Sunday, April 1, 2012

ယနေ့ တိုကျို မြန်မာသံရုံးရှေ့ အခြေအနေ


ယနေ့ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဂျပန်သံရုံးမှ မြန်မာနိုင်ငံသား အများစုတို့အား သိသာ ထင်ရှားသော တရားဝင် ထုတ်ပြန် ကြေငြာခြင်း တရားဝင် အသိပေး အကြောင်းကြားခြင်း မရှိသည့်အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့မှ တိုကျိုရှိ မြန်မာသံရုံးသို့ ယနေ့ နံနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီ အထိ သွားရောက်မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ကြပါသည်။

ထိုသို့ သွားရောက်စုံစမ်းရာမှာ တိုကျိုရှိ မြန်မာသံရုံ တာဝန်ရှိသူ တဦးနှင့် တွေ့ဆုံပြီး လစ်လပ်သော မဲဆန္ဒ နယ်မြေ၌ သံရုံးနှင့် အဆက်အသွယ် လုပ်ထားသူများသာ ပြုစုထားသည့် မဲပေးနိုင်သူစာရင်း ၃၀၀ ခန့်ရှိကြောင်း ကြိုတင်မဲများ ကောက်ယူထားပြီးဖြစ်ကြောင်း ယနေ့ မဲပေးနိုင်သည့် အစီအစဉ်မရှိကြောင်း ရှင်းပြသွားပါသည်။ ယနေ့ လက်ခံ တွေ့ဆုံပေးရှင်းပြသူမှာ ဦးကောင်းစံလွင်(သံမှူး) ဖြစ်ကြောင်း ဖြစ်ကြောင်း ဖြေကြားသွားပါသည်။ ဂျပန်ရာက် မြန်မာနိုင်ငံသားများ သောင်းချီ ရှိသော်လည်း တရားဝင် အသိပေး အကြောင်းကြားခြင်းမရှိသည့်အတွက် မဲပေးနိုင်သည့် အခွင့်အရေး ဆုံးရှုးံကြောင်းလဲ သိရှိရပါသည်။

ဂျပန်နိုင်ငံရှိ TBS သတင်းဌာနမှ ထုတ်လွှင့်သော ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် မဲပေးခွင့်တောင်းဆိုခဲ့ကြသောပြည်ထောင်စုဖွားတိုင်းရင်းသားမြန်မာနိုင်ငံသားများ။ အပြန်အလှန်မေးမြန်းမှုတွေကို မကြာမှီ ရုပ်သံသတင်း တင်ပြသွားမည် ဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....