Monday, September 13, 2010

နိုင်ငံကျော်ရုပ်ရှင်မင်းသား ခန့်စည်သူအား ဆန့်ကျင်ရှုတ်ချသည့်ဆန္ဒပြပွဲ ပြုလုပ်မည်

 နိုင်ငံကျော်ရုပ်ရှင်မင်းသား ခန့်စည်သူအား ဆန့်ကျင်ရှုတ်ချသည့်ဆန္ဒပြပွဲ ပြုလုပ်မည်။
ကျင်းပမည့် နေရာ ။ ။ Morley Recreation Center,Perth,Australia
ကျင်းပမည့် အချိန် ။ ။ ၁၆၊ ၁၀၊ ၂၀၁၀ (စနေနေ့) ညနေ ၅-၃၀ 
အာရုံဦးမှာဖူးသည့်ကြာတွင် ခန့်စည်သူ..ဘာတွေပြောခဲ့သလဲ..
ရ၅-ကျပ်တန်၊ ၃၅-ကျပ်တန် နဲ့ ၂၅-ကျပ်တန်များ တရားမ၀င်ကြေငြာတာနဲ့ပက်သက်၍-
“ထိုင်ဝမ်တို့၊ ဟောင်ကောင်တို့ဘက်ကငွေစက္ကူအတုတွေကိုလည်း  ဗကပတွေ၊ KNU တို့လက်ထဲမှာလည်း တွေ့တာမနည်းဘူးတဲ့…”
နိုင်ငံရေးမတည်ငြိမ်မှုနှင့်ပက်သက်၍….
“ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလုပ်စားတွေ ခလောက်ဆန်လို့ ပြည်သူတွေဟာ ဒုက္ခရောက်ခဲ့ရတယ်..”
၂၀၁၀-ရွေးကောက်ပွဲ ကိစ္စနှင့်ပက်သက်၍-
“ လမ်းပြမြေပုံအရ ရှေ့ လုပ်ငန်းစဉ် ၇-ချက်က တော်တော်လေးခရီးရောက်နေပြီ။ ဒီမိုကရေစီဆိုတဲ့..ကြာပန်းကြီးက ဖူးပွင့်လာတော့မှာပါ”
နအဖအစိုးရနှင့်ပက်သက်၍-
“တပ်မတော်အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေနဲ့ဆောင်ရွက်ခဲ့သည်။ တသက်လုံး ဘယ်တုန်းကမှ မမျှော်မှန်း နိုင်တဲ့ငြိမ်းချမ်းရေးဆိုလည်း အဖွဲ့အစည်း ၁၇-ဖွဲ့နဲ့ အဖွဲ့ငယ်တွေလည်း ဥပဒေဘောင်ထဲကို ၀င်ရောက်လာခဲ့ကြတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးလည်း တိုးတက်လာခဲ့တယ်။ ကားလမ်း၊ ရထားလမ်း၊ ဆည်မြောင်းတာတမံတွေလည်း မရေမတွက်နိုင် အောင်တည် ဆောက်နိုင်ခဲ့တယ်။ ပညာရေးဆိုလည်း တက္ကသိုလ်တွေ၊ ကောလိပ်တွေဆိုတာကလည်း လက်ညိုးထိုးမလွဲနိုင်အောင် ဆောက်လုပ်ပေးနိုင်ခဲ့တယ်။ နောင်တက်လာမဲ့ ဒီမိုကရေစီအစိုးရအတွက် တပ်မတော်အစိုးရက စေတနာအပြည့်နဲ့ဆောင်ရွက်ပေးခဲ့တယ်…”

ဆန္ဒပြပွဲရည်ရွယ်ချက်-
ခန့်စည်သူသည်ယင်းဇာတ်လမ်းတွင်အဓိကသရုပ်ဆောင်ဖြစ်သည်။သမိုင်းဖြစ်ရပ်အမှန်များအားလိမ်သည်။ ပြည်သူလူထုအားစော်ကားသည်။ ပြည်သူ့ထမင်းစားသော အနုပညာရှင်သည် ထိုကဲ့သို့မလုပ်သင့်။
ထို့ကြောင့်မိမိတို့Perthမြို့ရောက်မြန်မာပြည်သူများအားလုံးသပိတ်မှောက်ဆန္ဒပြကြပါရန်တိုက်တွန်းနှိုးဆော်သည်။ ပွဲစီစဉ်သူများအားကြိုတင်တောင်းပန်အပ်ပါသည်။မိမိတို့တော်လှန်ရေးသမားများအနေဖြင့်လူကြီးမင်းတို့၏ပွဲအား ပျက်စီးစေရန်မရည်ရွယ်ပါ။ မိမိတို့ဆန္ဒ ပြပွဲ၏ရည်ရွယ်ချက်မှာ ခန့်စည်သူတဦးကိုသာ ပညာပေးရန်ဖြစ်ပါသည်။

Perth မြို့ ရောက် တော်လှန်ရေးသမားများ-

ဆက်သွယ်ရန်-
ဘုန်းကျော် (ဖုန်း- ၀၄၃၀၄၂၉၆၆၇)
အနုပညာသည် ပြည်သူအတွက်ဖြစ်ရမည်

2 comments:

  1. အာရုံဦးမှာ လူးသည့်ပြာ...ပေါ်လစီကားရိုက်ထားတဲ့ အနုပညာရှင်မည်သူမဆို
    တိုင်းပြည်ပြင်ပမှာ လာရောက်ဖြေဖျော်လျှင် ဆန္ဒပြမည် ( လူကိုတိုက်တာမဟုတ်ပါ မူကိုတိုက်မှာပါ )

    ReplyDelete
  2. ပြောပါသေးတယ် ဦးသန့်အရေးခင်းနှင့် ဦးသန့်ကို "ဦးသန့်က အမေရိကားမှာ ဗမာပြည်ကနေ နိုင်ငံခြားရေးဝန်ကြီးပေးတာတောင်မလာဘူး ဟိုမှာ ပါမောက္ခလား ကထိကလားလုပ်နေလေရဲ့" ဆိုတာရယ် "တကယ်တော့ ဦးသန့်ကို အမေရိကားမှာ သဂြိုလ်လိုက်လဲဘာမှ မဖြစ်ဘူး ရန်ကုန်ကိုပို့လိုက်တော့ ပြဿနာရှာစရာအကြောင်းတခုရသွားတာ" ဆိုတဲ့စကားတွေက ဦးသန့်နှင့် ဦးသန့်အရေးခင်းကို စော်ကားတဲ့ စကားတွေကို စစ်ခွေးအလိုတော်ရိ ခန့်စည်သူနှင့် စစ်ခွေးသမီး ခိုင်သင်းကြည် တို့နှစ်ယောက်ပြောတယ်။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....