Sunday, August 1, 2010

ပြည်သူအတွက် မရပ်တည်သော အနုပညာရှင်ကို လန်ဒန်ရောက် ကျောင်းသားများ ကန့်ကွက် ဆန္ဒပြ


CHAN MYA SOE 's Public Gallery မှ ဓါတ်ပုံများကို ဖေါ်ပြပါသည်။

London တွင်ပြုလုပ်သော မြန်မာအသင်း၏ အငြိမ့်ဖျော်ဖြေမှုတွင် အာရုဏ်ဦးမှာဖူးသည့်ကြာ၏ ၀ါဒဖြန့်သရုပ်ဆောင် နေတိုးနှင့်မိုးယုစံ ပါဝင်နေသည့်အတွက် လန်ဒန်ရောက် မြန်မာကျောင်းသားများ ၀ိုင်းဝန်းဆန္ဒပြကြကြောင်း။ ထိုနေ့ည အငြိမ့်ဖျော်ဖြေမှုမှာလည်း လူအနည်းအကျဉ်းသာ လာရောက်သည့်အပြင် အချို့မှာ ဆန္ဒပြနေသည့်အတွက် လှည့်ပြန်သွားကြသူများ ရှိကြကြောင်း လန်ဒန်ရောက် မြန်မာကျောင်းသားဆန္ဒပြပွဲ မျက်မြင်သက်သေက ပြောပါသည်။ ပြည်သူကတင်မြှောက်ထားသော အနုပညာရှင်များအနေဖြင့် ပြည်သူအပေါ်သစ္စာဖေါက်ခြင်းအတွက် ဒဏ်ခက်ခံရခြင်းဖြစ်ပါသည်။ အနုပညာရှင်များ အနေဖြင့် ပြည်သူအား သစ္စာမဖေါက်သင့်ကြောင်း ယ္ခုဆန္ဒပြပွဲက သက်သေခံနေပါသည်။

(သတင်းအတွက် ကူညီသော သူငယ်ချင်းများနှင့် ဓါတ်ပုံအတွက် ကိုချမ်းမြစိုး အားကျေးဇူးတင်ပါသည်။)

ကိုကြီး ဘလောက်မှကူးယူဖေါ်ပြပါသည်။

2 comments:

  1. အဲဒ်ီထဲမှာ နေတိုးလို စစ်အစိုးရအတွက် သရုပ်ဆောင်ပေးရတဲ ဗမာလူမျိုး မင်းသားတွေအများကြီးရှိနေတာဘဲ ၀ိုင်းဝန်းဆန္ဒပြတာတွေမကြားပါဘူး။ အခုကတော နေတိုးက တိုင်းရင်းသား မင်းသားဖြစ်နေလို့လားမသိဘူးနော်...မတရားလိုက်တာများ....တကယ်လို့များ မင်းသားနေတို့းကို စစ်အစိုးရက မင်း ငါရိုက်ခိုင်းတဲကားမရိုက်ရင် လုံးဝ အနုပညာနှင့်ပတ်သတ်ခွင့်မရှိတောဘူးဆိုရင်ကော ဒီကလူတွေကကော ဘာလုပ်ပေးနိုင်မို့လို့လဲ.....မတရားလိုက်တာများနော်......မြန်မာနိုင်ငံမှာ အနုပညာရှင်တော်တော်များများဟာ ခိုင်းတာလုပ်ဘဲ။ လူတွေကိုမပြောနဲ့ နိုင်ငံ့ဝန်ဆောင် ခေါင်းဆောင်ဘုန်းတော်ကြီးတွေတောင် မစ္ဆာကောင်စစ်အုပ်စုတွေရဲ့ လှူတာယူ ပြောရင်လက်ခံဘဲ။ ဒို့ကတော့ နေတိုးရဲ့ပရိတ်သတ်ဆိုတော....မတရားဘူးလို့ထင်တယ်.....

    ReplyDelete
  2. ဟေ့ kyaw wong....အသိပ်အတွေးမတိမ်ပါနှင့် နေတိုးမှမဟုတ်ပါဘူး ဘယ်သူမဆိုလို့ အဲဒီဝါဒ ဖြန့်ဇာတ်ကား အာရုဏ်ဦးမှာဖူးသည့်ကြာ မှာပါရင် လုပ်မှာပါဘဲ နေတိုး တိုင်းရင်းသားမို့ လုပ်တယ်ပြောရအောင် နေတိုးကိုဘဲ လုပ်မယ်လို့ပြောထားလား ရေးထားတဲ့စာကို သေသေချာချာဖတ်ကွ၊ အနုပညာရှင်တွေ စစ်အစိုးရကြောက်လို့ လုပ်ပါတယ်ကွာ မြေကွက်တွေ အကျိုးခံစားခွင့်တွေ အခုလို နိုင်ငံခြားထွက်ခွင့်တွေ ရတော့ရော သူတို့ခံစားပြီး လုပ်တာဘဲ မဟုတ်ဘူးလား။ အစိုးရကြောင့် လုပ်ရတာ စိတ်မပါဘူးလို့ ပြောပြီးရလာတဲ့ ငွေလဲ စိတ်သန့်သွားအောင် ဘယ်လူမှုရေးလုပ်ငန်းမှာ လှူလဲ ရှိရင်ပြောပါအုန်း ရခိုင်မိဘမဲ့ကလေးတွေကို နေတိုး စစ်တွေမှာ လာလှူသလား အဲဒီရတဲ့ မြေကွက်တွေ ပါမစ် ဘယ်သူ့အတွက်လဲ။ USA မှာဆိုရင် အခုရက်ပိုင်းအတွင်းမှာ ၀ိုင်းစုခိုင်သိန်း ပွဲကို အပြီးဖျက်ပစ်မှာ ဖျက်မရရင်လဲ စင်ပေါ်တက်ဖို့တော့ မစဉ်းစားနှင့် အရှက်တကွဲကို လုပ်ကြမှာ။ နောက်ပြီးအဲဒီ အာရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားမှာပါတဲ့ အကုန်လုံး အမေရိကန်ပြည်ဝင်ခွင့် ဗီဇာပိတ်ဖို့ လှုပ်ရှားနေကြပြီ။ အခုလိုလုပ်မှ သူတို့လဲ ပြည်သူတွေကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူဘက်က ရပ်တည်လာမှပေါ့။ သမ္ဘာရင့် နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်တောင် သစ္စာဖေါက်ပြီး ပါပီမ သီချင်းဆိုတော့ စိုင်းခမ်းလိတ်က သီချင်းမရေးပေးတော့လို့ နောက်သူဆိုတဲ့ သီချင်းတွေ ဘယ်မှာပေါက်သလဲ။ စောင့်ကြည့်အုန်း အမေရိကားကို အဲဒီဇာတ်ကားမှာပါတဲ့ အနုပညာရှင်တွေ လာခဲ့ရင်ဘာဖြစ်မလဲဆိုတာ ဟုတ်ပြီလား။ ဘုန်းကြီးမှာတောင် စစ်တပ်ကလှူတာ အလှူမခံလို့ ထောင်ထဲ ထည့်ခံရတဲ့ ဆရာတော်ကြီးတွေ အများကြီးရောသိလား စွပ်ပြောမနေနှင့် ဘုန်းကြီးတွေကို စော်ကားသလိုဖြစ်မယ်ကွ ပြည်သူကို သစ္စာရှိလို့ ထောင်ထဲမှာ သီတင်းသုံးနေတဲ့ ဆရာတော်တွေ မင်းမှမသိဘဲ။ တို့မတရားတာ ဘယ်သူမှ ဘ၀ပျက် အသက်မဆုံးရှုံးသွားပါဘူး နေတိုး ကူညီပြီး ကောင်းပါတယ်လို့ သရုပ်ဆောင်ပေးနေတဲ့ စစ်တပ်က ကောင်တွေက သန်း(၆၀)လူတွေရဲ့ဘ၀တွေကို ဆင်းရဲနေအောင်ထား သဘောထားမတိုက်ဆိုင်သူဆို ထောင်ထဲထည့် ပြောမရရင် ဘုန်းကြီးတောင် ပစ်သတ်တဲ့ကောင်တွေကျတော့ တရားသလားကွ။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....