Tuesday, September 20, 2011

အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ကြည့်ထားပါ (ရုပ်သံ)

သြစတြေးလျနိုင်ငံ တက်စ်မေးနီယား ပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklin) ရေကာတာ ဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့်ကွက် နေတာတောင် အစိုးရက နောက်မဆုတ်ဘူး။ နောက်ဆုံး ရေကာတာ စီမံကိန်း ရပ်တန့်ရေးကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ပြုတ်ကျ သွားခဲ့တယ်။ လူထုတွေက ရေကာတာရှိတဲ့ နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ဆန္ဒ ပြတဲ့ လူတွေကို ရဲက ဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီး ပြတယ်။ နောက်ဆုံးတော့ အစိုးရ တရပ်လုံးပါ ပြုတ်ကျ သွားခဲ့ပါတယ်။ အတိုက်အခံက ရေကာတာ စီမံကိန်းကို နိုင်ငံရေး တိုက်ကွက်အဖြစ် ဖိပြီးသုံးလို့ သူတို့ လုံးဝ အ ပြတ်အသတ် အနိုင်ရခဲ့တာပါ။ (ပြည်တွင်းမှ ရဲဘော်တဦး ပေးပို့သည်)



Copy from - drlunswe.blogspot.com
http://www.pnsjapan.org/ မှကူးယူပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....