Saturday, August 4, 2012

အမေရိကန်မှာ ဗုဒ္ဓပုံကို ဖိနပ်မှာ ပုံနှိပ် – Buddha’s images on shoes


 သြဂုတ် ၄၊ ၂၀၁၂

ဗုဒ္ဓပုံကို ဖိနပ်တွင် ပုံနှိပ်ရောင်းချသည့် အမေရိကန် ကုမ္ပဏီတခုကို ကန့်ကွက် နေကြသည်။ ကုမ္ပဏီ Facebook တွင် ကန့်ကွက်စာ သွားရေး နေကြခြင်း ဖြစ်သည်။ တိဘက်အရေး လှုပ်ရှားသူများက ကန့်ကွက်သကဲ့သို့ မြန်မာ မီဒီယာတခုကလည်း သောကြာနေ့က ကန့်ကွက်စာ ထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ကယ်လီဖိုးနီးယားမှ Icon ဖိနပ်ကုမ္ပဏီ ဗုဒ္ဓမြတ်စွာ ပုံပါ ဖိနပ်များ ထုတ်လုပ် ရောင်းချ ရွှေလုံး မီဒီယာ ကယ်လီဖိုးနီးယား ပြည်နယ်မှ Icon Shoes ဟု အမည်ရသည့် ဖိနပ် ကုမ္ပဏီတစ်ခုသည် ဗုဒ္ဓမြတ်စွာ၏ ပုံတော်များအား ကနုတ်ပန်း များဖြင့် အလှဆင် ဒီဇိုင်း ရေးဆွဲထားသည့် ဖိနပ်များအား ထုတ်လုပ် ရောင်းချနေသည်ကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ရသည်။ အဆိုပါ ဖိနပ်များအား အမေရိကန် နိုင်ငံ၌ ထုတ်လုပ်ထားပြီး ပုံစံ ၃ မျိုးအား ရောင်းဈေး ဒေါ်လာ ၂၉ - ၁၄၉ အထိရှိသည်ကို တွေ့ရှိခဲ့ ရသည်။

Icon Shoes အား ၁၉၉၉ ခုနှစ်တွင် အမည် ဖော်ပြထားခြင်း မရှိသည့် ဟော်လီဝုဒ် ဒါရိုက်တာ တစ်ဦးက စတင် တည်ထောင်ခဲ့ သည်ဟု ယင်းတို့၏ အင်တာနက် စာမျက်နှာပေါ်၌ ဖော်ပြထားသည်။

ဤကဲ့သို့ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်အား စော်ကားပြီး နိမ့်ကျသည့် ဖိနပ်များပေါ်တွင် ပုံနှိပ် ထုတ်လုပ်သည်ကို ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချပြီး Icon Shoes ထံသို့လည်း အသိပေး ကန့်ကွက်စာ တစ်စောင်အား ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

စာဖတ်ပရိသတ်ကြီး အနေဖြင့်လည်း ဤလုပ်ရပ်အား ဆန့်ကျင် ရှုတ်ချသည့် အနေဖြင့် ယင်းတို့၏ Facebook စာမျက်နှာသို့ သွားရောက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော် ရေးသားကြရန် အလေးအနက် တိုက်တွန်း လိုက်ရပါသည်။

Icon Shoes ၏ Facebook စာမျက်နှာ -
https://www.facebook.com/iconshoesandhandbags
သတင်းရင်းမြစ် - မိုးမခ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....