Wednesday, May 30, 2012

ဆင်းရဲနွမ်းပါးမှုများ ပပျောက်ပါစေ


ဒီနေ့က မေ ၂၉ ရက်နေ့ပါ..မနက်က အမေကဈေးဝယ်သွားခိုင်းတာကြောင့် ဈေသွားဝယ်ခဲ့ရပါတယ်..။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်အဖြစ်ခံယူထားတဲ့ မုံရွာမြို့လယ်တစ်နေရာက လူမှုဘ၀မြင်ကွင်းလေးတစ်ခုနဲ့ မိတ်ဆွေများကို..မိတ်ဆက်ပေးချင်ပါတယ်......
အဒေါ်နာမည်က ဒေါ်ငြိမ်းအေးလို့ခေါ်ပါတယ်...။ အဒေါ်နေတာက လယ်တီရပ်ကွက်ထဲမှာပါ..။သားသမီးကငါးယောက်ရှိပါတယ်...။ ၉ တန်းကျောင်းသားတစ်ယောက်နဲ့ ၆ တန်..၃တန်း တွေပါ..။ ကလေးတွေအဖေဖြစ်သူက ဟို..ရင်တလောကပဲ ဆုံးသွားတယ်..။ ဆင်းရဲတဲ့ဒဏ်တွေကြောင့်လို့ပြောလို့ရပါတယ်..။ဖျားနာတာကစပြီးရတဲ့ရောပါ..ပြည်သူ့ဆေးရုံသွားတက်တယ်..ဆေးရုံရောက်တော့..ပိုပြီးမျက်နှာငယ်ရတဲ့ အကြောင်းက အဒေါ်တို့က ဓနမှမရှိခဲ့တာကိုး..။ ဖျာနာဆောင်ထဲမှာတက်ခဲ့တယ်..။ ရုတ်တရက်ကြီးဆုံးသွားရတာပါ...။
ယောင်္ကျားဆုံးသွားပြီးကတည်းက မိသားစုအတွက်ဆိုရင် အိမ်ဦးနတ်ရော..အိမ်နောက်နတ်ပါ အဒေါ်တစ်ယောက်ထဲ ဦးဆောင်ခဲ့ရတယ်..။ အစကတော့ အဒေါ်အလုပ်က စက်မှုဇုန်မှာရှိတဲ့ ခေါက်ဆွဲစက်ရုံမှာလုပ်ပါတယ်...။ မပိုလျှံပေမယ့် မိသားစုစားလောက်တယ်..။ အခုတော့ လျှပ်စစ်မီးမလာတာကြောင့် စက်ရုံလည်း အလုပ်မဆင်းရတော့ဘူး။ ကလေးတွေကျောင်းအပ်ဖို့လည်း ပိုက်ဆံမရှိဘူး..ဟု ပြောဆိုရင်း မျက်ရည်များကျလာသည်ကို လေအေးစက်ကြီးများအချိန်ပြည့်တပ်ဆင်အသုံးပြု့ထားသောအစိုးရလူကြီးမင်းများမြင်စေချင်နေမိသည်မှာ အခါခါပါ..။ ကျောင်းအပ်ဖို့အတွက်ပိုက်ဆံမရှိတာကြောင့် အခုလို အမျိုးသမီးတန်ပဲ.နဲ့ ဆိုက္ကားထွက်ပြီးနင်းရတာပါ....။ ဆင်းရဲနွမ်းပါးမှုများ ပပျောက်ပါစေ...။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....