်သက်ပြီး သူ့ ကို ဖယ်ရှားလိုက်ရင်တော့
သမ္မတကြီးကို ပြည်သူတွေ ပိုပြီး အုံနဲ့ ကျင်းနဲ့  သဘောကျလာကြမှာ သေချာလောက်ပါရဲ့ ။ အေးချမ်းချင်ပါရဲ့ ။
အောင်မျိုးထွန်း
၁၂- ၉- ၂၀၁၁
( အတက်ခ်ျ မှာ ယနေ့ ထုတ် ၀ီကလိအလဲဗင်း အချပ်ပိုမှ ဖြစ်ပါသည် )

'Save The Irrawaddy' ဟောပြောပွဲ ရန်ကုန်မြို့၌ ကျင်းပ
Saturday, 10 September 2011 18:45
ဧရာဝတီမြစ်ကို ကယ်တင်ထိန်းသိမ်းရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် 'Save the Irrawaddy' ဟေ ပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။
အဆိုပါဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဥယျာဉ်အိမ်ရာ မဟာဂန္ဓာရုံကျောင်းတိုက် အောင်မင်္ဂလာမဟာသိမ်တော်ကြီးတ
ဟောပြောပွဲသို့ ဧရာဝတီမြစ်နှင့် ပတ်သက်၍ စိတ်ဝင်စားလေ့လာလိုသူများ လူဦးရေ ၅၀၀ ၀န်းကျင်လာရောက်ခဲ့ပြီး အထူးသဖြင့် လူငယ်ဦးရေမှာ ပိုမိုများပြားခဲ့သည်။ အခြေခံ ပညာကျောင်းအချို့မှ ကလေးငယ်များလည်း တက်ရောက်ခဲ့ကြသည်။
Save the Irrawaddy ဟောပြောပွဲကို စာရေးဆရာမ သန်းမြင့်အောင်က အဖွင့်မိတ်ဆက်စကားပြောကြား၍
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတ
ထို့နောက် စာရေးဆရာမောင်စိန်ဝင်း(ပုတီ
င့် ဟောပြောမှုတွင် ဧရာဝတီမြစ်ဆုံကို ယခင်က ရောက်ရှိခဲ့သည့်မြင်ကွင်းနှ
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က နာဂစ်မုန်တိုင်းကြောင့် သေကြေပျက်စီးမှုများ အပါအ၀င် ရာသီဥတုအပြောင်းအလဲကို ကြုံလာရမှုများ၊ ရေကာတာတည်ဆောက်မှုနှင့် ပတ်သက်၍ .......
Subscribe to:
Posts (Atom)