Friday, September 23, 2011

တရုတ်ကိုလိုနီဖြစ်တော့မယ့် လက္ခဏာအစလား


Ko Kyi Win on Thursday, September 22, 2011 at 9:15pm
ရန်ကုန်မြို့၊  မင်္ဂလာဈေးရှေ့၊ ကြက်လျှာစွန်းမီးပွိုင့်ထောင့်မှ အဖြစ်အပျက်တစ်ခုကို ကျွန်တော်တင်ပြပါမယ်။ တရုတ်ပြည်မှ ဘယ်ပုံဘယ်နည်းဝင်ရောက်လာမှန်းမသိသော တရုတ်အမျိုးသားတစ်ဦးသည် ပလက်ဖောင်းပေါ်တွင်ဈေးရောင်း နေသည်မှာရက်သတ္တ ၁ ပတ်ခန့်ရှိပြီဖြစ်သည်။ (အောက်တွင်ဓါတ်ပုံနှင့်တကွ ဖော်ပြထားပါသည်)

ထိုသူသည်တရားဝင် ခရီးသွားဗီဇာဖြင့် ၀င်ရောက်လာသည်ဘဲထားဦး၊  နိုင်ငံခြားမှခရီးသွားဗီဇာဖြင့်ဝင်ရောက်လာသော နိုင်ငံခြားသား တစ်ဦးပြည်တွင်းတွင် ဈေးရောင်းချခွင့်မရှိပေ။ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရုံးဟာလည်း အဲဒီမင်္ဂလာမွန်ဈေးအပေါ်ထပ်မှာဘဲရှိပါတယ်။ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကရော အိပ်နေကြသလား။ သူတို့ကဒီကိစ္စကိုတကယ်ဘဲမသိလို့လား၊ မသိကျိုးကျွန်ပြုနေတာလား။
ဒီတရုတ်ဟာမြန်မာပြည်မှတရုတ်မဟုတ်တာတော့သေချာတယ်။ ဘာလို့လဲဆိုတော့ ဗမာစကားတလုံးမှ မပြောတတ်ပါဘူး။ သူ့နားမှာနားကျပ်နဲ့ စပီကာတပ်ပြီးတော့ တရုတ်လိုရောင်းနေတာပါ။ ဓါတ်ပုံမှာ အသေအချာမြင်နိုင်ပါတယ်။

 ဒီကိစ္စဟာပေါ့ပေါ့တန်တန်ကိစ္စမဟုတ်ပါ။ ဒီကိစ္စကိုပေါ့ပေါ့တန်တန်သဘောထားရင် တဦးစ၊ နှစ်ဦးစကနေ တဖြည်းဖြည်းဝင်ရောက်လာပါလိမ့်မယ်။ မြန်မာပြည်တရုတ်လက်အောက်ကိုရောက်တော့မယ့် ကနဦးလက္ခဏာဖြစ်လိမ့်မယ်။ ဒါကြောင့်ဒီကိစ္စကိုဘယ်လိုကိုင်တွယ်အရေးယူမလဲဆိုတာကို သက်ဆိုင်ရာမှ သိရှိစေရန်တင်ပြလိုက်ပါတယ်။

(ထပ်ဆင့် Share လုပ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....