Sunday, August 1, 2010

အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျောင် မြန်မာရဟန်းတော်များအဖွဲ့ချုပ်-ဂျပန်ဌာနခွဲ ကျောင်းနေရာသစ်ပြောင်းရွှေ့ဖွင့်လှစ်ခြင်း





ယနေ့ ကောဇာသက္ကရာဇ် ၁၃၇၂ခုနှစ်၊ ခရစ်နှစ်၂၀၁၀ခုနှစ်၊သြဂုတ်လ၊(၁)ရက်နေ့တွင် ဂျပန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျောင် မြန်မာရဟန်းတော်များအဖွဲ့ချုပ်၏ ရုံးခန်းနေရာ ဖွင့်လှစ်ခြင်း အခမ်းအနားကို ဂျပန်နိုင်ငံ၊တိုကျိုမြို့၊စုဂါမိုရှိ ကျောင်းနေရာသစ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာဖွင့်လှစ်ခဲ့ပါသည်။ထို့နောက် ပရိသတ်များမှ ဆရာတော်များထံမှ ငါးပါးသီလ ခံယူစောင့်တည်ကြပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့ကြပါသည်။ဆက်လက်၍ ဆရာတော်များအား လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျောင် မြန်မာရဟန်းတော်များအဖွဲ့ချုပ်၏ ဒု-ဥက္ကဌ ကနေဒါဆရာတော် ဦးကေိာဒထံမှ onlineမှ တဆင့် သြဝါဒကထာစကား အဆုံးအမကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျောင် မြန်မာရဟန်းတော်များအဖွဲ့ချုပ် ဂျပန်ဌာနခွဲ ဆရာတော် ဦးဓမ္မဇောတိထံမှ အနုမောဒနာတရားကိုလည်းကောင်း နာယူခဲ့ကြပြီး ရေစက်ချအမျှပေးဝေကာ အခမ်းအနားကို 'ဗုဒ္ဓသာသနံ စိရံတိဌတု'သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
ဓါတ်ပုံ.......ဦးသန်းဝင်း၊ကိုအောင်ထူးသိန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....