Monday, September 10, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်တိုက်ခိုက်သော သံအမတ်ကြီးဟောင်း ယာမဂုချိမှ စာအုပ်ထုတ်ဝေဖြန့်ချီ


ဒီမိုကရေစီအင်အားစုများနှင့် လုပ်ဖေါ်ကိုင်ဘက်များ သတိထားကြရန်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း ယာမဂုချိ သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းမီဒီယာနှင့် စာအုပ်များ ထုတ်ဝေကာ ဝေဖန် တိုက်ခိုက်နေပြီး စစ်အုပ်စုအတွက် ဂျပန်မှာ Lobby လုပ်ကိုင်ပေးနေကြောင်း သိရှိရပါသည်။
 
 ဒုတိယအကြိမ်ထုတ် စာအုပ်


 Mr. Yoichi Yamaguchi က ယခင်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း

2012 မတ်လ ၁၅ရက်နေ့ Tokyo KKR Hotel တွင်ကျင်းပသော ၉၄ ကြိမ်မြောက် လုပ်ငန်းရှင် သူရဲကောင်းများ အဖွဲ့ နံနက်ခင်း ဆွေးနွေးပွဲ Mr. Yoichi Yamaguchi က အမှာစကား ပြောကြားစဉ်.. သူဟာ အမေရိကကို မုန်းတီးသူ။ မီဒီယာရဲ့ သတင်းမှန်ကို ရေးပါဆိုတဲ့ မိန့်ခွန်းပါ။ (မြန်မာ စစ်အစိုးရက သူ့နည်းသူ့ဟန်ဖြင့် အကောင်းဆုံး လုပ်ခဲ့တာဘဲ။ အရှိအတိုင်း နိုင်ငံကို ထူထောင်ခဲ့တာ။ စစ်အစိုးရ ခေတ်မှာ ဒေါ်စုနဲ့ ၂ လ ၁ ကြိမ် တွေ့ဖြစ်တယ်။

ရိုးသားစွာ ပြောရရင် ဒီလောက် စိတ်ပျက်ဖို့ ကောင်းတဲ့ မိန်းမမရှိဘူး။ သူမဟာ ၈၈ အရေးအခင်းမှာ ထွက်လာပြီး တဘက်စောင်းနင်း အယူဝါဒ ရှိသူဖြစ်တယ်။ အမေရိကကို ၁၀၀% အားကိုးသူ။ အမေရိကမှ ပစ္စည်း ပိုက်ဆံ ယူထားသူ။ ဒေါ်စုကိုလဲ အတော်လေး ပုတ်ခတ်ပြောသွားပြီး ( ဒီစကားကို ဒီမှာတင်ပဲ ပြောပါရစေ )...ပြောကြားသွားပါတယ်...

သူ့ရဲ့ YouTube comment မှာလဲ့ မသိမသာ ဒီလိုလေးရေးထားပါတယ် ....
(ဂျပန်မီဒီယာ တကယ့်အရူးဘဲ။ ဘာလို့ဒေါ်စုကို အကြာကြီး ချုပ်ထားရသလဲဆိုတာ အခုမှ သိရတော့တယ်။ သူမဟာ မြန်မာပြည်အတွက် အရမ်းအန္တရာယ် ရှိတဲ့လူဖြစ်လို့တဲ့။ ဒီမိုကရေစီဆိုတာ နားကြားကောင်းပေမဲ့ မြန်မာပြည်သူတွေကို လဲမေးကြည့်ပါ။ ဒီစာရေးဆရာ ပြောတဲ့အတိုင်း စစ်အာဏာရှင်နိုင်ငံ စနစ်ကို ဘာကြောင့် လုပ်ရတယ် ဆိုတော့ သယံဇာတတွေကို နိုင်ငံခြား နိုင်ငံအကြီးကြီးက လက်ဝါးကြီး အုပ်မှာစိုးလို့တဲ့။ အခုထိ ဒေါ်စုကို ဝမ်းနည်းစရာကောင်းတဲ့ မင်းသမီး ပြဇာတ်က ရပ်တန်းက ရပ်ပါ။ နိုဘယ်ဆုက အစစ်ဆိုတာ မြန်မာပြည်သူများကို မေးချင်လိုက်တာ။)



တဖန် ဒုတိယအကြိမ်ထုတ် စာအုပ်မှာ (ဒေါ်စုက မြန်မာကို ကယ်တင်နိုင်ပါ့မလား) ဆိုတဲ့ စာအုပ်မှာတော့ ထင်သလောက် မပြောင်းသေးတဲ့ အကြောင်း၊ စီးပွားရေး လုပ်ချင်တဲ့ လူတွေကို သတင်း အခြေအနေမှန်ကိုသာ နားထောင်ပြီး လုပ်သင့်ကြောင်း၊ မိမိကသာ အသိဆုံးဖြစ်ကြောင်း၊ စစ်အရာရှိ လူကြီးဟောင်းမြို့တော်ဝန်ဟောင်း ဆိုရင်မျက်နှာမှာ ကြည်လင်ပြီး ဘာလိုစိတ်မှ မရှိကြောင်း......
ဒီစာအုပ် ထဲမှာလဲ ဒေါ်စုကိုဝေဖန်ပြီး စစ်အစိုးရတော်ကြောင်း ကောင်းကြောင်း ရေးထားတာလဲ တွေ့ရပါတယ်။

နောက် ၈လပိုင်း ထုတ်သတင်းစာ တခုမှာ

(ဒေါ်အာင်ဆန်းစုကြည် THE LADEY ရုပ်ရှင်မှာ အားလုံး လိမ်ညာထားပြီး သူမခင်ပွန်း မဆုံးခင် သွားတွေ့ပါ ပြောပေမဲ့ သူမပြည်ဝင်ခွင့် မရမှာ စိုးရိမ်တာကတခု၊ အဲဒီအချိန်မှာ ဆရာဝန်နဲ့ ဖောက်ပြန်နေကြောင်း၊ ဗုဒ္ဓဘာသာ ၅ပါးသီလကို ဖေါက်ပြန်ခဲ့သည့် မိန်းမကိုအားလုံးက အသိအမှတ် ပြုနေသည်မှာ အံသြမိကြောင်း၊ တချိန်က ကိုလိုနီလက်အောက် ရောက်ခဲ့သော်လည်း ယခုအခါ ကိုလိုနီ အင်္ဂလိပ်ရဲ့မယားကို လက်ခံနိုင်ပါ့မလား၊ သူမကြောင့် ပြောင်းလဲတာဆိုတာ ဖြစ်နိုင်ပါ့မလား။ နဂိုကတည်းက မြန်မာ့နည်း မြန်မာ့ဟန် လွတ်လပ်မှုနဲ့ တန်းတူမှု ရှိပြီးသားပါ၊ မီဒီယာရဲ့ မှားယွင်း ဖေါ်ပြမှုကြောင့်သာ ဖြစ်ကြောင်း၊ ယခင် စစ်တပ်၏ အရပ်ဝတ်သိန်းစိန် အစိုးရကောင်းလို့သာ ပြောင်းလဲခြင်း ဖြစ်ကြောင်း) စသဖြင့် ဝေဖန်ပုတ်ခတ် ရေးသားနေပါသည်။
 
 
လွတ်လပ်စွာဝေဖန်နေခြင်းအပေါ် အပြုသဘောဖြင့် လက်ခံနိုင်ပေမဲ့ သန်းပေါင်းများစွာ ပြည်သူလေးစားတဲ့ ခေါင်းဆောင်ကို ဝေဖန်တာ လက်မခံနိုင်ပါ။  အပြုသဘောဝေဖန်နိုင်နိုင်ပေမဲ့ ကျနုပ်တို့ နိုင်ငံပြည်တွင်းရေးကို ဝင်မစွက်ဖက်တာမျိုး လုံးဝ လက်မခံပါ။ စစ်အစိုးရခေတ်က စားထားဝါးပုံရတယ်။ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပြီး မြန်မာပြည် ဒီမိုကရေစီစနစ် ထွန်းကာတိုးတက်လာမည်ကို မနာလိုမရှုစိတ် ဖြစ်နေတာလား????။ သူသာလျှင် မြန်မာအကြောင်း အသိဆုံးလူသားလား?????။
 
ဒီလိုသတင်းအမှားတွေ ထင်သလို ရေးနေသည့်အတွက် ဂျပန်ပြည်သူတချို့မှ အမြင်မှားနိုင်သည့်အတွက် ကျနုပ်တို့ သတိချတ်သင့်ပြီ...
 
မိုင်းကျော်ဦး
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(AUN-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....