Thursday, July 12, 2012

ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးတော့မည်။


ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး လက်ရှိအချိန်၌ ဗဟိုဘဏ်တွင် နိုင်ငံခြားငွေကန်ဒေါ်လာ ၇ဘီလျံထိ ရှိနေ 
 

 လက်ရှိအချိန်ကာလ၌ ဗဟိုဘဏ်၏ နိုင်ငံခြား ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ဘီလျံထိရှိနေပြီး မကြာမီကာလအတွင်း ဗဟိုဘဏ်တွင် ရှိနေသော ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်...ကြီးဌာန၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ဇူလိုင်လ ၅ရက် နေ့ Chatrium Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါ အတိုင်းပြောကြားခဲ့သည်။

''အရင်တုန်းက ဗဟိုဘဏ်မှာရှိတဲ့ ရွှေ၊ ငွေကို တစ်ပတ်တစ်ခါ ကြေညာခဲ့တယ်။ နိုင်ငံ့ပိုင်ဆိုင်မှုကို ပြည်သူသိအောင် မထုတ်ပြန်တာ ကျွန်တော်တို့ နိုင်ငံပဲရှိတော့တယ်။ မကြာခင်ကာလအတွင်းမှာ ဗဟိုဘဏ်မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူ သိအောင် ထုတ်ပြန်ပေးပါလိမ့်မယ်'' ဟု

ကမ္ဘောဇဘဏ်၊ ဒုတိယဥက္ကဌ-၂ ဖြစ်သူ ဦးသန်းလွင်က ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ဗဟိုဘဏ်၏ နိုင်ငံခြားငွေစာရင်းတွင် အမေရိကန် ဒေါ်လာ ၇ဘီလျံရှိနေကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ငွေဈေးနှုန်း မတည်ငြိမ်မှုများကိုလည်း ဗဟိုဘဏ်မှ ၀င်ရောက် ထိန်းသင့်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။

''နိုင်ငံခြား သုံးငွေပိုင်ဆိုင်မှုကို အားလုံးသိအောင် လုပ်ရမယ်။ အခုကျတော့ ဗဟိုဘဏ်က ငွေဖောင်းပွမှာကြောက်ပြီး ဘာမှမလုပ်ပဲ ငြိမ်နေတယ်။ တကယ်ဆို ဒေါ်လာဝယ်ပြီး ကျပ်ငွေကို တည်ငြိမ်အောင်လုပ်ရမယ်။ တန်ဖိုးမြင့်အောင် ချိတ်ဆက်ရမယ်။ ဒီလိုလုပ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူး။ အစိုးရက ဒါကို intervention လုပ်ရမယ်။ နောက်ပြီး price spots ပေးရမယ်။ တောင်သူ စပါးပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်စိုက်လို့ ရှုံးရင် အစိုးရက price spots ပေးရမယ်။ အစိုးရက သိမ်းကျုံးဝယ်ရမယ်။ နိုင်ငံတော်က တချိန်လုံး အမြတ်ရဖို့ချည်းပဲ မတွေးရဘူး။ အရှုံးခံပြီးလည်း ၀ယ်သင့်တယ်။ တောင်သူလယ်သမားတွေ နစ်နာနေရင် ၀င်ထိန်းရမယ်။ အခုတော့ ဘာတစ်ခုမှ လုပ်မပေးတဲ့အတွက် ဗဟိုဘဏ်ရဲ့တာဝန်မကျေမှုကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်''ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားခဲ့သည်။

BY-EMG

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....