Tuesday, October 9, 2012

တရားပွဲ ဖိတ်ကြားလွှာ


ပါချုပ် ဆရာတော် ကြီး ဒေါက်တာနန္ဒမာလ ဘိဝံသကို ဓမ္မဒေါင်းလုပ်မိသားစုများမှ စင်္ကာပူသို့ တရားဟောကြွရောက်ရန် ပင့်ဆောင်ခဲ့ပါသည်။ ဆရာတော်ကြီး၏ တရားပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါမည်။
 

တရားပွဲ ပထမနေ့
-------------------
နေ့ရက်။ ၂၆ အောက်တိုဘာ ၂၀၁၂ သောကြာနေ့
အချိန်။ ညနေ ၇နာရီမှ ၉နာရီထိ
နေရာ။  Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
 
အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/live1.htm
http://www.myaseintaung.net/live/
http://lotusdhamma.com
http://livedhamma.com
 


တရားပွဲ ဒုတိယနေ့
--------------------
(ဆရာတော်ကြီး၏တရားပွဲ ဒုတိယနေ့ 27-Oct-2012 Arena Country Club နေရာတွင် မင်္ဂလာဆောင်ပွဲနှင့် တိုက်ဆိုင်နေပြီး တရားပွဲနှင့်နီးကပ်စွာပြုလုပ်ရန် အဆင်မပြေ တော့ ပါသဖြင့် ထို စနေနေ့ (၂၇-၁၀-၂၀၁၂)တရားပွဲကို တိုပါးရိုး မြန်မာ ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းထားပါကြောင်း အသိပေးအပ်ပါသည်။)
နေ့ရက်။ ၂၇ အောက်တိုဘာ ၂၀၁၂ စနေနေ့
အချိန်။ ညနေ ၆း၃၀ နာရီမှ ၈ နာရီထိ
နေရာ။ Sasanaramsi Burmese Buddhist Temple မဟာသာသနရံသီ မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီး 14, Tai Gin Road, (Off Ah Hood Road), Singapore 327873
 
အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/live1.htm
http://www.myaseintaung.net/live/
http://lotusdhamma.com
http://livedhamma.com

 
တရားပွဲ တတိယနေ့
----------------------

နေ့ရက်။ ၂၈ အောက်တိုဘာ ၂၀၁၂ တနင်္ဂနွေနေ့
အချိန်။ ညနေ ၇ နာရီမှ ၉နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
 
အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://dhammadownload.com/live1.htm
http://www.myaseintaung.net/live/
http://lotusdhamma.com
http://livedhamma.com

 
ဆရာတော်ကြီး သည် အောက်တိုဘာ ၂၅ရက်နေ့တွင် SilkAir ဖြင့် နေ့လည် ၂နာရီအချိန်တွင် စင်္ကာပူနိုင်ငံသို့ ကြွရောက်မည်ဖြစ်ပြီး  Orchard Parksuites service apartment တွင် အောက်တိုဘာ ၂၅ရက်နေ့မှ ၃၁ ရက်နေ့ထိ သီတင်းသုံး မည် ဖြစ်ပါသည်။ အောက်တိုဘာ ၃၁ရက်နေ့ လည် ၂နာရီ တွင် Singapore Airline ဖြင့် ရန်ကုန်သို့ ပြန်လည် ကြွ ချီ မည်ဖြစ်ပါသည်။
ဆရာတော်ကြီး သီတင်းသုံးမည် ယာယီကျောင်းဆောင် လိပ်စာ မှာ

Orchard Parksuites
11 Orchard Turn, Orchard, Singapore 238800

အောက်ဖေါ်ပြပါ Google Map သည် ဆရာတော်ကြီး ယာယီကျောင်းဆောင် နေရာ ဖြစ်ပါသည်။
https://maps.google.com.sg/maps?hl=en&ie=UTF-8&q=Orchard+Parksuites+by+Far+East+Hospitality+singapore&fb=1&gl=sg&hq=Orchard+Parksuites+by+Far+East+Hospitality+singapore&cid=0%2C0%2C4952674175107256478&ei=Zuk-ULSlNIborQfV6YHwCg&sqi=2&ved=0CJ8BEPwSMAM
 
မှတ်ချက်။ ။
ယာယီကျောင်းဆောင် အလှုဒါန
အာရုဏ်ဆွမ်း အလှုဒါန
နေ့ ဆွမ်း အလှုဒါန
စသည်တို့အတွက် အလှုဒါနပြုလိုပါကပါဝင်လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်ရန်။ ဒေါ်ဆွေဆွေကြိုင် (၉၇၃၆၃၅၅၄)၊ ဦးကျော်လွင် (၉၇၃၆၅၀၃၄)၊ ဦးအောင်နိုင် (၉၂၂၇၇၄၉၁)၊ ကိုဇော်မိုးစံ (၉၁၇၁၄၃၅၀)၊ ဦးဝင်းဘို (၈၄၅၇၂၉၃၁)၊ ဦးကျော်ဝင်း (၉၇၆၁၂၇၄၇)၊ ဦးရဲမြင့်(၈၆၅၂၈၂၇၇) ၊ ဦးတင့်လွင် (၉၈၅၈၁၃၂၉)၊ ဒေါ်လှလှဝင်း (၉၆၆၉၅၇၇၄)


DBS Saving Plus အကောင့်နံပါတ် ၀၇၀-၀-၀၁၂၂၅၇ ထဲသို့ တိုက်ရိုက် လှုဒါန်းနိုင်ပါသည်...အလှုငွေလွှဲပြီးလျှင် အလှုရှင်များ၏ အမည်နှင့် လွှဲသည့် ပမာဏနှင့် အကြောင်းအရာကို dhammadownload.admin@gmail.com  သို့ email ပို့ပေးပါရန် မေတ္တာရပ်ခံပါသည်...

ဤတရားပွဲ ကို ဓမ္မမိတ်ဆွေတို့၏ သူငယ်ချင်းများကို လက်ဆင့်ကမ်း Forward လုပ်ပေးကြပါရန်
*************************************************************
အလှုရှင်များ စာရင်း
၁။ ကွယ်လွန်သူမိဘနှစ်ပါးဖြစ်သော ( ဦးလောဟွမ် + ဒေါ်လမ်ပွဲ ) အားရည်စူး၍ ဦးမျိုးထွန်းဦး + ဒေါ်ဝေေ၀ဦး မိသားစုမှ တရားဟောခန်းမ အတွက် အလှူငွေ S$4000
 ၂။ SilkAir Tickets ( Business Class ) အသွား နှင့် အပြန် အလှူရှင် US$1000 ခန်.
ကိုချမ်း (Mr Pitak Chaiprasit)+ မဖြူဖြူလှိုင် နှင့် သမီး မမေမာလာကျော် (PanPan), သား ကိုလင်းမင်းခန့် (Bond), သမီး မမေသန္တာကျော် (Xiao Xiao)

၃။ ဦးထူးမြင့် + ဒေါ်လှလှအေး မိသားစု  - S$100
၎။ မြတ်လယ်တီ အဖွဲ့ (စင်္ကာပူ) - S$500
၅။ မနှင်းဖြူ   - S$300
၆။ ကိုသောင်းတင်  - S$10
၇။ ကိုအောင်ကိုမြင့် + မထက်ထက်နိုင် မိသားစု - S$100
၈။ မသီတာသိန်း - S$50
၉။ မသင်းသင်းအေး - -S$100
၁၀။ ဦးတင်မောင်ဝင်း+ဒေါ်သန်းသန်းဌေး မိသားစု (တရားပွဲ ဖြစ်မြောက်ရေး) - S$100
၁၁။ ကိုမောင်မောင်ကြီး + မသင်ဇာဝင်း မိသားစု  - S$100
ဆရာတော်ကြီး၏ ယာယီကျောင်းဆောင် အလှုရှင်များ
---------------------------------------------------------
၁။ မနှင်းအိလွင် - S$1000
၂။ မဇာဇာဝင်း၊ ကိုဇော်လင်းအောင်၊ ကိုဖြိုးသော်လွင်၊ ကိုဖြိုးမောင်မောင်၊ မနွယ်နီ၊ မခင်မ၊ မဖြူဖွေး၊ မချိုဝေမွန်၊ မရွှေရီ၊ မချိုမာဇင်-  S$560 (တရက်စာ)
၃။ ကိုဆွေသက်မောင် + မမွှေး -  S$560 (တရက်စာ)
၎။  ဦးသန်းမြင့်ဦး+ဒေါ်ချိုချိုမာ မိသားစု - S$100
၅။ ကိုကျော်စွာလင်း+မကေခိုင် - S$200
 
၆။ ကိုနေမျိုးဇော် - S$200
 
၇။ ကိုကျော်လှိုင် - S$60
 
၈။ ကိုသန်းထွန်းဝင်း - S$50
 
၉။ ကိုဟိန်းလတ် - S$50
 
ဆရာတော်ကြီး၏ တရားပွဲ အချိုရေ အလှုရှင်များ
---------------------------------------------------------
၁။ ဦးမောင်မောင်သန်း+ ဒေါ်တင်တင်ဝင်း၊ သမီး ဆုမြတ်အောင် မိသားစု - တရားပွဲ ၁ ရက်စာ အချိုရည်
၂။ ဦးပန်းအောင်+ဒေါ်လှလှဝင်း မိသားစု - တရားပွဲ ၁ ရက်စာအတွက် သောက်ရေသန့် S$200
၃။ ဦးခင်မောင်စန်း+ဒေါ်မူမူအေး၊ သမီး အေးသီခိုင်၊ မိသားစု - တရားပွဲ ၁ ရက်စာအတွက် သောက်ရေသန့် S$200
၎ ။ မဇာဇာဝင်း၊ ကိုဇော်လင်းအောင်၊ ကိုဖြိုးသော်လွင်၊ ကိုဖြိုးမောင်မောင်၊ မနွယ်နီ၊ မခင်မ၊ မဖြူဖွေး၊ မချိုဝေမွန်၊ မရွှေရီ၊ မချိုမာဇင်-  တရားပွဲ ၁ ရက်စာအတွက် သောက်ရေသန့် S$200
၅ ။ မဇာဇာဝင်း၊ ကိုဇော်လင်းအောင်၊ ကိုဖြိုးသော်လွင်၊ ကိုဖြိုးမောင်မောင်၊ မနွယ်နီ၊ မခင်မ၊ မဖြူဖွေး၊ မချိုဝေမွန်၊ မရွှေရီ၊ မချိုမာဇင်-  တနင်္ဂနွေနေ့ တရားပွဲတွင် မုန့် ဝေပါမည်။
၆။ ဦးတင့်လွင် မိသားစု၊ ဦးခိုင် မိသားစု၊ ကိုအောင်ကိုမြင့် မိသားစု - တရားပွဲ ၁ ရက်စာအတွက် သောက်ရေသန့် S$290
ဆရာတော်ကြီး၏ အာရုံဆွမ်းနှင့် နေ့ဆွမ်း အလှုရှင်များ
---------------------------------------------------------
(ဆရာတော်ကြီး အတွက် ဆွမ်းကို Orchard Parksuites တွင် ကပ်ရပါမည်။)

၂၆-၁၀-၂၀၁၂ သောကြာနေ့ (အာရုံဆွမ်း) ဦးနေဝင်း + ဒေါ်တင်တင်ဝင်း မိသားစု
၂၆-၁၀-၂၀၁၂ သောကြာနေ့ (နေ့ဆွမ်း)  ၁) မဇာဇာဝင်းနှင့် သူငယ်ချင်းများ
                                                     ၂) မောင်ဟိန်းလတ်ဇော်
                                                     ၃)  ဦးသန်းမြင့်ဦး+ဒေါ်ချိုချိုမာ မိသားစု
၂၇-၁၀-၂၀၁၂ စနေနေ့ (အာရုံဆွမ်း)  ကိုဋ္ဌေးဝင်းဦး+မရွှေရီတင့် မိသားစု
၂၇-၁၀-၂၀၁၂ စနေနေ့ (နေ့ဆွမ်း)  မနှင်းနှင်းယု
၂၈-၁၀-၂၀၁၂ တနင်္ဂနွေနေ့ (အာရုံဆွမ်း) ကိုမျိုးအောင်စန်း + မကျော့ကျော့ခိုင် သမီး စောရဒီယာ
၂၈-၁၀-၂၀၁၂ တနင်္ဂနွေနေ့ (နေ့ဆွမ်း) ၁) ဦးခိုင် မိသားစု၊ ဦးတင့်လွင် မိသားစု၊ ကိုအောင်ကိုမြင့်
                                                   ၂) ကိုကြည်ရွှင်+မဆုဆုတင် မိသားစု
၂၉-၁၀-၂၀၁၂ တနလာင်္နေ့ (အာရုံဆွမ်း) ဦးပန်းအောင်+ဒေါ်လှလှဝင်း မိသားစု
၂၉-၁၀-၂၀၁၂ တနလာင်္နေ့ (နေ့ဆွမ်း) မအိအိထိုက်၊ ကိုဝိုင်းအောင်+မဆုရည်မွန် မိသားစု
၃၀-၁၀-၂၀၁၂ အင်္ဂါနေ့ (အာရုံဆွမ်း) ဦးခင်မောင်စန်း+ဒေါ်မူမူအေး မိသားစု
၃၀-၁၀-၂၀၁၂ အင်္ဂါနေ့ (နေ့ဆွမ်း) ဦးကိုကိုလေး+ဒေါ်ချိုချိုမြင့် မိသားစု
၃၁-၁၀-၂၀၁၂ ဗုဒ္ဓဟူးနေ့ (အာရုံဆွမ်း) ကိုအောင်ဖြိုးမောင် and Families from Boonlay)
၃၁-၁၀-၂၀၁၂ ဗုဒ္ဓဟူးနေ့ (နေ့ဆွမ်း) ၁) ဦးဝဏ္ဏကိုကို+ဒေါ်ဝင်းမင်းခိုင်၊ သား မောင်ဟိန်းသက်ထူး၊ သမီး စုမြတ်နိုးဝင်း မိသားစု
                                                 ၂) ကိုအောင်ဖြိုးမောင် and Families from Boonlay
မိုးကျော်စိုးမိသားစု (san francisco, USA) မှ ဆရာတော်ကြီး၏ ဆွမ်းအလှုအတွက် ယူအက် ဒေါ်လာ၁၀၀ လုဒါန်း ပါသည်  
**************************************************
ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း
- (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ (၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
- (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။
- (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
- (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။
- (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူအောင်မြင်၍ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။
- (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့ မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ ပဓာန စာချ၊တိုက်ကြပ်အဖြစ် အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။
- (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န္တနာရဒ ထံတွင် သဒ္ဒါ။ သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။ ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင် တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
- (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ “ အဘိဝံသ” ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန္တလေး သကျသီဟ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍ ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
- (၁၃၃၉)ခုနှစ်၊ (၁၉၈၀) မှအစပြု၍ သာသနာရေးဆောင်ရွက်ချက်များ-ပထမအကြိမ်သံဃအဖွဲ့အစည်းအဆင့်ဆင့်အတွက် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ဓမ္မယစရိယစာမေးပွဲ အကျိုးဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း ၊ ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်း စည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ် ၊ပထမပြန်စာမေးပွဲကျင်းပရေး အဖွဲ့(စစ်ကိုင်း)၏ ပုစ္ဆကအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်
- (၁၃၄၇)ခုနှစ်၊ (၁၉၈၆) အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရုဏ ချယ်ပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များ အားမြန်မာစာနှင့် အဘိဓမ္မာ တို့ကိုပို့ချပေးခဲ့သည်။
- (၁၃၄၈)ခုနှစ်၊ (၁၉၈၇) သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့ Y.M.B.A အသင်းတိုက်တွင် အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့်ပို့ချပေးခဲ့သည်။
- (၁၃၅၀)ခုနှစ်၊ (၁၉၈၉) သီရိလင်္ကာနိုင်ငံ University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၅၅)ခုနှစ်၊ (၁၉၉၄) အမေရိကန်ပြည်ထောင်စု၊မေရိလင်းပြည်နယ်၊ဘိလ်ဗားစပရင်းမြို့ ၊မင်္ဂလာရာမကျောင်းတိုက်တွင် မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲသည်။
- (၁၃၅၇)ခုနှစ်၊ (၁၉၉၆) နိုင်ငံတော်မှ “ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ကာ Department of Language Studies တွင် English Diploma Class နှင့် B.A တန်းများရှိ ဘာသာရပ်များကို လည်းကောင်း၊ အမေရိက၊ကိုရီးယား၊မက္ကဆီကို၊ဂျာမဏီ၊ပြင်သစ် စသောနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား ပါဠိဘာသာ၊အဘိဓမ္မာ ဘာသာရပ်များကို လည်းကောင်းသင်ကြားပို့ချပေးခဲ့သည်။
- (၁၃၅၈)ခုနှစ်၊ (၁၉၉၇) အမေရိကန်ပြည်ထောင်စု၊ဘော်လတီမိုးမြို့၊ကေလာသဝိဟရကျောင်းရှိ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မ ညသင်တန်းပို့ချပေးခဲ့သည်။
- (၁၃၆၀)ခုနှစ်၊ (၁၉၉၉) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။
- (၁၃၆၁)ခုနှစ်၊ (၂၀၀၀) နိုင်ငံတော်မှ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
- (၁၃၆၄)ခုနှစ်၊ (၂၀၀၃) အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ ထိုနှစ်မှစတင်၍ ဂျာမဏီ၊ နယ်သာလန်၊သြစတြီးယား၊အင်္ဂလန်၊ စင်္ကာပူ၊မလေးရှား၊ကိုးရီးယား နိုင်ငံများသို့ နှစ်စဉ်မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေလျက်ရှိသည်။
- (၁၃၆၇)ခုနှစ်၊ (၂၀၀၆) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
- ယခုအခါ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် ၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်၊အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း လူသားများအကျိုးအတွက် တရားဓမ္မများဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....