Sunday, September 9, 2012

ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား(တိုကျို)


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်။

(၇၃)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံရောက် ရခိုင်ဒီမိုကရေစီအခွဲ့ချုပ် (ပြည်ပ) ဂျပန်ဌာနခွဲမှ ဦးစီး၍ တိုကျိုမြို့ KOmagome Bumka Center 4F ခမ်းမ၌ ညနေ ၆း၀၀ နာရီ မှ ၉း၀၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ပါသည်။

ယနေ့ အခမ်းအနားတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်ဆုတောင်း မေတ္တာပို့သခြင်း လွမ်းသူ့ပန်းခွေချခြင်း ပြီးသည့်နောက် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကြိုးပမ်း ထမ်းဆောင်ခဲ့တဲ့ ဆရာတော်၏ စိတ်ဓါတ်တွေကို ယနေ့လူငယ် လူလတ်ပိုင်းတွေက ဆရာတော်ရဲ့ စိတ်ဓါတ်တွေကို လက်ဆင့်ကမ်းနိုင်အောင် ရည်ရွယ်ချက်ဖြင့် ယနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းကို ALD(Exile)Japan ဥက္ကဌ ဦးလှအေးမောင်မှ ရှင်းလင်းပြောကြား ပြီးသည့်နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများတို့မှ    ဆရာတော်၏ ဂုဏ်ကျေးဇူးတွေကို ထုတ်ဖေါ် ပြောကြား ခဲ့ကြပါသည်။

ဆက်လက်ပြီး ယနေ့ကျင်းပသည့် အခမ်းအနား၌ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဒေသအတွင်း ဖြစ်ပေါ်နေသည့်အရေးနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများတို့ထံမှ အလှူငွေ မြန်မာငွေ (ကျပ် ၃၃၀ သိန်း)ခန့် ပေးပို့ လှူဒန်းနိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေး ကော်မတီ(ဂျပန်) တာဝန်ခံတဦးဖြစ်သူ ဦးဇော်မင်းခိုင်မှ ကူညီပံ့ပိုး လှူဒန်းခဲ့သူများအား ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....