တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာ ဖြေရှင်းနည်းကို စဉ်းစားနေခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။
အဆိုပါ ပြောကြားမှုသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖကို ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။

Copy from - Eleven Media Group

No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်