Friday, March 16, 2012

မြန်မာနိုင်ငံ၏ ဒု-သမ္မတနဲ့တကွ ဝန်ကြီးများ အချိန်နှင့်ငွေကို ဤကဲ့သို့ အသုံးချနေကြ၏။



ဆင်ဖြူလေးအတွက် မုန့်ဖိုး ပေးနေတဲ့ ဒုသမ္မတကြီး

နိုင်ငံတော်က ရွှေလိုဥထားတဲ့ ဆင်ဖြူလေး အသက် ၃ လ ခွဲ ပြည့်ပါပြီ။ ဆင်ဖြူလေး ကျန်းမာရေးကောင်းတယ်၊ မနေ့က ကင်ပွန်းတပ်ပွဲ လုပ်တယ်၊ ဒုသမ္မတ နဲ့ ၀န်ကြီးများ တက်ရောက်တယ်၊ ရတနာ န၀တ်ရတ်ကိုးသွယ် ဆင်မြန်းပေးတယ် ဆိုပြီး ဒီနေ့ထုတ် အစိုးရသတင်းစာ မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးများက ''ဇာတကလျာ'' ဟု သုံး ကြိမ်စီ ခေါ်ဆိုကြရာ ပရိသတ်များက သြဘာ လက်ခုပ်တီး၍ ကောင်းချီးပေးကြပြီး အခမ်းအနားမှူးက '' အောင်ြပီ၊ အောင်ပြီ'
' ဟု သုံးကြိမ် ကောင်းချီးမြွက်ဖော် ကြွေးကြော်ကြသည် ---

''ရတနာဆင်ဖြူတော် ဇာတကလျာလေး ကျန်းမာပါစေ၊ အသက်ရာကျော် ရှည်ပါစေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးဘယာ ဝေးကွာ၍ သာယာ ဖွံ့ဖြိုး တိုးတက်အောင်မြင်ပါစေ'' ဟု ဆုမွန်ကောင်း တောင်း ၍ အခမ်း အနားကို ရုပ်သိမ်းရာ ပရိသတ်များက သြဘာ လက်ခုပ်တီး၍ ကောင်းချီးပေးကြသည် လို့လည်း ဖော်ပြထားပါတယ်။

ဆင်လေးက ဘာပြန်ပြောတယ် ဆိုတာကိုတော့ သတင်းထဲမှာ ရေးမထားပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinm1Qxj5xUTK4Ko2DOogl3WRWVlqMBFs0-BnZDhamY1oEK7x0RzBPgmfj1zhZLu1KwPPMbnEtJCh04uoTLEirjJ_fVTMvmwqPQiU9jVXwQY_1ixRflN7rh-PHIen_8hKfwEQoP0X6gTnQ/s1600/000ef+ele.jpg
နဲ့
http://2.bp.blogspot.com/-itFvXbM011U/T2GVojp4JTI/AAAAAAAAT4c/gzmdhxQn4Fg/s1600/000ef%2Bele%2B2.jpg
တို့မှာ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ

http://www.irrawaddyblog.com/ မှဖေါ်ပြပါသည်။

2 comments:

  1. ဒီနေ့တွေ့လိုက်တယ်မနန်ဒါအောင် ဦးဇင်းအထင်တော့မရောင်ရာဆီလူး
    တရိတ်ဆန်ကို ကိုးကွယ်ဦးချနေသော ဒီလူတွေကတော့ အ့သြတာလွန်ရော

    ReplyDelete
  2. ဆင်ဆိုတာ ခိုင်းဘို့ပါ ရတနာတဆူလိုကိုးကွယ်ဘို့ မဟုတ်ပါဘူး...လူကြီးတွေ ဆင်ခြင်သင့်နေပြီနော်...

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....