Tuesday, January 31, 2012

စက်ဆန်းမီးဘေး တလပြည့်အထိမ်းအမှတ်လှူဒါန်းပွဲ တွင် ကိုမင်းကိုနိုင် ဝမ်းနည်းစကားပြောကြား

ဇန္နဝါရီလ ၂၉ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ကူးတို့ဆိပ် ရပ်ကွက်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မီးလောင်ပေါက်ကွဲမှုကြောင့် ကွယ်လွန်သွားသူများနှင့် ကိုယ်အင်္ဂါချို့ယွင်းသွားသူများ၊မိသားစုများကို ငွေကြေးနှင့် အထောက်အပံ့ ပစ္စည်းများ လှူဒါန်းပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများက မဟာဝိဇယာရာမကျောင်းတွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း၊ ရွှေသံစဉ်မှ ဂီတမှူး ကိုဝင်းမော် အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြသည်။ကိုမင်းကိုနိုင်မှ ကျန်ရစ်သူမိသားစုများကို ဝမ်းနည်းစကား ပြောကြားခဲ့သည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....