Wednesday, May 30, 2012

"စီမံခန့်ခွဲမှု ညံ့ဖျင်း၍ အမှောင်တိုက်တွင်း ပြည်သူတို့နှစ်ပေါင်း များစွာ နေရာရဟု မင်းကိုနိုင်ပြော"


Popular Myanmar Theunionnews Journal
စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ကြောင့် အမှောင်တိုက်အောက် တွင် ပြည်သူများ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်က ပြောသည်။
မေလ ၂၆ ရက် ပုဇွန်တောင် မြို့နယ် တောင်လုံးပြန် ရပ်ကွက်တွင် ကျင်းပ သည့် မြန်မာလူငယ် အစည်း အရုံး ရန်ပုံငွေပွဲတွင် ပြည်သူများ လျှပ်စစ...်မီး ပြတ်တောက်မှုကြောင့် ခံစားရသည် များကို ၄င်းက ရည် ရွယ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
''လျှပ်စစ်မီးပြဿနာကို နေ့ ချင်းညချင်း မဖြေရှင်းနိုင်ဘူး ဆိုတာ ပြည်သူတွေ အားလုံးသိပါတယ်။ အစိုးရရဲ့ အာဏာကို ပြည်သူတွေ က မခြိမ်းခြောက်သလို ပြည်သူတွေ ကိုလည်း အစိုးရက မခြိမ်းခြောက်ဖို့ လိုပါတယ်'' ဟု ၄င်းက ပြောသည်။
သင်္ကြန်သံချပ်ဖြင့် စတင်ခဲ့သည့် ...လျှပ်စစ်မီး ပြတ်တောက်မှု ဆန္ဒဖော် ထုတ်ခြင်းကို ရပ်နားလိုက် ပြီဖြစ်ကြောင်း သို့သော် ပြည်သူ များကို သက်ဆိုင်ရာက အစီရင်ခံ စာ တင်သွင်းပေးဖို့ လိုအပ်ကြောင်း ၄င်းက ပြောသည်။
အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန၏ မေလ ၂၆ ရက် မြန်မာ့ အလင်း သတင်းစာပါ ကြေ ညာချက်တွင် ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ဝ ရုံရှိပြီး စက်ရုံ ၁၈ ရုံမှာ နိုင်ငံပိုင်ဖြစ်ကြောင်း၊ တာပိန် (၁) ဓာတ်အားပေး စက်ရုံမှာ ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်က စပြီး ရပ်ဆိုင်းထားရကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင် ရွက်သောရေအား လျှပ်စစ် စီမံကိန်း များကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း ပြည်သူ များအား အသိပေးတင်ပြအပ်ပါသည် ဟု ပါရှိသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားပေးဝေသည့် ကြိုးများ စံမမီ ခြင်းနှင့် ခိုးယူ သုံးစွဲခြင်းကြောင့် ပျောက်ဆုံးမှုပမာဏ ၁၈ ရာခိုင်နှုန်း မှ ၁၄ ရာခိုင်နှုန်း သို့ လျှော့ချနိုင် သော်လည်း နိုင်ငံတကာတွင် Technical lost ၇ ရာခိုင်နှုန်း သာ ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။
လျှပ်စစ် ဓာတ်အား အဓိက ထောက်ပံ့ပေးနေသည့် လောပိတ၊ ရွှေလီ၊ တာပိန် တို့မှ ဓာတ်အားလိုင်း များ ၂ဝ၁၁ ခုနှစ်လယ်ပိုင်းက ဖျက်ဆီးခံ ရပြီးနောက် ထုတ်လုပ်မှုများ ဆက်တိုက် လျော့ကျခဲ့ရသည်။ ယခင်က လျှပ်စစ်မီး သုံးစွဲမှု အနေဖြင့် လည်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၁၄ဝဝ မဂ္ဂါဝပ် ရှိရာမှ ၂ဝ၁၂ ခုနှစ်တွင် ၁၅ဝဝ မဂ္ဂါဝပ်အထိ တိုးလာပြီး ရန်ကုန်မြို့ တွင် ၈ဝဝ မဂ္ဂါဝပ် သုံးစွဲကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။
ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာ မြို့နှင့် ပြည်မြို့ တို့တွင် လျှပ်စစ်မီးပေး နိုင်ရန် မီးစက်ကြီးများ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ ပျက်စီးသွားသော ရွှေလီ-မန်စံ ဓာတ်အားလိုင်းကို ပြင်ဆင်မှုများ ရက်ပိုင်းအတွင်း ပြီးဆုံး တော့ မည်ဖြစ်ကြောင်း သိရသည်။

စိုင်းနောင်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....