Saturday, March 31, 2012

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့၏ မဲပေးပိုင်ခွင့်ကို တောင်းဆိုကြမည်

ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း လစ်လပ်သော မဲဆန္ဒနယ်မြေများတွင် နေထိုင်မွေးဖွားခဲ့သူဖြစ်ပါက မိမိရောက်ရှိရာ နိုင်ငံ၏ မြန်မာသံရုံးများ၌ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိရမည် ဖြစ်သော်လည်း ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသည် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများအား မဲပေးခွင့်ပြုရန် သိသာထင်ရှားသော တရားဝင် ထုတ်ပြန်ကြေငြာခြင်းများ လုံးဝမရှိဘဲ သံရုံးနှင့် အဆက်အသွယ် လုပ်ထားသူများသာ မဲပေးခွင့်ရှိတယ်လို့ သတင်းဌာနတခုအား ပြောကြားခဲ့ပါသည်။

သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့၏ မဲပေးပိုင်ခွင့်ကို  တောင်းဆိုကြဖို့အတွက် မပျက်မကွက် လာရောက်ဆန္ဒထုတ်ဖေါ်ကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

နေရာ....ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ SHINAGAWA မြန်မာသံရုံးရှေ့
အချိန်.... ၂၀၁၂ခုနှစ်၊ ဧပြီလ(၁)ရက်
           ဂျပန်စံတော်ချိန်မနက်(၉)နာရီမှ နေ့လည်(၁၁)နာရီအထိ။

မှတ်ချက်........မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားတခုခု (ဥပမာ.. မြန်မာနိုင်ငံကူးလက်မှတ် -passport, မှတ်ပုံတင်..စသည်) တို့ ယူဆောင်လာကြပါရန်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....