Thursday, August 9, 2012

ဘာဖြစ်လို့ အဲသည်လို လုပ်တာလဲ

အခမဲ့ စာသင်ကျောင်းက ကလေး တွေ ကို အာဏာပိုင် တွေ က ဖမ်းခေါ် ပြီး တောထဲ မှာစွန့် ပစ်
486586_105943319552133_364283583_n

ပြည် မြို့  မြကွမ်းတောင် စေတီ ရဲ့  သာသနာ့ နယ် မြေထဲ မှာ ဖွင့်လှစ်ထား တဲ့ ကရုဏာ လက်များ
လူမှု ကူညီရေး ကွန်ယက် အဖွဲ့  ရဲ့  စာသင် ကျောင်းမှ တက်ရောက် နေတဲ့ ကလေး ငယ် အယောက်
၄၀ ကို ရဲတပ် ဖွဲ့  ၀င် တွေ ပါ ပါ တဲ့ ပြည်မြို့  က အာဏာ ပိုင် တွေ က ဖမ်းခေါ် သွား ပြီး ၀က်ထီးကန်
နဲ့ ရခိုင် ဘက် အထွက်  ဥသျှစ် ပင် အနီး က တော နက် ထဲ မှာ သွား ရောက် စွန့်  ပစ် လိုက်တယ် လို
့ ပြည်မြို့  ခံ မီဒီယာ သမား တစ်ဦး က FNG ကို ပြောပါတယ်။
စနေ နေ့ ည မှာ အာဏာပိုင် တွေ က အမှိုက်သိမ်း ကား ကြီး လာဖမ်း ခေါ် ပြီး
 တောနက် ထဲ မှာ ချထား
တာ တောင်းရမ်းစားသောက် ပြီး ပြန်လာ ရတယ်လို့  ဖမ်းဆီး ခေါ် ဆောင် ခံ သွား ရ တဲ့ ကလေး ငယ်
ထဲ က တစ်ဦး က  ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင် ခံရတဲ့ ကလေး တွေ က မိဘမဲ့ တွေ ဖြစ်တယ် လို့  စာသင်ကျောင်း ဖြစ်မြောက်ရေး အကူ
အညီ ပေး နေ သူ နိုင်ငံ ရေး အကျဉ်းသား ဟောင်း ကို သန်းထိုက် အောင် က FNG ကို  ပြောပါတယ်။
ပြည်မြို့ က အာဏာ ပိုင် တွေ ဟာ မေလ အတွင်း က  ပြည်ဒေသခံ တွေ ရဲ့  လျှပ် စစ်မီး ရရှိ ရေး တောင်း
ဆို ဆန္ဒ ပြ မှု မှာ ပြင်းပြင်းထန် ထန် ကိုင် တွယ် ခဲ့ လို့  ဝေဖန် မှု တွေ လည်း ရှိ ပါတယ်။
ယခင် က ရန်ကုန် အပါ အ၀င် နယ် မြို့  က အာဏာပိုင် တွေ ဟာ မိဘမဲ့ ကလေး ကျောင်း တွေ ကို ဖိအား
ပေး နှောင့် ယှက် တာ တွေ ရှိခဲ့ ဖူး ပါတယ်။
ကရုဏာ လက်များ လူမှု ကူညီရေး ကွန်ယက် အဖွဲ့ သည်   ပြည်မြို့ရှိ လမ်းဘေးအိပ်၊ လမ်းဘေးနေ
အခြေအနေမဲ့ ပလပ်စတစ်ကောက်(ရှာဖွေရေး)ကလေးငယ်များ ကို ကူညီစောင့်ရှောက်ပြီး ပညာ
သင်ပေးနေသော အဖွဲ့တစ်ခုဖြစ်ပါသည်။
အာဏာပိုင်များ က ညအမှောင် ထဲ တွင် တောထဲ ဉ် သွား ရောက် စွန့် ပစ်ခံရသည့် ကလေးများ၏ ဓာတ်ပုံ
များ ကို ကြည့် ရန်

လွတ်လပ် တဲ့ အာရှ အသံ မှ လည်း ဒီသတင်း နဲ့  ပတ်သက် ပြီး ခု လို ဖော် ပြထား ပါတယ်။
အဲဒီကလေးတွေကို ပြီးခဲ့တဲ့ စနေနေ့ ည (၉) နာရီက ဖမ်းဆီးပြီးတဲ့နောက် စည်ပင်လူကြီး ၆ ယောက်နဲ့  ဆိုင်
ကယ်စီးရဲ အယောက် ၂၀ လောက်က စည်ပင်အမှိုက်သိမ်းကားထဲမှာ စုပြုံထည့်ပြီး ခေါ်ဆောင်သွားတာ
လို့ သိရပါတယ်။ အဲဒီနောက် ဓာတ်ပုံရိုက်ယူပြီး မိဘနာမည် မေးမြန်းခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။
အဲဒီကလေးတွေဟာ ၂ ညအိပ် လမ်းလျှောက် ပြန်လာခဲ့ကြရပြီး ဒီနေ့ မနက်ပိုင်းကမှ ပြည်မြို့ကို ရောက်ရှိတယ်
လို့ စာသင်ကျောင်း ဖြစ်မြောက်ရေးအတွက် အကူအညီပေးနေသူ နိုင်ငံရေး အကျဉ်းသားဟောင်း
ကိုသန်းထိုက်အောင် က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က နောက်နေ့ကျမှ သတင်းရတာ။ ကျွန်တော်တို့ ကျောင်းသားလေးတွေ ကျောင်းကို ရောက်မလာကြဘူး။
၅ ရက်နေ့ကျတော့။ စုံစမ်းတာလည်း စုံစမ်းလို့ မရဘူး။ ၆ ရက်နေ့ကျတော့ ပြန်ရောက်လာရော။ ၁၅ ယောက် အယောက်
၂၀ လောက် ရောက်လာတယ်။ မေးကြည့်တော့ ကျွန်တော်တို့ကိုတဲ့ အဲဒီမှာ ဖမ်းသွားတယ်တဲ့။ ဖမ်းသွားပြီးတော့
အကုန်လုံးကို ကားအောက်ထဲမှာ ငုတ်တုတ်ထိုင်ခိုင်းတယ်။ မထရဘူး။ လမ်းကို မမြင်ရဘူး။ အပြင်ကလူတွေလည်း
အထဲကို မမြင်ရအောင်ထင်တယ်တဲ့။ လူအစိတ်လောက် ရှိတယ်တဲ့။ အဲဒါ ကျွန်တော်တို့ ကားကြီးကို မောင်းသွားတာ
ဘယ်ကိုမောင်းလို့ မောင်းမှန်းမသိဘူးတဲ့။ အဲဒီမှာ ကျွန်တော်တို့ တရေး၊ နှစ်ရေးလောက်တောင် ရတယ်တဲ့။ နောက်
သန်းခေါင် သန်းလွှဲလောက် ကျတော့ နေရာတစ်ခု အဲဒီမှာ မင်းတို့ဆင်းဆိုပြီး ဆင်းခိုင်းလိုက်တယ်။ ဆင်းခိုင်းပြီးတော့
သူတို့ကားက ပြန်ထွက်သွားတယ်။ ကျွန်တော်တို့လည်း ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ ကားလမ်းဘေးပေါ့တဲ့။
အဲတာနဲ့ ကျွန်တော်တို့ ရွာရှိမယ် ထင်ရတဲ့ နေရာကို ခန့်မှန်းပြီးတော့ လျှောက်လာကြတယ်။ ကတ္တရာလမ်းအတိုင်း။
ရွာတစ်ရွာရောက်တော့ ကျွန်တော်တို့ အဲဒီမှာပဲ မိုးလင်းအောင် နေလိုက်တယ်တဲ့။ မိုးလင်းတော့မှ မေးကြည့်တော့
ပြည်ကနေ ရခိုင်ဘက်ကို ထွက်တဲ့ လမ်းမှာ ရောက်နေတယ်။ အဲဒါနဲ့ ဥသျှစ်ပင်ကို မှန်းပြီး အဲလမ်းအတိုင်း လျှောက်တာ
တနေကုန်လမ်းလျှောက်ပြီး ဥသျှစ်ပင်ကို ရောက်တယ်။ ဥသျှစ်ပင်မှာ တောင်းရမ်းစားသောက်ပြီး ကားခလေး
ဘာလေးရှာဖွေပြီး တချို့က ကားနဲ့ တချို့က လမ်းလျှောက်ပြီး ပြည်ကို ပြန်ရောက်လာတယ်”
ကလေးတွေအနေနဲ့ ပြည်မြို့ကိုပြန်လာရင် ထောင်ချပစ်မယ်လို့  စည်ပင်လူကြီးက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ 
အဖမ်းခံရာမှာ ပါဝင်တဲ့ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးက RFA ကိုပြောပါတယ်။
“ပြည်ဘက်ကို ပြန်လာရင်တဲ့ နင်တို့ကို ထောင်ထဲထည့်မယ်တဲ့။ နင်တို့ အုပ်စု ရခိုင်ပြည်နယ်ကို သွားရင်တဲ့ နင်တို့ကို
မှတ်ပုံတင်လည်း ပေးမယ်။ အိမ်သစ်လုံးကြီးတွေလည်း ပေးမယ်။ ဆန်တွေလည်း ပေးမယ်တဲ့။ အဲဒီလို ပြောပါတယ်။
စည်ပင် ခေါင်းဆောင်ကြီးက”
ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်မြို့ စည်ပင်သာယာဌာနကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ကလေးအများစု
ဟာ မိဘမဲ့တွေဖြစ်ပြီး တောထဲမှာ ဒီအတိုင်း စွန့်ပစ်ခံခဲ့ရတာကြောင့် အားလုံးနီးပါး ဖျားနာနေကြပါတယ်။ သူတို့
ကို နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးလှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က ဆေးဝါးနဲ့ အစားအသောက်တွေ ကူညီပေး
ထားတယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.

1 comment:

  1. အာဏာရှိမှူကိုအခွင့်ကောင်းယူပြီးယခုလိုကလေးတွေအပေါ်မှာ
    သားသမီးချင်းစာနာထောက်ထားမှူမရှိပဲ မိမိတို့သဘောအတိုင်းလုပ်ဆောင်နေရင် ကောင်းမွန်တဲ့အစိုးရ
    သန့်ရှင်းတဲ့အစိုးရပါလို့ ပြည်သူတွေကဘယ်လိုယုံကြည်ရမှာလဲ
    မိဘမဲ့တဲ့ကလေးတွေကိုစာနာကြပါ သူတို့လေးတွေနေရာမှာ ကိုယ်ကိုယ်တိုင်
    ဖြစ်နေသလိုခံစားကြည့်ပါ လူသာူချင်းစာနာထောက်ထားပါ
    ယခုလိုအပြစ်မျိုးတွေကိုထပ်လုပ်နေမယ်ဆိုရင် ပြည်သူတွေအနေနဲ့
    ငြိမ်ခံနေမှာမဟုတ်ပါဘူး
    နှစ်ပေါင်းများစွာခံလာခဲ့ပြီးပါပြီ ခံခဲ့ရတာကလည်း အာဏာကိုလက်နက်သဖွယ်အသုံးပြုနေကြတဲ့အာဏာရူးတွေကြောင့်ပါပဲ

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....