၂၀၁၀ ခုနှစ် ဇွန်လ ၂၆၊၂ရ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့သော နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တရားခွင်ကြားနာ စစ်ဆေးပွဲ အောင်မြင်စွာ ပြီးစီးသွားသည့်အပေါ် ငွေအား လူအားဖြစ် ပါဝင် ခဲ့ကြသူများအား ဂုဏ်ပြုလက်မှတ် ပြန်လည်ချီးမြှင့်သည့် အခမ်းအနားကို Toshima-ku Minami Otsuka မှာ ယနေ့ ညနေ ၁၈း၃၀ မှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကျင်းပရေးတာဝန်ခံဖြစ်သူ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ့)တာဝန်ခံ ဒေါ်ချိုချိုအေးမှ ကျေးဇူးတင်စကားပြောကြားပြီးနောက် ဘဏ္ဍာရေးရှင်းတမ်းကို မလေးလေးမှ ရှင်းလင်းတင်ပြသွားပါသည်။ ကျင်းပပြီးစည်းသွားသည့် အပေါ် ပြန်လည်သုံသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆက်လက် အကောင်အထည်ဖေါ် လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo



No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်