Sunday, September 9, 2012

လေပြေကြုံလျှင်


ကိုမင်းကိုနိုင်
လေပြေကြုံလျှင်
*************

* အကြွေးဟောင်းတွေလဲ မဆပ်နိုင်သေး
နောက်တပွင့်ထပ်ပေးပါ စပါယ်ရုံလေးရယ်

* လဖြစ်ပါလျက် ညမှာ မတင့်ရ
ကြိုးကြာဖြစ်လျက် တေးမသီရ
ငါးဖြစ်ပါလျက် ရေဆန်မတက်ပြရ
အောက်ကမြစ်တလုံး ဘ၀နဲ့ 
ဝါကျတကြောင်းရဲ့  ကျက်သရေကိုငဲ့ ပြီး
မညည်းမငြူ အံကြိတ်ခဲ့သူမှာ......

*မြွေဆိပ်ဖြေဖို့ လဲ မြွေဆိပ်မရှိ
မြွေပြန်ဖော်ဖို့ လဲ ဂါထာမရှိ
သမာဓိအကျိုးအမဲ့နဲ့  အဖန်ဖန်
ဥုံခံ၇ွတ်ရင်း အနာယဉ်းနေပြီ

* ကိုယ်သွေးတဲ့ဓါးက ကိုယ့်ဘ၀လက်ကျန်
ကိုယ့်ခန္ဒာလက်ကျန်မှာ အန္တရာယ်ရှိမယ့်
အပိုင်းပိုင်း
မဆိုင်းမတွ လှီးဖဲ့ဖို့ ပါ။

* ကုန်းခေါင်ခေါင်ပေါ်
ပင်လယ်ရေမမျော်ပါဘူးကွယ်
လေပြေကြုံရင်
စပယ်ရုံလေးဆီကတပွင့်ရနံ့  ရအောင် တောင်းချင်တယ်
ကြွေးဟောင်းတွေတော့ မဆပ်နိုင်သေးဘူးပေါ့...။ ။

မင်းကိုနိုင် ။
ကဗျာ ကို မင်းကိုနိုင် စာမျက်နှာ မှရယူပါတယ် ။

ရနံသစ် မဂ္ဂဇင်းမှာ ဖော်ပြပြီးသော ထောင်ထဲမှာရေးတဲ့ ကဗျာ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....