နိင်ငံတနိင်ငံကို အုပ်ချုပ်တဲ့ အစိုးရ လုပ်နေပြီး သာမန်ပြည်သူလောက်မှ အတွေးအမြင် မထက်သန်ရင် နိင်ငံတကာအလယ်မှာ ကိုယ့်နိင်ငံနဲ့ အစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေသလို အဆိုးရွားဆုံးအနေနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်။ ပြည်သူပြည်သားတွေ နစ်နာဆုံးရှုံးမှုနဲ့ ကြုံရစေပါတယ်။ ပြည်သူဆိုတာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အေးချမ်းစွာ နေထိုင်ရှင်သန်ချင်ကြတဲ့သူတွေချ
Monday, October 15, 2012
ပြည်သူကို တကယ်စေတနာမှန်ရင်..........
စေတနာစကားဆိုပါရစေ…
နိင်ငံတနိင်ငံကို အုပ်ချုပ်တဲ့ အစိုးရ လုပ်နေပြီး သာမန်ပြည်သူလောက်မှ အတွေးအမြင် မထက်သန်ရင် နိင်ငံတကာအလယ်မှာ ကိုယ့်နိင်ငံနဲ့ အစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေသလို အဆိုးရွားဆုံးအနေနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်။ ပြည်သူပြည်သားတွေ နစ်နာဆုံးရှုံးမှုနဲ့ ကြုံရစေပါတယ်။ ပြည်သူဆိုတာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အေးချမ်းစွာ နေထိုင်ရှင်သန်ချင်ကြတဲ့သူတွေချ ည်းပါပဲ။ ထစ်ခနဲရှိ နေပူပူ မိုးရွာရွာ လမ်းမထွက်ပြီး ဆန္ဒထုတ်ဖော် နေရတာဟာ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေပါ။ အချိန်ကုန်
လူပန်းစေပါတယ်။ ပြည်သူတွေ ဆန္ဒထုတ်ဖော်မှ “ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်
ခွင့်ပြုမည် မဟုတ်ကြောင်း” ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်နေရတာဟာ
အုပ်ချုပ်သူတွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် နဲ့ သုံးသပ်ချက် မရှိတာ
ပေါ်လွင်လွန်းတယ်။ ပြည်သူပြောမှ သိရမယ် ကြားရမယ်ဆိုရင်တော့ အဲဒီပြည်သူကိုပဲ
အစိုးရခန့်သင့်ပါတယ်။ ဒါမှမဟုတ် သိသိချည်းနဲ့ လုပ်တာဆိုရင်တော့ အမှတ်
လိုချင်တဲ့ အကွက်ကလွဲပြီး တခြားမရှိနိင်ဘူးဆိုတာလည်း ပြည်သူတွေက
သဘောပေါက်မှာပါ။ ပြည်သူတွေဝိုင်းအော်မှ ပြည်သူ့သဘောအတိုင်းခွင့်ပြုမည်
မဟုတ်ကြောင်းဆိုတဲ့ လုပ်ကွက်နဲ့ နာမည်ကောင်း အမှတ်ယူ မယ်ဆိုရင်လည်း
အဲဒီအမှတ်က ၂၀၁၅ ရွေးကောက်ပွဲ အထိ မခံဘူးဆိုတာတော့ သိထားဖို့
လိုပါလိမ့်မယ်။ ပြည်သူတွေ အဲဒီလောက် မနုံပါဘူး။ မ အပါဘူး။ မလိုအပ်ဘဲ
ပြည်သူပြည်သားတွေရဲ့ အားအင်တွေ မကုန်ခမ်းပါရစေနဲ့။
စိတ်ညစ်နွမ်းမဆင်းရဲပါရစေနဲ့။ အစိုးရအဖွဲ့ဝင်တွေ အဲကွန်းခန်းထဲ ထိုင်နေသလို
ပြည်သူတွေ မထိုင်နေရရင်တောင် ကိုယ့်အိမ်ရိပ်မှာကိုယ် စိတ်ချမ်းသာစွာနဲ့
နေကြပါရစေ။ လမ်းပေါ်မထွက်ပါရစေနဲ့။ ရှေ့လျှောက် စီမံကိန်းတွေမှန်သမျှ
ပြည်သူတွေကို မထိခိုက်ပါရစေနဲ့။ နိင်ငံကို အုပ်ချုပ်တဲ့ အစိုးရပီပီ
မှန်ကန်စွာ သုံးသပ် ဆုံးဖြတ် နိင်ကြပါစေ...။
နိင်ငံတနိင်ငံကို အုပ်ချုပ်တဲ့ အစိုးရ လုပ်နေပြီး သာမန်ပြည်သူလောက်မှ အတွေးအမြင် မထက်သန်ရင် နိင်ငံတကာအလယ်မှာ ကိုယ့်နိင်ငံနဲ့ အစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေသလို အဆိုးရွားဆုံးအနေနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်။ ပြည်သူပြည်သားတွေ နစ်နာဆုံးရှုံးမှုနဲ့ ကြုံရစေပါတယ်။ ပြည်သူဆိုတာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အေးချမ်းစွာ နေထိုင်ရှင်သန်ချင်ကြတဲ့သူတွေချ
Labels:
ခံစားမှုစာစု
Posted by
Unknown
သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်

အေးချမ်းမွန်။ ။ (၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည
တီထွင်သူ အစစ်......
လောင်းရိပ်
လိုအပ်သည်ထက်ပိုမိုတဲ့ အကာအကွယ်ရမှု၊ ပြည့်စုံလုံလောက်မှုတွေရဲ့ လွှမ်းခြုံမှုကို လောင်းရိပ်လို့ အဓိပ္ပါယ်ဖွင့်လို့ ရပါတယ်။ အဲဒီ့ လောင်းရိပ်ရဲ့ လွှမ်းမိုးထားခြင်း ခံရမှုကိုတော့ လောင်းရိပ်မိတယ်လို့ ပြောကြပါတယ်။
အပင်တပင်ဟာ လောင်းရိပ်အောက်မှာနေရတာ အေးမြပါတယ်။ လုံခြုံမှုရှိပါတယ်။ ဒါပေမယ့် လောင်းရိပ်ကြောင့် နေ၊ရေ၊လေ စတဲ့ သဘာဝတရားတွေနဲ့ တိုက်ရိုက်ထိတွေ့မှုနည်းပြီး ဖွံ့ဖြိုးမှုတိုးတက်မှု အားနည်းတတ်တာ၊ နှောင့်နှေးတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
မြို့ကြီးပြကြီးတခုခုရဲ့ ကပ်လျက်မှာ တည်နေရတဲ့ မြို့ငယ်လေးတွေဆိုလည်း မြို့ကြီးရဲ့ လောင်းရိပ်ကိုမိပြီး တိုးတက်မှု နှောင့်နှေးတတ်တယ်။ ဥပမာ… တွံတေး၊ သံလျင်၊ ဒလ၊ ကွန်းခြံကုန်း၊ မှော်ဘီ၊တိုက်ကြီး၊ ပဲခူး စတဲ့ မြို့ငယ်လေးတွေဟာ ရန်ကုန်နဲ့ နီးကပ်နေပါလျက် မန္တလေးလောက်၊ မော်လမြိုင်လောက်၊တောင်ကြီးတို့လောက် မစည်ကားတာဟာ ရန်ကုန်လောင်းရိပ်မိနေလို့ပဲ။
လူသားတို့ရဲ့ ဘဝမှာလည်း မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့ လောင်းရိပ်မိနေရင် အထက်ကဖေါ်ပြခဲ့တဲ့ အပင်ငယ်တွေ၊ မြို့ငယ်တွေလိုပဲ ဖွံ့ဖြိုးတိုးတက်မှုအားနည်းတာတို့၊ လောင်းရိပ်ရဲ့ ကာဆီးအုပ်မိုးပေးမှုကြောင့် ဘယ်အရာကိုမှ ခံနိုင်ရည်မရှိတာတို့ ဖြစ်တတ်ပါတယ်။
ယနေ့ခေတ် မြန်မာပြည်မှာ မပွားများသင့်ဘဲ ပွားများနေတဲ့ ကိစ္စတွေထဲက တခုဖြစ်တဲ့ ...

ကိုယ်တိုင်ရေးဆောင်းပါး
Posted by
Unknown
Tuesday, October 9, 2012
တရားပွဲ ဖိတ်ကြားလွှာ
ပါချုပ် ဆရာတော် ကြီး ဒေါက်တာနန္ဒမာလ ဘိဝံသကို
ဓမ္မဒေါင်းလုပ်မိသားစုများမှ စင်္ကာပူသို့
တရားဟောကြွရောက်ရန် ပင့်ဆောင်ခဲ့ပါသည်။
ဆရာတော်ကြီး၏ တရားပွဲများကို အောက်ပါ
အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါမည်။
တရားပွဲ ပထမနေ့
-------------------
နေ့ရက်။ ၂၆ အောက်တိုဘာ ၂၀၁၂ သောကြာနေ့
အချိန်။ ညနေ ၇နာရီမှ ၉နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
နေ့ရက်။ ၂၆ အောက်တိုဘာ ၂၀၁၂ သောကြာနေ့
အချိန်။ ညနေ ၇နာရီမှ ၉နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
အောက်ပါ
websiteများမှရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/ live1.htm
http://www.myaseintaung.net/ live/
http://lotusdhamma.com
http://livedhamma.com
http://dhammadownload.com/
http://www.myaseintaung.net/
http://lotusdhamma.com
http://livedhamma.com
တရားပွဲ ဒုတိယနေ့
--------------------
(ဆရာတော်ကြီး၏တရားပွဲ ဒုတိယနေ့ 27-Oct-2012 Arena Country Club နေရာတွင် မင်္ဂလာဆောင်ပွဲနှင့် တိုက်ဆိုင်နေပြီး တရားပွဲနှင့်နီးကပ်စွာပြုလုပ်
နေ့ရက်။ ၂၇
အောက်တိုဘာ ၂၀၁၂ စနေနေ့
အချိန်။ ညနေ ၆း၃၀ နာရီမှ ၈ နာရီထိ
နေရာ။ Sasanaramsi Burmese Buddhist Temple မဟာသာသနရံသီ မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီး 14, Tai Gin Road, (Off Ah Hood Road), Singapore 327873
အချိန်။ ညနေ ၆း၃၀ နာရီမှ ၈ နာရီထိ
နေရာ။ Sasanaramsi Burmese Buddhist Temple မဟာသာသနရံသီ မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီး 14, Tai Gin Road, (Off Ah Hood Road), Singapore 327873
အောက်ပါ
websiteများမှရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/ live1.htm
http://www.myaseintaung.net/ live/
http://lotusdhamma.com
http://livedhamma.com
http://dhammadownload.com/
http://www.myaseintaung.net/
http://lotusdhamma.com
http://livedhamma.com
တရားပွဲ တတိယနေ့
----------------------
Labels:
နိုးဆော်ခြင်း
Posted by
Unknown
Monday, October 8, 2012
ဗုဒ္ဓဘာသာအတွက် နှိုးဆော်လိုက်ပါသည်
ယနေ့ (၈-၁၀-၂၀၁၂) နေ့ လည် (၁နာရီ၃၀) ခန့် အချိန်တွင် ပြည်သူ့ ရင်ပြင်(ပြည်သူ့လွှတ်တော်ရှေ့)၌
ဘုန်းတော်ကြီးများ နှင့် ဗုဒ္ဒဘာသာဝင် ပြည်သူများစုပေါင်းကာ ဘင်္ဂလာဒေရှ်
့သံရုံးရှေ့ တွင် ဆန္ဒဖော်ထုတ်ပွဲရှိပါသည်။ ဗုဒ္ဒဘာသာကို စော်ကားသော
မွတ်ဆလင်များကို ရှုံ့ ချသော ဆန္ဒဖော်ထုတ် လမ်းလျှောက်သည့် ပွဲဖြစ်ပါသည်။ နေ
့လည်တွင် ပြည်သူ့ ရင်ပြင်တွင်လုစုကာ ဓမ္မစေတီလမ်း ထိုမှ ဘင်္ဂလာဒေရှ်
့သံရုံးရှေ့ သံရုံးကို စီတန်းလမ်းလျှောက်မည်ဖြစ်ပြီး ဘင်္ဂလာဒေရှ့် သံရုံးရှေ
့တွင် ခေတ္တ ရပ်ကာ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရ
ုံဘက်ကို လမ်းလျှောက်ပြီး လူစုခွဲမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသော ဗုဒ္ဒဘာသာဝင် မည်သူမဆို ပါဝင်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ ယနေ့ ဆန္ဒပြခွင့် ခွင့်ပြုချက်မရသော်လည်း သံဃာတော်များ ငြိမ်းချမ်းစွာဆန္ဒပြမည် ....
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒဘာသာဝင်များအကြမ်းဖက်ခံရမှုနှ င့်ပတ်သက်ပြီး
တုန့်ပြန်သည့်အနေ ဖြင့် ယနေ့(၈-၁၀-၂၀၁၂)နေ့လည် ၂နာရီတွင် ရန်ကုန်မြို့၊
ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆရာတော်ဦးကောဝိဒ ဦးဆောင် ကာ သံဃာတော် အပါး
၁၀၀ဝ ခန့်နှင့် ရခိုင်အမျိုးသားကွန်ယက်မှ လူငယ်၇ဝ ဦးခန့်တို့သည်
ဆန္ဒပြတောင်း ဆိုမည့်အစီအစဉ်အား သက်ဆိုင်ရာမှ ခွင့်ပြုချက် မရသဖြင့်
အဆိုပါနေရာတွင်ပင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် မှုကိုလုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသား ကွန်ယက်မှ ဗဟိုကော်မတီ ဝင်
ဦးမျိုးချစ်ကပြောသည်။
Yangon Media Group
Labels:
နိုးဆော်ခြင်း
Posted by
Unknown
Subscribe to:
Posts (Atom)