Sunday, September 18, 2011

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေး

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma (NDB)-Japan၏ ဂျပန်နိုင်ငံတွင် မြန်မာ့ ဒီမိုကရေစီရေး အတွက်လှုပ်ရှား ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေးကို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း မှာ စက်တင်ဘာလ (၁၈)ရက် နံနက် ၁၀း၀၀နာရီမှာ စတင် ကျင်းပပြုလုပ်ခဲ့ကြပြီး စက်တင်ဘာ (၁၉)ရက်နေ့ မနက်ဖြန် ဧရာဝတီကို ကာကွယ်ကြစို့ ဟောပြောပွဲနှင့် ဆိုင်းကောက်ခံသည့် အစီအစဉ်များ၊  စက်တင်ဘာလ (၂၆) MOFAရှေ့ ဆန္ဒပြပွဲနှင့်  စက်တင်ဘာ(၂၇ ) ရက်နေ့ ၄ နှစ်မြောက် ရွှေဝေါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အခွန်ရုံးရှေ့ ကျင်းပ ပြုလုပ် သွားကြမည့် အသေးစိတ် အစီအစဉ်များနှင့် ဂျပန်ရှိ တရုတ်သံရုံးအား မြစ်ဆုံ ရေကာတာ ဆည်စီမံကိန်း ဆောင်ရွက်နေမှု ရပ်တန့်ပေးရန်အတွက် တိုက် တွန်းတောင်းဆိုမည့် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး အသေးစိတ် အစီအစဉ်များကို NDB ပြန်ကြားရေးမှ မကြာမှီ  ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....