Monday, September 10, 2012

ငါသူတို့ကို ပြောပြလိုက်ပါ့မယ်


by Ye Min Tun on Monday, September 10, 2012 at 1:42am ·

ပုဆိုးမနိုင်တဲ့ သူငယ်ချင်း
ပုဆိုးကို ချက်အထက် စည်းဝတ်တဲ့ သူငယ်ချင်း
မင်းပြုံးပြုံး ပြုံးပြုံးနဲ့ အင်ပါယာ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာတာကို မြင်ယောင်နေတယ်ကွာ
အမှတ်(၄)ဆောင်က အကျဉ်းသားတွေကို အမှတ်(၅)ဆောင်ကို ခေတ္တပို့လိုက်တဲ့အခါ
ဟာ....ဟဲ့ကောင် ငါမင်းဘေးမှာ အတူတူ အိပ်မယ်နော်လို့
အိပ်ယာလိပ်ပိုက်ပြီး ပြောလာတဲ့ မင်းမျက်နှာကို မနေ့တနေ့ကလိုပဲ မြင်ယောင်နေမိတယ်ကွာ
သူငယ်ချင်းရေ.....
မသေဘဲ ကျန်ခဲ့တဲ့ငါလည်း
မင်းအတွေးနဲ့ ရှင်လျက်ပါကွာ
မင်းအကြောင်းကို
နောက်မျိုးဆက်တွေ သိအောင်ပြောဖို့
မင်းက ခိုင်းခဲ့ပြန်ပြီကွာ
သူငယ်ချင်းရေ.....
မင်းအတွက် ရင်ဘတ်ကြီးဖွင့်ပြီး
ငါသူတို့ကို ပြောပြလိုက်ပါ့မယ်
ညီငယ်ညီမငယ်တို့ရေ.....
မင်းတို့အကို သက်ဝင်းအောင်က
ဗမာပြည်ကို အလွန်ချစ်တယ်
ဒေါင်းအလံကို သစ္စာရှိတယ်
အဲဒါ မင်းတို့အကိုကြီး သက်ဝင်းအောင်ပဲ



ရဲမင်းထွန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....