Wednesday, May 30, 2012

ဂျပန်ကိုလည်း လာစေချင်ပါသည်

ရွေ့ပြောင်းအလုပ်သမားတွေအတွက် အားဖြစ်စေတဲ့ စကားများ၊ ရွေ့ပြောင်းအလုပ်သမားများ လိုက်နာသင့်တဲ့ ဆုံးမစကားများ ပြောကြပေးသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တယောက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ပြသွားတာပဲ။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရရဲ့ ခေါင်းဆောင်ဆိုသူတွေ ပြည်ပနိုင်ငံတွေ သွားတဲ့အခါ သူတို့တည်းခိုရာ နေရာကနေ မှန်အလုံပိတ်ကားအနက်ကြီးတွေနဲ့ လှစ်ခနဲထွက်၊ လှစ်ကနဲဝင်နဲ့ ဘယ်သူများအခုလိုများ ပြည်ပရောက် မြန်မာနိုင်ငံသား မိမိတိုင်းသူပြည်သူတွေကို နှုတ်ခွန်းဆက်စကား၊ ဆုံးမစကား၊ အားပေးစကား ပြောကြားပေးတာရှိလဲ။ တိုင်းပြည်အပေါ် တိုင်းသူပြည်သားအပေါ်မရိုးသားတဲ့ ခေါင်းဆောင်ဟာ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် တိုင်းသူပြည်သူကို ရင်မဆိုင်ရဲဘူး။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....