Monday, August 6, 2012

တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်။


တတိယ အကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားကို  ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၅) ရက် နေ့တွင် Takadanobaba ရှိTotsuka Chiiki Center -7-F ၌ ညနေ ၆း၀၀ မှ ၂၁း၃၀ နာရီအထိ အညတရ သူရဲကောင်း ဆုကော်မတီ (တိုကျို)မှ ကျင်းပခဲ့ပါသည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပေး၊ ဘ၀တွေကိုပါ စတေးပြီး စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ခဲ့ကြ သူတွေ ၏ စိတ်ဓါတ်နှင် စေတနာကို ပိုမိုတန်ဖိုးထား လေးစားတတ်ရန် ။ အကျဉ်းထောင်များ အတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီပြီး ကျန်ရှိနေသေးသည်ကို ပိုမိုသတိ ပြုမိကြစေ ရန်နှင့် ထိုသူတို့အားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်စေရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းကို တာဝန်ခံ ဒေါ်လေးလေးမှ ရှင်းလင်းပြောကြားသွားပါသည်။

အဆိုပါအခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှေက်ရေးအ သင်း (AAPP-B) နှင့် Chin National Community-Japan တို့မှ အသီးသီး ပေးပိုခဲ့ကြသော ဂုဏ်ပြု သ၀ဏ်လွှာများအား ဖတ်ကြားမည် ဖြစ်ပြီး၊ ဆရာတက္ကသိုလ်ဘုန်းကြွယ် ၊ ကိုမျိုး-မြန်မာစာ (ပေါ်ပြူလာဂျာနယ်အယ်ဒီတာချုပ်) နှင့် ရဲရင့်သက်ဇွဲ တို့မှ ပေးပို့လာသော သူရဲကောင်းဂုဏ်ပြု ကဗျာများနှင့်လည်း ရွတ်ဆို ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။ သူရဲကောင်း ဆုရှင်များကိုယ်စား ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆုရှင် ကိုသန့်ဇော်@ ကိုသန်းဇော်မှ ပေးပို့လာသော နှုတ်ခွန်းဆက် သ၀ဏ်လွှာ - ရုပ်သံ (Video message) အားလည်း ဖွင့်လှစ်ပြသမည် ဖြစ်ပါသည်။

အခမ်းအနားတွင် အမျိုးသားရေးစိတ်ဓါတ်ဖြင့် ငွေကြေး လှူဒါန်းခဲ့ကြသူ အလှူရှင်များနှင့် ကူညီ ဆောင်ရွက်ခဲ့ကြသူ များအားလုံးအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ချီးမြှင့်ပေးအပ်ခြင်း၊ သူရဲကောင်းဂုဏ်ပြု ကဗျာ၊ ဂုဏ်ပြုတေးသီချင်း၊ ရှမ်းတိုင်းရင်းသား ရိုးရာအက၊ ဂုဏ်ပြုသံချပ်၊  စန္ဒယားထွန်းအေးနွဲ့၊ စန္ဒယားအာကာ၊ Lack Of Freedom တေးဂီတအဖွဲ့၊ ကိုသော် (PRMG) တို့က ဂျပန်ရောက် ဂီတ၀ါသနာရှင်များနှင့် အတူ  စသည့် အစီအစဉ်များဖြင့် စုံလင်စွာ ကျင်းပပြုလုပ်သွားခဲ့ကြပြီး စားသောက်ဖွယ်ရာ များဖြင့်လည်း ကျင်းပရေး ကော်မတီမှ တည်ခင်း ဧည့်ခံ သွားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ မိုင်ကျော်ဦး
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....