Thursday, February 2, 2012

အကြွေးသူဌေး မြန်မာပြည်

(ဓာတ်ပုံ - Travel Pod)
February 02, 2012  

မြန်မာနိုင်ငံကနေ ပြည်ပ နိုင်ငံတွေကို ပေးဖို့ အကြွေး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ သန်း ရှိနေတယ်လို့ လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက တင်ပြ သွားလို့ မြန်မာ ပြည်သူတွေ မျက်လုံးပြူး နေကြပါတယ်။ ဒီကြာထဲ ရောင်းစားထား ဘုံးထားတာတွေ ဘယ်ရောက် ကုန်ပြီလဲ ဆိုပြီး မေးသံတွေလည်း ညံလာပါတယ်။

ဥပမာအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့ကို ဒေါ်လာနဲ့ ရောင်းစားတာမှာ ဝန်ကြီးဌာနတွေက အစိုးရကို ပြန်သွင်းတော့ ၁ ဒေါ်လာ ၆ ကျပ်နှုန်းပဲ ပြပြီး ကျန်တာ ဝေစားမျှစား လုပ်ကြတဲ့ သာဓကတွေလည်း ရှိထားပါတယ်။

ဘယ်လို ရှင်းကြမလဲ ... ငွေရောင် ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြပါရန် ...

၁၉၈၈ခုနှစ်မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများအမေရိကန်ဒေါ်လာသန်းပေါင်း
အေဒီဘီချေးငွေ၃၅၆.၉၃၅
အိုင်ဒီအေချေးငွေ၈၀၀.၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ၅၃.၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ၅၈၄.၇၂၈
ဂျပန်နိုင်ငံမှချေးငွေ၆၃၈၈.၃၂၀
ကနေဒါနိုင်ငံမှချေးငွေ၈.၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ၎.၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ၈၄.၀၀၆
အီတလီနိုင်ငံမှချေးငွေ၆.၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ၉.၇၅၆
နော်ဝေနိုင်ငံမှချေးငွေ၃၇.၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ၃၇.၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ၃၆.၅၅၂
ပေါင်း၈၄၀၈.၃၄၈



၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများအမေရိကန်ဒေါ်လာသန်းပေါင်း
အိုပက်ချေးငွေ၂၂.၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ၁၁၀.၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ၅၀.၂၇၇
ဂျပန်နိုင်ငံမှချေးငွေ၆၈.၅၃၆
ထိုင်းနိုင်ငံမှချေးငွေ၆၃.၄၂၀
မလေးရှားနိုင်ငံမှချေးငွေ၁၅၀.၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ၁၇ .၉၃၆
တရုတ်နိုင်ငံမှချေးငွေ၂၁၃၁ .၇၄၄
စုစုပေါင်း၂၆၁၄ .၉၅၀


Credit: Eleven Media Group ရဲ့ ဝက်ဘ်ဆိုဒ်ကနေ ယူပါတယ်။
Copy from - irrawaddyblog

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....